သရဏဂုံ အလိုလိုပျက်စီးခြင်း

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့
ဥပါသကာမှန်ရင် ရတနာသုံးပါး၏ ပြင်ပ
အရာတွေကို အလေးအမြတ်မပြုအပ်ဘူး။

ရတနာသုံးပါးရဲ့အပြင်ပမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေကို…

နံပါတ် (၁) မိမိကိုယ်ကို အပ်နှင်းလှူဒါန်းခဲ့လျှင်…

နံပါတ် (၂) ကိုးကွယ် လဲလျောင်းပုန်းအောင်းမှီခိုရာ
အဖြစ်နဲ့ ဆည်းကပ်ခဲ့လျှင်

နံပါတ် (၃) ကိုးကွယ်အားထားရာအဖြစ် ဆရာအဖြစ်နဲ့ ရည်ညွှန်းပြီး မိမိကိုယ်ကို တပည့်အဖြစ်နဲ့ ခံယူဆောက်တည်ခဲ့လျှင်

နံပါတ် (၄) အလွန်အမင်းရိုသေစွာ ရှိခိုးခဲ့လျှင်
မူလဆောက်တည်ထားတဲ့ သရဏဂုံသည်
အလိုလိုပျက်တယ်။

ဒီလိုပျက်စီးနည်းသည် “သာဝဇ္ဇ” အပြစ်ရှိတဲ့ သရဏဂုံ ပျက်စီးနည်း ဖြစ်တယ်။

အပြစ်ရှိတဲ့ပျက်စီးနည်းဆိုတာ ဘာကိုပြောတာလဲ။

“သော စ အနိဋ္ဌဖလော ဟောတိ” နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်တဲ့။

ရတနာသုံးပါးရဲ့ အပြင်ဘက်က ဖြစ်တဲ့
ဆူးလေနတ်ကြီးတို့ ဘာတို့ပေါ့။

အဲဒီနတ်တွေကို အလွန်အမင်း ရိုသေစွာရှိခိုးလိုက်သည်နှင့် တစ်ပြိုင်နက်တည်းမူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။

ရွှေတိဂုံဘုရားမှာ ပန်းတွေ လှူတယ်။ ရေချမ်းတွေ လှူတယ်။
လှူပြီးလို့ စေတီတော်ကို ရှိခိုးပြီးတာနဲ့ ဟိုဘက်လှည့်ပြီးတော့ နတ်ကို ရှိခိုးလိုက်တာနဲ့ မူလဆောက်တည်ထားတဲ့ သရဏဂုံ
သည် အလိုလိုပျက်စီးသွားတယ်။

မိမိတို့ရဲ့ အင်မတန် အဖိုးတန်နေတဲ့သရဏဂုံကို မပျက်စီးစေသင့်ဘူ။ အသိအလိမ္မာလေးနဲ့ စောင့်ရှောက်သင့်တယ်။

မင်းကြီးတို့ မင်းကလေးတို့ကို သွားပြီး ကိုးကွယ်ဆည်းကပ် ခဲ့လျှင်…အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင်လည်း
မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ ပျက်စီးရုံတင် မဟုတ်ဘူး။

သူက “သာဝဇ္ဇော” အပြစ်လည်း ရှိတယ်။
နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း
ရနိုင်တယ်။

ဒီ မင်းကြီး မင်းကလေးဆိုတဲ့ ဟာတွေသည်
ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလား
ပြန်ဆန်းစစ်ကြည့်ပါ။

မင်းကြီးတို့ မင်းကလေးတို့ ဝင်လာပြီဆိုလို့ရှိလျှင် သူတို့ ဘာလုပ်သလဲ။
အရက်သောက်တယ်။ ကလည်း ကတယ်။ ဒီလို အရက်သောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မိမိတို့က ကိုးကွယ်ဆည်းကပ်ပြီ ဆိုကြပါစို့။

မိမိအဆင့်က အရက်သမားကို ကိုးကွယ်ဆည်းကပ်တဲ့အဆင့် ရောက်မသွားဘူးလား။ အလိုလို ရောက်သွားတယ်။

နောက်တစ်ခု ဒကာကြီးတွေ စဉ်းစားကြည့်စမ်းပါ။

ဘုန်းကြီးတို့ မြန်မာပြည်မှာ ကျေးရွာပေါင်း
နှစ်သောင်းကျော် ရှိတယ်လို့ ဆိုတယ်။

နတ်တော် ပြာသို ဝန်းကျင်လောက် ရောက်လာပြီဆိုလို့ရှိရင် မြန်မာပြည်ရဲ့ အလေ့အထအရ ကျေးရွာတိုင်းလိုလိုမှာ
နတ်ပွဲဆိုတာ ရှိတတ်ပါတယ်။

ကျေးရွာနှစ်သောင်းကျော် ရှိတော့ တစ်နေ့ တစ်နေ့မှာ ပျမ်းမျှခြင်းနှုန်းနဲ့ တွက်မယ်ဆိုလျှင် ဆယ်ရွာ­မှာ နတ်ပွဲတစ်ပွဲလောက်တော့ ရှိနိုင်ပါတယ်။

ဆယ်ရွာမှာ နတ်ပွဲတစ်ပွဲနှုန်းဖြင့် ကျေးရွာပေါင်း နှစ်သောင်းကျော်ဆိုတော့ တစ်နေ့မှာ နတ်ပွဲပေါင်း
နှစ်ထောင်ဝန်းကျင်လောက် ရှိမယ်။

နတ်တော် ပြာ­သိုဝန်းကျင်လောက်ပြောတာပါ။ ဒီတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်လောက်ရှိတော့ …

ဟို­နတ်ပွဲမှာလည်း မင်းကြီး မင်းကလေးကို ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပင့်ပြန်ပြီ။ ဝင်ပူးပြန်ပြီ။

မင်းကြီးမင်းကလေးက ဝင်ပူးလာပြီဆိုလို့ရှိလျှင် အချိန်ကလည်း နည်းနည်းပေးရဦးမယ်။

အရက်သောက်ဖို့ အချိန်ကလည်း ပေးရသေးတယ်လေ။

ကဖို့ ခုန်ဖို့ ဓားမြှောက်ပြဖို့အချိန်ကလည်း ပေးရသေးတယ်။

ဒီတော့ နတ်ပွဲတစ်ပွဲကို သူက ငါးမိနစ်လောက် အချိန်ပေးမယ်ဆိုရင်ပေါ့ …

သူ တစ်နေ့တစ်နေ့မှာ ကနိုင်တာ တစ်နာရီမှာ နတ်ပွဲ တစ်ဆယ့်နှစ်ပွဲ ရ­မယ်။

တစ်နေ့့မှာ နတ်ပွဲတွေက များသောအားဖြင့်
နံနက် ၈-နာရီမှ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,တော့၊ ဆယ်နာရီပဲ ထားပါတော့။

တစ်နေ့ ဆယ်နာရီဆိုတော့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်။

အခုဟာက နတ်ပွဲပေါင်း တစ်နေ့တစ်နေ့ပျှမ်းမျှအားဖြင့် နှစ်ထောင်ကျော်နေတော့ သူပေးနိုင်တဲ့အချိန်က တစ်နေ့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်လောက်အတွက်ပဲရှိတယ်။

ဟိုနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပူးပြန်ပြီ။

အဲဒါ ဝင်ပူးနေတာတွေ အကုန်လုံး မင်းကြီးမင်းကလေး ဟုတ်,မဟုတ် ဆိုတာကတော့ စဉ်းစားဖို့ မလိုဘူးလား။ လိုနေပါတယ်။

ဒါကြောင့် အနီးစခန်း ဆရာတော်ဘုရားကတော့ သူ့ရဲ့တရားတစ်ပုဒ်ထဲမှာ သူက ဘယ်လိုပြောထားသလဲ။

“လူ့လောကမှာ အလိမ်ခံလူတန်းစားက အမြဲတမ်းရှိတယ်။ လိမ်မည့်လူသာ လိုတာ”တဲ့။

လိမ်မည့်သူကသာ ကျကျနနလိမ်။ အလိမ်ခံ
လူတန်းစားက အမြဲတမ်း ရှိပြီးသားဖြစ်တယ်။

ဒါက ဒကာကြီးတွေ တော်တော်လေး
လေးလေးနက်နက် စဉ်းစားဖို့ ကောင်းတယ်။

ဒီလောက်တောင် အဆင့်နိမ့်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားနဲ့ တန်းတူထားပြီးတော့ အိမ်မှာ ကိုးကွယ်ဆည်းကပ်နေ ကြတယ်။

အဲဒီလို ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ချို့လည်း
ပါနေကြပြန်တယ်။

သူတို့ကနေ ရှေ့ဆောင်ပြီးတော့ မင်းကြီး
မင်းကလေးကို ကိုးကွယ်ဆည်းကပ်တယ်။
ဆည်းကပ်လိုက်တော့ သူက ဘာအမိန့်ထုတ်သလဲ။

သူ့ကျောင်းထဲ ဝက်သား မသွင်းရဘူး။ ဘာဖြစ်လို့လဲ။
မင်းကြီး မင်းကလေးမကြိုက်လို့။

သူက ဘုရားမကြိုက်တဲ့ အလုပ်ကျတော့
သူရဲရဲလုပ်တယ်၊ အဝတ်ကတော့ သာသနာ့
ဝန်ထမ်း ရှင်ရဟန်း။

ဒါပေမဲ့လို့ သူက မင်းကြီး မင်းကလေး မကြိုက်တာကျတော့ ကျောင်းထဲ မသွင်းရဘူး။
ဘုရား မကြိုက်တာကျတော့ ကျောင်းဝင်းထဲသွင်းတယ်။

ရှက်ဖို့ မကောင်းဘူးလား။ သိပ်ရှက်ဖို့ ကောင်းပါတယ်။

နောက်လိုက် ဒကာဒကာမတွေအတွက်
သိပ်ပြီးတော့ ဝမ်းနည်းစရာကောင်းတယ်။

ဖားအောက်တောရဆရာတော်ဘုရားကြီး
ဃဋိကာရသုတ္တန်မှ

Via – Paral Lei

အိပ်တဲ့အခါ စိတ်နှလုံး ချမ်းသာစွာ အိပ်စက်ရအောင် ဘယ်လိုလုပ်ရမလဲ.. °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အိပ်တဲ့အခါ စိတ်နှလုံး ချမ်းသာစွာ အိပ်စက်ရအောင် ဘယ်လိုလုပ်ရမလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှလုံးသားအပူငြိမ်းပြီးတော့ ကိလေသာခပ်သိမ်း ငြိမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ အိပ်စက်မှုသာလျှင် ချမ်းချမ်းသာသာ အိပ်စက်ရခြင်းလို့ ဆိုနိုင်တယ်။

ကိလေသာ အပူ တွေရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့အဆင့် အတန်း မြင့်တဲ့ အိပ်ရာကြီးတွေပေါ်မှာ အိပ်ခြင်း ဟာ အပြင်ပန်းအားဖြင့် ဇိမ်ကျတယ်၊ ချမ်းသာတယ် လို့ ဒီလို ထင်ရသော်လည်း အတွင်း အပူတွေ နှိပ်စက်နေသည့်အတွက်ကြောင့် ပူလောင်မှုတွေနဲ့ လုံးပမ်း နေရလို့ သူ့ရဲ့ စိတ်နှလုံးဟာ အေးချမ်းမှုမရှိဘူး။

စိတ်နှလုံး အေးချမ်းမှု မရှိသည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ ချမ်းချမ်းသာသာ အိပ်စက်ရတယ် ဆိုတဲ့ အဓိပ္ပာယ်မရပါဘူးတဲ့၊ဆင်းဆင်းရဲရဲပဲ အိပ်စက် ရပါတယ်။

တကယ်လည်းပဲ လောဘ၊ဒေါသ၊မောဟ ဆိုတာ တွေရဲ့အနှောင့်အယှက်ကြောင့် ထိုပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ချမ်းချမ်းသာသာ အိပ်စက်ရမှာ မဟုတ်ဘူး။

စိတ်ထဲမှာ အလိုမကျမှု တွေ နဲ့ လုံးထွေးပြီးတော့ စိတ်နှလုံးဟာ ပူပန်နေသည့်အတွက်ကြောင့် စိတ်ငြိမ်းချမ်းမှု ဆိုတာ လုံးဝမရနိုင်ဘူးတဲ့။

အေး၊ဒါကြောင့်မို့ မြတ်စွာဘုရား သခင်ကိုယ်တော် မြတ် က ချမ်းသာစွာ အိပ်စက်ရတယ် ဆိုတဲ့ တကယ့် အဓိပ္ပာယ် ဟာ နှလုံးသား အေးချမ်းမှု ရှိမှ ချမ်းသာစွာ အိပ်စက်ရတယ်။

ရာဂ၊ဒေါသ၊မောဟစတဲ့ ကိလေသာ တွေ ချုပ်ငြိမ်းမှ သာလျှင် တကယ့်ကို အေးချမ်းတယ် ဆိုတာ ကို ပြောလို့ရမယ်။

ချမ်းသာစွာ အိပ်စက်ရတယ် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ တကယ့်ကို ရာဂ၊ဒေါသ၊မောဟ ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်မှသာ ဖြစ်နိုင်တယ်ပေါ့။

အေး၊လောကမှာ အိပ်မရလို့ အိပ်ဆေး သောက် အိပ်ရတဲ့ လူတွေကော မရှိဘူးလား။

အေး၊ သောကတွေ ဖြစ်နေလို့ တစ်ညလုံး အိပ်မပျော် ဘူးတဲ့။

အဲဒီ အပူတွေကြောင့် အိပ်မရလို့ အိပ်ဆေး သောက်ပြီး တော့ အိပ်နေကြရတယ်။

အိပ်ဆေးဟာ တကယ့်အဖြေမဟုတ်ဘူး။

တကယ့်အိပ်ဆေး က တော့ မြတ်စွာဘုရားရဲ့ တရားတော် သာဖြစ်တယ်ပေါ့။

ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီတရား ကို လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်မယ် ဆိုလို့ရှိရင် လောဘတွေ လျော့ချနိုင်မယ်၊ဒေါသတွေလျော့ချနိုင်မယ်၊မောဟတွေ လျော့ချနိုင်မယ်။

နောက်ဆုံး လောဘ၊ဒေါသ၊မောဟ တွေ ကင်းပြီးတော့ နှလုံးသားရဲ့ပူလောင်မှုတွေ အကုန် ကင်းသွားရင် ဘယ်နေရာ နေနေ စိတ်နှလုံးဟာ အေးချမ်း နေမှာပဲ ဖြစ်တယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့၊တို့တစ်တွေဟာ စိတ်နှလုံး အေးချမ်း သာယာမှု ရှိမှသာလျှင် ချမ်းသာစွာ အိပ်စက် ရတယ် ဆိုတဲ့ အဓိပ္ပာယ်ကို အပြည့်အဝ ရကြ ရမှာ ဖြစ်တယ်။

သာမန်အားဖြင့် ကြည့်ပြီးတော့ တို့တစ်တွေ ဟာ ချမ်းသာစွာ အိပ်စက်ရတယ် လို့ ဖြေလို့ရှိရင် မပြည့်စုံတဲ့စကား မျိုး သာဖြစ်တယ်ပေါ့။

အေး၊အဲဒီလို သဘောကျပြီးတော့ တို့တစ်တွေ ချမ်းချမ်းသာသာ အိပ်စက်ရခြင်းရဲ့ အဓိပ္ပာယ် ပြည့်စုံအောင် ဘာလုပ်ရမလဲ။

နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂတွေ ဖယ်ရှားဖို့ ကြိုးစားရမယ်၊ဒေါသတွေဖယ်ရှားဖို့ ကြိုးစားရမယ်၊ မောဟတွေ ဖယ်ရှားဖို့ ကြိုးစား ရမယ်။

ကဲ၊ကြိုးစားပြီ ဆိုတဲ့အခါ မှာ ရာဂကို ဘာနဲ့ ဖယ်ရှားမလဲ၊ ရာဂကို ဖယ်ရှားဖို့ရာအတွက် နံပါတ်(၁) က ဘုန်းကြီးတို့ တစ်တွေ ရာဂဟာ ဘာကြောင့် ဖြစ်နေသလဲလို့ ဆိုရင် တင့်တယ်မှုလို့ စိတ်က အာရုံပြုနေသည့်အတွက်ကြောင့် “သုဘနိမိတ်” ကို အာရုံပြုထားသည့် အတွက် ကြောင့် ရာဂဟာ တိုးသည်ထက် တိုးလာတာ ဖြစ်တယ်။

ဒါကြောင့်မို့လို့ မတင့်တယ်ဘူး လို့ ဆိုတဲ့ အသုဘ ကမ္မဌာန်း(အေး၊ ဗမာစကားထဲမှာ အသုဘ ဆိုလို့ရှိရင် မသာသွား သွားပြီး သတိရနေ တာမျိုး ဖြစ်တတ်တယ်နော်။အဲဒါကိုပြောတာ မဟုတ်ဘူး)ကို မိမိတို့ အသက်ရှင်လျက်ဖြစ်သော်လည်း ခန္ဓာကိုယ် မှာ တင့်တယ်မှု မရှိတာ တွေကို ဆင်ခြင် စဉ်းစား ရမယ်တဲ့။

ရွံရှာဖွယ်သဘော တွေကို ဆင်ခြင် စဉ်းစား တတ် ရမယ်။

ဘယ်လို ဆင်ခြင်စဉ်းစား တတ်ရမလဲဆိုရင် ကြည့်လေ၊ကိုယ့်ခန္ဓာကိုယ်ဟာ မတင့်တယ်ဘူး၊ ရွံစဖွယ် ဆိုတာဟာ အလွယ်လေးနဲ့ စဉ်းစား လို့ ရတယ်။

ခန္ဓာကိုယ်ရဲ့သဘာဝ ဟာ တကယ်တော့ လှပ တင့် တယ် တာ မဟုတ်ဘူး၊ အပြင်က ဝတ်စား ဆင်ယင် တာတို့၊ဖီးလိမ်းတာတို့ ဒါတွေကြောင့် မို့လို့ လူတွေဟာ လူကြားထဲမှာ ဝင်လို့ရတာ နော်။

အေး၊အဲဒီလို မတင့်မတယ် ရွံစဖွယ်သဘော တွေ ကို ဆင်ခြင်စဉ်းစားရင်းဖြင့်၊ အသုဘသညာ ကို နှလုံး သွင်းခြင်းဖြင့် ရာဂကို ဖယ်ရှားနိုင်တယ်တဲ့။ရာဂ ကို လျှော့ချနိုင်တယ်။

ရာဂ လျော့ကျသွားတာနဲ့ တစ်ပြိုင်နက် နှလုံးသားရဲ့ ပူလောင်မှုတွေဟာ လျော့ကျ သွားမယ်။

လျော့ကျသွားတာနဲ့တစ်ပြိုင်နက် ချမ်းချမ်းသာသာ အိပ်စက်ရဖို့ ဖြစ်ပေါ်လာလိမ့်မယ်။

ထို့အတူပဲ ဘုန်းကြီးတို့ တစ်တွေရဲ့ နှလုံးသား ထဲ မှာ မုန်းတီးမှု တွေကို သိမ်းထားမယ်ဆိုလို့ရှိရင် နှလုံး သားဟာ အမုန်းတရားတွေ လွှမ်းမိုး နေသည့် အတွက် ကြောင့် ဘယ်တော့မှ ချမ်းသာမှာ မဟုတ်ဘူး တဲ့။

အဲဒီ အမုန်းတရားတွေကို ဖယ်ရှားနိုင်ဖို့အတွက် မေတ္တာ သက်ဝင် ချစ်ခင် စေတတ်တဲ့ မေတ္တာ တရား ကို ပွားများအားထုတ်ကြရမယ်။

မေတ္တာနှလုံးသားနဲ့ အစားထိုးပြီး နေနိုင်မှသာ လျှင် အမုန်းတရားတွေ ကင်းစင် သွား လိမ့် မယ်။

မေတ္တာသက်ဝင် ချစ်ခင်တဲ့၊ ကြည်လင် အေးမြတဲ့ စိတ်ဓာတ်ကို ရရှိလာတဲ့ အခါမှာ ချမ်းချမ်း သာသာ အိပ်စက်ရမှု ဆိုတာ ဖြစ်ပေါ်လာမှာပါ။

အဲဒီလို မဟုတ်ဘဲနဲ့ အမုန်းတရားတွေ နှလုံးသား ထဲမှာ ထားမယ် ဆိုလို့ရှိရင် ချမ်းချမ်းသာသာ အိပ်စက်ရမှု ဆိုတာ ဘယ်တော့မှရမှာ မဟုတ်ဘူး တဲ့။

ထို့အတူပဲ အသိဉာဏ်ကင်းမဲ့နေကြမယ် ဆိုလို့
ရှိရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြား မသိဘူး။

မသိသည့်အတွက်ကြောင့် မလုပ်သင့်တာတွေ လုပ်လိမ့်မယ်။

လုပ်သင့်တာတွေကို မလုပ်ဘူးလို့ဆိုလို့ရှိရင်ပြဿနာ တွေတက်မယ်။

ပြဿနာတွေတက်ရင် ထိုပြဿနာကြောင့် စိတ်တွေက တည်ငြိမ်မှုမရဘူးတဲ့။

မောဟကြောင့် ဖြစ်ပေါ်လာ တဲ့ ရင်ထဲမှာ ပူနွေးစေတဲ့ အခြေအနေ မျိုးတွေ ရောက် လာတယ်။

ဒါကြောင့်မို့ အဲဒီမောဟကို ပယ်ဖျောက် ဖို့ရာအတွက် အသိပညာရအောင် ကြိုးစားကြရမယ်။

အသိပညာ ရဖို့ရာအတွက်တရားနာရမယ်၊တရား
စာအုပ် တွေ ဖတ်ရမယ်။

သုတမယဉာဏ်ရမယ်၊ ကမ္မဋ္ဌာန်းတရားအားထုတ် ရမယ်၊ အားထုတ်လို့ရှိရင် ဘာဝနမယဉာဏ် တွေ ရလာမယ်။

သုတမယပညာ၊ဘာဝနာမယပညာ ဒီပညာနှစ်ခု နဲ့ မောဟကို လျော့ချနိုင်တာပေါ့။

နောက်ဆုံးမှာ သဘာဝတရား တွေရဲ့ အစစ်အမှန် ကို သိမြင်ခြင်းဖြင့် မှန်မှန်ကန်ကန် စဉ်းစား တွေးခေါ် နိုင် တဲ့ အသိဉာဏ်ကို ရရှိခြင်းဖြင့်၊

သင်္ခါရ တရားတွေ ရဲ့မမြဲတဲ့ သဘောတွေကို ဆင်ခြင် စဉ်းစားခြင်းဖြင့်

ဘုန်းကြီးတို့တစ်တွေဟာ ပူလောင်မှုတွေရော၊ တပ်မက်မှု တွေရော အားလုံးကို လျော့ချ သွားနိုင် ပါ လိမ့်မယ်တဲ့။

အဲဒီလို ပူလောင်မှုတွေ၊တပ်မက်မှုတွေ လျော့ချ သွားနိုင်တာနဲ့ တစ်ပြိုင်နက် ချမ်းသာစွာ အိပ်စက်ရမှု ဆိုတာ ရရှိလာမှာဖြစ်ပါတယ်။

ရာဂ၊ဒေါသ၊မောဟဆိုတဲ့ အခြေခံ အကုသိုလ်
တရား (၃)ပါးကို ဖယ်ရှားပစ်ခြင်းဖြင့် အခြား အကုသိုလ် သဘာဝတရား တွေကိုလည်း ဖယ်ရှား နိုင်မှာဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Khin Sandar Soe Htut..

လူလည်းကြိုက် နတ်လည်းကြိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်အောင် ကြိုးစားပါ အပိုင်း(၉)နောက်ဆုံးပိုင်း

လူလည်းကြိုက် နတ်လည်းကြိုက်တဲ့
စီးပွားရေးလုပ်ငန်ရှင်ဖြစ်အောင် ကြိုစားပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬
အပိုင်း(၉) – နောက်ဆုံးပိုင်း

★ မြတ်စွာဘုရားက ချမ်းသာတယ်ဆိုတဲ့နေရာမှာ ချမ်းသာမှု လေးခုကို ဟောကြားတော်မူတယ်။

★ သုခချမ်းသာမှု – နံပါတ်(၁)ကတော့ ရှိတဲ့စိတ်ချမ်းသာမှု၊ ရှိလို့ အော် ငါ ဒါလေးရှိတယ်၊ ကားရှိတယ်၊ ခရီးသွားဖို့ လိုအပ်ရင် ကားရှိတယ်၊ နိုင်ငံခြားသွားဖို့ လိုအပ်ရင် လေယာဉ်ပျံလက်မှတ်ဝယ်ဖို့ ပိုက်ဆံရှိတယ်၊ နေဖို့အတွက် စျေးဝယ်စရာပိုက်ဆံရှိတယ်၊ ဆရာဝန်ပြဖို့အတွက် ပိုက်ဆံရှိတယ်။

★ အဲဒီလိုရှိရင် စိတ်ထဲမှာ နွေးထွေးတယ်၊ စိတ်ချမ်းသာတယ်။ စားချင်ရင် ၀ယ်စားနိုင်တဲ့ ပိုက်ဆံရှိတယ်။ အဲဒီလိုရှိတဲ့ စိတ်ချမ်းသာမှု အဲဒါကို အတ္ထိသုခ လို့ခေါ်တယ်။ မြတ်စွာဘုရားက ချီးမွမ်းထားတယ် ဒါ သုခတစ်မျိုး ချမ်းသာတစ်မျိုးတဲ့။ မရှိရင် အမြဲတမ်းကြောင့်ကြနေရတယ်။

★ နောက်တစ်ခုကျတော့ ရှိယုံတင်မကဘူး လိုအပ်တဲ့အခါမှာ အသုံးပြုတယ်၊ အသုံးပြုရင်း ရရှိလာတဲ့ စိတ်ချမ်းသာမှု အဲဒါကိုတော့ ဘောဂသုခ တဲ့။

★ နောက်တစ်ခုကတော့ အကြွေးမတင်တဲ့သုခ အာနဏျသုခ – ခေတ်သစ်စီးပွားရေးနဲ့ကြည့်မယ်ဆိုရင် အကြွေးက နိုင်ငံစီးပွားရေးကိုကောင်းစေတယ် လူတိုင်း အကြွေးရှိတယ်ဆိုရင် အဲလူတွေက စီးပွားရေးကြိုးစားတာ၊ အလုပ်ကြိုးစားတာ။

★ နိုင်ငံခြားမှာကျောင်းဆောက်တယ်ဆိုတာလေ ရှိနေတဲ့အိမ်လေးတွေ ၀ယ်ပြီးတော့ ကျောင်းလုပ်ရတာ အများစု။ ဘုန်းကြီးတို့ကျောင်းလည်း ဒီအတိုင်းပဲ။ ဟော်တယ် အသေးစားလေး မော်တယ်ခေါ်တာပေါ့ ဟိုမှာတော့ Bed and Breafasts ခေါ်တယ်။ အဲဒါလေးဝယ်ပြီး ဘုန်းကြီးကျောင်းလုပ်ထားတာ။

★ ၀ယ်တာလည်းပဲ ဘဏ်ပိုက်ဆံချေးပြီး ၀ယ်ထားတာ mortgage ခေါ်တယ်။ အဲလို ကျောင်းက အကြွေးတင်တဲ့အခါကျတော့ ဘုန်းကြီးက လစဉ်လစဉ် ဘဏ်ကိုပြန်ပြီး အတိုးပေးရတာကိုး ပိုက်ဆံပြန်ဆပ်ရတာကိုး။ ဆပ်တဲ့အခါကျတော့ စိတ်ထဲမှာ ဆွမ်းစားရင်လည်းပဲ ဒီလ ဘယ်လောက်ပြန်ပေးရမယ် အဲဒါပဲ စဉ်းစားနေတာ ကြိုးစားတယ်ပေါ့။ အခုတော့ အကြွေးမရှိတော့ပါဘူး။

★ မတော်တဆ မပေးနိုင်လို့ အကြွေးပြန်မပေးနိုင်လို့ ကိုယ့်ရဲ့အကြွေးကို ကိုယ်အကြွေးပေးနိုင်အောင် ကိုယ့်ရဲ့ စီးပွားရေးကို supply လုပ်ပေးတဲ့ chain တွေရှိတာကိုး အဆက်တွေရှိတာ ကွင်းဆက်တွေ ရှိတာကိုး၊ တစ်နေရာမှာ သူက ပြဿနာလေးပေါ်သွားရင် အကုန်လုံးကိုထိခိုက်တဲ့ ခေတ်မျိုးမှာ ဘုန်းကြီးတို့က နေနေတာ။

★ ဒါကြောင့်မို့ အဲဒီလိုထိခိုက်တယ်ဆိုရင် တိုကျိုက stock market ဘယ်လိုဖြစ်လို့ တကမ္ဘာလုံးကိုရိုက်သွားတယ် အဲလိုဟာမျိုးဆိုရင် ကိုယ်ရဲ့ mortgage ပါ လာထိခိုက်တာပဲ။ ဒါကြောင့် အကြွေးရှိတဲ့လူက ရင်တမမနဲ့ နေရတယ်။ ဒါကြောင့် အကြွေးမရှိရင် ဒါလည်း ချမ်းသာမှု တစ်မျိုးပဲ။

★ နောက်ဆုံးချမ်းသာမှုကတော့ “အနဝဇ္ဇသုခ” ဆိုတာ စိတ်သန့်ရှင်းတာ။

🔺 ခုနနေတုန်းက ဘုရင်က ခေါ်တယ်ဆိုတာ ကိုယ့်စိတ်ကို ပြန်ပြီးတော့ စစ်ဆေးနိုင်တဲ့ပုဂ္ဂိုလ် ငါ စီးပွားရေးလုပ်လာတာ သူများမကောင်း ဘာမှ မလုပ်ခဲ့ဘူး။ တချို့က အရောင်တင်မှုန့်ရောင်းတယ် အဲ့ထဲမှာ အုန်းမှုန့်တွေ အများကြီးထည့်လိုက်တယ်။ ဘယ်သူသိမှာတုန်း? #ဘယ်သူမှာတော့မသိဘူး #ဒါပေမဲ့ကိုယ်သိတယ်လေ။

★ သိလို့ #သိလာတဲ့အချိန်မှာ #ပိုက်ဆံအများကြီးရှိလာတဲ့အခါမှာ #အသက်ကြီးလာတဲ့အခါမှာ အဲဒါတွေ #ပြန်နောင်တရပြီးတော့ #အလှူအတန်းလိုက်ပြီးတော့လုပ် #ဒါနနဲ့လိုက်ပြီးတော့ဖုန်းဖိလို့တော့ #အချိန်မှီချင်မှမှီတယ် ပရိတ်သတ်တို့။

★ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များကို ဘုန်းကြီး ဗုဒ္ဓတရားတော်ထဲကနေပြီးတော့ အကြံပေးချင်တာတော့ #လူလည်းကြိုက်နတ်လည်းကြိုက်တဲ့ #စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပစေ။

★ အဲဒီလိုဆိုရင် ဘုရင် ဘယ်အချိန်ပဲခေါ်ခေါ် ရဲရဲဝင့်ဝင့်နဲ့ ဘုရင်ကို သွားတွေ့ရဲတယ်။ အဲဒီဘုရင်က #သေမင်းဆိုတာတောင်မှလေ #အဲဒီဘုရင်ကို #ရဲရဲဝင့်ဝင့်သွားပြီးတော့ တွေ့ရဲပါတယ်တဲ့ ဘာမှ စိတ်ထဲမှာ နောင်တ မရှိဘူး “အနဝဇ္ဇသုခ” ဒါ မင်္ဂလာတရားတစ်ပါးပဲ။

★ “ဒါနဥ္စ” – ပိုက်ဆံရှိရမယ် sharing လုပ်ရမယ် တစ်ယောက်နဲ့တစ်ယောက်၊ “ဓမ္မစရိယာစ” – ပိုက်ဆံရှိယုံနဲ့ မရဘူးတဲ့ #ဓမ္မစရိယာစ တရားမျှတမှုရှိရမယ်တဲ့ ethics ဆိုတဲ့ လိုက်နာရမယ်။

★ “ဒါနဥ္စ ဓမ္မစရိယာစ ဉာတကာနဥ္စ သင်္ဂဟော” မိမိရဲ့အလုပ်သမားတွေ ဆွေမျိုးမိတ်သင်္ဂတွေ သူတို့လည်း ကြည့်ရှု့ရမယ်။ “အနဝဇ္ဇာနိ ကမ္မာနိ” လုပ်တဲ့အလုပ်ကလည်းပဲ #အပြစ်ကင်းတဲ့အလုပ်ဖြစ်ဖို့ လိုအပ်ပါတယ်တဲ့။

★ ဒါ မင်္ဂလသုတ်ထဲမှာ –

ဒါနဥ္စ ဓမ္မစရိယာစ ဉာတကာနဥ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။

★ ဒီတိုင်းလိုက်နာနိုင်တယ်ဆိုရင်တော့ လူလည်းကြိုက် နတ်လည်းကြိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါလိမ့်မယ်တဲ့။

★ #လူလည်းကြိုက် #နတ်လည်းကြိုက်တဲ့ #စီးပွားရေးလုပ်ငန်းရှင် ဖြစ်တယ်ဆိုရင် ဒါ #စီးပွားရေးလုပ်ငန်းလုပ်ရင်းနဲ့ #ပါရမီတွေတစ်ဆင့်ပြီးတစ်ဆင့် #ရင့်ကျက်ပြီးသကာလ #ဒုက္ခခပ်ငြိမ်းချုပ်ငြိမ်းရာမှန်နိဗ္ဗာန်မြတ်ကို သူများလိုပဲ တရားကျင့်တဲ့ နေ့မအားညမအား တရားကျင့်တဲ့ ပုဂ္ဂိုလ်များလိုပဲ #ရရှိပါလိမ့်မယ်လို့ #မြတ်စွာဘုရား #ဆုံးမထားတဲ့အကြောင်း ပြောကြားရင်းနဲ့ ဒီနေ့ တရားပွဲကို နိဂုံးချုပ်ပါတယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။

Photo credit #JaoMuTai

လူတွေဟာသေမယ်ဆိုတာသိသိကြီးနဲ့ ဘာလို့ပျော်နိုင်ကြတာလဲ

💠 လူတွေဟာသေမယ်ဆိုတာသိသိကြီးနဲ့
ဘာလို့ပျော်နိုင်ကြတာလဲ 💠
➖➖➖➖➖➖➖➖➖
🔹 လူခန္ဓာဟာရုပ်သေးရုပ်နဲ့အလားသဏ္ဍာန်တူတယ်။ရုပ်သေး
ရုပ်ဟာကြိုးဆွဲတဲ့အတိုင်းပဲလှုပ်ရှားနိုင်တာဖြစ်တယ်။
လူ့ ခန္ဓာ
ကိုယ်လည်းပဲလက်မြှောက်ဆိုမြှောက် တယ်၊ ခြေ မြှော က် ဆိုမြှောက်တယ်၊ရယ်ဆိုရယ်တယ်၊ငိုဆိုငိုတယ်ဆိုတဲ့ ဒီသဘောတရားတွေဟာဖြစ်ပေါ်လာတယ်ဆိုတာကို
မြတ်စွာဘုရား က ရှ င်းရှင်းလင်းလင်းမိန့်ကြားတော်မူတယ်။
🔹
အဲဒီလို ခန္ဓာကိုယ်ထဲမှာရှာကြည့်လိုက်ရင်ဘယ်ဟာဖြင့်
တန်ဖိုးရှိလို့၊ဘယ်ဟာကိုတော့သိမ်းထားရမယ်၊
ဘ ယ် ဟာ က
ကြာရှည်ခံတယ်ဆိုတာတွေတစ်ခုမှမရှိဘူး တဲ့ ။
ဘ ယ် ဟာ က
တော့မွှေးကြိုင်တယ်ဆိုတာအနံ့အားဖြင့်မရှိဘူး။
အဲဒီလိုမရှိတဲ့ခန္ဓာကိုယ်ကြီးရထားပြီးတော့ ကိုယ်ရထားတဲ့ခန္ဓာကိုယ်ကြီးဟာ
ဘယ်ကိုသွားနေတာလဲ၊ ဘယ်ကိုဦးတည်နေတာလဲဆို
တာကိုမြတ်စွာဘုရားကရှင်းပြတယ်။
🔹
လူတွေက နေ့စဉ်စားလိုက်၊သောက်လိုက်၊ပျော်လိုက်၊
အလုပ်လုပ်ကြတယ်။ဘယ်ကိုသွားနေတုန်းဆိုလို့ရှိ ရင် အနှစ်သာရအားဖြင့်နိဂုံးကိုကြည့်လိုက်မယ်ဆိုရင်
သေခြင်း တရားဆီ ကို
သွားနေကြတာ၊သေတဲ့ဆီကိုသွားနေကြတာပဲ။
🔹
တစ်နေ့ပြီးတစ်နေ့သေတဲ့ဆီကိုသွားနေတယ်။ သို့သော်
လူတွေကမသိဘူးလားဆိုတော့သိတယ်၊သိလို့ စဉ်းစားပြီးတော့တန်ဖိုးရှိတာလုပ်မလားဆိုတော့ မလုပ်ဘူး၊မလုပ်နိုင်ဘူး။
🔹
ဘာကြောင့်မလုပ်နိုင်လဲ တွယ် တာ မှု က အလွန်အားကြီး
တယ်။အမှန်မသိမှုတွေကလွှမ်းမိုးထားတယ်။ဒါကြောင့် ဘဝ
တစ်ခုရလာတဲ့အခါမအိုတော့မယ့်ပုံ၊မနာတော့မယ့်ပုံ၊
မသေတော့မယ့်ပုံ လူတွေဟာနေထိုင်ကြတာဖြစ်တယ်။စိတ်အေးနေကြတယ်။
🔹
အဲဒါလောဘ၊ဒေါသ၊မောဟ လွှမ်းမိုးထားသည့်အတွက်
ကြောင့်လူတွေဟာအမေ့ကြီးမေ့နေကြတယ်။
🔹
ဘာနဲ့ဥပမာတူတုန်းဆိုစဉ်းစားကြည့်လေ မကြာခင်ဟင်းအိုးထဲရောက်တော့မယ့် ကြက်တွေ၊ကြက်ကုလားက ကြက်ခြင်းထဲ
မှာထည့်ပြီး ဝယ်သွားပြီ၊သို့သော် ကြက်ခြင်းထဲက ကြက်တွေကတွန်နေကြသေးတယ်၊
တစ်ကောင်နဲ့တစ်ကောင်ဆိတ်နေသေးတယ်၊သူတို့ကနော်။ထမင်းဆိုင်မှာရောင်းနေကြတဲ့ ကြက်တွေ
ခြေထောက်လည်းကြိုးချည်ထားတယ်၊
ဘယ်မှလည်းမသွားနိုင်
အောင်ကြိုးတုပ်ထားတယ်၊အဲဒီကြက်တွေဟာ တစ်ကောင်ကိုတစ်ကောင် လှမ်းပြီးတော့ ဆိတ်နိုင်သေးတယ် ၊ တွန်နိုင်သေးတယ်။
🔹 သူတို့မျက်နှာကပြုံးရမလို၊ပြုံးတာလည်းပါကောင်းပါလိမ့်
မယ်၊မျက်စောင်းထိုးကြည့်တာလည်းပါကောင်းပါလိမ့်မယ်၊သို့သော်သူတို့ဟာမကြာခင်သေရတော့မှာပါလားဆိုတဲ့ အသိမရှိကြဘူးလို့ဆိုလိုတယ်။ တကယ်တော့မကြာခင်မှာပဲသေဆုံးခြင်း
ရောက်သွားကြတယ်။
🔹
လူတွေမှာလည်းထို့အတူပဲအသိမရှိတဲ့ပုဂ္ဂိုလ်တွေဟာ
ကြက်ခြင်းထဲကကြက်တွေပမာပဲ၊မကြာခင်တို့တစ်တွေသေ ခြင်းတရားသို့ရောက်ရှိကြမယ်၊သေကြမယ်ဆိုတာကို မစဉ်းစားကြဘူးသေခြင်းတရားကသေချာပေါက်ပါပဲ။
ကျန်တာတွေကတော့မသေချာပါဘူး၊သေမှာကတော့သေချာတယ်လို့ဆိုလိုတယ်။
🔹
သေမင်းရဲ့လက်ထဲမှာရောက်သွားပြီဆိုလိုက်တာနဲ့ ဘာဖြစ်
လည်း၊သတ္တဝါဆိုတာ ဘယ်လောက်ပဲ ပစ္စည်းဥစ္စာတွေ ရှာရှာ ၊နေ့နေ့,ညည မအားရအောင် ပစ္စည်းဥစ္စာတွေ ရှာရှာ သေရင်အားလုံးထားခဲ့ရမှာ၊ ဘာတစ်ခုမှယူမသွားနိုင်ဘူး၊ယူသွားလို့ရတဲ့ အရာတစ်ခုမှမရှိဘူး၊၊ဘာကိုမှယူသွားလို့မရဘူး၊၊ အဲဒါကိုပြောတာ
ကိုယ့်ခန္ဓာကိုယ်ကြီးကလည်းဒီမှာထားပစ်ခဲ့ရမယ်။
🔹
ကိုယ်ပိုင်သမျှတွေလည်းအကုန်ထားပစ်ခဲ့ရမယ်။ ထားခဲ့ရ
ပြီးတော့သတ္တဝါဆိုတာကံရှိရာ၊ကံပစ်ချရာသွားရမှာဖြစ်တယ်။
မလွဲမသွေဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဒီအနေအထားမျိုးရှိတယ်။ဘ ယ်သူမှ”နိစ္စထာဝရ”မရှိဘူးနော်။ငယ်သူရော ကြီးသူရော၊ပညာရှိ ရော လူမိုက်ပါအပါအဝင်ဘယ်သူမှမနေရဘူး။နောက်ဆုံးမှာ
သေဆုံးခြင်းမှာ အဆုံးသတ်တယ်။
🔹
ဆိုလိုတာကစဉ်းစားကြည့်မယ်ဆိုရင်လူ့ခန္ဓာကိုယ် နုပျို မှု
အားလုံးဟာ အိုမင်းခြင်းမှာ အဆုံးသတ်တယ်၊၊အသက်ရှင်ခြင်းဟာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်၊၊ကျန်းမာခြင်းဟာ ရောဂါ
ဖြစ်ခြင်းမှာအဆုံးသတ်တယ်၊၊မွေးဖွားခြင်းဟာ သေခြင်းမှာ
အဆုံးသတ်တယ်။
🔹
ဒါကမလွဲနိုင်တဲ့သဘာဝနိယာမတရားပဲဖြစ်တယ်။
သို့သော် နိယာမတရားကြီးကိုသိသိနဲ့ လူတွေဟာ ဘာကြောင့်ပျော်နိုင်တာလဲ၊
ဘာကြောင့်ပျော်နေကြတာလည်းဆိုရင်…
🔹
ခုနကကြက်ခြင်းထဲက ကြက်တွေ ပျော်နေသလိုပဲ
လူတွေဟာ သက်ရှိ၊သက်မဲ့တွေအပေါ် တွယ်တာမှုတွေက
အလွန် အားကြီးပြီး အမှန်ကိုမသိလို့ပျော်နေကြတာလို့ ဒီလိုဆိုတယ်။

              🙏 ပါမောက္ခချုပ်ဆရာတော်ကြီး
                ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏

      Credit::🌷  ဓမ္မဒါနပြန်လည်မျှဝေပူဇော်ပါ၏။ 🌷

               💫 War Win Hnin Phyu 💫

➖➖➖➖➖➖➖➖➖➖➖➖➖➖
Creidt ~ All

❁ ❝ #တရားဆိုတာ. . ❞ ❁

❁ ❝ #တရားဆိုတာ. . ❞ ❁

❖ တရားဆိုတာ အစတော့ ပျင်းတယ်။
အသားကျသွားတော့ ဒီအလုပ်ကိုချည်း
လုပ်နေတာပဲ၊ စိတ်ကို ပျော်လို့။
အရိယာတို့ ကျက်စားရာဖြစ်တဲ့ နေရာဆိုတာ
စိတ်ချမ်းသာစရာပါပဲ။

❖ အောက်ဆင်းဖို့ စိတ်မကူးပါနှင့်။
သာသနာမှာ. . . .
သူများထက် သာတဲ့အချက်ကို
ရွေးချယ်ထားကြပါ။

❖ ကိုယ်က . . . .
ဘုရားဟော တရားတော်တွေကို
သိပြီးနေမှတော့ . . . .
တကယ့် အထက်တန်းကို ရောက်နေပါပြီ။
အထက်ရောက်နေမှတော့ . . . .
အောက်ခုန်ဆင်းဖို့ စိတ်မကူးကြနဲ့တော့။

❖ လူတွေဟာ အမှတ်မဲ့ နေ, အမှတ်မဲ့ ကြီး,
အမှတ်မဲ့ သေကြတယ်၊
တကယ်ဆိုတော့ စား-ဝတ်-နေရေး ပြည့်စုံရင်
အို-နာ-သေရေးအတွက်
အသင့်ပြင်ထားဖို့ကောင်းတယ်။

❖ စိတ်ကျန်းမာ,ချမ်းသာလာအောင်..
☞ ဘုရားကို သတိရနေ။ ✔
☞ သတ္တဝါတွေကို မေတ္တာပို့နေ။ ✔
☞ ကောင်းသောကုသိုလ်ရေးတွေကို
တွေးနေ, ပြုလုပ်နေရပါတယ်။ ✔

❖ ကုလိုလ်ပြုတတ်အောင်
အလှူကြီးတွေပေးပြီး ပျော်ကြရွှင်ကြ၊
ပွဲတွေလမ်းတွေနဲ့ ဒါ…ကုသိုလ်မဟုတ်ဘူး။
အလှူ့ ဒကာကို ဝိုင်းမြှောက်ကြ၊
တီးကြ၊ မှုတ်ကြနဲ့၊ ဒါ…လောဘတွေပဲ။
ဒါ…မှားတာပဲ။ လမ်းမှားတာပဲ။

❖ အခုလို ကုသိုလ်ပြုတဲ့နေရာမှာ
တိတ်ဆိတ်ငြိမ်သက်နေမှ ကောင်းတယ်။
ဒါ့ကြောင့် ကုသိုလ်ပြုတဲ့နေရာမှာ
စိတ်ကို ကြည်ကြည်လင်လင်
နိဗ္ဗာန်မှန်းပြီး ကုသိုလ်ပြုတတ်အောင်လုပ်ပါ။

❖ အတိုမကြည့်နဲ့. . .
သံသရာဆိုတာ နိဗ္ဗာန်အထိ
သွားရမယ့် ရုပ်နာမ်အစဉ်ကိုခေါ်တယ် ။
ထိုခရီးရှည်ကို ကြည့်တတ်ရင်
တစ်ခါတစ်ခါ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေဟာ
အဆန်းမဟုတ်တော့ ။
ခရီးစဉ် မပျက်အောင် သွားတတ်တဲ့
အသိဉာဏ်သာ အရေးကြီးတယ် ။
တစ်ဘဝကလေး တစ်ခဏလေး မကြည့်နဲ့ ။
နိဗ္ဗာန်အထိ သံသရာဘဝ
အရှည်ကြီးကို ကြည့်ပါ ။
ဘဝအရှည်ကြီးကို ကြည့်သူတိုင်း
တစ်ဘဝအတိုလေးကို မကြည့်ရဘူး။

❖ ဒီဘဝအတွက် စားဝတ်နေရေး
အတော်အတန် ပြည့်စုံလျှင် တော်နိုင်သည် ။
သံသရာအတွက်ကတော့
များလေ ကောင်းလေဘဲ ။

❖ #တရားအရသာ. . .
တရားတော်တွေက လိုက်စားလေ ကောင်းလေပဲ။
တရားတော်တွေကို စဉ်းစားနေရတာ
စိတ်ချမ်းသာတယ်။
လောကအကြောင်းတွေ
တွေးနေရတာ သံဝေဂဖြစ်တယ်။
သံဝေဂဖြစ်မှလည်း တရားဘက်ကို
လိုက်ဖြစ်တယ်။
တရားဘက်က လိုက်မှလည်း
သူတော်ကောင်းတွေဖြစ်မယ်။

❖ တရားကို အာရုံပြုတော့ သမာဓိ ရလာတယ်။
သမာဓိ ရလာတော့ စိတ်ကတည်ကြည်လာတယ်။
စိတ်တည်ကြည်လာတော့ ဉာဏ်တွေက
ပွင့်လာတယ်။
ဘုရားပေါ်မှာလည်း ယုံကြည်စိတ်ဟာ
ပြင်းထန်လာတယ်။
တရားအပေါ်မှာ လည်း ယုံကြည်စိတ်ဟာ
ပြင်းထန်လာတယ်။
ဒီတော့ … ပိုအားထုတ်လာတယ်။
အားထုတ်လေ စိတ်ချမ်းသာလေပဲ။
စိတ်ချမ်းသာလေ တရားအရသာက
ကောင်းလေပဲ။

❖ #ရေလာမြောင်းပေး. . .
ရှေးကံဆိုတာ ဘယ်လိုမှန်းမသိနိုင်ဘူး။
ရှေးကံပါရက်သားနဲ့ ယခု ပစ္စုပ္ပန်ကံတွေနဲ့
ပင့်မပေးဘူးဆိုရင်လည်း အလကားပဲ။
အကျိုးဖြစ်ထွန်း မလာနိုင်ဘူး။
ရှေးကံကိုချည်း အားကိုးနေလို့ မရဘူး။
ယခုဘဝ ပစ္စုပ္ပန်ကံတွေနဲ့
ရေလာမြောင်းပေး လုပ်ထားမှ
ရှေးကံတွေက အကျိုးပေးဖို့
ဒလဟော ဆင်းလာနိုင်တယ်။………။ ။ ။

【 အရှင်ဇနကာဘိဝံသ – မဟာဂန္ဓာရုံဆရာတော်】

ပုထုဇဉ်ပြုသမျှကံမြောက်ပုံ

¿¿#ပုထုဇဉ်ပြုသမျှကံမြောက်ပုံ
°•°•°•°•°•°•°•°•°•°•°•°•
°•°•°•°•°•°•
ပုထုဇဉ်တွေကျတော့ တွေးသမျှတွေမှာ အပြစ်မကင်းတာ ပိုများတာပေါ့။
အေး…တွေးတာက အပြစ်မကင်းဘူးဆိုရင်
ပြောတာက အပြစ်ကင်းနိုင်ပါ့မလား? ။ မကင်းနိုင်ဘူး။ ပြောတာက အပြစ်မကင်းဘူး
ဆိုရင် လုပ်တာလည်းအပြစ်မကင်းနိုင်
တော့ဘူးပေါ့။

ဒီတော့ ကိုယ့်ရဲ့ လှုပ်ရှားမှုကိုယ့်ရဲ့ ပြောဆိုမှုတွေဟာလည်းပဲ အကုသိုလ်ဝစီကံ၊ အကုသိုလ်ကာယကံတွေ ဒီလိုဖြစ်လာတတ်တယ်။

ဒီဘဝမှာ ကံတွေဟာ ကိုယ့်သန္တာန်မှာ accumulate
စုမိဆောင်းမိတွေဖြစ်လာတယ်။ စုမိဆောင်းမိတယ်ဆိုတာ
အသီးသီးလာတာပဲ။ အသီးလေးက သီးသီးချင်းတော့ သူက အားမရှိသေးဘူးပေါ့။
အချိန်တန်လို့ ရင့်ကျက်လာပြီဆိုရင်
အစေ့ကလေးထွက်လာပြီး နောက်အပင်
ပေါက်ဖို့ အဆင်သင့်ဖြစ်လာပြီ။

ကံရဲ့သဘောက အဲဒီအတိုင်းပဲပေါ့။
မျိုးစေ့ကလေးတွေနဲ့ အလားသဏ္ဍာန်တူတယ်။
အပင်ပေါက်ဖို့အနေအထားမျိုး ရင့်ကျက်ပြီးတော့ လာပြီဆိုရင်သူက မျိုးစေ့ကို ထုတ်လုပ်တယ်။

အေး ဒါကြောင့်မို့လို့ ဒီမှာ ” ဥပဒါနပစ္စယာ ဘဝေါ ” နေ့စဉ်နှင့်အမျှဘုန်းကြီးတို့တတွေရဲ့သန္တာန်မှာ ကံတရားတွေ စုမိဆောင်းမိနေတယ်။

ပစ္စုန်ပ္ပန် ဘဝမှာ ကံတရားတွေ စုမိဆောင်းမိဖြစ်
နေခြင်းသည်နောင်ဘဝတစ်ခုအတွက် စုဆောင်းနေတာနဲ့ အလားတူတယ်။

ယခုနှစ်မှာ သရက်ပင်ကြီးက သရက်သီးတွေ သီးနေတယ်။အဲဒီသရက်သီးတွေ ရင့်လာပြီးတော့ ဒီနှစ်သရက်စေ့ကလေးက
နောက်နှစ်ခါကျတော့ အပင်ပေါက်ဖို့အတွက် ဖြစ်နေတယ်ပေါ့၊ ဒီလိုဆိုတာ။

အခုဘဝပြုထားတဲ့ ကံတရားတွေက နောက်ဘဝတွေအတွက် ဒါ မျိုးဆက်အသစ်တွေ ဖြစ်လာပြန်တယ်ပေါ့။အဲဒီလိုနဲ့ ကံတရားတွေဟာ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာအများကြီး ဖြစ်လာကြတယ်။

#ကိလေသနိရောဓာကမ္မနိရောဓ

အဲဒီတော့ အများကြီးဖြစ်လာတဲ့ ဒီကံတွေမကုန်ဘဲနဲ့
သံသရာဝဋ်က ဘယ်လိုလုပ် လွတ်နိုင်မလဲဆိုတော့ ကံကိုကုန်အောင်လုပ်လို့မရဘူး။.

ကံဆိုတာ လုပ်ပြီးသွားပြီလေ။ လုပ်ပြီးသွားတဲ့အရာတစ်ခုကို
သွားဖျက်ဆီးလို့ ဘယ်ရတော့မလဲ။.ပြီးနေပြီပဲ။
ပြီးနေတဲ့အခါကျတော့ တကယ်က အဲဒီကံတွေ အကျိုးပေးလို့မရအောင်ဘာလုပ်ရမတုန်းဆိုတော့ ကိလေသာကိုပဲ ပယ်ရတယ်။ မသိတာ သိအောင် လုပ်ရမယ်။ တွယ်တာတာတွေကို ဖြုတ်ရမယ်။
ဒေါသတွေကို မေတ္တာနဲ့ ဖလှယ်ရမယ်ပေါ့ ။
အဲဒီတော့ လောဘ ဒေါသ မောဟတွေကို ဖယ်ရှားပစ်ခြင်းဟာ
ကံအသစ်တွေ မဖြစ်ဖို့၊ ကံတွေအကျိုးပေးဖို့ အခွင့်အလမ်း မရှိအောင်လုပ်တာနဲ့ အတူတူပဲပေါ့။

ဒါကြောင့်မို့ တရားဓမ္မ နာနေတဲ့အချိန်မှာ လောဘတွေ မဖြစ်ဘူး၊ဒေါသတွေ မဖြစ်ဘူး။ မောဟတွေမဖြစ်ဘူးဆိုလို့
ရှိရင်ဒီတရားနာခြင်းသည် လောဘ ဒေါသ မောဟတွေကို ဖယ်ရှားနေတဲ့သဘောပေါ့။ အဲဒီဖယ်ရှားနေတဲ့သဘောလေးဟာ
အခုချိန်မှာ အကုသိုလ်ကံတွေ၊ ကိလေသာတွေ မဖြစ်သည့်အတွက်ကြောင့် ကံအကျိုးပေးမှုတွေကို အားပျော့သွားအောင် လုပ်နေတာနဲ့တူတယ်။ ဒီလိုဆိုတာပေါ့နော်။ နည်းလမ်းက ဒါပဲ။
ကံပိုပယ်ရမှာ မဟုတ်ဘူး၊
ပယ်ရမှာက ကိလေသာ။

🌷ဆိုပါစို့။

အဝိဇ္ဇာပစ္စယာသင်္ခါရာမှာ အဝိဇ္ဇာကို ဖယ်ရမှာ၊ သင်္ခါရကို ဖယ်လို့မရဘူး။ အဝိဇ္ဇာကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရကလည်းဖယ်ပြီးသာ ဖြစ်သွားတာပဲ။ တဏှာ ဥပါဒါန် ဘဝဆိုတဲ့ နေရာမှာလည်းတဏှာနဲ့ ဥပါဒါန်ကို ဖယ်ရမှာ၊ တဏှာနဲ့ဥပါဒါန်ကို ဖယ်လိုက်တာနဲ့တစ်ပြိုင်နက် ကမ္မဘဝဆိုတာကလည်းပဲ

အကျိုးပေးလို့မရတော့ဘူးပေါ့။

🌷ဒါကြောင့်မို့

ကိလေသနိရောဓာကမ္မနိရောဓော တဲ့။

ကိလေသာချုပ်သွားလို့ရှိရင်ကံတရားတွေလည်းချုပ်တာပါပဲတဲ့။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Posted_by_Words_of_Buddha

🙏🙏🙏🙏🙏

မဟာဒါန(၂)ပါချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာဘိဝံသ

★ တချို့က ကျန်းမာရေးရှုထောင့်ကကြည့်ပြီး လူတွေကို အန္တရာယ်ပေးနေတဲ့သတ္တဝါတွေကို သတ်ရမယ်ဆိုတဲ့အယူအဆရှိတယ်ပေါ့။ အဲဒါဟာ ဘာလဲဆိုရင် “selfish idea” ပဲဖြစ်တယ်။

★ လူတွေမှာ “selfish idea” ဟာ အရိုးစွဲနေတယ်။ ကိုယ်ကောင်းစားရေးလုပ်တာ တစ်ကိုယ်ကောင်းဆန်တဲ့အတွေးပဲ ဖြစ်တယ်။

★ ဒီလို တိရစ္ဆာန်တွေ မသတ်လို့ရှိရင် လူတွေအတွက် အန္တရာယ်ဖြစ်လိမ့်မယ်လို့ တွေးပြီးတော့ ကြောက်တဲ့စိတ်နဲ့ တိရစ္ဆာန်တွေကို သတ်မယ်ဆိုရင် ဒါ မမှန်ကန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်ပေါ့။

💢 💢 💢

ငါးပါးသီလနဲ့ပတ်သက်ပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကိုကြည့်လိုက်။ ကိုယ်တစ်ဦးတစ်ယောက်တည်း မကြည့်နဲ့။ အားလုံးခြုံငုံပြီးတော့ စဉ်းစား။ ရာခိုင်နှုန်းနဲ့တွက်ကြည့်။ ကမ္ဘာမှာ လူဦးရေ သန်း ၆၀၀၀ ကျော်ရှိတယ်။ အဲဒီထဲမယ် သူများရဲ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်ဆိုတာ နည်းနည်းလေးပဲရှိတယ်။ အဲဒီတော့ ကိုယ်လုပ်တဲ့အလုပ်ဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကြည့်။ သန်းပေါင်း ၆၀၀၀ ရှိတဲ့အထဲမယ် ပါဏာတိပါတမှ ရှောင်တဲ့ပုဂ္ဂိုလ်ဟာ သန်းပေါင်း ၁၀၀ တောင် ရှိချင်မှရှိမယ်။

ဗုဒ္ဓဘာသာ၀င်တွေ “ပါဏာတိပါတာ ဝေရမဏိ” လို့ လုပ်ထားတယ်ဆိုပေမယ့်လို့ လွယ်လွယ်ကူကူနဲ့ အနီးအပါးမှာရှိတဲ့ ခြင်ကလေးတွေ ဘာလေးတွေတော့ လက်ဝါးနဲ့ ဖျတ်ခနဲ ရိုက်ချင်သေးတာပဲ။ တချို့က စောဒကတက်ကြသေးတယ်။ ခြင်တွေကို မသတ်ဘဲနေလို့ရှိရင် ငှက်ဖျားရောဂါတွေ၊ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်မှာစိုးလို့တဲ့။ အဲဒါစဉ်းစားကြည့်။ အစိုးရိမ်လွန်တာလို့ ပြောရမယ်။ ခြင်ကိုသတ်ရင် သွေးလွန်တုပ်ကွေးရောဂါတို့၊ ငှက်ဖျားရောဂါတို့ မဖြစ်တော့ဘူးလားဆိုတော့ တခြားနည်းနဲ့ ဖြစ်ဦးမှာပဲ။ တချို့က ကျန်းမာရေးရှုထောင့်ကကြည့်ပြီး လူတွေကို အန္တရာယ်ပေးနေတဲ့သတ္တဝါတွေကို သတ်ရမယ်ဆိုတဲ့အယူအဆရှိတယ်ပေါ့။ အဲဒါဟာ ဘာလဲဆိုရင် “selfish idea” ပဲဖြစ်တယ်။ လူတွေမှာ “selfish idea” ဟာ အရိုးစွဲနေတယ်။ ကိုယ်ကောင်းစားရေးလုပ်တာ တစ်ကိုယ်ကောင်းဆန်တဲ့အတွေးပဲ ဖြစ်တယ်။ အေး ဒီလို တိရစ္ဆာန်တွေ မသတ်လို့ရှိရင် လူတွေအတွက် အန္တရာယ်ဖြစ်လိမ့်မယ်လို့ တွေးပြီးတော့ ကြောက်တဲ့စိတ်နဲ့ တိရစ္ဆာန်တွေကို သတ်မယ်ဆိုရင် ဒါ မမှန်ကန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်ပေါ့။

ရောဂါဆိုတာ တိရစ္ဆာန်ကြောင့် မဖြစ်ရင်လည်း ဒီပြင်အကြောင်းကြောင့် ဖြစ်မှာပဲ။ တိရစ္ဆာန်ကို ပုံချလို့မရဘူးလေ။ တခြားနည်းတွေကော မရှိဘူးလား။ ဆိုပါစို့၊ ခြင်မသတ်ဘဲ ခြင်ထောင်နဲ့အိပ်မယ်။ ခြင်တွေ ပေါက်ဖွားမယ့်နေရာတွေကို မပေါက်ဖွားအောင် ကြိုတင်ပြီးတော့ထိန်းမယ်။ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာတွေ အများကြီးရှိတယ်။ ဖြစ်နိုင်တာမလုပ်ဘဲနဲ့ ပေါက်ဖွားတာခံပြီး ပေါက်ဖွားပြီးမှ သတ်မယ်ဆိုရင် “ပါဏာတိပါတ” ဖြစ်မှာပဲ။

ပါဏာတိပါတဖြစ်နေပြီဆိုကတည်းက ဒီလူတစ်ယောက်ဟာ ဘယ်သူ့ကို အန္တရာယ်ပေးနေတာတုံးဆိုရင် ခြင်တွေကို အန္တရာယ်ပေးနေတာ။ သူက ထင်နေတာ ခြင်က လူကို အန္တရာယ်ပေးလို့ ခြင်ကို ပြန်ပြီးအန္တရာယ်ပေးတာဆိုတော့ ဒါ အပြန်အလှန် သတ်ကြတဲ့သဘောပဲ ဖြစ်သွားတယ်။ အဲဒီတော့ ကိုယ့်အတွက် လုံခြုံစိတ်ချရဖို့ သူများကိုသတ်တယ်ဆိုတဲ့စေတနာဟာ ဘာနဲ့တူတုံးဆိုရင် လူဆိုးနဲ့အတူတူပဲ။ ဘာမှမထူးဘူး။ ကိုယ့်ကို ရန်မူလာမယ် ထင်လို့ ကိုယ်က ဦးအောင်သတ်တာနဲ့ မတူဘူးလား။ အတူတူပဲ။ ဘာမှမထူးဘူး။ စိတ်ဓာတ်ချင်းက ဒီအတိုင်းပဲ။ အဲဒီစိတ်ဓာတ်က ပြန့်ပွားလာလို့ရှိရင် လူကိုတောင်မှပဲ ကိုယ့်ကို အန္တရာယ်ပြုရင် သတ်မယ်ဆိုတဲ့ အမြင်ရသွားတာပေါ့။ အဲဒီတော့ ပါဏာတိပါတက ရှောင်မယ် လို့ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ငါးပါးသီလထဲက “ပါဏာတိပါတ” ရှောင်တယ်ဆိုတဲ့လူဟာ ရာခိုင်နှုန်း အားဖြင့် အလွန်နည်းတယ်။

(သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့တွင် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန ္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော “မဟာဒါန” တရားဒေသနာတော်မှ ကောက်နုတ်ဖော်ပြသည်။ ဆရာတော်ဘုရားကြီး၏ တရားတော်များကို Eternal Light မဂ္ဂဇင်း စာမျက်နှာတွင် ပြန်လည်ဖော်ပြရန် ဆရာတော်ဘုရားကြီးက ခွင့်ပြုပြီးဖြစ်သည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)
❀ ❀ ❀ ❀ ❀

တစ်ဘဝစာအပ္ပာယ်လွတ်ရန်နည်းလမ်းကောင်း

တဘ၀စာအပါယ်လွတ်ရန်၊နည်းလမ်းကောင်း….
➖➖➖➖➖➖➖➖➖➖➖➖➖
(၁)ဗုဒ္ဓဘာသာနှင့်ယုံကြည်စိတ် {သဒ္ဓါတရား}
ဗုဒ္ဓဘာသာ၀င်တို့၏
ရည်မှန်းရာပန်းတိုင်သည်ကားသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ၊နားလည်သည်ဖြစ်စေ၊နားမလည်သည်ဖြစ်စေ၊
တူညီသည်မှာကားနိဗ္ဗာန်သို ့ရောက်ရှိရေးပင်ဖြစ်သည်။နိဗ္ဗာန်သို ့ရောက်ရှိရန်အတွက်
အချို့သောတရားဟော၊တရားပြဆရာအပေါင်းနှင့်သံဃာတော်အရှင်သူမြတ်များက၄င်းတို ့ဖတ်မှတ်သိကျင့်
တက်ထားသမှျ တရားတို ့အားလုံးအများသိရှိနားလည်ရန်အတွက်
မေတ္တာကရုဏာရေှ ့ထားပြီးစေတနာထားကာဟောပြနေသော်လည်းအချို့ပုထုဇဉ်တို ့အဖို ့ ဉာဏ်မမီနိုင်သဖြင့်
နားလည်သဘောပေါက်ရန်မှာမလွယ်ကူလှပေ။နိဗ္ဗာန်ကိုမမြင်ဘူး၊မတွေ့လည်းမတွေ့ဖူး။မမြင်ဖူးမတွေ့ဖူးမှတေ
ာ့၊ဘယ်လိုဟာကြီးလဲ၊ရှိကောရှိရဲ့လား၊ဘယ်လိုနားလည်ရမလဲ၊အတွေးများစွာဖြင့်ဟုတ်မှဟုတ်ပါ့မလား၊ရှိကောရှိ
ရဲ့လားစသည်ဖြင့် ယုံမှားသံသယစိတ်များလာပြီးယုံကြည်စိတ် {သဒ္ဓါတရား}လျော့နည်းလာခဲ့ရပါတယ်။
တကယ်တော့ကိုယ်တိုင်မြင်ဖူးခြင်းမရှိ၊ရောက်ဖူးခြင်းမရှိ၊တွေ့ဖူးခြင်းမရှိပါဘဲနှင့်မြင်တယ်၊တွေ့တယ်၊ရောက်တ
ယ်လို ့ယုံကြည်ခဲ့ရသောအရာတွေမရှိဘူးလား။လူသားအားလုံးသည်မမြင်ဖူး၊မတွေ့ဖူး၊မရောက်ဖူးပါလျက်နှင့်ယုံြ
ကည်နေရသောအရာများရှိနေသည်မှာမလွဲပါပေ။ဘာကြောင့်ယုံကြည်ရပါသလဲ၊မြင်ဖူးလို ့လည်းယုံကြည် ရ၏အ
များကလက်ခံလို ့လည်းယုံကြည်ရ၏၊ယုံကြည်ထိုက်လို ့လည်းယုံကြည်ရ၏အဲဒီလိုနဲ့
ယုံကြည်နေခဲ့ရခြင်းသာဖြစ်ပါတယ်။မမြင်ဖူး၊မတွေ့ဖူး၊မရောက်ဖူးပါလျက်နှင့်မြင်ဖူးသလို၊ရောက်ဖူးသလို၊တွေ့ဖူး
သလိုယုံကြည်တာဟာယုံကြည်မွုဟူသောသဒ္ဓါတရားကြောင့်ဖြစ်ပြီးယုံကြည်မွုကိုနည်းနည်းလေးယုံကြည်မွုကစ
တင်ခါ
နည်းနည်းလေ့လာပါကနည်းနည်းယုံကြည်လာပြီးလေ့လာလေလေ၊ယုံကြည်စရာပိုတွေ့လေ၊ပိုများလေဖြစ်လာြ
ပီး၊ယုံကြည်စရာပိုတွေ့လေ၊ပိုလေ့လာချင်လေဖြစ်ခါ၊တဖြည်းဖြည်းနှင့်ယုံကြည်မွုပြည့် ၀သော၊သဒ္ဓါတရားကောင်း
သူ
ဖြစ်လာပါသည်၊အနည်းငယ်သိသူလည်း၊၄င်းတွင်သိစရာအနည်းငယ်မှျသာကျန်သေးသည်ဟုထင်၏။အတော်အ
တန်သိသူကလည်း၄င်းတွင်အတော်အတန်သိစရာကျန်သေးသည်ဟုထင်၏၊များများသိသူမှာကား၄င်းတွင်သိစ
ရာ၊လေ့လာစရာများများကျန်သေးသည်ဟုမှတ်ယူကြပေသည်။
သို ့ဖြစ်ပါ၍အားကိုးအားထားရာအဖြစ်ကိုးကွယ်ဆည်းကပ်မွုတွင်ယုံကြည်စိတ် {သဒ္ဓါတရား}သည်အခြေခံအကျ
ဆုံးနှင့်အရေးပါဆုံးဖြစ်ပြီး၊ယုံကြည် စိတ် {သဒ္ဓါတရား}ခြေတလှမ်းဖြင့်စတင်ပါက၊ယုံကြည်စိတ်ခြေလှမ်းများစွာဖြင့်
မိမိရောက်ရှိလိုသောပန်းတိုင်ကိုအမှန်တကယ်ရောက်ရှိနိုင်မှာဖြစ်ပေသည်။
ကျွနု်ပ်တို ့သဘောပေါက်နားလည်ထားကြတာကနိဗ္ဗာန်ရောက်အောင်၊၀ိပဿနာတရားပွားများအားထုတ်ရမယ်၊
အဲဒီလိုအားထုတ်တဲ့အခါမှာ၊ဓမ္မတွေရဲ့ဖြစ်ခြင်း၊ပျက်ခြင်းတွေကိုမြင်အောင်ရွုမှတ်ရမယ်၊ဖြစ်ပျက်တွေမြင်အောင်၊ြ
ဖစ်ပျက်တွေမုန်းအောင်၊ဖြစ်ပျက်တွေကုန်အောင်၊ဆုံးအောင်၊ချုပ်အောင်ရွုမှတ်၊အဲဒီဖြစ်ပျက်ကုန်တဲ့နေရာ၊ချုပ်တဲ့
နေရာဟာ၊ဖြစ်ပျက်မရှိရာ၊နိဗ္ဗာန်ဘဲလို ့နားလည်ယုံကြည်ထားပါတယ်။
တကယ်တော့အဲဒီလိုဖြစ်ပျက်တွေမရှိရာ၊ကုန် ရာ၊ချုပ်ရာနိဗ္ဗာန်သို ့ရောက်ရန်အတွက်ကြားမှာအဆင့်ပေါင်းများစွာ
ရှိနေလို ့၊တဆင့်ပြီးမှတဆင့်တက်ရောက်နိုင်ရေးအတွက်
ကြိုးပမ်းသင့်ကြောင်းတင်ပြလိုပါတယ်၊သာမန်ပုထုဇဉ်တွေအနေနဲ့ကတော့အဆင့်တွေကျော်တက်ဖို ့မဖြစ်နိုင်ပါ
ဘူး။(ယုံကြည်ကျန်မာ၊စိတ်ဖြောင့်စွာဖြင့်၊လွန်စွာအားထုတ်နာမ်နှင့်ရုပ်ကို၊ဖြစ်ချုပ်ဉာဏ်မြင်၊ …ဤငါးအင်အမှန်ပင်
မဂ်ရကြောင်း)……ဟူသောဆောင်ပုဒ်ကိုမိုးကုတ်ဆရာတော်ဘုရားကြီးကညွွန်ပြထားပါတယ်။ပဓာနိယင်္ဂတရား(
၅)ပါးလို ့လည်းခေါ်ပါတယ်၊ပဓာနိယင်္ဂတရားငါးပါးဆိုတာတရားအားထုတ်သူရဲ့အင်္ဂါရပ်ငါးပါးဖြစ်ပါတယ်၊အဲဒီငါးပါ
းပြည့်စုံမှတရားရနိုင်ပါမယ်၊မိမိ မှာဘယ်လိုအချက်လိုနေလည်းဆိုတာချင့်ချိန်ဖြည့်ဆည်းနိုင်အောင်လို ့တင်ပြလို
က်ရပါတယ် …..။
(၁) ဘုရား၊တရား၊သံဃာအပေါ်ယုံကြည်သောသဒ္ဒါတရားရှိရမယ်။
(၂) ကျန်းမာသူလည်းဖြစ်ရမယ်။
(၃) စိတ်ထားဖြောင့်မတ်သူလည်းဖြစ်ရမယ်။
(၄) ဇွဲသန်ကြိုးစားအားထုတ်သူလည်းဖြစ်ရမယ်။
(၅) ဉာဏ်စွမ်းဉာဏ်စလည်းရှိရမယ်၊ထိုသို ့အင်္ဂါငါးပါးနှင့်ပြည့်စုံသူဖြစ်ပါကမကြာမီတွင်
တရားထူးရနိုင်၏။………။
အဲဒီပဓာနိယင်္ဂတရားငါးပါးထဲကနံပါတ်တစ်အင်္ဂါဖြစ်တဲ့ဘုရား၊တရား၊သံဃာအပေါ်ယုံကြည်စိတ် …{သဒ္ဒါတရား}
ဟာအလွန်ဘဲအရေးကြီးပါတယ် …….။(ဆက်လက်တင်ပြပါဦးမည် )
(ဦးတင်ဟန်၊ရှမ်းတဲကြီး)မှတဆင့်ကူးယူေ၀ငှ ဒါနပြုပါသည်။ [၀ိဇ္ဇာစရဏသမ္ပန္နော]
သဒ္ဓါတရား(၄)မျိုး
သဒ္ဓါနည်းလှျင်၊တရားနဲ့လွဲပြီး၊သဒ္ဓါထားလှျင်တရားရပါမယ်။သဒ္ဓါ(၄)မျိုးရှိပါတယ်။
(၁)ပသာဒသသဒ္ဓါကြည်ညိုဖွယ်အာရုံ ၀တ္ထုုတို ့ကိုမြင်ရ၊တွေ့ရ၊ကြားရသောအခါစဉ်းစားဆင်ခြင်ခြင်းမရှိဘဲဖြစ်ပေါ်
လာသော၊ယုံကြည်မွု၊ကြည်လင်မွု၊သဒ္ဓါမျိုးသည်၊ဖြစ်လွယ်ပျက်လွယ်သောသဒ္ဓါမျိုးပင်တည်း။
(၂)သြကပ္ပနသဒ္ဓါကြည်ညိုဖွယ်စူးစမ်းဆင်ခြင်၍သက် ၀င်ယုံကြည်သောသဒ္ဓါမျိုးသည်သြကပ္ပနသဒ္ဓါမည်၏ယခု
အခါမြတ်စွာဘုရားသာသနာတော်တွင်း၌နည်းမှန်လမ်းမှန်ဖြင့်ကျင့်ကြံအားထုတ်လှျင်မဂ်ဖိုလ်ကိုရနိုင်သေးသည်
ဟုယုံကြည်မွုသည်လည်းဤသဒ္ဓါမျိုး၌အကျုံး၀င်လေသည်။
(၃)အာဂမနသဒ္ဓါနိယတဗျာဒိတ်ပန်းကိုဆင်မြန်းတော်မွုသော၊အလောင်းတော်ကြီးတို ့သာလှျင်ရသောသဒ္ဓါမျိုးဖြစ်
သည်။
(၄)အေ၀စ္စပသာဒသဒ္ဓါအရိယာတို ့သာလှျင်ရသောသဒ္ဓါမျိုးဖြစ်၍ဘယ်သူဖျက်ဖျက်မပျက်သောသဒ္ဓါမျိုးဖြစ်ပါသ
ည်။
အထက်ပါသဒ္ဓါ(၄)မျိုးအနက်သြကပ္ပနသဒ္ဓါမျိုးနှင့်ပြည့်စုံမှသာလှျင်၊ယခုဘ၀မှာအရိယာဖြစ်နိုင်ခွင့်ရှိပါသည်။ (သူ
တော်ကောင်းဥစ္စာ ရ ပါးတွင်ပါ၀င်သော
သဒ္ဓါသည်ဘုရား၊တရား၊သံဃာရတနာသုံးပါးတို ့၏ဂုဏ်ကိုယုံကြည်ခြင်း၊ကံ -ကံ၏အကျိုးကိုယုံကြည်ခြင်း
ဖြစ်ပါသည်၊အရိယာဖြစ်လိုသောပုဂ္ဂိုလ်သည်ဤသဒ္ဓါမျိုးနှင့်ပြည့်စုံရပါမည် )။
ဒါကြောင့်ယုံကြည်စိတ် (သဒ္ဓါတရား)ခြေတလှမ်းစတင်ချကာ၊ယုံကြည်ကိုးကွယ်မှအား၊အခြေခံမှစတင်လေ့လာ
အားထုတ်ကြရပါမည်။အခြေခံအားဖြင့်သာမန်ပုထုဇဉ်ဘ၀မှာပင်ဗုဒ္ဓဘာသာ၀င်တို ့သည်
ဆရာ၊မိဘ၊သံဃာတော်များ၏ဟောကြားပြောဆိုဆုံးမမွုများအား၊ခံယူလိုက်နာကျင့်သုံးရပါမည်၊တကယ်လိုက်နာ
ခံယူကျင့်သုံးပါက(ကလျာဏပုထုဇဉ် )ဟုခေါ်ထိုက်သောပုဂ္ဂိုလ်ဖြစ်လာပါမည်။ ကလျာဏဆင့်သို ့
ရောက်လာပြီဖြစ်တဲ့ပုဂ္ဂိုလ်ဟာဘုရား၊တရား၊သံဃာကိုဘဲကိုးကွယ်ဆည်းကပ်ပြီးအကုသိုလ်ဖြစ်မယ့်အလုပ်တွေ
ကိုရေှာင်
ဖယ်ကာကုသိုလ်ဖြစ်မယ့်အလုပ်တွေကိုဘဲလုပ်တော့မယ်။ငါးပါးသီလကိုလည်းလုံခြုံအောင်စောင့်ထိန်းတော့မယ်
ဘယ်ဘိုးတော်၊ဘယ်ဒေ၀ီ၊ဘယ်ဘီလူးကိုမှလည်းပူဇော်ပသတောင်းပန်ခြင်းမပြုတော့ပါ၊မိမိမှာဘုရားတရားသံ
ဃာဆိုတဲ့ရတနာသုံးပါးအစစ်ရှိနေပြီ၊ကိုယ်ကျင့်တရားဖြစ်တဲ့ငါးပါးသီလလည်းရှိနေပြီ၊မြဲနေပြီဆိုရင်၊ဘယ်အချိန်
ဘယ်ဒေသမှာဘယ်ဘေးနဲ့သေသေအပါယ်သို ့မရောက်ဘူးဆိုတာသေချာပါတယ်။
ကိုးကွယ်ဆည်းကပ်ခြင်း(၃)မျိုး
ဗုဒ္ဓဘာသာကိုးကွယ် သူတယောက်အနေနဲ့ မိမိကိုယ်မိမိဘာကြောင့်
ဘုရား၊တရား၊သံဃာကိုကိုးကွယ်သည်၊မိမိမည်သည့်ဗုဒ္ဓဘာသာဖြစ်နေသည်ကိုပထမဦးစွာသိသင့်ပါသည်၊
များသောအားဖြင့်ဗုဒ္ဓဘာသာ၀င်တို ့မှာ ကိုးကွယ်ဆည်းကပ်ခြင်း(၃)မျိုးသာတွေ့ရှိနိုင်ပါတယ်။
၁။ကုလာစာရဗုဒ္ဓဘာသာ -မိရိုးဖလာအရအစဉ်သဖြင့် ကိုးကွယ်သောဗုဒ္ဓဘာသာ…..။
၂။လာဘဗုဒ္ဓဘာသာ -လာဘ်လာဘမေှျာ်ကိုး၍ ကိုးကွယ်သောဗုဒ္ဓဘာသာ……….။
၃။ဘယဗုဒ္ဓဘာသာ -ဘေးရန်ကြောက်၍ ကိုးကွယ်သောဗုဒ္ဓဘာသာ…………….။
ကုလာစာရဗုဒ္ဓဘာသာဆိုသည်မှာမိဘဘိုးစဉ်ဘောင်ဆက်ကိုးကွယ်လာခဲ့သဖြင့်ကိုးကွယ်သည့်
မိရိုးဖလာဗုဒ္ဓဘာသာဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရကိုသေသေချာချာမသိ၊ မိဘဘိုးစဉ်ဘောင်ဆက်
ကိုးကွယ်သဖြင့် မိမိဆက်လက်ကိုးကွယ်နေခြင်းဖြစ်သည်။
လာဘဗုဒ္ဓဘာသာဆိုသည်မှာစီးပွားလာဘ်လာဘကိုမေှျာ်ကိုး၍ ကိုးကွယ်သောဗုဒ္ဓဘာသာဖြစ်သည်။
ရာထူးတက်ဖို့၊ ထီပေါက်ဖို့၊ စီးပွားရေးအဆင်ပြေဖို့၊ နတ်ဆရာ၊ ဂိုဏ်းဆရာ၊ ဗေဒင်ဆရာတွေ
ညွွန်ကြားစေခိုင်းတဲ့အတိုင်းကျင့်ကြံကိုးကွယ်နေသောဗုဒ္ဓဘာသာဖြစ်သည်။
ဘယဗုဒ္ဓဘာသာဆိုသည်မှာဘေးရန်ကိုကြောက်၍ ကိုးကွယ်သောဗုဒ္ဓဘာသာဖြစ်လေသည်။
မိမိရာထူးနေရာပြုတ်မည်ကိုကြောက်ရွံ ့၍သော်လည်းကောင်း၊
စီးပွားဥစ္စာပျက်စီးဆုံးရွုံးမည်ကိုကြောက်ရွံ ့၍သော်လည်းကောင်းဗေဒင်ဆရာ၊ နတ်ဆရာ၊ ဓာတ် ဆရာ၊
ဂိုဏ်းဆရာတို ့ စေခိုင်းချက်အတိုင်းကျင့်ကြံအားထုတ်ကိုးကွယ်နေသောဗုဒ္ဓဘာသာဖြစ်သည်။
အထက်ပါ ဗုဒ္ဓဘာသာ (၃) မျိုးကိုကိုးကွယ်သူတို ့ဟာအခါအားလျော်စွာဒါန၊ သီလ၊
သမထတရားများသာပွားများကြမည်။ ဒါန၊ သီလ၊ သမထတရားတွေဟာလောက၌
မြတ်စွာဘုရားမပွင့်လည်းရှိသောသာသနာပတရားများသာ ဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒ၏ အနှစ်သာရဖြစ်သည့်
နိဗ္ဗာန်ရရာရကြောင်း၊ ၀ိပဿနာတရားသည်သာလှျင်မြတ်စွာဘုရားပွင့်မှ သိခွင့်ရသော၊
နာကြားခွင့်ရသောတရားများသာဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ၀င်တစ်ယောက်အနေနဲ့ဖော်ပြခဲ့တဲ့
ဗုဒ္ဓဘာသာ (၃) မျိုးကိုရေှာင်ကြဉ်၍ ဗုဒ္ဓ = ဗုဒ္ဓမြတ်စွာဘုရား၊ ဓမ္မ = တရားတော်၊ သံဃ = သံဃာတော်တို့၏
ဂုဏ်တော်တို ့ကို ကြည်ညိုမြတ်နိုး၍ မိမိတို ့ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟုမှတ်ယူပြီးအားကိုးရာအနေဖြင့်
ယုံကြည်ဆည်းကပ်ကိုးကွယ်ရမှာဖြစ်ပြီးဘုရား၊ တရား၊ သံဃာရတနာသုံးပါးမှတစ်ပါးအခြားတရား၊
အခြားအရာတို ့ဟာမိမိတို ့အားဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟုထင်မှတ်ကာအားကိုးရာအနေဖြင့်
ယုံကြည်ကိုးဆည်းကပ်လှျင်မှားယွင်းသောယုံကြည်အားကိုးမွု၊ မှားယွင်းသောကိုးကွယ်မွုသာ ဖြစ်ပါတယ်။
အဘယ်ကြောင့်ဆိုသော်ထိုတရား၊ ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်းအကျင့်ကောင်း၊
အကျင့်မှန်မရှိသောကြောင့်ပင်ဖြစ်ပါတယ်။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီး၌ ကုသိနာရုံပြည်အင်းကြင်းဥယျာဉ်ကြီးအတွင်း၀ယ်ဘာသာ အယူ၀ါဒ အမှား၊
အမှန်ေ၀ဖန်ရွေးချယ်နိုင်ရန်သုဘဒ္ဒပရိဗိုဇ်အားအောက်ပါ သဘောတရားကိုဟောကြားတော်မူခဲ့၏။
၁။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်ပါသော ဘာသာအယူ ၀ါဒသာလှျင်ကိလေသာကို ငြိမ်းစေ၏။ ကိလေသာငြိမ်းမှ
ဆင်းရဲငြိမ်း၏။ ဆင်းရဲကို ငြိမ်းစေမှ မှန်ကန်သောကိုးကွယ်ရာ ဖြစ်၏။
၂။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်မပါသော ဘာသာအယူ ၀ါဒသည်ကိလေသာကိုမငြိမ်းစေနိုင်၊ ထို ့ကြောင့်
ဆင်းရဲခြင်းကိုမငြိမ်းစေနိုင်သဖြင့်မှန်ကန်သော ဘာသာအယူ ၀ါဒမဟုတ်၊ မှန်ကန်သောကိုးကွယ်ရာမဟုတ်။
ဗုဒ္ဓဘာသာ၀င်တစ်ယောက် အနေဖြင့်ယုံကြည်ဆည်းကပ်ကိုးကွယ်မွုမှန်ကန်ရန်လွန်စွာအရေးကြီးသဖြင့်
မြတ်ဗုဒ္ဓ၏ ဟောကြားသောတရားတော်များကိုသေသေချာချာလေ့လာရမည်ဖြစ်ပါ သည်။
(၂) သရဏဂုံ
သရဏဂုံဆိုသည်မှာသရဏ- ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။ ဂမန- ယုံကြည်ဆည်းကပ်ခြင်း။
မြတ်စွာဘုရားသည်အားကိုးရာသရဏ။ လူတို ့ကအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ခြင်းသည်ဂမန – ဂုံ။
ထို ့ကြောင့် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကိုအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ခြင်းကို၊ သရဏဂမန -သရဏဂုံသုံးပါးဟုအဓိပ္ပာယ်ဖွင့်ဆိုကာ -(၁) မြတ်စွာဘုရားကိုအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လှျင်ဗုဒ္ဓသရဏဂုံတည်သည်။
(၂) မြတ်စွာဘုရား၏ တရားတော်ကိုအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လှျင်ဓမ္မသရဏဂုံတည်သည်။
(၃) မြတ်စွာဘုရား၏ တရားတော်ကိုစောင့်ရေှာက်၍
တရားတော်အတိုင်းလိုက်နာကျင့်သုံးသောသံဃာအပေါင်းကိုအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လှျင်
သံဃသရဏဂုံတည်ပေသည်။
ဗုဒ္ဓဘာသာ၀င်အများစုသည်သက်ပျောက်ဆွမ်း၊ ရက်လည်ဆွမ်း၊
လလည်ဆွမ်းစသည့်နာရေးဆိုင်ရာအလှူဒါန်ပြုပွဲများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားမျိုးစုံတို့၌
သရဏဂုံဆောက်တည်လျက်ရှိကြသည်။ မိမိတို ့ ခံယူဆောက်တည်ခဲ့သောသရဏဂုံမှာသရဏဂုံဖြစ် /မဖြစ်
တည် /မတည်၊ ပျက် /မပျက်။ သရဏဂုံအကျိုးရနိုင် /မရနိုင်တို ့ကိုသေသေချာချာစိစစ်လေ့လာသင့်ပေသည်။
သရဏဂုံ (၂) မျိုး
ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မွုဖြင့် တည်သောလောကီသရဏဂုံ၊ အရိယာတို ့၏သန္တာ၌
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နှင့်အတူတကွ ဖြစ်တည်လာသောလောကုတ္တရာသရဏဂုံဟု (၂) မျိုးရှိ၏။
လောကီသရဏဂုံသည်ညစ်လည်းညစ်နွမ်းနိုင်၏။ ပျက်လည်းပျက်စီးနိုင်၏။ လောကုတ္တရာသရဏဂုံသည်
ညစ်လည်းမညစ်နွမ်း၊ ပျက်လည်းမပျက်စီးနိုင်ပေ။
ခံယူပုံ (၄) မျိုး
သရဏဂုံခံယူရာ၌ ခံယူပုံအခြင်းအရာ (၄) မျိုးရှိ၏။ယင်း (၄) မျိုးကိုပင်သရဏဂုံ (၄) မျိုး ဟုခေါ်ေ၀ါ်ကြ၏။
(၁) အတ္တသန္နိယျာတဏသရဏဂုံ (ရတနာသုံးပါးကိုအာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည်
ငါ၏ကိုယ်ခန္ဓာကိုဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးအားအပ်နှင်းပါ၏”
ဟုမိမိကိုယ်ကိုရတနာသုံးပါးအားစွန် ့လွွတ်အပ်နှင်းခြင်းကိုအတ္တသန္နိယျာတဏသရဏဂုံဟုခေါ်သည်။)
(၂) တပ္ပရာယဏတာသရဏဂုံ (ရတနာသုံးပါးကိုအာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည်ဘုရား၊ တရား၊
သံဃာရတနာမြတ်သုံးပါးကိုသာလှျင်အားကိုးပါ၏၊ အားထားပါ၏၊ လဲလျောင်းပါ၏”
ဟုရတနာသုံးပါးကိုသာအားကိုးအားထားခွငျး၊
ကိုးကွယ်လဲလျောင်းခြင်းကိုတပ္ပရာယဏတာသရဏဂုံဟုခေါ်သည်။)
(၃) သိဿဘာ၀ူပဂမန သရဏဂုံ (ရတနာသုံးပါးကိုအာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည်ဘုရား၊ တရား၊
သံဃာရတနာမြတ်သုံးပါး၏ အနီးနေတပည့်ဖြစ်သည် ” ဟုရတနာသုံးပါး ၏ တပည့်အဖြစ်ကပ်ရောက်ခြင်း၊
ခံယူခြင်းကိုသိဿဘာ၀ူပဂမန သရဏဂုံဟုခေါ်သည်။)
(၄) ပဏိပါတသရဏဂုံ (ရတနာသုံးပါးကိုအာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည်ဘုရား၊ တရား၊
သံဃာရတနာမြတ်သုံးပါးကိုသာလှျင်ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊
အရိုအသေပြုခြင်းအမွုတို ့ကိုပြုပါ၏” ဟုရတနာသုံးပါး၌ အထွတ်အမြတ်အဖြစ်လွန်စွာ
ရိုသေပျပ် ၀ပ်ခြင်းကိုပဏိပါတသရဏဂုံဟုခေါ်သည်။)
ဤကိုးကွယ်ဆည်းကပ်ပုံ (၄) မျိုးတွင်တစ်မျိုးမျိုးဖြင့်အားကိုးအားထားရာအဖြစ်ကိုးကွယ်ဆည်းကပ်လှျင်
သရဏဂုံခံယူမွုကိစ္စ ပြီးမြောက်သည်။
ရှိခိုးတိုင်းသရဏဂုံမဖြစ်
မည်သည့်ပုဂ္ဂိုလ်မဆိုရှိခိုးတိုင်းသရဏဂုံမဖြစ်။ ယုံကြည်ဆည်းကပ်မွုမဟုတ်။သီလ၊ သမာဓိ၊
ပညာအကျင့်တရားတို ့နှင့် ပြည့်စုံ၍ မြင့်မြတ်သောပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာသရဏဂုံ ဖြစ်သည်။
ယုံကြည်ဆည်းကပ်မွုဖြစ်သည်။
၁။ ဆွေမျိုးဖြစ်၍ ရှိခိုခြင်း။
၂။ ကြောက်၍ ရှိခိုခြင်း။
၃။ ဆရာဖြစ်၍ ရှိခိုခြင်း။
ဤရှိခိုးခြင်းများသည်သရဏဂုံမဖြစ်။ မြတ်စွာဘုရားကိုပင်ဆွေမျိုးဖြစ်၍ ရှိခိုးလှျင်သရဏဂုံမဖြစ်ပေ။
ရှိခိုးသော်လည်းသရဏဂုံမပျက်
ရတနာသုံးပါးကိုယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာ၀င်
တစ်ယောက်သည်အခြားဘာသာမှ ဘုရားဆိုသူများ၊ ဘုန်းကြီးဆိုသူများကိုဆွေမျိုးဖြစ်ခြင်း၊
ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်းသရဏဂုံမပျက်၊
မြင့်မြတ်သောပုဂ္ဂိုလ်ဟုယူဆ၍ရှိခိုးမှသာသရဏဂုံပျက်သည်။
သရဏဂုံညစ်နွမ်းခြင်း (၄) မျိုး
၁။ ရတနာသုံးပါး၏ဂုဏ်ကိုမသိလှျင်ဖြစ်စေ။
၂။ အသိမှားလှျင်ဖြစ်စေ။
၃။ ယုံမှားသံသယရှိလှျင်ဖြစ်စေ။
၄။ ရတနာသုံးပါးကိုမရိုသေလှျင်ဖြစ်စေသရဏဂုံညစ်နွမ်း၏။ သရဏဂုံညစ်နွမ်းလှျင်
ကြီးကျယ်ဖွံ ့ဖြိုးသောကောင်းကျိုးကိုမရနိုင်ပေ။
သရဏဂုံပျက်ပုံ (၂) မျိုး
တစ်စုံတစ်ယောက်၏ သန္တာန်၌ တည်နေသောသရဏဂုံသည်-၁။ အခြားဘာသာအယူ ၀ါဒကိုယုံကြည်ကိုးကွယ်သောကြောင့်ဖြစ်စေ၊
၂။ သေဆုံးသောကြောင့်ဖြစ်စေပျက်စီး၏။
အယူ ၀ါဒတစ်ပါး ပြောင်းသွားကိုးကွယ်၍ သရဏဂုံပျက်စီးလှျင်ဒိ ဋ္ဌိ၊ တဏှာစသောကိလေသာပွား၍
အပြစ်များ၏။ သေဆုံးသောကြောင့်သရဏဂုံပျက်စီးလှျင်မည်သည့်အပြစ်မှျ မရှိပေ။
သရဏဂုံမတည်နိုင်သူ
သရဏဂုံတည်နေသူသည်အခြားဘာသာကိုပြောင်းလဲကိုးကွယ်မွုမပြုသမှျ မသေမချင်းသူ ့သန္တာန်၌
သရဏဂုံတည်နေ၏။ သေလှျင်ကားသရဏဂုံပျက်သွားပေပြီ။ သေပြီးနောက်
စိတ်မရှိတော့သောဥတုဇရုပ်အလောင်း၌မူသရဏဂုံမတည်နိုင်ပေ။ စိတ်သည်လည်းဥတုဇရုပ်ကြွင်းအနီး
၌မရှိတော့ဘဲ နောက်တစ်ဘ၀၌ ဖြစ်ပျက်အစဉ်အတိုင်း ဖြစ်လျက်နေလေပြီ။၎င်းကိုသေသေချာချာမသိသဖြင့်
မိမိ၏မိဘဆွေမျိုုးများ၏ ဥတုဇရုပ်အလောင်းအားသရဏဂုံတင်နေသူများအများအပြားပင်။
မိမိတို ့ခံယူဆောက်တည်ကျင့်သုံးနေသောသရဏဂုံကိုအားမနာတမ်းမိမိကိုယ်မိမိ
ပြန်လည်ေ၀ဖန်စိစစ်ကြည့်ပါကယခင်ကဆောက်တည်ခံယူခဲ့သောသရဏဂုံမှာဘယ်လိုပုံသဏ္ဌ

🔜ဆက်လက်ဖော်ပြပါမည်-

နှောင်းလွန်ပြီးခဲ့သောအခါ

“နှောင်းလွန်ပြီးခဲ့သောအခါ”

မြန်မာနိုင်ငံမှာတော့ မြတ်စွာဘုရားရဲ့အဆုံးအမတွေ
အလွယ်တကူနာယူပြီးတော့ နေခွင့်ရတော့
အလွယ်တကူကြားနာခွင့်ရတဲ့အခါမှာ တစ်ခါတစ်ရံမှာ
လူတွေမှာအမှတ်တမဲ့ ပေါများတယ်လို့ထင်ပြီးတော့
အလေးအနက်ထားလေ့မရှိကြတာမျိုးကလည်း ကြုံတတ်တယ်ပေါ့။
အဲ့ဒါမျိုးမဖြစ်အောင် သတိထားဖို့တော့ လိုအပ်တယ်ပေါ့။
ဒီရက်ပိုင်းတွင်ပဲ ဘုန်းကြီးတို့ဆီမှာ ပြင်သစ်နိုင်ငံက tourist
နှစ်ဦးရောက်လာတယ်။ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သိချင်တယ်
သူတို့ သိထားတဲ့အသိတွေဟာ မြတ်စွာဘုရားရဲ့အဆုံးအမ
ထေရဝါဒအစဉ်အလာအဆုံးအမနဲ့ မကိုက်ညီတဲ့ အသိတွေ
သူတို့မှာ ရှိတယ်။အဲ့ဒါတွေကို ရှင်းလင်းပြီးတော့ ပြောပြလိုက်ရတယ်။

အဲ့ဒီတော့ လူတိုင်းလူတိုင်းဟာ မြတ်စွာဘုရားရဲ့အဆုံးအမကို
ရနိုင်ကြတာမဟုတ်ဘူး။မြန်မာနိုင်ငံက လူတွေက ကံကောင်းလို့ရနေတာကို
ရနေသည့်အတွက်ကြောင့် အချို့ အချို့သောပုဂ္ဂိုလ်တွေက
ဒါတွေကတော့ ရလွယ်တယ်လို့ စိတ်ထဲမှာထင်ပြီး အလေးအနက်မထားပဲနဲ့
နေလို့ရှိရင် အချိန်သာကုန်သွားပြီးတော့
ကိုယ့်မှာအကျိုးဖြစ်ထွန်းမှု အားနည်းသွားမှာဖြစ်တယ်ပေါ့။ဒါကိုတော့
အလေးအနက်ထားစဉ်းစားထားသင့်တယ်ပေါ့။

တစ်ခါတစ်ရံကျတော့ လူတွေဟာ တန်ဖိုးတစ်ခုကို လွန်မှပဲ
သိကြတယ်။ဥပမာမယ် လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ
အဲ့ဒီလူ မရှိတော့ဘူးဆိုမှ သိတယ်။သိပြီးဆိုတော့
အခါကြတော့ နောက်ကျပြီ ဘာမှလုပ်လို့ မရတော့ဘူး။
အချိန်ရဲ့တန်ဖိုးဆိုတာလည်း အချိန်ကုန်သွားမှ သိကြတာ။
အချိန်ကုန်တော့ ဘာလုပ်လို့ ရဦးမလဲ။
ဘာမှ လုပ်လို့မရတော့ဘူး။

အဲ့ဒါလိုပဲ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေ အလွယ်တကူ သိခွင့်ရပါရဲ့သားနဲ့
မြတ်စွာဘုရားရဲ့ အဆုံးအမတွေ အလေးအနက်ထားပြီးတော့
နာယူရမှန်း မှတ်သားရမှန်း လေ့လာရမှန်း ဆည်းပူးရမှန်း
မသိဘူး။သိတောင်မှပဲ အခြားကိစ္စတွေနဲ့ လူတွေဟာ
အချိန်ကုန်ပြီးတော့ လူတွေဟာ ကိုယ့်ဘဝမှာ တန်ဖိုးဆိုတာ ဘာလဲလို့
ဆင်ခြင်စဉ်းစားမှု မပြုခဲ့လို့ အချိန်ကုန်သွားပြီးဆိုတော့မှ
အော် ဒို့ဟာ ဆုံးရှုံးသွားပြီ- ဆိုတာမျိုး ။အဲ့ဒီကြမှတော့ ဘာတတ်နိုင်သေးလဲ။
ဘာမှ မတတ်နိုင်တော့ဘူး။

ဒေဝဒူတသုတ္တန်မှာလို သတိထားစရာပေါ့။အဲ့ဒီမှာ
ဝေမာနိကပြိတ္တာမျိုးလို့ ခေါ်ရတဲ့ ၊ စတုမဟာရဇ်နတ်မျိုးလို့လည်း ဆိုနိုင်တယ်ပေါ့။
ယမ-မင်းကြီးဆိုတာ ရှိတယ်။အဲ့ဒီ ယမမင်းကြီးက
တကယ့်သူတော်ကောင်းကြီး ငရဲကိုဆွဲချဖို့ သူလာနေတာ မဟုတ်ဘူး။
တမင်ကို volunteer ကယ်တင်ဖို့ရန် သူက ငရဲတံခါးကနေ
သူက စောင့်နေတယ်။တကယ့်သူတော်ကောင်းကြီး။
ယမမင်းဆိုတာ ကြောက်စရာမဟုတ်ဘူး။မြတ်စွာဘုရားရဲ့
အဆုံးအမတရားတော်တွေထဲမှာ ယမမင်းကြီးရဲ့ဆန္ဒဆိုပြီးတော့
ဟောထားတာရှိတယ်။

အဲ့ဒီမှာ ယမမင်းကြီးက ငရဲကျလာတဲ့ပုဂ္ဂိုလ်တွေ
အကုသိုလ်အလွန်ကြီးရင်တော့ တစ်ခါတည်းငရဲတန်းကျသွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
အေး မတော်တဆ မှားယွင်းမှုကြောင့် အကုသိုလ်ဖြစ်လာပြီးတော့
ငရဲရောက်လာတဲ့ ပုဂ္ဂိုလ်တွေကြတော့ ယမမင်းကြီးက သူ့ရဲ့ကုသိုလ်ကောင်းမှု
တွေကို ဖော်ပေးပြီး ငရဲကလွတ်အောင် သူက လွှတ်တာ မဟုတ်ဘူး။
ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်က လွှတ်တာ။အဲ့ဒီ ကုသိုလ်ကောင်းမှုကို
ပြန်လည်သတိဖော်ပေးတဲ့အလုပ်ကို သူလုပ်တယ်ပေါ့။

ပြန်လည်သတိဖော်ပေးလို့ အဲ့ဒီအချိန်မှာ ကုသိုလ်ဆိုတာ
ဘယ်လောက် အားကိုးစရာကောင်းလဲ။
အဲ့ဒီအချိန်မှာ အမေလည်း အားကိုးစရာမရှိဘူး။အဖေလည်း
အားကိုးစရာ မရှိဘူး။ဆွေးမျိုးညာတိတွေဆိုတာလည်း
အားကိုးစရာ မရှိဘူး။ငွေကြေးယူဆောင်လာပြီးတော့
ယမမင်းကြီးကို လက်ဆောင်ထိုးပြီးတော့ လွတ်ဖို့ဆိုတာလည်း
မရှိဘူး။ဘယ်လိုမှ လုပ်လို့မရတဲ့အချိန်။အားကိုးရမှာတော့
ကိုယ့်လုပ်ခဲ့တဲ့ ကုသိုလ်တရားပဲဖြစ်တယ်ပေါ့။
အဲ့ဒီမှာ ယမမင်းကြီးက မေးခွန်းတွေ မေးလေ့ရှိတယ်။
ဘာမေးတုန်းဆိုတော့ ဒါက သတိထားဖို့ပြောပြတာ။

သူမေးတဲ့မေးခွန်းက ဘာလဲဆိုရင် “မင်း လူ့ဘဝနေတုန်းက
သိတတ်တဲ့အရွယ်ရောက်တဲ့အခါမှာ ဒေဝဒူတဆိုတဲ့
နတ်တမန်တွေ လူ့လောကမှာ ရှိနေတာ မင်းမသိခဲ့ဘူးလားဆိုတော့
မသိခဲ့ဖူးတဲ့ ၊ အဲ့ဒီမှာ ယမမင်းကြီးက ဖော်ပေးတယ်။
မင်း အဘိုးအို အဖွားအိုတွေ မတွေ့ခဲ့ဘူးလားဆိုတော့ ။
တွေ့ခဲ့သားပဲတဲ့။အဲ့ဒီလိုတွေ့တဲ့အခါမှာ အော် ငါလည်း အိုရဦးမှာပဲဆိုတဲ့
မအိုခင်တော့ ငါကောင်းတာ လုပ်မှပဲဆို-တဲ့ စိတ်ထဲမှာ
အတွေးလေး မပေါ်ခဲ့ဘူးလား။မပေါ်ခဲ့ဘူးတဲ့ မေ့နေတာ။ “
အေး မင်းအချိန်တွေ လွန်လာခဲ့ပြီ ။အဲ့ဒီတုန်းက
မင်း ငါလည်း အိုရဦးမှာဆိုပြီး ကောင်းတာတွေ လုပ်ခဲ့မယ်ဆိုရင်
မင်း ဒီမရောက်နိုင်ဘူးတဲ့။ အဲ့ဒီတော့ မင်းမှာ
ဘာကုသိုလ်မှ မရဘူးဆိုတော့ ဒါ မင်းအဖေလုပ်တာလည်း မဟုတ်ဘူး ။
အမေလုပ်တာလည်းမဟုတ်ဘူး။ဆွေတွေမျိုးတွေကလုပ်တာလည်း
မဟုတ်ဘူး မင်းကိုယ်တိုင်လုပ်ခဲ့တာ။
အေး ကံရှိသမျှတော့ ခံရတော့မှာပဲလို့ ။

ဒီလို နတ်တမန်တွေကို သူအို သူနာ သူသေ ဆိုတာတွေနဲ့
မေးပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ဖို့ သတိရသလား
မရဘူးလား ဆိုတာ မေးမြန်းစီစစ်တာ သူက။အဲ့ဒါဖော်ပေးတာ။
လောကလူတွေမှာ ကိုယ့်မှာ အမှတ်ရစရာအချက်တွေ
ရှိပါလျှက်သားနဲ့ အမှတ်တမဲ့အချိန်ကုန်လွန်သွားတဲ့
ပုဂ္ဂိုလ်တွေအများကြီးပဲ။ဒီကနေ့ခေတ်မှာလည်း စဉ်းစားကြည့်နော်။
အလွယ်တကူရရဲ့သားနဲ့။မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို
အလွယ်တကူဟောပြော ဆုံးမနေတဲ့သူတွေလည်း ရှိတယ်။
မိမိတို့ ကိုယ်တိုင်လည်းပဲ လေ့လာမယ်ဆိုရင် ဖြစ်နိုင်တဲ့
စာအုပ်စာတန်းတွေ ရှိတယ်။

မိမိတို့ကိုးကွယ်တဲ့ ဆရာတော်သမားတော်တွေလည်းရှိတယ်။
မေးမြန်းပြီးတော့ ဘယ်လိုလုပ်ရမလဲ
တရားကို ဘယ်လိုကျင့်ရသလဲဆိုတာတွေ
မေးမြန်းဆည်းပူးလေ့လာလို့ရှိရင် ရနိုင်ရဲ့သားနဲ့
ဒီအခွင့်အရေးကြီးကို စီးပွားရေးအကြောင်းပြ ဟိုဟာ
ဒီဟာအကြောင်းပြပြီးတော့ ဘဝတစ်ခုကုန်လွန်သွားမယ်ဆိုရင်
စဉ်းစားတာကြည့်တော့။

အလေးအနက်မထားတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်နော်။
တစ်ဘဝလေးကို တစ်ခဏလေးကို
ထာဝရထင်ပြီးတော့ အလေးအနက်မထားကြဘူး။
နောက်ဆုံးမှာ တရားပွဲလာတဲ့ပုဂ္ဂိုလ်တောင်မှပဲ
တရားပွဲလာပြီး စကားထိုင်ပြောနေတဲ့ ပုဂ္ဂိုလ်တွေ
ရှိသေးတယ်လေ။တရားပွဲတော့လာတယ်
တရားတော့ မနာဘူး။စကားထိုင်ပြောနေတယ်။
အဲ့လို ပုဂ္ဂိုလ်တွေ စဉ်းစားကြည့် အချိန်လွန်သွားလို့
တရားပွဲပြီးတာနဲ့ သူတို့ ဘာရလိုက်လဲ ဘာမှ မရလိုက်ဘူး။
အဲ့ဒါကို ကိုယ့်မှာ တန်ဖိုးမဲ့မှန်းမသိဘူးဆိုရင်တော့
ခုနက ယမမင်းကြီး စစ်တဲ့အချိန်ကြတော့မှ မလုပ်ခဲ့ပါဘူး
ပြောရမယ့်အနေအထားမျိုးဖြစ်သွားတယ်။

သတိကြီးစွာထားသင့်တယ်ပေါ့။တန်ဖိုးရှိတဲ့အချိန်တွေမှာ
တန်ဖိုးရှိရှိ အသုံးချတတ်ဖို အင်မတန်မှ အရေးကြီးတယ်။
အေးအခုလို ဓမ္မသဘင်ဆင်ယင်ကျင်းပပြီး မြတ်စွာဘုရားရဲ့
အဆုံးအမတွေ ကြားကြရ နာကြရတယ်ဆိုတာ
နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာနေတဲ့ ပုဂ္ဂိုလ်တွေအတွက်
မဟာအခွင့်အရေးကြီးပဲ။ကြားတောင် မကြားဖူးဘူး။
အဲ့ဒီ ပြင်သစ် tourist နှစ်ယောက်ကို သူတို့ သိချင်တာ
သိချင်တာ ။သူတို့ သိနေတယ် ဗုဒ္ဓဘာသာကို သူတို့
ယုံကြည်တယ်။ဒါပေမယ့် သူတို့သိနေတဲ့ အသိတွေက
လွှဲမှားနေတယ်။အဲ့ဒိလို လွှဲမှားနေတာကို တော်တော်ဖြောင့်အောင်
ပြောရတယ်ပေါ့။တော်တော်ဖြောင့်အောင်ပြောရတဲ့အခါ
အနည်းငယ်လေးတော့ အတန်ငယ်လေးတော့ ရိပ်မိသွားတဲ့
သဘောတော့ ရှိတယ်ပေါ့။ဒါပေမယ့် သေသေချာချာ
နားလည်ဖို့ဆိုတာ သူတို့ကိုယ်တိုင် လေ့လာကြရဦးမှာ ဖြစ်တယ်ပေါ့။

အဲ့ဒီလို ဗုဒ္ဓဘာသာမြတ်ဘုရားရဲ့ အဆုံးအမတွေကို
ရချင်သားနဲ့ ရခွင့်မရှိတဲ့ပုဂ္ဂိုလ်တွေ ကမ္ဘာမှာ အများကြီးပဲ။
မြန်မာနိုင်ငံက သူတွေက ကံကောင်းလို့ ၊အလို့အလျောက်
မြန်မာနိုင်ငံဘိုးဘွား မိဘတွေရဲ့ ကျေးဇူးတရားတွေနဲ့
နှစ်ပေါင်း(၁၀၀၀)လောက်ကတည်းက မြန်မာပြည်ကို
ဗုဒ္ဓရဲ့အဆုံးအမ တရားတော်တွေဟာ ရောက်ရှိ ရရှိပြီးလို့နေတယ်။
ရရှိထားတဲ့အတွက်ကြောင့် ဒီကနေ့အထိ
သာသနာထွန်းလင်းပွင့်လင်းပီးတော့နေတယ်။
အထူးသဖြင့် မန်းလေးမြို့သူ မြို့သားတွေဆိုရင်
ဒီမှာ စာပေကျမ်းဂန်တတ်ကျွမ်းတဲ့ ဆရာတော်ကြီးတွေ
အင်မတန်မှ မြောက်များစွာ သတင်းသုံးတဲ့နေရာဖြစ်လို့ ၊
တရား ဓမ္မဆိုလည်း နာယူခွင့် ကျက်မှတ်ခွင့်တွေ ရှိရဲ့
သားနဲ့ အမှတ် တမဲ့နေပြီးတော့ အချိန်တွေ ကုန်သွားကြမယ်ဆိုလို့ ရှိရင်
ခုနက လိုပဲ မလုပ်ခဲ့မိပါဘူး မေ့လျော့ခဲ့မိပါတယ် ဆိုပြီးတော့
တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားဦးမှာပဲ။ကုန်သွားမယ့် ပုဂ္ဂိုလ်က
ရာခိုင်းနှုန်းအများကြီးပဲ ရှိတယ်။ဒါကို အလေးအနက်ထား သတိထားဖို့လိုတယ်။

မင်းတရားပွဲရောက်လား ယမမင်းကြီးက မေးလိမ့်မယ်။
ရောက်တော့ရောက်တယ်။ဒါပေမယ့် လက်ဖက်သုတ်စား၊
ဂျင်းသုတ်စား စကားထိုင်ပြောပြီး ဘာဟောသွားမှန်းကို
မသိလိုက်ဘူး -ဆိုတဲ့လူ ယမမင်းကြီး စစ်ရင်တော့
အဲ့ဒီလိုပဲ ဖြေရမှာပဲ။အဲ့ဒီတော့ သူ့အဖို့မှာ
အကျိုးရှိရမယ့်နေရာမှာ အကျိုးမရှိတော့ဘူးဖြစ်သွားတယ်။
အဲ့ဒါကို အေး ငါတို့ကတော့ သိပြီးသားလိုလိုနဲ့
တရားမနာဘူး စကားတွေပြောနေမယ်ဆိုလို့ရှိရင်
အဲ့ဒီပုဂ္ဂိုလ်တွေဟာ တရားရဲ့အနှစ်သာရတွေကနေ
လက်လွတ်ဆုံးရှုံးသွားမယ်ဆိုတာ အခုအချိန်ကတည်း ကြည့်လို့ရတယ်ပေါ့။
အဲ့ဒီလို မဖြစ်ကြဖို့ ကိုယ့်ကိုယ်ကို သတိထားကြဖို့ အင်မတန်မှ
အရေးကြီးတယ်။တရားနာခွင့်ရတဲ့ ဘဝဆိုတာ
အလွန်နည်းတယ်လို့ သိရှိထားရမယ်။

{ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး}

“လူ့ဘဝမှကျေနပ်စရာများ” တရားတော်မှ။
🙏🙏🙏🙏🙏

လောကကိုငြိမ်းအေးစေသောတရား

. ” လောက ကို ငြိမ်းအေး စေသော တရား “
” အဒေါသ – မေတ္တာတရား “
ဒါးထိုးမှု ဖြစ်သည့်
လူသတ်မှု တခု မှာ
ဒါး က ရုပ်တရား ။
သိမှု မရှိပါ ။
စေတနာ မရှိပါ ။
ကောင်းသည့် နေရာ သုံးလည်း ရပါသည် ။

ဒါဆိုလျှင်
ဒါး ကိုင်သည့် လက် က သတ်တာလား ?
လက် က ရုပ်တရား ။
သိမှု မရှိပါ ။
စေတနာ မရှိပါ ။
ကောင်းသည့် နေရာ သုံးလည်း ရပါသည် ။

လက် ဆိုတာ
စိတ္တဇ မဟာဘုတ် ရုပ် ဆိုတော့
စိတ် ခိုင်းလို့ လုပ်တာလား ?
စိတ် က သိမှု သဘော သက်သက် ဆိုတော့
အကုသိုလ် ၊ ကုသိုလ် မဟုတ်ပါ ။

ဤသို့ဆိုလျှင် တရားခံ အစစ်မှာ
ထာဝစဉ် တည်ရှိ မနေသော
ကြောင်း ကျိုး ဖြစ် ချုပ် ၊
စိတ် နှင့် အတူ ဖြစ် ၊
စိတ် နှင့် အတူ ချုပ် ၊
စိတ် ကို မှီတွယ် – စိတ် ကို ချယ် ၊
မှတ်ဖွယ် စေတသိက် ဖြစ်သည့်
မောဟ အမှောင် ဖုံးလွှမ်း နေသော
ပြစ်မှားမှု ဒေါသ စေတသိက် ပါ ။

ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ထဲမှ
၁ ပါး သည် ဒေါသ နှင့် ယှဉ်ပါသည် ။

မနာလိုမှု ဣဿာ နှင့် ပြစ်မှားမှု ဒေါသ ယှဉ် ။

ဝန်တိုမှု မစ္ဆရိယ နှင့် ပြစ်မှားမှု ဒေါသ ယှဉ် ။

ပူပန်မှု ကုက္ကုစ္စ နှင့် ပြစ်မှားမှု ဒေါသ ယှဉ် ။

ဣဿာ မစ်ဆရိယ ကုက်ကုစ်စ တို့
အချင်းချင်း မယှဉ်ပါ ။

အတ္ထ မာန လောဘ ကြီးလေ
ဒေါသကြီးလေ ဖြစ်တတ်ပါသည် ။

ဒေါသ နှင့် လောဘ မယှဉ်သော်လည်း
လောဘ ကြောင့်
ဒေါသ ဖြစ်တတ် ပါသည် ။

လောဘ နှင့် ဒေါသ ဖြစ်တိုင်း
မောဟ ကတော့ ယှဉ်ပါသည် ။

အမှန် သဘော ကို မသိမှု ‘ မောဟ ‘ ဖြစ်တိုင်း
အဟိရိက –
ကာယဒုစရိုက် စသည် မှ မရှက်ခြင်း ၊
အနောတ္တပ္ပ –
ကာယဒုစရိုက် စသည် မှ မလန့်ခြင်း ၊
ဥဒ္ဓစ္စ –
စိတ်၏ မငြိမ်သက်ခြင်း ၊ ပြန့်လွင့်ခြင်း တို့
ယှဉ်ပါသည် ။

သံသရာ အဆက်ဆက်
ဒုက္ခ ပေးလာသည့်
အကုသိုလ် စေတသိက် တရားများ ကို
သာသနာ နှင့် ကြုံခိုက်
သတိထားပြီး ဖယ်ရှား သင့်ပါသည် ။

ကြမ်းတမ်းသော စရိုက်များ ကိုလည်း
သတိထားပြီး ပြုပြင် ရပါမည် ။

အမှား အမှန် မည်သို့ပင် ဖြစ်စေ
ဒေါသ ဖြစ်လျှင် မှားနေပါပြီ ။

ကိုယ့် လုပ်ရပ် မှန်နေခဲ့ သော်လည်း
ဒေါသ ဖြစ်လျှင် မှားနေပါပြီ ။

ဒေါသ သဘာဝ မှာ
လုပ်သင့်တာ မလုပ်ပဲ
မလုပ်သင့်တာ လုပ်တတ် ပါသည် ။

ပြောသင့်တာ မပြောပဲ
မပြောသင့်တာ ပြောတတ် ပါသည် ။

တွေးသင့်တာ မတွေးပဲ
မတွေးသင့်တာ တွေးတတ် ပါသည် ။

ထို့ကြောင့်
ဒေါသ ကို ဖြစ်စေသော တရားများ ၊
ဒေါသ ဖြစ်ခိုက်
ဒေါသ နှင့် အပေါင်းအဖော်
အကုသိုလ် စေတသိက် တရားများ ကို
သတိထား ကြပါ ။

မိမိ သူတပါး ဆင်းရဲများ စေသော
ထို ဒေါသ စေတသိက် ကို သာ
အသိဉာဏ် စေတသိက် ဖြင့်
ထိန်းချုပ် ဖယ်ရှား နိုင်လျှင်
လူ့ဘောင် လူ့လောက
ငြိမ်းချမ်းမှု နှင့် ပြည့်စုံနေမည်
ဖြစ်ပါသည် ။

သတိ ပညာ ယှဉ်သော
အဒေါသ စေတသိက် သည်
မသိမှုသဘော မောဟ ဦးစီးသော
ပြစ်မှားမှု ဒေါသ စေတသိက် ကို
ဖယ်ရှားခြင်း ဖြစ်ပါသည် ။

   " ထာဝရ ဒုက္ခ မရှိ ပါ "

ကြောင်း ကျိုး သင်္ခတ ဖြစ် ချုပ်
အစားထိုး ပျက် ……….
မြင် ကြား နံ စား ထိ သိ
ကောင်း ဆိုး ငြိမ်သက်
ပျောက်ကွယ် သုည
ကင်း ချမ်းသာ ။
” ထာဝရ အသင်္ခတ မြတ်နိဗ္ဗာန် “

. ” မဂ္ဂသစ္စာ သဘာဝ “
” လမ်းမှန် “
ပြဿနာ အားလုံး ရဲ့ အဖြေ က
အရိယသစ္စာ တရား နာကြားမှု ၊
အမှန်အတိုင်း ကောင်းစွာ ရှုမြင် သုံးသပ်မှု နှင့်
အမှန်အတိုင်း ကောင်းစွာ သိမြင်မှု ပါ ။

Design a site like this with WordPress.com
Get started