Featured

နှိုင်းယှဉ်လေ စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်လေ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ မချင်တဲ့စိတ်ကို ဆုံးမပါ – အပိုင်း(၃)

နှိုင်းယှဉ်လေ စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်လေ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မချင်တဲ့စိတ်ကို ဆုံးမပါ – အပိုင်း(၃)

★ Social skill ဆိုတာလေ ကျောင်းမှာ စာသင်တဲ့အခါမှာ Academic skill ဆိုတာ ရှိတယ် အဲဒါ IQ ၊ အင်္ဂလိပ်စာတတ်အောင်၊ သချင်္ာတတ်အောင်၊ Physic တွေ Chemistry တွေ Biology တွေ Botany တွေ အဲဒါတွေ နားလည်အောင်၊ ဘာသာတစ်ခုအနေနဲ့ နားလည်အောင် အဲဒါတွေက IQ တွေ ဦးနှောက်ပိုင်းဆိုင်ရာ အသိဉာဏ်တွေ။

★ နောက်တစ်ခုကတော့ Social skill ဆိုတာ EQ ကို ပြောတာ Emotional Quotient – စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုကို ပြောတာ။ အခု နိုင်ငံခြားက ကုမ္ပဏီကြီးတွေမှာ လခကောင်းတဲ့ ကုမ္ပဏီကြီးတွေမှာ သူတို့ ရာထူးခန့်တော့မယ် ၀န်ထမ်းခန့်တော့မယ်ဆိုရင် အဲဒီ EQ ဘယ်လောက်မြင့်တုန်းဆိုတာ အဲဒါကို သူတို့က စိတ်ဝင်စားတယ်။

★ EQ မြင့်တဲ့ ပုဂ္ဂိုလ်က team work ဆိုတာ အသင်းနဲ့ အဖွဲ့နဲ့ အုပ်စုနဲ့ အလုပ်လုပ်ရတဲ့ဟာ။ ဘယ်အုပ်စုက ဘာလုပ် team work နဲ့ လုပ်ရတဲ့ နေရာမျိုးမှာ EQ ကောင်းတဲ့လူကမှ အများကြီး အလုပ်လုပ်တတ်တာ။

★ မဟုတ်ဘူးဆိုရင် သူ့ဟာသူကြောက်တာတွေ၊ နောက်ပြီး အများနဲ့ဆွေးနွေးတဲ့အခါမှာ အမြင်တွေ ထုတ်ဖော်ပြောပြတဲ့အခါမှာ၊ အမြင်တစ်ခုက သူ့ကို ဆန့်ကျင်တယ်ဆိုရင် မခံချင်စိတ်ဖြစ်ကုန်တယ်။ ဒေါသဖြစ်တယ်။ To take it personally. အဲလိုပြောတာ။

★ ဒါ ကိုယ်ရေးကိုယ်တာ ရှု့ထောင့်ကနေ သွားကြည့်လိုက်တာ။ အမှန်ကတော့ အလုပ်သဘောတရားနဲ့ ဆွေးနွေးနေကြတာ၊ အလုပ်သဘောတရားနဲ့ ဆွေးနွေးနေတဲ့ဟာကို အကြံဉာဏ်တွေ ၀ိုင်းပြီးတော့ ပြောတဲ့အခါမှာ အမှားတွေလည်း ပါမှာပေ့ါ။ မပြည့်စုံတာတွေလည်း ပါမှာပေါ့။ မှန်တာလည်း ပါမယ်။

★ အဲဒီကနေတဆင့် ကျယ်ပြန့်တဲ့အတွေးကနေ ကျဉ်းအောင်၊ တဖြည်းဖြည်းကျဉ်းမှ နီးစပ်လာအောင်၊ ဝေးနေတဲ့ဟာကနေ နီးစပ်လာအောင်၊ ဒီလိုပဲ ဆွေးနွေးလာကြတာ ဒါကိုပဲ သာကစ္ဆာလို့ခေါ်တာ ဓမ္မသာကစ္ဆာ ဆွေးနွေးတယ်။

★ အဲလို ဆွေးနွေးတဲ့သင်တန်းမျိုး၊ training မျိုးကိုတဲ့ အဲဒီိနိုင်ငံတွေက လုပ်ပေးတယ်။ အသက် ၆နှစ်တည်းက စလုပ်ပေးတယ် ၁၆နှစ်အထိ။ အဲဒါကြောင့် အချင်းချင်း အဲဒီလို ဆွေးနွေးတဲ့အခါမှာ အလွယ်တကူ ဒေါသ မဖြစ်တော့ဘူးပေါ့။

★ ငယ်ငယ်တုန်းက စဖြစ်ရင်ဖြစ်မယ်၊ ဆွေးနွေးတဲ့အခါမှာ မဝံ့မရဲနဲ့ နဲနဲပါးဖြစ်ရင်ဖြစ်မယ်။ ကိုယ့်ရဲ့အကြံဉာဏ် အပယ်ခံရတဲ့အခါမှာ စိတ်အားငယ်တဲ့အခါ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ သူရဲ့ စနစ်ကကိုက လူတိုင်းလူတိုင်းကို တန်ဖိုးထားတဲ့ စနစ်။

★ လူတိုင်းကို ပြောရေးဆိုခွင့် ပေးတဲ့စနစ်။ အကြံဉာဏ် မှားမှားမှန်မှန် အဲဒီအတန်းကျောင်းတွေထဲမှာ training လုပ်နေတဲ့အချိန်ကာလအတွင်းမှာ discussion ပေးတယ်။ ဆွေးနွေးမှုဆိုတဲ့ ယဉ်ကျေးမှုတစ်ခုကို တည်ထောင်နေတဲ့အချိန်မှာ။

★ ကိုယ်ပြောတဲ့ဟာ မှားတာမှန်တာထက်၊ ကိုယ်ပြောရဲတာ၊ နောက် သူများပြောတဲ့အခါမှာ စိတ်ပါ၀င်စား နားထောင်တာ အဲဒါပဲ ဖြစ်တာ။ Discussion skill ပေ့ါ social skill ဒါတွေက EQ တွေ။

★ အဲတော့ မခံချင်တဲ့စိတ်ဆိုတာက ကိုယ်က အများထဲမှာနေပြီးတော့ အများရဲ့ကျဉ်ဖယ်မှုကို ခံရတဲ့အချိန်မှာ ကိုယ့်စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်တယ်။ စိတ်ထဲမှာ မခံချင်တဲ့စိတ်။

★ လုပ်ငန်းခွင်မှာ လူကြီးရောက်လာတယ်၊ လူငါးယောက်ရှိတယ်၊ ရုံးမှာ လူငါးယောက် သူ့ရုံးမှာလုပ်တဲ့ လူငါးယောက်ရှိတယ် လေးယောက်ကို ရောက်ရောက်ချင်း နေကောင်းတာ ခေါ်ပြောတယ်။ တစ်ယောက်ပဲ ချန်ထားတယ်ဆိုတော့ အဲလို ချန်ထားခံရတဲ့ တစ်ယောက်က မခံနိုင်တဲ့စိတ်တွေ ဖြစ်သွားတယ်၊ excluded ဖြစ်သွားတာကိုး။ အားငယ်တဲ့စိတ် ဖြစ်သွားတာ။

★ အဲလို မခံချင်တဲ့စိတ်ဆိုတာ မကျေနပ်တဲ့စိတ်ပဲ ဒေါသပဲ။ သူတို့ကျတော့ ခေါ်ပြောတယ်၊ ငါ့ကျတော့ အရေးမပေးဘူး၊ နှိုင်းယှဉ်နေတာ။ နှိုင်းယှဉ်လေ စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်လေ။ အဲ

★ ဒါကြောင့် သက္ကပဥှ သုတ်ထဲမှာ မနာလိုဝန်တိုစိတ် ဘယ်ကနေ ဖြစ်တုန်းဆို subconscious thinking အလိုလိုနေရင်းနဲ့ သွားတွေးတဲ့စိတ်က ဖြစ်တာတဲ့။ သတိနဲ့ တွေးတာ မဟုတ်ဘူး။ သတိရှိရှိနဲ့ တွေးတာ မဟုတ်ဘူး။

★ သတိတရား မပါဘဲနဲ့ အလိုလို မကျေနပ်တဲ့စိတ် မခံချင်တဲ့စိတ်ကြောင့် သွားတွေးတဲ့အတွေး၊ အဲဒါကို “၀ိတက္က” တဲ့ “၀ိတက်” လို့ခေါ်တယ်၊ သက္ကပဥှသုတ်ထဲမှာ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

“မခံချင်တဲ့စိတ်ကို ဆုံးမပါ” (၂၅.၁.၂၀၁၉) တရားတော်အသံတော်မှ ကူးယူရေးသား ပူဇော်ပါသည်။

Featured

မိမိအလိုအတိုင်း မဖြစ်စေနိုင်ဘူး။


မိမိအလိုအတိုင်း မဖြစ်စေနိုင်ဘူး။


ခံစားမှုဝေဒနာက အစိုးမရဘူး။
မိမိအလိုအတိုင်း မဖြစ်စေနိုင်ဘူး။

စဉ်းစားကြည်ပါ။ အမြင်ကောင်း
အကြားကောင်းချည်းသာ ဖြစ်နေ
ပါစေလို့ စီမံတောင့်တလို့လဲ မရဘူး။

အနံ့ကောင်း အရသာကောင်း
အသိကောင်း အတွေ့ကောင်းတွေချည်း
ဖြစ်နေပါစေလို့လဲ စီမံတောင့်တလို့မရဘူး။

အဲဒီလို အကောင်းတွေကို တွေ့ချင်
ခံစားချင်ရင် အဆင်းကောင်းတွေကို
ရအောင် ရှာကြည့်ရတယ်။

အသံကောင်းကိုရှာပြီး နားထောင်ရ
တယ်။ အနံ့ကောင်းကို ရှာပြီးနမ်းရှူ
ရတယ်။

အစားကောင်း အတွေ့အာရုံကောင်း
တွေကို ရှာပြီးသုံးဆောင်ရတယ်။

အဲဒီလို ကြည့်ရှုနားထောင်
သုံးဆောင်လို့ အမြင်ကောင်း စသည်
ကို ခံစားရတာကလဲ အခိုက်အတန့်မျှ
တခဏ တခဏလေးမျှပဲ။

တော်တော်ကြာရင် အဲဒီအာရုံ
ကောင်းတွေက ကုန်ပျောက်သွားတယ်။

အဲဒီအခါ အမြင်ကောင်း
စသည်တွေလဲ မရှိပြန်ဘူး။

ဒါကြောင့် အမြင်ကောင်း
စတဲ့ အကောင်းတွေချည်း
ဖြစ်နေပါစေ။

အဲဒီအကောင်းတွေ ပျောက်မသွားပါ
စေနဲ့လို့ စီမံတောင့်တလို့လဲမရဘူး။

အဲဒီ အမြင်ကောင်းစသည်တွေ
ပျောက်သွားတဲ့အခါ အမြင်ဆိုး
စသည်တွေနဲ့တွေ့ပြီး ဆင်းရဲရတယ်။

အမြင်ဆိုးထက် အကြားဆိုးက
သာပြီး အခံရခက်တယ်။

အဲဒါထက် အနံ့ဆိုးက
သာပြီး အခံရခက်တယ်။

အဲဒါထက် အရသာဆိုးတွေ
ခံစားရတာက သာပြီး အခံရ
ခက်တယ်။

အဆိပ်ဖြစ်တဲ့အစာကို စားမိရင်
သေသည်အထိ ဆင်းရဲဒုက္ခရောက်
တဲ့အကြောင်း ရှေ့နားပိုင်းက ပြောခဲ့ပါပြီ။

အဲဒီအရသာဆိုးထက် အတွေ့အထိ
ဆိုးက သာပြီး အခံရခက်တယ်။

ဆူးစူးလို့ ခလုတ်တိုက်လို့ လဲကျလို့
လိမ့်ကျလို့ တုတ် ဓား သေနတ်ဒဏ်
ထိခိုက်လို့ မီးလောင်လို့ ရောဂါဆိုး
စွဲကပ်လို့ တွေ့ထိရတဲ့ အတွေ့ဆိုးတွေ
ကမှ သာပြီး အခံရခက်တာ။

သေလုနီးပါး နာကျင်ပြီး ဟစ်အော်
မြည်တမ်းနေရတာလဲရှိတယ်။

သေသည်အထိ နာကျင်နှိပ်စက်
သွားတာလဲရှိတယ်။

ဆိုးတဲ့ ခံစားမှုဝေဒနာတွေပါပဲ။

အဲဒီလို ဆိုးတဲ့ခံစားမှုဝေဒနာတွေကို
မဖြစ်ပါစေနဲ့လို့ စီမံခန့်ခွဲလို့မရဘူး။

အဲဒါဟာ အစိုးမရတဲ့သဘောပဲ။
အဲဒီလို မိမိအလိုအတိုင်း မဖြစ်တဲ့
အစိုးမရတဲ့ဝဒေနာကို

မိမိ၏အတွင်းသား အတ္တကောင်လို့
ဘယ်မှာ ဆိုသင့်ပါမလဲ။

မဆိုသင့် မထင်သင့်
မစွဲလမ်းသင့်ပါဘူး။

ယခုပြောခဲ့တာက လူ့လောကမှာ
ရှိနေတဲ့ ဝေဒနာ အကြောင်းမျှပါပဲ။

အပါယ်လေးပါးက ဝေဒနာတွေက
သာပြီး ဆိုးတယ်။

နွား ကျွဲ ကြက် ဝက်စသော
တိရစ္ဆာန်တွေကို စဉ်းစားကြည့်ပါ။

အဲဒီတိရစ္ဆာန်တွေမှာ အမြဲလိုလိုပင်
အတွေ့ဆိုးတွေနဲ့တွေ့ပြီး ဝေဒနာရဲ့
အနှိပ်စက်ကို ခံနေကြရတယ်။

ကာကွယ်ပြုပြင်ပေးမယ့်သူ
စောင့်ရှောက်မည့်သူလဲ မရှိဘူး။

ဆင်းရဲဒုက္ခတွေကို အလူးအလဲ
ခံနေကြရတာပဲ။

အဲဒီ တိရစ္ဆာန်တွေထက် ပြိတ္တာ
တွေမှာ သာပြီးဆင်းရဲတယ်။

ပြိတ္တာတွေထက် ငရဲသတ္တဝါတွေမှာ
သာပြီးဆင်းရဲတယ်။

အဲဒီဆင်းရဲတွေကို မိမိတို့နဲ့
မဆိုင်ဘူးလို့ မဆိုနိုင်ဘူး။

အရိယာအဖြစ်သို့ မရောက်သေးရင်
အဲဒီတိရစ္ဆာန် ပြိတ္တာ ငရဲဆင်းရဲတွေ
နဲ့လဲ တွေ့ကြုံသွားနိုင်တာပဲ။

အဲဒီလို ဖြစ်ရာဖြစ်ရာ ဘဝမှာ ဝေဒနာက နှိပ်စက်နေသောကြောင့်

အဲဒီဝေဒနာတွေကို အသီးသီးသော
သတ္တဝါတို့၏ အတွင်းအတ္တကောင်လို့
မဆိုနိုင်ဘူး။

အဲဒီလို ဝေဒနာဆိုးတွေ
မဖြစ်ပါစေနဲ့လို့လဲ မစီမံနိုင်ဘူး။
မခန့်ခွဲနိုင်ဘူး။ စီမံခန့်ခွဲလို့မရဘူး။

သူ့အကြောင်းအားလျော်စွာ
မလိုလားအပ်တဲ့ ဝေဒနာကလဲ
ဖြစ်ဖြစ်နေတာပဲ။

စိတ်ဆင်းရဲတွေကလဲ မဖြစ်
စေလိုဘဲ ဖြစ်ဖြစ်နေတာပဲ။

အဲဒါဟာ အလိုအတိုင်းမဖြစ်တာ။
အစိုးမရတာပါပဲ။

အသီးသီးသော သတ္တဝါတွေဟာ
မိမိတို့သန္တာန်က ဝေဒနာတွေကို
အစိုးမရတာချည်းဘဲ။

အဲဒီလို အစိုးမရသောကြောင့်လဲ
အနတ္တလို့သာ ဆိုရပါတယ်။

မိမိ၏ အတွင်းသား အတ္တကောင်
အသက်ကောင် ငါကောင် မဟုတ်
ဘူးလို့ ဆိုလိုပါတယ်။

ဒါပေမယ့် သာမန်ပကတိ ပုဂ္ဂိုလ်တွေ
အနေအားဖြင့်တော့ ငါကပဲ ချမ်းသာ
နေရာက ဆင်းရဲသွားတယ်။

ဆင်းရဲနေရာကလဲ အကြောင်း
ညီညွတ်တဲ့အခါ ချမ်းသာလာတယ်
လို့ ဒီလိုပဲ စွဲလမ်းနေကြတယ်။

ဒီအတ္တစွဲကို လုံးဝကင်းသွားအောင်
ပယ်ဖို့ရာခဲယဉ်းပါတယ်။

မြတ်စွာဘုရားရှင် ညွှန်ကြားထားတဲ့
အတိုင်း “မဇ္ဈိမပဋိပဒါ အကျင့်လမ်း”
ဆိုတဲ့ သတိပဋ္ဌာန်ဝိပဿနာလမ်းဖြင့်

ဖြစ်တိုင်းသော ဝေဒနာတွေကို
ရှုမှတ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်
သိပါမှ ပယ်နိုင်တယ်။

မဟာစည်ဆရာတော်ဘုရားကြီး
အနတ္တလက္ခဏသုတ် အပ(၈)

Via – Parallel

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

တရားပျောက်ရင် ဘုရားလည်း ပျောက်ကွယ်သွားမယ်။

တရားပျောက်ရင်
ဘုရားလည်း ပျောက်ကွယ်သွားမယ်။

စေတီတွေ ရုပ်ပွား ဆင်းတုတော်တွေ အသက်ဂုဏ်
သွင်းပေးတာ တရားဗျ။
ဘုရားကို ဘုရားလို့မြင်အောင် ပြပေးတာလည်း တရားပါပဲ။
“စာသိ- ကျင့်သိ- ထိုးထွင်းသိ”ဆိုတဲ့ အသိသုံးမျိုးမှာ
အနည်းဆုံး စာသိတရားတော့ ရှိထားမှ
ဘုရားကို မြင်အောင် ကြည့်တတ်လိမ့်မယ်။
တရားမြင်သလောက်သာ ဘုရားကို လက်ခံနိုင်မယ်။

ပင်လယ်ရေကို ပေတံ ပေကြိုးနဲ့ ရေထဲချတိုင်းသူဟာ
ပေတံ ပေကြိုး ရှည်သလောက်သာ ရေအနက်ကို သိရမှာ။
ကိုယ့်မှာရှိတဲ့ ပေတံ ပေကြိုးရဲ့ အတိုင်းအတာထက်
ပိုပြီးတော့ ပင်လယ်ရေအနက်ကို မသိနိုင်ဘူး။
ဒါမျိုးလည်း အသိဉာဏ်ပေကြိုး ရှည်အောင် ဓမ္မနဲ့ဆန့်တန်း
တတ်ဖို့ လိုလိမ့်မယ်။

တရားပျောက်သွားရင် စေတီအားလုံး အုတ်ပုံကြီးတွေ
ဖြစ်သွားတော့မှာ။
ဆင်းတုတော်တွေအားလုံး အရုပ်တွေ ဖြစ်ကုန်တော့မှာ။
ဘုရားအနေနဲ့ ကိုးကွယ်ပူဇော်တတ်မှာ မဟုတ်တော့ဘူး။
ဓမ္မမပြတ်သားရင် ဗုဒ္ဓအပေါ်အမြင် မပြတ်သားတော့ဘူး။

တစ်ချိန်တုန်းက အိမ်တစ်အိမ်မှာ
မိခင်နဲ့သမီး သားအမိနှစ်ယောက် ရှိကြတယ်။
မိခင်က သမီးကို နေ့စဉ် ဘုရားရေကပ် ပန်းကပ် ဆွမ်းကပ်
ဆီမီးကပ်ဖို့ ပြောထားတယ်။
သမီးက ဘုရားကို ဆွမ်းတော်ကပ်တဲ့အခါ လက်ဖက်ရည်
သောက် ပန်းကန်ငယ်လေးထဲမှာ ဇွန်းသေးသေးလေးနဲ့
ဟင်းကလေး နဲနဲစီထည့်ပြီးတော့
ဘုရားရှေ့သွားပြီး ဆွမ်းတော် ကပ်သတဲ့။

မိခင်ကလည်း သမီးကိုမြင်တော့ ပြောတယ်။
သမီးရယ့့့် ဘုရားဆွမ်းတော်ကပ်တာ နည်းလှချည်လား။
ဆွမ်းကလည်း ဇွန်းသေးသေးလေးနဲ့ တစ်ဇွန်းစာ။
ဟင်းကလည်း ဇွန်းဖျားနဲ့ တို့ရုံ ထိရုံလေး။
ဒီလောက်ကလေးနဲ့ ဘုရားက မျှတမှာတဲ့လားလို့ပြောတော့
သမီးက အမေရယ့့့်
ဘုရားက ဘုန်းပေးတာမှ မဟုတ်ဘဲ။ အရုပ်ကြီးပဲ။
နည်းနည်းလေးတောင် ကုန်အောင် မဘုဉ်းပေးနိုင်တာ။
အများကြီးကပ်တော့ ဘာထူးမှာလဲ တဲ့။

ဒီတော့ သူ့ရဲ့အဖြေက ရှင်းသွားပြီလေ။
သူဟာ ဘုရားကို ဆွမ်းကပ်တာ မဟုတ်ဘူး။
အရုပ်ကို ကပ်နေတာ သေချာပြီ။ သူ့ရဲ့ အသိပညာက
ဘုရားကို ဘုရားလို့မြင်အောင် မကြည့်တတ်ဘဲ အရုပ်လို့
မြင်တာကိုး။ အရုပ်လို့မြင်တော့ အရုပ်လိုပဲ ကပ်မှာပေါ့။
တရားအသိ ပညာအားနည်းတော့
ဘုရားကို ဘုရားလို့မြင်အောင် ဉာဏ်နဲ့ မကြည့်တတ်ဘူး။
အရုပ်လို့ပဲ ထင်နေတော့တာ။

တိပိဋက ယောဆရာတော်ဘုရားကြီး
မိန့်ကြားတော်မူသော
ဘဝအသုံးချ ဓမ္မလမ်းညွှန် ပထမတွဲမှ ကောက်နှုတ်ချက်။

                            ဦးဓမ္မသာရ(ဆေးသဲ့တောင်)

CRD ~

Featured

အတိတ်ဘဝက အကုသိုလ်ပေးဆပ်ရသော 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 မဟာကာဠ ဥပသကာ 🍀🍀🍀🍀🍀🍀🍀

အတိတ်ဘဝက အကုသိုလ်ပေးဆပ်ရသော
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မဟာကာဠ ဥပသကာ
🍀🍀🍀🍀🍀🍀🍀

ဗုဒ္ဓဘုရားလက်ထက်တော်က မဟာကာဠဥပသကာသည် သာဝတ္တိမြို့တွင်
နေထိုင်ပြီး ဒါန သီလ ဘာဝနာ
အပြည့်ရှိသည့် သူတော်ကောင်းတစ်ယောက်
ဖြစ်၏။

သူသည် ငါးပါးသီလမြဲ၏။ရှစ်ပါးသီလကိုလည်း ဝါတွင်းဝါပဥပုသ်နေ့တိုင်းစောင့်ထိန်း၏။ဥပုသ်နေ့
တစ်နေ့တွင်ရှစ်ပါးသီလယူပြီး ဇေတဝန်ကျောင်းတွင် တစ်နေကုန်နေကာ ဂုဏ်တော်ပွားလိုက် ဝိပဿနာ
ရှု့ပွားလိုက်ဖြင့်အချိန်ကုန်စေသည်။

ညနေတွင်ဘုရားရှင်နှင့်သံဃာတော်များဟော
ကြားသော တရားတော်ကို တစ်ညလုံးနာယူ
သည်။မိုးလင်းမှ ကျောင်းမှထွက်လာပြီး
ရေကန်တစ်ကန်တွင်မျက်နှာသစ်ကိုယ်လက်
သန့်စင်သည်။

ထိုအချိန်တွင် အိမ်တစ်အိမ်အား ဝင်ခိုးသည့် သူခိုးတစ်ယောက်ကို မြို့လူထုက ဝိုင်းလိုက်
နေကြ၏။သူခိုးသည် လွတ်ဖို့လမ်းမမြင်၍ ပစ္စည်းထုပ်ကိုမဟာကာဠ၏အနီး ပစ်ချပြီး
ဆက်ပြေးလေသည်။ ရေကန်ဘက် မျက်နှာမူ
နေသည့် မဟာကာဠဥပသကာကြီးသည်
သူခိုးချထားသည့် ပစ္စည်းထုပ်ကို မသိရှာပေ။

ဒီအချိန်မှာပင် သူခိုးနောက်လိုက်လာကြသည့် လူအုပ်ကြီး အနားရောက်လာပြီး ပစ္စည်းထုပ်ကို
တွေ့ကာ

“သူခိုးက ဥပုသ်သည် အယောင်ဆောင်နေတာ ဖြစ်မှာဘဲဆိုပြီး”ဝိုင်းရိုက်ကြလေရာ မဟာကာဠ
ဥပသကာကြီးသည်ရေကန်နားမှာပင် သေသွား
လေသည်။

မဟာကာဠ၏အဖြစ်ဆိုးကိုသိသွားကြသောရဟန်း
တော်များသည် စုပ်တသပ်သပ်ဖြင့်သနားနေမိ၏။
မဟာကာဠလို သူတော်ကောင်းဥပသကာမျိုးဟာ ဒီလိုအသေဆိုးနဲ့ သေရတာ မသင့်တော်ဘူးလို့ ဝိုင်းစုပြီးပြောကြ၏။ဤတွင် မြတ်စွာဘုရား
ကြွတော်မူလာပြီး

“ချစ်သားတို့ မဟာကာလဠဥပသကာရဲ့ အခုဘဝ
အခြေအနေနဲ့ကြည့်မယ်ဆိုရင် ဒီသေခြင်းမျိုးနဲ့ မထိုက်တန်ဘူးလို့ဆိုရပေမဲ့ သူ့ရဲ့အတိတ်ဘဝ
တစ်ခု အနေနဲ့ ကြည့်မယ်ဆိုရင်တော့
ဒီသေခြင်းဟာ သူ့အတွက် ထိုက်တန်သော
သေခြင်းဖြစ်တယ်”ဟု မိန့်တော်မူလေသည်။

ရဟန်းတော်များသည် မဟာကာဠ၏ အတိတ်ဘဝကို ဟောကြားတော်မူပါဟု
တောင်းပန်လေရာ ဗုဒ္ဓက

မဟာကာဠဥပသကာဟာ တစ်ခုသောဘဝမှာ
ှဗာရာဏသီမင်းရဲ့နိုင်ငံတွင်း တစ်ခုသော
ပစ္စန္တရာဇ်ရွာမှာ ရွာစားကြီးဖြစ်တယ်။
သူ့တာဝန်က ခရီးသည်များ သူပုန်
ဘေးဝေးရအောင် တောအုပ်တစ်ခုကို ဖြတ်ပြီးပို့ရတဲ့အလုပ်ဖြစ်တယ်။တခါတော့ ညားကာစဇနီးမောင်နှံဟာ တောအုပ်ကို
ဖြတ်ဖို့လှည်းတစ်စီးနဲ့ရောက်လာကြတယ်။

တာဝန်အရ ချက်ချင်းပို့လိုက်ရုံပါဘဲ။ဒါပေမဲ့ သူကပို့မပေးဘဲ အချိန်မရှိဘူး,နောက်နေ့မှ
ဖြတ်ပါဟု ဆိုပြီးသူ့နေရာကို ဇွတ်ခေါ်သွား
တယ်။ညရောက်တဲ့အခါ ခရီးသည် လင်မယားရဲ့
လှည်းအိမ်ပေါ်မှာ သူ့ရဲ့ပတ္တမြားတစ်လုံး
ဖွက်ထားလိုက်တယ်။

နောက်တစ်နေ့မနက်ကျတော့ တပည့်တွေကို,
ပတ္တမြားပျောက်တယ်။လိုက်ရှာကြလို့အမိန့်ပေးတယ်။ အဲဒီအချိန်မှာ ဘာမှမသိရှာဘဲ လှည်းနဲ့
ထွက်လာတဲ့ လင်မယားကို ဝိုင်းရှာကြပြီး
လှည်းပေါ်မှာ ပတ္တမြား တွေ့သောအခါ ရွာစား
အမိန့်နဲ့ ယောင်္ကျားကို ရိုက်သတ် လိုက်တယ်။
အမျိုးသမီးကို မဟာကာဠလောင်း ရွာစားကြီးက သိမ်းလိုက်တယ်။အဲဒီ ပါဏာတိပါတကံ,
ကာမေသုမိစ္ဆစာရကံ တွေကြောင့် သေတဲ့အခါ ကမ္ဘာ့နဲ့ ချီပြီး အဝီစိငရဲမှာခံရတယ်။ငရဲက
လွတ်သည့်အခါ ကြွင်းကျန်တဲ့ အကျိုးအဖြစ်
အခုလို သူတစ်ပါး အရိုက်အနက်ခံပြီးမှ
သေခဲ့ရတယ်”ဟု ဟောကြားတော်
မူလေသည်။

ဤအကြောင်းအရာလေ့လာခြင်းဖြင့်

၁။ လူတစ်ဦးသည် ယခုဘဝတွင်ကောင်းမှု
ကုသိုလ်များ များစွာပြုလုပ်သော်လည်း အတိတ်ဘဝ အကုသိုလ်ကံ ကြောင့် အသက်တိုရခြင်း,အနေဆင်းရဲခြင်း,
အစားဆင်းရဲခြင်းများ ကြုံတွေ့ရတတ်၏။

၂။ အတိတ်ဘဝ ကုသိုလ်ကောင်းမှုရှိသူသည်
အရွယ်သုံး ပါး တစ်ပါးပါးတွင်
ချမ်းသာစွာနေရခြင်း လည်းရှိ၏။

၃။ သံသရာတွင် ကျင်လည်ရဦးမည်ဆိုလျှင်
အကုသိုလ်များအား ယခုဘဝတွင်အတတ်နိုင်ဆုံး
ရှောင်ရှားသင့်ကြောင်း သင်ခန်းစာယူသင့်၏။

သို့ပါ၍ သင်ခန်းစာယူစရာ,သံဝေဂယူစရာ
ဖြစ်သည့် အတွက် အကုသိုလ်မှန်သမျှ အတတ်နိုင်ဆုံးရှောင်ရှားကြပါစို့လို့
တိုက်တွန်းလိုက်ရပေသည်။ (ဓမ္မပဒ)
⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘
==========တရား ရတနာ========

crd

Featured

ဖြစ်ရာဘဝမှာ ပညာကြီးခြင်းရဲ့အကြောင်း

ဖြစ်ရာဘဝမှာ ပညာကြီးခြင်းရဲ့အကြောင်း


◊ အခုခေတ်လည်း ခလေးပေါက်စလေးတွေ bright ဖြစ်တာရှိတယ်။ ပညာဆိုတာ ဒီဘဝမှာ သင်မှ နောက်ဘဝမှာ
အရည်အချင်းက လိုက်လာမှာ။ တခြားဟာနဲ့ မတူဘူး။

◊ ပညာကြီးမားအောင် ဘာလုပ်ရမလဲဆိုရင်
တော်တော်များများက ဖြစ်လေရာဘဝမှာ
ပညာတတ်ဖို့ဆိုပြီး ပညာဖြစ်စေတတ်တဲ့ ဆိုပါစို့၊
ပညာဒါနဆိုပြီးတော့ သူများ ပညာသင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးတာတွေ၊ ဆီမီးလှူပြီးတော့ ဆုတောင်းတာတို့၊
ဖြစ်လေရာ ဘဝမှာ ပညာကြီးရပါလို၏ လို့ ဆုတောင်းတာတို့ ဒါတွေကို အားကိုးလေ့ရှိကြတယ်။

◊ တကယ်ကတော့ စာပေကျမ်းဂန်မှာကြည့်မယ်ဆိုရင်
အဲဒါတွေကော မဖြစ်ဘူးလားဆို ဖြစ်ပါတယ်။
စာပေကျမ်းဂန်မှာဆိုတဲ့အတိုင်း ပြောမယ် ဆိုလို့ရှိရင်
ပညာပါရမီဖြစ်ပြီးတော့ ဖြစ်လေရာဘဝမှာ
ပညာကြီးဖို့ရာ ဘာလုပ်ရမှာတုန်းဆို ဒီဘဝကတည်းက
မေးမြန်း ဆွေးနွေး လေ့လာ မှတ်သားခြင်းပဲဖြစ်တယ်။
ဒါဟာ အလွန် သဘာဝကျတယ်။
တရားနာတယ်၊ မေးတယ်၊ မြန်းတယ်၊ ဆွေးနွေးတယ်၊ ကိုယ်မသိတာကို မေးတာမြန်းတာဟာ ပညာတိုးတက်ခြင်းရဲ့အကြောင်းပဲဖြစ်တယ်။
ဖြစ်ရာဘဝမှာ ပညာကြီးခြင်းရဲ့အကြောင်းပဲဖြစ်တယ်။

◊ မေးတယ်ဆိုတာ သင်ယူခြင်းပဲဖြစ်တယ်လေ၊
ကိုယ်မသိတာကို သိဖို့အတွက် သင်ယူခြင်းပဲဖြစ်တယ်။
ဒါကြောင့်မို့ ဖြစ်လေရာဘဝမှာ ပညာကြီးမားချင်လို့ရှိရင်
ဒီဘဝမှာပဲ သင်၊ တတ်နိုင်သမျှ စဉ်းစား၊ပညာရှိပုဂ္ဂိုလ်တွေ တွေ့တဲ့အခါ ကိုယ်သိချင်တာတွေ မေး။ ရင်ထဲမှာ မထားနဲ့၊
အဲဒီလို မေးမြန်း ဆွေးနွေး လေ့လာ ဖတ်ရှုခြင်းဟာ ပညာတိုးတက်ခြင်းရဲ့အကြောင်းပဲလို့ ဒီလိုပြောတယ်။

◊ အဲတော့ အကြောင်းတရားကို ဆင်ခြင်စဉ်းစားကြည့်လိုက်တယ်၊
သူများတွေ ပညာသင်ဖို့ အခွင့်အလမ်းကို
ဖန်တီးပေးလိုက်ရင် အဲဒီကုသိုလ်က အကျိုးပေးမှာ၊
ကိုယ်လည်း ပညာသင်ချင်တယ်ဆိုရင်
အခွင့်အလမ်းတစ်ခု ဖန်တီးပေးချင်တယ် ဖြစ်မှာပဲ။
ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင်
ကံတရားရဲ့သဘာဝက ကိုယ်လုပ်လိုက်လို့
တဖက်သားမှာ ရသွားတဲ့အခြေအနေမျိုးကို
ကိုယ့်ဆီကို တုန့်ပြန်ပြီးတော့ ဖြစ်တယ်လေ။
ကံရဲ့သဘာဝက ကိုယ်လုပ်တဲ့အတိုင်း ကိုယ်ပြန်ရတာ။

◊ ကိုယ်လုပ်တဲ့ကောင်းကျိုး, မကောင်းကျိုးတွေ ကိုယ့်ဆီပြန်ရောက်တာ။ ကောင်းတဲ့ကံလုပ်လို့ ကောင်းတဲ့ကံတရားတွေဟာ ပုဂ္ဂိုလ်တစ်ဦးကို အကျိုးပေးတယ်ဆိုရင် ကိုယ့်ဆီကိုလည်း ကောင်းကျိုးတွေ ပြန်လာမယ်။ မကောင်းတဲ့ကံတရားတွေဟာ ပုဂ္ဂိုလ်တစ်ဦးဆီရောက်ပြီး ဒုက္ခတွေ ပေးတယ်ဆိုရင် အဲဒီဒုက္ခမျိုး ကိုယ့်ဆီ ပြန်ရောက်တယ်။ဒါ ကံရဲ့ဓမ္မတာပဲ။

◊ အေး ဒါကြောင့်မို့ ဒီဘ၀ ပညာသင်ပြီးတော့ ပညာတတ်သွားလို့ရှိရင် အဲဒီပညာမျိုးဟာ ကိုယ့်ရင်ထဲမှာ ပျောက်သွားတာမျိုး မဟုတ်ဘဲနဲ့ ဖြစ်လေရာဘဝမှာ ကိုယ်ဟာ ပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ ဒါကြောင့်မို့ အခုလို သိရှိကြတဲ့ဘဝမှာ အမှတ်တမဲ့ မနေကြဘဲနဲ့ လေ့လာကြရမယ်၊
ဆည်းပူးကြရမယ်။ ဓမ္မစာပေတွေ ဖတ်ရှုကြရမယ်။
ဒါတော့ ငါတော့ မသိလောက်ဘူးဆိုပြီး
ရှောင်တိမ်းမထွက်ဘဲနဲ့ ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့။

◊ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာ မြန်မာနိုင်ငံ ရောက်လာတာ နှစ်ပေါင်း ၂၀၀၀ ကျော်သွားပြီ။ သို့သော် မြန်မာလူမျိုးတွေ အများစုက ဒါတွေက ဘုန်းကြီးစာတွေ၊
ငါတို့နဲ့ မဆိုင်ဘူး။ လောကုတ္တရာစာတွေဆိုပြီး ကျောခိုင်းနေကြတယ်။ အဲဒါဟာ မဟာအမှားတော်ကြီးပဲဖြစ်တယ်။

◊◊ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာ စီးပွားရေးလုပ်နည်း ပါတယ်၊
ကျန်းမာအောင် နေနည်းပါတယ်၊
ဘဝမှာ အဆင်ပြေအောင်
ကောင်းကျိုးချမ်းသာတွေရအောင်
တစ်ဘဝ ပြီးတစ်ဘ၀ အဆင့်မြင့် သွားအောင်
ကိုယ့်ကိုယ်ကို ဓမ္မလမ်းကြောင်းပေါ်က
မတိမ်းစောင်းအောင် ထိန်းကျောင်းတဲ့နည်းစနစ်တွေ
မြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ ပါတယ်။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
မထေရ်မြတ်တို့၏ အမှတ်တရ စကားများ အပိုင်း (၁၃၄) တရားတော်မှ မျှဝေပါသည်။

Copy from >> https://m.facebook.com/story.php?story_fbid=2549490035296386&id=100007062421657 >> Thanks

Featured

တွယ်တာမှုကင်းရင် ရန်အောင်မည်။

တွယ်တာမှုကင်းရင် ရန်အောင်မည်။


လောကမှာက ဆန့်ကျင်ဘက်သဘော
တရားချင်း တိုက်ခိုက်ကြတာ သဘာ၀ပါ။

မေတ္တာကြီးသူကို ရန်လိုသူက
ပိုတိုက်တယ်။

သနားတတ်သူကို ရက်စက်သူက
ပိုတိုက်တယ်။

ပညာရှိသူကို ပညာမဲ့သူက
ပိုတိုက်တယ်။

အကောင်းဓာတ်ခံသဘောတရားနဲ့
အဆိုးဓာတ်ခံသဘောတရားဆိုတာ
အမြဲဆန့်ကျင်ဘက်ပဲလေ။

သို့သော်လည်း အဆိုးဓာတ်ခံကသာ
တိုက်တတ်တာပါ။ အကောင်းဓာတ်ခံ
တွေက ခံဘက်ကကြီးပါပဲ။

တိုက်ခိုက်တယ် ဆိုတဲ့နေရာမှာ ခံစစ်နဲ့
တိုက်စစ်ဆိုတာတော့ရှိတယ်။

တိုက်စစ်သမားက အစကတည်းက
အလိုဆိုးရှိနေတယ်။ ဣဿာ၊ မစ္ဆရိယ
အားကြီးလို့ဖြစ်တာပါ။

ဒီတရားအားကြီးလေလေ
ဉာဏ်နီ ဉာဏ်နက်
ပိုသုံးလေလေပါပဲ။

အတော်ယုတ်မာတတ်ပါတယ်။ တစ်ဘက်
သားကို ထည့်မတွက်တတ်ပါဘူး။ ထင်မှတ်
မထားလောက်အောင်ကို ယုတ်မာပါတယ်။

ရက်စက်တဲ့ နှလုံးသားပဲရှိပါတယ်။
ယုတ်မာသူက ပိုပြီးပရိယာယ်များ
ပါတယ်။ အသံပိုကျယ်ပါတယ်။

အကောင်းဓာတ်ခံသမားတွေက
ခဏခဏအတိုက်ခံရတော့ ခံစစ်ပဲ
တတ်နိုင်ကြတယ်။

များသောအားဖြင့် ကိုယ့်လိုပဲထင်မိပြီး
ကြိုတင်ပြင်ဆင်မထားတတ်ကြတဲ့
အတွက် အငိုက်မိတတ်ကြပါတယ်။

မကြာခဏ ဘ၀ပျက်ကြရတယ်။

သနားတတ်ခြင်း၊ ငဲ့ညှာတတ်ခြင်း
ကူညီလိုစိတ်များခြင်း၊ ခွင့်လွှတ်တတ်ခြင်းတွေက ရန်သူအတွက် အခွင့်အရေးတွေပါပဲ။

အဲဒီ အကောင်းသဘောလေးတွေက
ကိုယ့်ရဲ့ပျော့ကွက် ဟာကွက်တွေ ဖြစ်
နေတာလေ။

ဒါကို အဆိုးဓာတ်ခံသမားက
ကောင်းကောင်းအသုံးချတတ်တယ်။

ဒီတော့ အကောင်းဓာတ်ခံသမားမှာ
ဉာဏ်ရှိသူက ပြတ်သားခြင်းကို
လက်နက်အဖြစ် သုံးရပါလိမ့်မယ်။

မတွယ်တာခြင်းကို လက်နက်အဖြစ်
သုံးရပါလိမ့်မယ်။

ယုတ်စွအဆုံး ကိုယ့်သားသမီးကအစ
မတွယ်တာတတ်အောင် ကျင့်ယူထား
ရပါမယ်။

အဲဒီတွယ်တာမှုကို အသုံးချပြီး ကိုယ့်သားသမီးကို ဓားစာခံလုပ်ပြီး အနိုင်ယူတတ်ကြပါတယ်။

မတွယ်တာရင် မကြောက်တော့ဘူး။
မမှုတော့ဘူး။ ရန်သူက ကိုယ့်ကိုအနိုင်
ယူလို့မရတော့ဘူး။

ခက်တယ်ဆိုပေမဲ့ ကျင့်ယူလို့ရပါတယ်။

ဒါကြောင့်လည်း ဘုရားရှင်က
မတွယ်တာဖို့ ခဏခဏသတိပေး
ဟောကြားထားတာပါ။

မတွယ်တာဘူးဆိုတာ ရက်စက်တာ
မဟုတ်ပါဘူး။ ကာကွယ်တာပါ။

မိမိကိုယ်ကိုရော တစ်ပါးသူကိုရော
ကာကွယ်တာပါ။

များများကျင့်သုံးကြည့်ရင်
သဘောပေါက်လာပါလိမ့်မယ်။

စိတ်မခိုင်သူကို လှည့်စားဖျားယောင်း
ရတာ လွယ်ပါတယ်။

အစားမက်ရင် အစားနဲ့သတ်လို့ရတယ်။
ဂုဏ်မက်ရင် ဂုဏ်နဲ့ဖျက်ဆီးလို့ရတယ်။

ငွေမက်ရင် ငွေနဲ့ဖျက်ဆီးလို့ရတယ်။
စိတ်မခိုင်သူဆို ပိုအထိနာတတ်ပါတယ်။

ကိုယ့်ဖာသာနေတာပဲဆိုပြီး အေးအေး
နေလို့မရပါဘူး။ ရန်သူဆိုတာ အိမ်ပေါ်ထိအကြောင်းရှာ ရောက်လာတတ်တာပါ။

သတိကြီးကြီးထားပါ။ ရင့်ကျက်အောင်
အယုံမလွယ်အောင် ကျင့်ယူပါ။ ဆင်ခြင်
ဉာဏ်သုံးတတ်အောင် လေ့ကျင့်ယူပါ။

အမြင် အကြားနဲ့ မယုံပါနဲ့။
ဆင်ခြင်ဉာဏ်သုံးပါ။

မြှောက်ခြင်း၊ ခြောက်ခြင်းတွေကို
လုံး၀မတုန်လှုပ်အောင် ကျင့်ယူပါ။

မြှောက်တယ်၊ ခြောက်တယ်ဆိုတာ
ရန်သူရဲ့ ကိုယ့်ကိုဟန်ချက်ပျက်သွား
အောင် ကြိုးစားတဲ့ ခြေဆင်းတိုက်ကွက်ပါ။

အချုပ်အားဖြင့်တော့ တရားအားထုတ်တာကို လက်လွှတ်လို့မရဘူးဆိုတာပါပဲ။

စိတ်လေ့ကျင့်ခန်းဆိုတာ
တရားအားထုတ်မှရမှာပါ။

မခံနိုင်အောင်ထိုင်တာကို ပြောတာ
မဟုတ်ပါဘူး။

အချိန်တိုင်း တရားသဘောမြင်အောင်
နေတတ်ခြင်းကိုဆိုလိုတာပါ။

များများကျင့်သုံးလေ
လောကသဘာ၀ကို မြင်လေလေ
အန္တရာယ်ကို ကာကွယ်နိုင်လေလေပါပဲ။

ဘာကြောင့်လဲဆိုတော့ တရားသဘော
အမြဲဆင်ခြင်ရင် မတုန်လှုပ်ခြင်း ဆိုတဲ့
ရလဒ်ရလာလို့ပါပဲ။

ပြတ်သားလာပါလိမ့်မယ်။
ဉာဏ်ကြီးလာပါလိမ့်မယ်။

ဒါပေမဲ့ကြိုပြောမယ်နော်။
ခဏလေးနဲ့တော့ အဲဒီသတ္တိကိုမရပါဘူး။ တရားများများနှလုံးသွင်းဖို့လိုပါမယ်။

အားလုံးကိုပြောချင်တာကတော့
နောက်မကျသေးဘူး။ ကြိုးစားလိုက်ပါ။

မတွယ်တာတဲ့နေ့ မတုန်လှုပ်တော့ဘူး
ဆိုတာပါပဲ။ သေရမယ် ဆိုရင်တောင်
သတ္တိရှိရှိ သေရဲပါလိမ့်မယ်။

တရားအားထုတ်ခြင်းရဲ့ရလဒ်က
ဘာလဲသိချင်ရင် အားထုတ်ကြည့်
လိုက်ပါလို့ မှာပါရစေ။

ရန်ကင်းကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။

Via – Parallel

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

မခံချင်တဲ့စိတ်ဖြစ်အောင် စိတ်ဓါတ်သွင်းတယ်ဆိုတာ တမင်သက်သက် စိတ်ဖိစီးမှုများအောင် လုပ်လိုက်တာပဲ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ မချင်တဲ့စိတ်ကို ဆုံးမပါ – အပိုင်း(၂)

မခံချင်တဲ့စိတ်ဖြစ်အောင် စိတ်ဓါတ်သွင်းတယ်ဆိုတာ
တမင်သက်သက် စိတ်ဖိစီးမှုများအောင် လုပ်လိုက်တာပဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မချင်တဲ့စိတ်ကို ဆုံးမပါ – အပိုင်း(၂)

★ စိတ်ဖိစီးမှု stress တွေ ဖြစ်တာများရင် ဦးနှောက်ထဲမှာ နောက်ပိုင်း Amygdala ဆိုတဲ့ဦးနှောက် အဲ့ဦးနှောက်ပဲ အလုပ်လုပ်တယ်။ သူ့ကို fear center အကြောက်တရားရဲ့နေရာတဲ့၊ အကြောက်တရားရဲ့တည်ရာ။

★ အဘိဓမ္မာစကားနဲ့ပြောရင်တော့ ဒေါသဖြစ်ရင်ဖြစ်တဲ့ စိတ္တဇရုပ် ရုပ်တရားတွေ၊ ဒေါသဆိုတဲ့ ကြောက်စိတ်ဖြစ်ရင် ဖြစ်တဲ့ အဲဒီစိတ္တဇရုပ်က နောက်က ဦးနှောက်မှာပါတယ် Amygdala။ ဘုန်းဘုန်းပြောတာ ဒီလိုသိပ္ပံပညာရှင်တွေ ရေးထားတဲ့ စာအုပ်မျိုးတွေကနေ ကြည့်ပြီးတော့ ပြောတာ။

★ ဒါ Siddhartha’s Brain သိဒ္ဓတ္ထမင်းသားရဲ့ ဦးနှောက်၊ ဒီဟာကျတော့ The Science of Meidation – တရားထိုင်ခြင်းသိပ္ပံတဲ့၊ ဒါကျတော့ Altered Traits တဲ့ ဦးနှောက်ကို တရားထိုင်ခြင်းအားဖြင့် ပိုပြီးတော့ကောင်းအောင် လုပ်ခိုင်းတာ။

★ အရမ်းကို stress များလွန်းရင်၊ ဒီ စိတ်ဖိစီးမှုတွေ မရှိဘဲနဲ့ တရားထိုင်ရင်းနဲ့ စိတ်ချမ်းသာမှု ရနေတဲ့ ပုဂ္ဂိုလ် အဲဒီ လူနှစ်ယောက်ကို သူတို့ရဲ့ဦးနှောက်ကို ဓါတ်ပုံတွေ ရိုက်ထားတယ် fMRI နဲ့ ဓါတ်ပုံရိုက်ထားတယ်။

★ အဲလို ဓါတ်ပုံရိုက်ထားတဲ့အခါကျတော့ စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်၊ stress နည်းတဲ့ ပုဂ္ဂိုလ်ဆိုရင်တဲ့ ဘေးပတ်၀န်ကျင်က ပြောတဲ့ဟာကို သူက ဆက်စပ်ပြီးတော့ အကောင်းဘက်ကနေ ယူနိုင်တယ်တဲ့၊ positive thinking ရှိတယ်။

★ အရမ်းကို စိတ်ဖိစီးမှုများတဲ့ ပုဂ္ဂိုလ်ကျတော့ ဘေးကကောင်းတာ ပြောလည်းပဲ သူက ကောင်းတယ်လို့ မထင်ဘူး၊ စိတ်ဖိစီးမှုက များနေတာကိုး။ ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများနေရင် သတိထားကြပါ။ အဆိုးမြင်ဝါဒ negative thinking က ၀င်လာမှန်းမသိ ၀င်လာတတ်တယ်။

★ လုပ်ငန်းခွင်မှာရော ၀င်လာနိုင်တယ်၊ အိမ်မှာလည်းပဲ အဆိုးမြင်ဝါဒတွေ ၀င်တယ်။ အဆိုးမြင်ဝါဒ ၀င်ပြီဆိုရင် ကိုယ့်အိမ်သူအိမ်သားတွေ ဘယ်လောက်ပဲ ကောင်းတာလုပ်နေလုပ်နေ သူမလုပ်ပေးတာပဲ ကိုယ်က သွားပြီး မြင်မိတယ်။

★ သူလုပ်ပေးတဲ့ဟာကို ကျေးဇူးတင်မယ့်အစား အဲဒါ ကိုယ့်ရဲ့ ရပိုင်ခွင့်ဆိုပြီးတော့ သွားမြင်တယ်။ ကိုယ့်ရပိုင်ခွင့်ဆိုတာလည်းပဲ ရပိုင်ခွင့်ဆိုပြီး မြင်တဲ့ပုဂ္ဂိုလ်က သူက ရပိုင်ခွင့်က တိုးတိုးလာဖို့ပဲ ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ ရှိတဲ့ expectation တွေ မျှော်လင့်ချက်တွေ များပဲများလာမယ်။

★ အဲဒါကြောင့် မခံချင်တဲ့စိတ်ဖြစ်အောင် ကလေးတွေကို စိတ်ဓါတ်သွင်းတယ်ဆိုတာ ဒါ သူတို့ကို တမင်သက်သက် စိတ်ဖိစီး မှုများအောင် လုပ်လိုက်တာပဲ။ တချို့ကျတော့ အိမ်မှာတင် မကဘူး၊ ကျောင်းမှာလည်း ပါတယ်။ ခုနတုန်းက ပြောသလို ၁ ၂ ၃ ၄ ပေးတယ် အဲဒါမျိုးတွေ။

★ ဒိန်းမတ်နိုင်ငံတို့ ဆွီဒင်နိုင်ငံတို့ ဖင်လန်နိုင်ငံတို့ဆို အဲ့နိုင်ငံတွေ ပညာရေးကောင်းတဲ့အထဲမှာ ထိပ်ဆုံးမှာနေတယ်။ အင်္ဂလန်နဲ့ အမေရိကန်ရဲ့ ထိပ်မှာတောင် ရှိသေးတယ်။ အဲ့ဒီနိုင်ငံရဲ့ သူတို့ရဲ့ အတန်းကျောင်းမှာ ဆုပေးပြီး စာကျက်ခိုင်းတာ မရှိဘူး၊ ဆုပေးတဲ့ စနစ်မရှိဘူး။

★ ဆုပေးတဲ့စနစ် မရှိဘဲနဲ့ ကလေးတွေက စာစိတ်၀င်စားတယ်၊ စာကျက်တယ်ဆိုတာ အဲဒီနည်းကတော့ မြန်မာနိုင်ငံ ရအောင်ယူဖို့သင့်တယ်။ သွားလေ့လာဖို့သင့်တယ်။

★ ဒါဖြင့် ဆုပေးစနစ် incentive focus ဆိုတဲ့ ဆုပေးစနစ် မသုံးဘဲနဲ့ ကလေးတွေက စာကျက်တယ်ဆိုတော့ သူတို့ကို အထက်ကနေပြီးတော့ ခြိမ်းခြောက်လို့လား? ချစ်ကြောက် ရိုသေ ဆိုတဲ့နေရာမှာ တချို့က ချစ်တာလည်းပျောက်သွားတယ် ရိုသေတာလည်း ပျောက်သွားတယ်၊ ကြောက်တာတစ်ခုပဲ၊ အကြောက်တရား အသုံးပြုတယ်။

★ အကြောက်တရားကို အသုံးပြုတာ threat focus ဆိုတာ Psychology မှာရှိတယ်။ အကြောက်တရာကို အခြေခံပြီးတော့ အကြောက်တရားကို လက်သုံးကိရိယာ instrument တစ်ခုအနေနဲ့ အသုံးပြုပြီးတော့ ကလေးတွေကို ခိုင်းတာ။

အဲလို လုပ်တယ်ဆိုရင်လည်းပဲတဲ့ အခု Neurologist တွေ၊ စိတ်အကြောင်း ဦးနှောက်အကြောင်း တွဲပြီးလေ့လာတဲ့ ★ ပုဂ္ဂိုလ်တွေ ပြောတာ အကြောက်တရားနဲ့ တွန်းရင်တဲ့ အဲ့အကြောက်တရားနဲ့ တွန်းခံရတဲ့လူတွေက သူတို့ကို ခိုင်းသလောက်ပဲ လုပ်နိုင်တယ်တဲ့။ ခိုင်းသလောက်ပဲ လုပ်နိုင်တယ်။

★ သူတို့ဟာသူတို့ တွေးပြီးတော့ initiative ဆိုတဲ့ဟာ အင်္ဂလိပ်စကား၊ သူတို့ဟာသူတို့တွေးပြီးတော့ ကြံဆတာမျိုးတွေ စိန္တာမယ ဉာဏ်မျိုးတွေ မဖြစ်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အကြောက်တရားရဲ့အောက်မှာ ဦးနှောက်မပွင့်ပါဘူး၊ ဦးနှောက်က အကြောက်တရားနဲ့တွေ့ရင် ကျုံ့ပဲကျုံ့သွားတာ။

★ အဲဒါကြောင့် အဲဒီနိုင်ငံတွေမှာ အကြောက်တရားလည်း မသုံးဘူး။ ကြောက်အောင်လည်း မခြောက်ဘူး၊ မက်အောင်လည်း မက်လုံးတွေ မပေးဘူး။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

“မခံချင်တဲ့စိတ်ကို ဆုံးမပါ” (၂၅.၁.၂၀၁၉) တရားတော်အသံတော်မှ ကူးယူရေးသား ပူဇော်ပါသည်။

Photo credit – #Zifam Myanmar

Featured

နှသားထဲမှာ ကရုဏာဆိုတဲ့ ဓမ္မစေတီတည်ပါ

နှသားထဲမှာ ကရုဏာဆိုတဲ့ ဓမ္မစေတီတည်ပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ သူများအတွက် များများတွေးပေးပါ။ ထမင်းစားခါနီးဆိုရင် တခြားသူတွေ စားပြီးပြီလား၊ နေရာထိုင်ခင်း ထိုင်တော့မယ်ဆိုရင် တခြားလူတွေ ထိုင်ဖို့ နေရာ ရှိပြီလား။ အဲဒီလိုတွေးရင် အလိုလို #ကရုဏာတရားဖြစ်နေတယ်။ အလိုလို ကုသိုလ်ဖြစ်နေတယ်။

★ ရဲဘော် (၁၀)ယောက်ရှိတယ်၊ အယောက်တိုင်း အယောက်တိုင်းက သူ့အတွက် ချက်ချင်းမတွေးဘဲနဲ့ တခြားသူတွေအတွက် တခြားကျန်တဲ့ (၉)ယောက်အတွက် သူတွေးတယ်ဆိုရင် ကုသိုလ်ဖြစ်တယ်။ သူတို့ အဆင်ပြေရဲ့လား။ ထမင်းစားနီးဆို သူတို့ စားပြီးပြီလား အဆင်ပြေရဲ့လား အဲဒါလေးတွေတွေးတယ်။

💕 အလိုလိုနေရင်း ကုသိုလ်ဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆို ကျန်တဲ့ (၉)ယောက်ကို သူရဲ့ တစ်ဦးတည်းသော ရင်သွေးလို ထားတဲ့ မိခင်မေတ္တာနဲ့ သူကြည့်နေတာကိုး။

★ အဲတော့ လုပ်ဖော်ကိုင်ဖက် (၉)ယောက်တင်မကဘဲနဲ့ ပြည်သူတစ်ရပ်လုံး သူတို့ရဲ့ စား၀တ်နေရေး သူတိုရဲ့ပညာရေး သူတို့ရဲ့ကျန်းမာရေး အဲဒါကို ကိုယ်ရဲ့စိတ်ထဲမှာ သူတို့ရဲ့ welfare wellbeing အဲဒါတွေ စဉ်းစားပြီးတော့ နေတယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ အမြဲတမ်းပဲ ကရုဏာဖြစ်တယ်တဲ့။

★ တပ်မတော်ထဲ၀င်တာ ကရုဏာအခြေခံတဲ့ Motivation နဲ့ ၀င်တာမို့ သူများအတွက်ဆိုပြီး လုပ်သမျှ လေ့လာသမျှ တွေးသမျှ အကုန်လုံး သူများအတွက်ကြည့်ပဲ။ တိုင်းပြည်အတွက် ဆိုတာလည်း အများအတွက်၊ ပြည်သူအတွက်ဆိုတာလည်း အများအတွက်။ ဒါကြောင့် တပ်မတော် တာ၀န်ထမ်းဆောင်ရင်း ကုသိုလ်လည်း ၂၄-နာရီ ရအောင်ဆိုရင် အချင်းချင်း တပ်ထဲမှာ အခြားပုဂ္ဂိုလ်အတွက် များများတွေးပါ။

★ အရာရှိအရာခံရော မိသားစုရော အဲဒါများများတွေးရင် #ကရုဏာစိတ်ဖြစ်တယ်။ သူများအဆင်ပြေတယ်ဆိုရင် ၀မ်းသာတယ်။ အဲဒါကျ #မုဒိတာစိတ်ဖြစ်တယ်။ ဒီကုသိုလ်တွေက သောဘန စေတသိက် လို့ခေါ်တယ် Beautiful Mind လို့ခေါ်တယ် သောဘနစေတသိက်တဲ့။

😇 ကိုယ်က အလုပ်အကျွေးပြုတယ် ပြည်သူ့ကို ပြည်သူ့အကြောင်း များများတွေ သူတို့အကြောင်းများများတွေးနေလေ ကုသိုလ်ပိုဖြစ်လေပဲ။

★ ဒါကြောင့် ဒို့က တပ်မတော်မှာ နေရလို့ ဒုလ္လဘ၀တ်ဖို့အတွက် အချိန်သိပ်မရဘူး တရားစခန်း၀င်ဖို့ အချိန်မရလို့ အဲဒီလို ပြောတာတွေ ဘုန်းဘုန်းက ကြားတဲ့အခါကျတော့ ဒီတစ်ခုကိုတော့ စဉ်းစားပေးရမယ်ဆိုပြီး အကြံဖြစ်တယ်။ အဲဒါနဲ့ မေတ္တာသုတ်ကို သိပ္ပံပညာရှင်တွေ ပြောတဲ့ သိပ္ပံဆိုင်ရာကျမ်းစာတွေနဲ့ ပြန်ပြီးတော့ စဉ်းစားကြည့်တဲ့အခါကျတော့ ဒီအဖြေလေးရတယ်။

★ မြတ်စွာဘုရားအလောင်းတော်ပါရမီဖြည့်ပုံအကြောင်း ဘုန်းဘုန်းတို့ ဇာတ်တော်ထဲမှာ ၅၄၇-ဇာတ် ဆိုတာ ရှိတယ်။ အဲဒီထဲမှာ သူကိုယ်တိုင် ရဟန်း၀တ်ရတဲ့ အချိန်က နည်းနည်းလေးပါ။ သာသနာနဲ့ ကြုံရတဲ့အချိန် နည်းနည်းလေးပါပဲ။ သာသနာနဲ့ မကြုံရတဲ့ အချိန်များတောင်မှ ဘုရားဖြစ်အောင် ပါရမီတွေ ဖြည့်ကျင့်နိုင်တယ်။

★ ကိုယ်ကျတော့ အခုချိန်မှာ မြတ်စွာဘုရားရဲ့သာသနာတော်နဲ့လည်းတွေ့နေတယ် နောက် သာသနာတော်ရဲ့အကြောင်းကို ဦးထိပ်ထားတဲ့ သာသနာတော်ရဲ့အရေးကို ဦးထိပ်ထားတဲ့ နိုင်ငံတော် ခေါင်းဆောင်တွေလည်း ရှိနေတယ်၊ တပ်မတော် ခေါင်းဆောင်တွေလည်း ရှိနေတယ်၊ အဲလို ရှိနေတယ်ဆိုတော့ တချိန်လုံး တပ်မတော်သားတွေ မိသားစုတွေအနေနဲ့ ကုသိုလ်ဖြစ်ဖို့က မခဲယဉ်းဘူး။

★ တစ်ယောက်နဲ့တစ်ယောက် အများအတွက် များများစဉ်းစားပေးဖို့ပဲ။ တချို့ကျတော့ ထင်လိမ့်မယ် လူကြီးဖြစ်မှ ဒီလိုဘုရားတည်တာတွေ ဘုရားပြုပြင်တာတွေ ဒါတွေလုပ်နိုင်တာ၊ တပည့်တော်တို့က မလုပ်နိုင်သေးဘူး ဆိုပြီး အားမငယ်နဲ့။

★ သာသနာပြုတဲ့ လုပ်ငန်းတွေထဲမှာ အတွင်းသာသနာပြုတာ ရှိတယ်၊ အပြင်သာသနာပြုတာ ရှိတယ်။ အပြင်မှာ ဘုရားတည်တာ အဲဒါ ဥဒ္ဒိဿစေတီနဲ့ ပရိဘောဂစေတီ ဓာတုစေတီ ပူဇော်တယ်လို့ခေါ်တယ်။ အဲဒါ အပြင်မှာ ရှိတဲ့ စေတီ။

★ နှလုံးသားထဲမှာ ကိန်းအောင်းအောင်ထားတဲ့ ဓမ္မခန္ဓာ ဥပမာ ကရုဏာဆိုရင်လည်း ဓမ္မခန္ဓာ ထဲမှာ ပါတယ်။ ကိုယ်ရဲ့စိတ်ထဲမှာ ကရုဏာထားနိုင်ရင် ကရုဏာတည်အောင် ကရုဏာကိန်းအောင် ကရုဏာများအောင် compassionate ပုဂ္ဂိုလ်ဖြစ်အောင် ကိုယ်ဟာကိုယ် လုပ်တယ်ဆိုရင် #ကရုဏာဆိုတဲ့ဓမ္မစေတီဖြစ်တယ်တဲ့။

★ ကရုဏာ က ဓမ္မစေတီ၊ ကရုဏာက ဘာစေတီတဲ့တုန်း။ (ဓမ္မစေတီ ပါ ဘုရား) အဲဒီ ကရုဏာဆိုတဲ့ ဓမ္မစေတီ ကိုယ်ရဲ့ နှလုံးသားထဲမှာတည်နေတယ်တဲ့။ ဒါကြောင့် မိမိရဲ့နှလုံးသားထဲမှာ ကရုဏာဆိုတဲ့ ဓမ္မစေတီ ဘုန်းဘုန်းဒီနေ့ တည်ပေးတယ်။ ဒီ ဓမ္မစေတီ ကိုယ့်ဟာကိုယ် ဆက်ပြီးတည်ပါ။ အကြီးကြီးဖြစ်သွားအောင် တည်ကြပါ။

🔺 ဘယ်လိုလုပ်ရမှာတုန်းဆို အများအတွက် များများစဉ်းစားပါ။ နေ့တိုင်းလည်း စဉ်းစားနေရမယ်။ နေ့တိုင်းစဉ်းစားတတ်အောင်လို့ ဘုန်းဘုန်းက ဒီနေ့ အဲလို စဉ်းစားတဲ့ တရားဖြစ်ပါတယ်။ ဗြဟ္မစိုရ်တရားထဲမှာ ပါပါတယ်။

★ ဗြဟ္မစိုရ်တရားကို ကျင့်ကြံရင် တချို့ကတော့ သမထတရား နိဗ္ဗာန်မရနိုင်ဘူး ပြောသေးတယ်။ ဒါပေမဲ့ ကရုဏာတရားဖြစ်နေတဲ့အချိန်မှာ ဒေါသမဖြစ်ဘူး။ တစ်ယောက်ကိုတစ်ယောက် မနာလိုတဲ့ စိတ်မဖြစ်ဘူး။ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးတာလည်း မဖြစ်ဘူး။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးတာလည်း မဖြစ်ဘူး။ ဒါကြောင့် ကရုဏာတရားကို များများပွားပါ။

★ အဲဒီ ကရုဏာတရားတွေနဲ့အညီ မိမိရဲ့ ကိုယ်စီကိုယ်စီ နှလုံးသားထဲမှာ ဓမ္မစေတီတည်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်ယုံတင်မက ကရုဏာဦးဆောင်တဲ့ စိတ်ဓာတ်တဲ့ ကိုယ်တွင်းကိုယ်ပ ပြည်တွင်းပြည်က မိမိအကျိုး သာသနာတော်အကျိုး တိုင်းပြည်အကျိုး ဒီထက်ပိုပြီးတော့ သယ်ပိုနိုင်တဲ့ပါရမီထူးရှိတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ။

သာဓု၊ သာဓု၊ သာဓု။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“နေ့စဉ်အသုံးချ ကရုဏာ(၁၇.၁.၂၀၁၉ မြစ်ကြီးနားမြို့)” တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။

Transcribed #ThazinHtike

Featured

ကိလေသာကင်းတဲ့ပုဂ္ဂိုလ်ဟာ သူပြန်မမွေးတော့ဘူးဆိုတာသိလား

ကိလေသာကင်းတဲ့ပုဂ္ဂိုလ်ဟာ သူပြန်မမွေးတော့ဘူးဆိုတာသိလား
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ ဘဝတစ်ခုမှာ ပြန်လည်မွေးဖွားခြင်းနဲ့ စပ်ပြီးတော့ မေးခွန်းတွေကို ဆက်ဆက်ပြီးတော့ မေးတဲ့အထဲမှာ မိလိန္ဒမင်းက “ဘန္တေ နာဂသေန ယော န ပဋိသန္ဒဟတိ၊ ဇာနာတိ သော န ပဋိသန္ဒဟိဿ မီ” သူမေးတဲ့ မေးခွန်းကတော့ နောက်ဘဝ ပြန်မမွေးဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ကိုယ်တိုင်က ငါတော့ ပြန်မမွေးတော့ဘူး နောင်ဘဝ ငါ့မှာ မရှိတော့ဘူးလို့ သိသလားတဲ့ ဒီမေးခွန်းမေးတာ။

★ အဲတော့ ဘဝတခု အဆုံးသတ်သွားလို့ ပြန်မွေးတဲ့ပုဂ္ဂိုလ် ပြန်မမွေးတဲ့ပုဂ္ဂိုလ် ရှေ့ပိုင်းမှာ မေးထားတဲ့အခါ ရှင်နာဂသေနက ဖြေဆိုထားတာတွေရှိတယ်။ “သကိလေသော ပဋိသန္ဒဟိဿ သီတိ၊ နတ္ကိလေသာ ပဋိသန္ဒဟိဿ သီတိ” ကိလေသာ မကင်းသေးဘူးဆိုရင် ပြန်မွေးမယ်တဲ့။ ကိလေသာကင်းပြီဆိုရင် ပြန်မမွေးတော့ဘူး။

အဲဒီပြန်မမွေးဘူးဆိုတဲ့ ကိလေသာကင်းတဲ့ ပုဂ္ဂိုလ်ဟာ သူပြန်မမွေးတော့ဘူးဆိုတာ ကြိုတင်ပြီးတော့ သိနေသလား ဒီမေးခွန်းမေးတာ။ သူမမွေးဘူး ဆိုတာ သူသိသလား ဆိုတော့ ရှင်နာဂသေနက ဖြေတယ်။ အာမ မဟာရာဇာ မင်းကြီး သူသိတာပေါ့တဲ့ သူပြန်မမွေးဘူးဆိုတာ သူသိတာပေါ့။

★ အဲဒီတော့ မိလိန္ဒမင်းကြီးက ထပ်မေးတယ်။ “ကထံ ဘန္တေ ဇာနာတီတိ“ သူပြန်မမွေးဘူး ဆိုတာ သူဘယ်လိုလုပ် သိတာလဲ ဘယ်လိုလုပ် သိလဲ။ ကိုယ့်ကို ပြန်မွေးမယ် မမွေးဘူးဆိုတာ ဘယ်လိုလုပ်ပြီးတော့ သူသိနိုင်တာတုန်းလို့ ဒီမေးခွန်းမေးတယ့်အခါမှာ ရှင်နာဂသေနက general point နဲ့ဖြေထားတယ်။

★ “ယော ဟေတု ယော ပစ္စယော မဟာရာဇ ပဋိသန္ဒဟနာယ၊ တဿ ဟေတုဿ တဿ ပစ္စယဿ ဥပရမာ ဇာနာတိ” ပြန်လည်မွေးဖွားခြင်းရဲ့ ပြန်လည်မွေးဖွားခြင်းကို ဖြစ်စေတတ်တဲ့ အကြောင်း၊ ထောက်ပံ့ ကူညီတတ်တဲ့အကြောင်းတွေ အဲဒီပြန်လည် မွေးဖွားမှုကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းနဲ့ ထောက်ပံ့ကူညီမှုဆိုတဲ့ အကြောင်းနှစ်ခု ရပ်စဲသွားတာကို ရပ်စဲသွားလို့ အဲဒီအကြောင်းနှစ်ခု ရပ်စဲချုပ်ငြိမ်းသွားတာကို သိပြီးတော့ ပြန်မမွေးဘူးလို့ သူသိတယ်တဲ့။ ဒီအဖြေလေးကို ဖြေတာ။

★ အဲဒီမှာ “ယော ဟေတု ယောပစ္စယော” ဟေတုနဲ့ ပစ္စယ နှစ်ခု ခွဲပြီးတော့ဖြေထားတာရှိတယ်။ လောကလူတွေဟာ ပြန်ပြန်ပြီးတော့ မွေးနေတာ ဘာ့ကြောင့်မွေးလဲဆိုတော့ မွေးရခြင်းရဲ့ အကြောင်းရှိလို့ မွေးတာပေါ့။ မွေးရခြင်းအကြောင်းတွေက ဘာတွေတုန်းဆို ကံတရားရယ်၊ ကိလေသာရယ် ကံနဲ့ကိလေသာပေါင်းစပ်ထားလို့ရှိရင် အဲဒီကံ ကိလေသာမကင်းသေးဘူးဆိုရင် ဒီပုဂ္ဂိုလ် ပြန်မွေးမှာပဲ။

★ ကံတရားကို ဟေတုလို့ပြောပြီးတော့ ကိလေသာကို ပစ္စယာလို့ပြောတယ်။ လောကမှာ အကြောင်းက နှစ်မျိုးနှစ်မျိုးရှိတယ်။ Producing cause ဆိုတာ ထုတ်လုပ်တဲ့အကြောင်းတစ်ခု ထုတ်လုပ်တဲ့အကြောင်း၊ Supporting cause ဆိုတာ ထောက်ပံ့ကူညီတဲ့အကြောင်း။ အကြောင်ဟာ နှစ်မျိုးရှိတယ်။

★ ဆိုပါစို့ မျိုးစေ့လေးတစ်ခုက အပင်ပေါက်လာတယ်ဆိုလို့ရှိရင် အဲဒီအပင်ကို ထုတ်လုပ်တဲ့အကြောင်းက မျိုးစေ့၊ ကူညီထောက်ပံ့တဲ့အကြောင်းက မြေနဲ့ရေ ဒီလိုဆိုတယ်။ မြေနဲ့ရေကြောင့် မျိုးစေ့ဟာအပင်ကို ထုတ်တယ်။ အဲတော့ မျိုးစေ့ကို “ဟေတု” မြေနဲ့ရေကို “ပစ္စယ”။ ဒါကြောင့်မို့လို့ ဇနကဟေတု producing cause၊ ဥပါဌမကာဟေတု supporting causeလို့ အကြောင်းနှစ်မျိုးခွဲပြီးတော့ စကားလုံးနှစ်လုံးကိုပြောလိုက်တာ ဟေတုနဲ့ပစ္စယ။

★ ဟို ဟေတုပစ္စည်းနဲ့ မတူဘူးနော် ဒီဟာ။ ဟေတုပစ္စည်းလို့ပြောတာက အဓိပ္ပါယ်တစ်ခု။ စာပေဂျမ်းကန်မှာ ဟေတုနဲ့ပစ္စယ ပဋ္ဌာန်းကလွဲလို့ ဟေတုနဲ့ပစ္စယ နှစ်ခုပြောထားပြီဆိုရင် အဲဒီလိုနားလည်ရတယ်။ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော ဒီပစ္စယောတွေက အားလုံးနဲ့တူညီတဲ့ အကြောင်းတစ်ခုကိုပြောတာ။ ကျေးဇူးပြုတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ပြောတာ။

★ အေး သုတ္တန်ပါဠိတော်တွေမှာ ဟေတုနဲ့ပစ္စယ နှစ်ခုတွဲဖက်ပြီးတော့လာပြီဆိုရင် ဘယ်လိုနားလည်ရတုန်းဆိုတော့ ဟေတုဆိုတာ ထုတ်လုပ်တဲ့အကြောင်း ပစ္စယဆိုတာ အကူအညီအကြောင်းလို့ နှစ်ခုရှိတယ်။ ဆိုပါစို့ မှောင်နေတဲ့အခန်းထဲမှာ မီးထွန်းလိုက်တယ် သို့မဟုတ် အလင်းမီးဖွင့်လိုက်တယ်။ ဖွင့်လိုက်တဲ့အခါကျတော့ အဲဒီအခန်းထဲမှာရှိတဲ့ နဂိုက မှောင်နေတုန်းက မမြင်ရတဲ့ စားပွဲ၊ ကုလားထိုင် စတဲ့ပရိဘောဂတွေ မြင်လိုက်ရတယ်။

★ အဲဒီစားပွဲကုလားထိုင်တွေကို အလင်းရောင်က ထုတ်လုပ်ပေးတာလားဆိုတော့ ထုတ်လုပ်တာမဟုတ်ဘူး။ နဂိုကတည်းကရှိနေတာ သို့သော် မီးရဲ့ အကူအညီ အလင်းရောင်ရဲ့အကူအညီကြောင့် စားပွဲ ကုလားထိုင်ကိုမြင်ရတာ။ အဲဒါမျိုးကို အကူအညီအကြောင်းလို့ခေါ်တယ်။ ထုတ်တာမဟုတ်ဘူး သူကနော်။

★ Producing cause နဲ Supporting cause ဒီအကြောင်းနှစ်ခုကို ကွဲကွဲပြားပြားနားလည်ရမယ် ဘယ်နေရာပဲဖြစ်ဖြစ်။ ဘယ်အရာကထုတ်လုပ်တဲ့ အကြောင်းဖြစ်ပြီး ဘယ်အရာက အထောက်အကူပြုတာလဲဆိုတာ ဒီနှစ်ခုကို ကွဲကွဲပြားပြား သိဖို့လိုအပ်တယ်ပေါ့။

★ အခုဒီမှာလဲ ရှင်နာဂသေနကဖြေတယ် “ယော ဟေတု ယောပစ္စယော ပဋိသန္ဒဟနာယ” ဘဝတစ်ခုမှာ ပြန်လည်မွေးဖွားဖို့ဆိုတဲ့နေရာမှာ ဟေတုဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းနဲ့ ပစ္စယလို့ခေါ်တဲ့ အထောက်အကူအကြောင်း နှစ်ခုရှိတယ်တဲ့။

★ အဲဒီ ဟေတုဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းရယ်၊ ပစ္စယလို့ခေါ်တဲ့ အထောက်အကူအကြောင်း နှစ်ခု ပြတ်စဲသွားပြီဆိုရင် မမွေးတော့ဘူး။ အဲဒီအကြောင်းမရှိတော့ဘူးလို့သိခြင်းဟာ ပြန်လည်မမွေးဖွားတော့ဘူးလို့ သိနိုင်ခြင်းရဲ့အကြောင်းပဲ။ ဒီလိုဖြေလိုက်တာနော်။ အကြောင်းကိုကြည့်ပြီး အကျိုးမဖြစ်ဘူးဆိုတာကိုပြောတာပဲ ဒီလိုပြောတယ်ဆိုတာ။

★ အဲဒီတော့ မိလိန္ဒမင်းကြီးက ရှင်းအောင်ထပ်မေးတယ်။ “သြပမ္မံ ကရောဟီတိ” အရှင်ဘုရား ဥပမာလေးနဲ့ပြောပါဦး ဥပမာစကားလေးနဲ့ပြောစမ်းပါဦးဆိုတော့ ”ယထာ မဟာရာဇ ကဿ ကော ဂဟပတိကော ကသိတွာစ ဝပိတွာ စ ဓညာဂါရံ ပရိပူရေယျတိ“ ရိုးရိုးလေးပဲ လူတိုင်းသိတဲ့ ဥပမာနဲ့ပြောတယ်။

★ စပါးဂိုဒေါင်ကြီးရှိတယ် အဲဒီစပါးဂိုဒေါင်ကြီးကို လယ်သမား လယ်လုပ်ငန်းနဲ့ အသက်မွေးတဲ့လူတစ်ယောက်ဟာ သူ့မြေကွက်ကြီးမှာစပါးတွေကိုစိုက်ဖို့ ထွန်ယက်တယ် ပျိုးတယ်။ စပါးပျိုးဖို့ ထွန်ယက်တယ် စိုက်ပျိုးတယ်။ အဲဒီလို ထွန်ယက်စိုက်ပျိုးပြီးတော့မှ သူဘာလုပ်လဲဆိုတော့ ရလာတဲ့စပါးတွေနဲ့ စပါးဂိုဒေါင်ကြီးကို ဖြည့်တင်းတယ်ပေါ့။ ဒါလုပ်ရိုးလုပ်စဉ်ပဲနော်။

★ စပါးဂိုဒေါင်ကြီးကို ဖြည့်လိုက်တယ်ပေါ့။ အဲဒီလိုစပါးဂိုဒေါင်ကြီးကိုဖြည့်တာ အဲဒီလယ်သမားဟာနှစ်စဉ် နှစ်စဉ်လုပ်နေကြပဲ။ ရာသီဥတုအချိန်တန်လာလို့ရှိရင် လယ်ထွန်တယ် ထွန်ပြီးရင်စပါးစိုက်တယ်။ ရလာတဲ့စပါးတွေ ရိတ်သိမ်းပြီး ဂိုဒေါင်ထဲဖြည့်တယ် ဒါသူလုပ်နေကြ။ အဲတခါကျတော့ သူ လယ်ယာလုပ်ငန်း သူမလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တဲ့အခါကျတော့ ဘာလုပ်လဲ သူဟာ ထွန်လည်းမထွန်တော့ဘူး စပါးလည်း မစိုက်တော့ဘူး ထွန်လည်းမထွန် စပါးလည်းမစိုက်တော့ဘူး။

★ ထွန်ပြီးယက်ပြီးလို့ သိမ်းထားတဲ့စပါးတွေကိုပဲ သူဟာ ထိုင်ပြီးတော့စားတယ် ရောင်းပြစ်လိုက်တယ်။ ဂိုထောင်ထဲထည့်ထားတဲ့ဟာတွေ နောက်ထပ်ထပ်ပြီးတော့ ဂိုဒေါင်ကိုမဖြည့်တော့ဘူး။ ရှိပြီးသားစပါးတွေကို သူထုတ်ရောင်းတယ် သို့မဟုတ် စားပြစ်တယ်။ သို့မဟုတ် သူလုပ်ချင်သလို အဲဒီဂိုဒေါင်ထဲကဟာတွေကို ထုတ်ထုတ် ထုတ်ထုတ်ပြီးတော့ အသုံးချပလိုက်တယ်။

★ အသုံးချပစ်ပြီးတော့ နောက်ထပ်လဲ ထွန်တာ ယက်တာ စိုက်ပျိုးတာမလုပ်တော့ဘူး ဆိုလို့ရှိရင် အဲဒီလယ်သမားဟာ သူ့ကိုယ်သူသိသလားတဲ့။ ငါ စပါးဂိုဒေါင်ကြီးကို စပါးမဖြည့်တော့ဘူးဆိုတာ သူ့ကိုယ်သူသိသလားတဲ့။ စပါးဂိုဒေါင်ထဲက စပါးတွေ ထုတ်သုံး ထုတ်ရောင်း နောက်ထပ်လည်း မစိုက်တော့ဘူး မထည့်တော့ဘူးဆို စပါးဂိုဒေါင်ကြီးကို သူဖြည့်မယ် မဖြည့်တော့ဘူးဆိုတာကို မသိနိုင်ဘူးလားဆိုတော့ “အာမဘန္တေ ဇာနေယျ” အရှင်ဘုရားသိနိုင်တာပေါ့တဲ့။ ရှင်းရှင်းလေးရယ် ဒီဥပမာဟာနော်။ အရှင်ဘုရား သိနိုင်တာပေါ့တဲ့။

★ “ကထံ ဇာနေယျ” ဘယ်လိုလုပ်သိတုန်း။ သူဘယ်လိုလုပ်သိတာတုန်းလို့ ရှင်နာဂသေနက ထပ်မေးတယ် “ယော ဟေတု ယောပစ္စယော ဓညာဂါရဿ ပရိပူရဏာယ” စပါးဂိုဒေါင်ကြီးကို ထပ်ဖြည့်ဖို့ အကြောင်းတရားတွေကို သူမလုပ်တော့ဘူးတဲ့။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ စပါးစုဆောင်းခြင်းဆိုတဲ့ ဒီအလုပ်တွေ သူမလုပ်တော့ဘူး။ အကြောင်းတရားတွေကို သူမလုပ်တော့ဘူး။

★ အဲတော့မလုပ်တော့ အဲဒီစပါးဂိုဒေါင်ကြီးကို ဖြည့်တင်းဖို့ စပါးစိုက်ပျိုးတဲ့အလုပ်ကို မလုပ်တာကို လုပ်ခြင်းဆိုတဲ့အကြောင်းတရား ရပ်ဆိုင်းလိုက်တာကို သူသိတယ်တဲ့။ သိသောကြောင့် ငါ့စပါးဂိုဒေါင်ကြီးထဲတော့ စပါးမဖြည့်နိုင်တော့ဘူးဆိုတာလဲ သူသိတယ်တဲ့ အဲဒီနည်းနဲ့သိတာ။ ဆိုလိုတာက ဖြည့်စရာအကြောင်း မရှိတော့ဘူး။ ဖြည့်ဖို့မလုပ်တော့ဘူး မလုပ်တော့သည့်အတွက်ကြောင့် စပါးဂိုဒေါင်ကြီး မပြည့်တော့ဘူးဆိုတာကို သူသိတယ် အဲဒီလိုနည်းနဲ့သိတာလို့။

★ အဲဒီအတိုင်းပဲ နောင်ဘဝဖြစ်ဖို့ ထုတ်လုပ်တဲ့အကြောင်းတရားတွေ၊ ကံဆိုတဲ့ထုတ်လုပ်တဲ့အကြောင်းတရား နောင်ဘဝဖြစ်ဖို့ကိလေသာဆိုတဲ့ အထောက်အကူပြုတဲ့အကြောင်းတရားတွေ ဒီအကြောင်းတရားတွေရပ်စဲသွားပြီ နောင်ဘဝပြန်လည်မွေးဖွားဖို့ မွေးဖွားစေနိုင်တဲ့အကြောင်းတရားတွေ ရပ်စဲသွားပြီဆိုတာကို သိလိုက်တာနဲ့တပြိုင်နက် သူဟာ နောင်ဘဝမမွေးတော့ဘူးဆိုတာကို ယတိပြတ် သူဒီနည်းနဲ့သိတာပါလို့ ဒီလိုဖြေလိုက်တယ်။

★ အကြောင်းဖယ်လိုက်တဲ့အခါမှာ အကျိုးမလာဘူးဆိုတာ ဒါရှင်းရှင်းလင်းလင်းသိတယ်နော်။ အဲဒီလိုဖြေလိုက်တဲ့အခါကျတော့မှ မိလိန္ဒမင်းကြီးက “ကလ္လောသိဘန္တေ နာဂသေန” အရှင်ဘုရားဖြေတာ သင့်လျော်ပါတယ် သဘောပေါက်ပါပြီ ဒီလိုဆိုတယ်။ ဆိုလိုတာက အကြောင်းမရှိတော့ရင် အကျိုးကမလာဘူးဆိုတာနော်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

‘မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာအခြေအတင် ပြောဆိုချက်များ အပိုင်း(၇)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit ~

Featured

သန္ဒိဋ္ဌိကဓမ္မလမ်းစဉ် (၁၈)ချက်

” သန္ဒိဋ္ဌိကဓမ္မလမ်းစဉ် (၁၈)ချက် “


ဝေဘူဆရာတော်ကြီး

(၁)။ ဘုရားအဆုံးအမဖြစ်တဲ့ ပိဋိကတ်သုံးပုံ အကုန်လုံးဟာ* ဆင်းရဲမှုမှလွတ်ကင်းရာတစ်ခု* ဖြစ်သောနည်းတွေများသော်လည်း အားလုံးအတူတူဘဲ၊
အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး၊ အများကြီးထဲက ကြိုက်ရာတစ်ခုကို ဝီရိယမှန်မှန်နဲ့သန်သန်လုပ်ဖို့ အရေးကြီးတယ်။

(၂)။ စရဏ( အကျင့် ) နဲ့ ဝိဇ္ဇာ( အသိ )
တပြိုက်နက်ဖြစ်အောင် လုပ်ရတယ်၊ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါဘဲရှိတယ်။ ( အလုပ်လုပ်ရင်းရအောင်ရှုပါ )။

(၃)။ ဘုရားစကား၊
ဆရာ့စကား တစ်ထစ်ချ နာယူ၊
အရာရာ ရိုသေ၊ ကိုယ့်ကို နှိမ်ချ၊
ခန္တီနဲ့ မေတ္တာများများထားပြီးလုပ်ရတယ်။

(၄)။ * ဝိပဿနာတရား * ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းဖြစ်တယ်၊
ထင်ရှားရှိတဲ့တရားကို မြင်အောင် မရှုနိုင်ရင် ဝိပဿနာမဖြစ်ဘူး။

(၅)။ ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်၊
ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့
ရုပ် နာမ်တရားတွေဘဲဖြစ်တယ်။

(၆)။ ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်၊ နာမ်တရားတွေထဲမှာ လူတိုင်းနားလည် လွယ်ကူတာဟာ * အာနာပါန * ၀င်လေ ထွက်လေ ရှုမှတ်မှုဖြစ်တယ်။

(၇)။ * ထွက်လေ ၀င်လေ * ဆိုတာ အမိ၀မ်းမှာ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ် ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ်လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာဘဲ။

(၈)။ ထွက်လေ ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်းအမှတ်တမဲ့နေကြလို့ * သတိမမူ ဂူမမြင် * ဖြစ်နေကြတယ်။ * သတိမူရင် မြူကိုတောင်မြင်ရတယ် * ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။

(၉)။ * ကြည့် * ဆိုရာမှာ ဝိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်လေ ၀င်လေ ထိရာ နှာဖျားနှာ၀မှာ၀င်တိုင်း ထွက်တိုင်းရိပ်ရိပ် ရိပ်ရိပ်နဲ့ တထိထဲ ထိနေတာကို တသိထဲ သိနေအောင် တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။
အိမ်အမိုးကိုစပ်အောင် ထူထူမိုးမှ နေပူဒဏ်၊ မိုးရွာဒဏ်ကို ခံနိုင်တယ်။
( ၂၄ နာရီ အမြဲမပြတ် တစပ်တည်း ရပါစေ )

(၁၀)။ တစ်ရက် ၂၄ နာရီ တစပ်တည်းရလျှင် အလွန်သိသာပါတယ်။( နိသဇ် = လျောင်းစက်၍ မအိပ်သော၊ ဓုတင် = အကျင့်ကိုဆောင် ) ဘုရားဆုံးမတာ မှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာဖို့ချည်းပဲ။
ဘုရားလက်ထက်က နိသဇ်ဆောင်တဲ့ပုဂ္ဂိုလ်များ ပိုပြီးတော့တောင် အသက်ရှည်ကြ၊ ကျန်းမာကြတယ်။
အိပ်ချင်လို့ အိပ်ရင် တစ်သံသရာလုံး
နိုးတော့မှာ မဟုတ်ဘူး။
အိပ်ချင်ရင်မအိပ်ချင်တဲ့ နေရာရှိတယ်။
အဲဒီကို ရောက်အောင်သွား။

(၁၁)။ ထိတာကို သိနေရင် သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခိယတရား ၃၇ ပါး၊ ပိဋိကတ်သုံးပုံ အလုံးစုံတစ်ပြိုက်နက် ပါ၀င်ပြီးဖြစ်တယ်။

(၁၂)။ ထိတာဟာ ရုပ်သဘောဖြစ်တယ်။ သိတာဟာ နာမ်သဘောဖြစ်တယ်။

(၁၃)။ တရိပ်ရိပ်နဲ့ ထိတိုင်း၊ ပျောက်တိုင်း
( ရုပ် နာမ် ) ဖြစ်မှု ပျက်မှုတွေ ဖြစ်ပျက်ပြီးနေခြင်းဖြစ်တယ်။

(၁၄)။ တရိပ်ရိပ်နဲ့ နှာဖျား၀မှာ ထိလိုက်၊ ပျောက်လိုက်နေတာတွေကိုသာ တစ်ဆက်တည်း သိမြင်အောင် ကြည့်ရှုနေရင် ကြာရင် ဝိပဿနာ သမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာတဲ့အခါနှာဖျား၊ နှာ၀တွင်သာမက ခန္ဓာကိုယ်မှာလည်း အလိုလိုတရိပ်ရိပ်၊ တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ရမယ်။

(၁၅)။ တစ်ကိုယ်လုံး တရိပ်ရိပ်၊ တရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ ( အနိစ္စကို ကောင်းစွာမြင်သာသောကြောင့် ) ဒုက္ခနဲ့ အနတ္တဟာ အလိုလိုထင်မြင်လာလိမ့်မယ်။ ပါးစပ်ကဆိုနေဖို့ မလိုဘူး။ ဝိပဿနာအလုပ်ဟာ ထိမှုကို ကြည့်နေသိနေရုံသာ ဖြစ်တယ်။ ကြည့်ရှုနေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက် တစ်နေ့ တိုးပြီး တိုးပြီး သိလာလိမ့်မယ်။

(၁၆)။ အဲဒီလို တရိပ်ရိပ်နဲ့ သိမှု၊ သိမှုတို့ကို ကြည့်ရှုနေရင်းမဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လို သိသာသလဲဆိုတော့

  • ရေငတ်၍ နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ * ဖြစ်သွားတော့တယ်။
    သူများ မေးစရာမလို ကိုယ်တိုင်သိမယ်
    ( သန္ဒိဋ္ဌိကော )။
    ( သန္ဒိဋ္ဌိကော – ချမ်းသာအစစ်ကို ကိုယ်တိုင်လက်ငင်း တွေ့နေရတယ်။ )

(၁၇)။ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို ရပြီး၊ ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ဝိပဿနာလမ်းကို ပြန်ကြည့်ရတယ်။ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့ တူတယ်။

(၁၈)။ ယုံယုံကြည်ကြည် လုံ့လ ဝီရိယရှိရှိနဲ့ ထိမှု၊ သိမှုတို့ကိုသာ တစ်ဆက်တည်းဖြစ်အောင် ကြည့်ရှုနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့။
အခုလုပ်၊ အခုမီးငြိမ်း၊
အခုချက်ချင်းပဲ ချမ်းသာတယ်။
( အကာလိကော )
(အကာလိကော – ကာလမခြားအကျိုးရှိတယ်။)

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး

ပြန်လည်မျှဝေပူဇော်ပါသည်

Featured

အကောက်တောင် သမိုင်း

အကောက်တောင် သမိုင်း


(သမိုင်းမှာမှားနေတာက Location ပါ အမှန်က ကြံခင်းမြို့နယ်မှာဖြစ်ပါတယ် မြေပုံကိုကြည့်ရင်သိနိုင်ပါတယ်
နောင်လာနောက်သားတွေ သမိုင်းအမှန်သိစေချင်တဲ့ ရည်ရွယ်ရင်းဖြစ်ပါတယ်)

အကောက်တောင်၏ သမိုင်း ကြောင်း ရဲ့အစကို ပြောရမယ်ဆိုရင်

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်စု ၊ ပန်းတောင်းမြို့နယ်အတွင်း ထုံးဘိုမြို့အနီးတွင် တည်ရှိပါတယ်။
သမိုင်းကြောင်းအစ…အကောက်တောင် သမိုင်း အဆိုအရ အကောက်တောင် ကို ရှေးအခါက “ရတနာပုဉ္စတောင်တော်မြတ်”ဟုခေါ်ဆိုကြောင်း သိရပါတယ်။
အကောက်တောင်သမိုင်း အကြောင်း ကို ရှာဖွေလေ့လာမူများအရ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ကျော်က ထုံးဘိုမြို့တည်ရှိရာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းခြေတွင်သီရိဘင်္ဂလွန်အမည်ရှိသော မြို့ကြီးတစ်မြို့ရှိခဲ့ပါတယ်။ ထိုမြို့တွင် သီရိဘင်္ဂလွန် မင်းကြီး ထီးနန်း စိုးစံခဲ့သည်ဟု သိရှိရပါတယ်။
သီရိဘင်္ဂလွန်မင်းကြီး ၏ တော်နန်းစံမိဖုရားမှ သားတော်(၃)ပါး ထွန်းကားခဲ့ပါတယ်။ သားတော်ကြီးမှာ “မဟာပုဉ္စမင်းသား” ၊ သားတော်လတ်မှာ “စူဠပုဉ္စမင်းသား” နှင့် သားတော်ငယ်မှာ “သံပုဉ္စမင်းသား”ဟူ၍ သိရှိရပါတယ်။ မင်းကြီးသည် သားတော်ကြီး “မဟာပုဉ္စမင်းသား”ကို အိမ်ရှေ့ မင်းသား ရားထူး ပေးသနားပြီး သိဒ္ဓ္ဓဝနမြင်းကို ပေးတော်မူ၏။ မြတ်စွာဘုရား ၏ သရီယဓါတ်တော်(၃)ဆူကို သိရီဘင်္ဂလွန်မင်းကြီး ကိုးကွယ်ရန်ဟူ၍ ထူဆန်းစွာ ဆက်သရောက်ရှိလာသောအခါတွင် သားတော်(၃)ပါးတို့ကို တစ်ဆူစီပေးအပ်၍ အကောက်တောင်ပေါ်တွင် စေတီသုံးဆူ တည်စေတယ်။ ထိုအခါ တောင်တော်ေါ်တွင်ရှိနေသော ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီတို့သည် မင်းသား(၃)ပါးဘုရားတည်ရန် လိုအပ်သော ရွှေငွေ ရတနာ များကို ပြည့်စုံလု့လောက်အောင် ပြုပြင်စီမံ ဖန်တီးပေးကြပါတယ်။ သားတော်ကြီး “မဟာပုဉ္စ” မင်းသားသည် ရွှေ ၊ငွေ ၊ ရတနာ တို့ကို “သိဒ္ဇ္ဓ္ဓဝ”နတ်မြင်းနှင့် တင်၍ ရတနာ များကို ဌာပနာကာ တောင်စွန်းတွင် စေတီတည်ထားသောကြောင့် “ရတနာပုဉ္စစေတီ” ဟု ဘွဲ့တော်ချီခဲ့ပါတယ်။ ရတနာ ပစ္စည်းများကို သိဒ္ဓဝနတ်မြင်းဖြင့် တင်ဆောင်ယူခဲ့ပြီး ဌာပနာသည်ကို အကြောင်းပြု၍ ရွှေမြင်းတင ်စေတီတော် ဟုလည်း ခေါ်ဆိုကြပါတယ်။
သားတော်လတ် “စူဠပဉ္စမင်းသား” သည် “ရတနာပုဉ္စစေတီ” မှ တောင်ဘက်တစ်ဖာလုံခန့်အကွာ တောင်စွန်းပေါ်တွင် ဌာပနာပစ္စည်းများကို ရထား နှင့် သယ်ဆောင်ယူကာ စေတီတည်ထားသဖြင့် “ရထာပုဉ္စစေတီ” ဟူသော ဘွဲ့တော်ချီခဲ့သည်။ သားတော်အငယ်ဆုံး “သံပုဉ္စမင်းသား” သည် “ရတနာပုဉ္စစေတီ” မှ မြောက်ဘက်တစ်ဖာလုံခန့်အကွာ တောင်စွန်းပေါ်တွင် ဌာပနာ ပစ္စည်းမ ျားကို လှည်းဖြင့် တင်ဆောင်ယူကာ စေတီ တည်ထားသဖြင့် “သက္ကဋာပုဉ္စစေတီ”ဟု ဘွဲ့တော်ချီသည်၊၊
ယခုအခါ ရွှေလှည်းတင စေတီ ဟု ခေါ်ဆိုကြပါတယ်။ ယခင်က စေတီတော် (၃) ဆူလုံးမှာ သပ္ပါယ်စွာ စံပယ်ခဲ့ကြသော်လည်း ညီတော်နှစ်ပါး၏ စေတီ နှစ်ဆူကို မသူတော်သိုက်ဆရာများ သိုက်တူးယူခြင်းကြောင့် ပြိုကျပျက်စီးခဲ့ရပါတယ်။ ပြီးတော့ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင်လာခဲ့သော
နောင်တော်ကြီး၏ ရွှေမြင်းတင်စေတီတော်သာ ကျန်ရှိနေပါတော့တယ်။
တဖန် “အကောက်တောင်” ဟူသော အမည်ပေးထားရခြင်းမှာ စာတမ်းရှင် လေ့လာတွေ့ရှိချက်အရ အကြောင်းအရာ (၂)ရပ်ရှိပါတယ် ။ပထမအကြောင်းအရင်းမှာကုန်းဘောင်ခေတ်နှောင်းပိုင်းကာလတွင် မင်းတုန်မင်းတရားကြီးလက်ထက်တွင် မြို့ဝန် “ဦးကောက်ရ” အား “ရတနာပုဉ္စတောင်ခြေ” ကို အခြေပြု၍ ရေလမ်းခရီး ၊ အစုန် ၊အဆန် သမ္ဗာန်၊ သဘော ၤများကို အခွန်ကောက်ခံ၍ နေပြည်တော်သို့ ဆက်သရန် အမိန့်တော်မှတ် တာဝန်ပေးအပ်ခဲ့ပါတယ်။
မြို့ဝန် “ဦးကောက်ရ”သည် တောင်စွန်းအခြေမှ အကောက်ရုံး ဆောက်လုပ်၍ အခွန် ကောက်ခံသည်မှစ၍ “ရတနာပုဉ္စတောင်ကို “အကောက်တောင်” ဟု ခေါ်စမှတ်ပြုကြောင်း တွေ့ရှိရပါတယ်။ ဒုတိယအချက်မှာ မြတ်စွာဘုရားကျီးမင်း ဖြစ်စဉ်အခါက ၎င်းတောင်ပေါ်ရှိ သစ်သီးသစ်ဥများ ၊ ကောက်ပဲသီးနှံများသည် ချိုမြိန်လှသောကြောင့် ကျီးတောင်ထိပ်မှ ပျံသန်းပြီး ၊ အစာကောက်ယူသောကြောင့် အစာကောက်တောင်(သို့) အကောက်တောင် ဟု ခေါ်စမှတ်ပြုကြောင်း လေ့လာတွေ့ရှိရပါတယ် ။
နောက်ဆုံး “အကောက်တောင်” သမိုင်းကြောင်း ၏ လေ့လာတွေ့ရှိချက်များအရ အကောက်တောင်မှာ ဗုဒ္ဓဆင်းတုတော်များလဲ ရှိပါတယ်။ အကောက်တောင်ရှိ ဗုဒ္ဓ ဆင်းတုတော် ပေါင်း (၃၇၀)ခန့်ကို ဖူးမျှော်တွေ့ရှိနိုင်ပါတယ်။ ဆင်းတု တော ်အားလုံးဟာ ကျောက်သားနံရံပေါ်တွင် ထွင်းထုထားသော ကျောက်ဆစ်လက်ရာများ ဖြစ်ပါတယ်။ ဆင်းတုတော် များတွင် ထိုင်တော်မူ ဆင်းတု (၂၄၆)ဆူ၊ ရပ်တော်မူဆင်းတု (၁၀၉)ဆူနှင့် လျောင်းတော်မူဆင်းတု(၁၅) ဆူခန့်ကို တွေ့ရှိရပါတယ် ။

READ ဘာမီယန် ဗုဒ္ဓဆင်းတုတော်ကြီးများ ပြန်လည်တည်ထားရေး

Credit : MTT

(စိရံ ~ တိဋ္ဌတု ~ သဒ္ဓမော)
သမ္မတီတိ~ သမိုင်း။ ။ ပါရောဏေဟိ။ရှေးကတတ်သိ။ပညာရှိတို့သည်။ယံဝစန။ံ အကြင်~စကားကို။သမ္မတိ။
ပြောဆိုသမုတ်အပ်၏။ဣတိတသ္မာ။ထို့ကြောင့်။တံဝစနံ။ထိုစကားသည်။သမိုင်း။သမိုင်းမည်၏။ဤကဲ့သို့ ရှေးရှေးက
တတ်သိသော ပညာရှိအပေါင်းတို့၊ကောင်းစွာပြောဆိုသမုတ်အပ်သောစကားအစဉ်သည်သမိုင်းဟုတွင်လေ၏။
ထိုသမိုင်းစကားကို~အတည်စွဲမှတ်၍ မကဲ့ရဲ့အပ်။
သို့အတွက် အကောက်တောင် သမိုင်းစကားကိုထင်ရှားအောင်ရေးပါအံ့။

မြန်မာပြည် အလည်ပိုင်းရှိ ဟင်္သာတမြို့/ခရိုင်၊မြောက်ဘက်နယ်အဆုံး။ပြည်မြို့ ခရိုင် တောင်ဘက်နယ်အဆုံး။။နှစ်နယ်စပ်ကြား ဧရာဝတီမြစ်ကမ်းထိပ်၌။ညို့ညို့ မှိုင်းမှိုင်း။ပင်းကိုင်း ပင်စောက်။
ပိတောက်ရွှေဝါ။မာလာဖူးငုံ။
ပန်းမျိူးစုံရောယှက်၍၊နှစ်သက် ကြည်နူးစရာ အလွန်ကောင်းသော ဤအကောက်တောင်ကြီးသည် ထင်ရှားစွာ တည်ရှိပါ၏။
ထိုတောင်ကြီး၏အနောက်ဘက်၌၊အလယ်အလပ်တောင်ဖြင့်
တောင်လပ်ဟုခေါ်ပါသည်။
တဖန် ထိုတောင်၏အနောက်
ဘက်၌ငယ်သောတောင်ဖြစ်၍ တောင်ငယ်ဟုခေါ်ပါသည်။

Credit မြန်မာပြည်၏ဘုရားစေတီပုထိုးတော်များသမိုင်း


အကောက်တောင်သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ အဆုံးနှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် သောကြာဒူး ကျေးရွာအုပ်စု၌ တည်ရှိပြီး ဧရာဝတီမြစ်ကမ်းပါးယံရှိ ကျောက်သားနံရံများတွင် ရေးထွင်းထားသော ရှေးဟောင်းဘုရားဆင်းတုများ အမြောက်အမြားရှိသည့်အတွက် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များသာမက နိုင်ငံခြားသားခရီးသွားများလည်း လာရောက်လည်ပတ်ဖူးမြော်ကြသည်။ ရှေးအခါက ဤနေရာသည် လှေသင်္ဘောများကို အခွန်ကောက်ယူရာ နေရာဖြစ်ခဲ့သောကြောင့် လှေဖြင့်ပါလာကြသော ကျောက်ဆစ်ပညာရှင်များက ကျောက်တောင်ကမ်းပါးယံကြီးများကို ထွင်းထု၍ နှောင်းလူတို့ ပူဇော်နိုင်ရန် မိမိတို့တတ်မြောက်ထားသည့်ပညာဖြင့် လုပ်အားဒါနပြုခဲ့ကြခြင်းဖြစ်သည်။ အကောက်တောင်တွင် ဗုဒ္ဓဆင်းတုတော်ပေါင်း (၃၇ဝ) ခန့်ကိုဖူးမြော်တွေ့ရှိနိုင်ပြီး ဆင်းတုတော်အားလုံးသည် ကျောက်သား နံရံပေါ်တွင် ထွင်းထုထားသော ကျောက်ဆစ်လက်ရာများဖြစ်ပြီး ထိုင်တော်မူ ဆင်းတုတော် (၂၄၆) ဆူ၊ ရပ်တော်မူဆင်းတု (၁ဝ၉) ဆူနှင့် လျောင်းတော်မူဆင်းတုတော် (၁၅) ဆူခန့် ရှိသည်။ ရုပ်ပွားတော်များ၏ လက်ရာများမှာ ကုန်းဘောင်ခေတ်လက်ရာများဖြစ်ပြီး အင်းဝခေတ်လက်ရာအချို့လည်း ပါဝင်သည်ဟု သုတေသီများက ခန့်မှန်းကြသည်။
Credit to Internet

crazy

Featured

ရင့်ကျက်ခြင်း

ရင့်ကျက်ခြင်း


လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး

တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ

ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး
“ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ”တဲ့

ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်

ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ

အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ်
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်

ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ

ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်

ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ

ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက

မယုံမရှိပါနဲ့

တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

“ဒါဆို သင် ရင့်ကျက်လာပြီ”

ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်

လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

အရှုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ

အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပါပြီ။

ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်

နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့၊
မျှဝေဖို့၊
စတဲ့ တိကၱဲ့
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။

ဒါဆို သင် ရင့်ကျက်လာပြီ။

၀မ်းနည်း နေပေမယ့် ပြုံးနေမိတယ်

ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ ပါ တယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်

ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်

နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်

ဒါဆို ရင့်ကျက်လာပြီ။

ဘယ်အချိန်မှာ ပြောရမယ်၊

ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး

ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ

ဒါဆို ရင့်ကျက်လာပြီ။

အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး

ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

ဆရာကြီးဦးအောင်သင်းအား
အစဉ်လေးစားလျက် ။

credit

Featured

လိုချင်မက်မောနေတဲ့ သူဟာ တကယ်အကျိုးရှိတာကို မသိနိုင်ဘူး။

<^>#လိုချင်မက်မောနေတဲ့သူဟာ

အမှန်တရားကို_မမြင်နိုင်ဘူး။

••••••••••••••••••••••••••••••••

လိုချင်မက်မောနေတဲ့ သူဟာ
တကယ်အကျိုးရှိတာကို မသိနိုင်ဘူး။

လိုချင်မက်မောနေတဲ့ သူဟာ
အမှန်တရားကို မမြင်နိုင်ဘူး။

လိုချင်မက်မောမှု ဖြစ်လာတာနဲ့
အဲ့ဒီလူဟာ အမိုက်တိုက်ကြီး
အလွှမ်းခံရသလို ဖြစ်သွားတာပဲ။

မှန်လိုက်တာ .. လိုချင်လာပြီဆိုရင်
အကျိုးရှိတာတွေ အကျိုးမရှိတာတွေ
ဘာမှ မသိနိုင်တော့ဘူး။

တရားတာတွေ မတရားတာတွေ
ဘာမှမမြင်နိုင်တော့ဘူး။

လိုချင်နေတဲ့ အခိုက်အတန့်မှာတော့
သူ့ရဲ့ဉာဏ်ဟာ ကန်းသွားပြီ။ အမိုက်
မှောင်ကြီး ဖုံးသွားပြီ။

မိုက်သွားတယ် မှောင်သွားတယ်
ဆိုတော့ ဘယ်မြင်တော့မလဲ။
ဘယ်သိတော့မလဲ။

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ
Parallel
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

ကောင်းကျိူးလိုရာပြည့်ကြပါစေ

Featured

မေတ္တာဆိုတာ “ရန်မရှိတာ” 🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မေတ္တာဆိုတာ “ရန်မရှိတာ”
🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မေတ္တာဆိုတာ “အဝေရ” ရန်မရှိဘူးတဲ့။
ရန်မရှိဘူးဆိုလို့ တချို့က ထင်ကောင်းထင်လိမ့်မယ်။
ကိုယ်ကတော့ မေတ္တာပို့တာပဲ။
ကိုယ့်ကိုလာပြီး ရန်လုပ် တဲ့သူတွေ ရှိနေတာပဲလို့။
မြတ်စွာဘုရားတောင်မှ မေတ္တာပွားတာ
သတ္တဝါတွေအားလုံးအပေါ်မှာ နော်။
ဒါတောင်မှ ဒေဝဒတ်ကြီးက လာပြီးတော့
ရန်လုပ်သေးတာပဲ၊ ရှိတာပေါ့ နော်။
အဲဒီတော့ ရန်ဆိုတဲ့နေရာမှာ ဘာကိုဆိုလိုတာ
လဲဆိုတာ အဓိကအားဖြင့် “ပုဂ္ဂလဝေရ” နဲ့
“အကုသလဝေရ”။

ပုဂ္ဂလဝေရ ဆိုတာ ပုဂ္ဂိုလ်ရန်သူ။
အကုသလဝေရ က အကုသိုလ်ဆိုတဲ့
စိတ်ထဲကရန်သူ။
သြော် -မေတ္တာဆိုတဲ့နေရာမှာ ဒေါသဆိုတဲ့
ရန် မရှိဘူး။ မေတ္တာ ရှိသွားတဲ့အတွက်
ဒေါသဆိုတဲ့ရန် မရှိတော့ဘူးလို့ဆိုတာ
“အဝေရ” ရန်ကင်း သွားတာ။
မေတ္တာထားလိုက်ရင် လူက အဆင့်မြင့်သွား
ပြီ။ မေတ္တာမထားနိုင် ရင်တော့ လူက နိမ့်ကျ
သွားတာပဲ။

ဟော-သူကဆဲလို့ ကိုယ်က ပြန်ဆဲရင်
နှစ်ယောက်စလုံး “လူမိုက်” ဖြစ်သွား ပြီနော်။
မေတ္တာထားလိုက်လို့ရှိရင် နံပါတ် (၁) က
ကန့်သတ်လို့ မရဘူးနော်။
မေတ္တာဆိုတာ အကန့်အသတ်မထားရဘူး။

တချို့ကဆိုသေးတယ်၊ သတ္တဝါတွေ
ကျန်းမာကြပါစေ၊ ခြင်တို့၊ ကြမ်းပိုး တို့မပါ
ဆိုတာလေ။
ဒါမျိုးမေတ္တာကို ဒီပုဂ္ဂိုလ်မှာထားမယ်၊
တခြားပုဂ္ဂိုလ်မှာ မထားဘူးဆိုပြီး အဲဒီလို
မဖြစ်စေရဘူး။
အားလုံးကို ခြုံငုံပြီး မေတ္တာပွားရမှာဖြစ်လို့
“အပ္ပမာဏ” တဲ့ အတိုင်းအတာ အကန့်
အသတ်မရှိဘူး။ အစဉ်ထာဝရ မေတ္တာ ထား
ရမယ်။
သတ္တဝါတွေ အားလုံးအပေါ်မှာ ဖြန့်ကျက်တဲ့ေ
မေတ္တာနဲ့ နေနိုင်ထားနိုင် အောင် ကြိုးစားပါ
တဲ့

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာလဘိဝံသ

Posted_by_Words_of_Buddha

[ မေတ္တာနှလုံး အစဥ်သုံး တရားတော်မှ]

Word of Buddha မှ တင်သမျှသော
တရားတော်များအား မည်သူမဆို
ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွာ
ကူးယူမျှဝေနိုင်ပါသည်။
ကျန်းမာချမ်းသာကြပါစေ။
🙏🙏🙏🙏🙏

Featured

ဆုကိုဘာကြောင့်တောင်းကြတာလဲ?” ဆိုတဲ့မေးခွန်း

“#ဆုကိုဘာကြောင့်တောင်းကြတာလဲ?” ဆိုတဲ့မေးခွန်း ———————————————-

လူငယ်လေးတစ်ယောက်က လာမေးသွားတယ်။
“ဆုကို ဘုရားမှာ ဘာကြောင့်တောင်းရတာလဲ”တဲ့။
သူသိချင်တာက ဘုရားမှာပဲ ဆုတောင်း၇တာလား
ဒီပြင်အခြားနေရာမှာကော ဆုတောင်းလို့ မရဘူးလား။
ဆုက မတောင်းပဲကော မရဘူးလားလို့ မေးချင်တာကို
မမေးတတ်တော့ သူမေးတတ်သလို မေးသွားခဲ့တာပါ။

★ “အကြင်ပုဂ္ဂိုလ်သည် အခြေခံလိုအပ်ချက်ဖြစ်တဲ့
ကုသိုလ်ကောင်းမှုတို့ကိုကား ပြုလုပ်၏။ သို့သော်ကား
ထိုသူသည် ဆုတောင်းခြင်းအမှုကိုကား မပြုလုပ်။
ထိုသူ၏ လားရောက်ရာ ဘုံဘ၀ဂတိသည် မသေချာ”လို့
ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့ပါတယ်။

ဘုရားရှင်က “ကောင်ကင်သို့ ပစ်လွှတ်အပ်သော တုတ်သည်
မြေပြင်ပေါ်သို့ အဖျားဖြင့် ကျရောက်မည်လား
အရင်းဖြင့်ကျရောက်မည်လား အလယ်သားဖြင့်
ကျရောက်မည်လားဆိုတာ မသေချာသကဲ့သို့
ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ ဆုမတောင်းသောသူ၏
လားရောက်ဂတိသည်လည်း မသေချာမရေရာ”
ဥပမာလေးနဲ့လဲ ဟောကြားတော်မူခဲ့ပါသေးတယ်။

★ဦးဇင်းတို့ ဇာတိရပ်ရွာဘက်မှာက လုပ်အားခကို
အလုပ်သမားက တောင်းတဲ့အရာကို ပေးကြပါတယ်။
ရန်ကုန်မှာလို ပိုက်ဆံတစ်ခုကိုပဲ လုပ်အားခပေးတာမဟုတ်ပါဘူး။
ဆိုပါတော့ ဦးဇင်းက အလုပ်သမား တစ်ယောက်ကို ငှါးလိုက်တယ်။
အလုပ်ပြီးတဲ့အခါမှာ “ဒကာရေ မင်းလုပ်အားခကို ဆန်ယူမလား
ဆီယူမလား ပဲယူမလား စပါးယူမလား မြေပဲတောင့်ယူမလား
ပြောင်းဖူးဆန်မလား ပိုက်ဆံပဲယူမလား”လို့ မေးရပါတယ်။
ဒီအခါမှာသူက သူလိုချင်တဲ့အရာကို တောင်းပါတယ်။
သူက ဆန်ယူမယ်ဆိုရင်လဲ ဦးဇင်းက ဆန်ပေးလိုက်ရုံပဲပေါ့။

★ သူက“ ကြိုက်တာပေးပါလို့ပြောရင်ပဲဖြစ်ဖြစ် ဘာယူရမှန်းမသိလို့
မပြောတတ်ဘူးပဲဖြစ်ဖြစ်” အဲဒီလိုအခါမျိုးကြတော့ ဦးဇင်းက
ဦးဇင်းအဆင်ပြေသာလေး ထည့်ပေးလိုက်တယ်။
ဥိးဇင်းထည့်ပေးလိုက်တာဟာ သူ့အတွက်
အသုံးကျချင်လဲ ကျမယ် မကျချင်လဲ မကျဘူး။
ဒါပေမယ့် ဥိးဇင်းပေးတာပဲ သူယူသွားရတော့တယ်။
ဒီလိုမျိုး ဦးဇင်းပေးတာကို မယူချင်ရင် အစကထဲက
ဘာယူမှာလဲ မေးနေကထဲက လိုချင်တာကို
ယူချင်တာကို ပြောပေါ့။ သူမပြောတော့ ကိုယ်လဲ
အဆင်ပြေတာပဲ ပေးလိုက်ရတော့တာပေါ့။

★ ကုသိုလ်တွေ လုပ်ထားရင် လိုချင်တာကို ရနိုင်တယ်လို့
ကိုယ်က သိထားတယ်။ ဒါပေမယ့် ကုသိုလ်တွေလုပ်ပြီးတော့
လိုချင်တာ ရချင်တာကို မတောင်းဘူးဆိုရင် ကုသိုလ်ကံက
သူပေးချင်တဲ့အရာကို ပေးလိုက်မှာပဲ။ သူကတော့
ကောင်းမယ်ထင်တာကို ပေးလိုက်တာဖြစ်ချင်ဖြစ်မှာပေါ့။
ဒါပေမယ့် ကောင်းတာတိုင်းကို ကိုယ်က ကြိုက်ချင်မှကြိုက်မှာလေ။
ဒီလိုမဖြစ်ချင်ရင်တော့ ဆုတောင်းပေါ့။

ဆုက မတောင်းပဲမရဘူးလားဆိုတဲ့ မေးခွန်းကို
ဖြေ၇မယ်ဆို၇င် မတောင်းပဲ ရတော့ရတယ်။ ဒါပေမယ့်
ရတဲ့ဆုဟာ ကိုယ်လိုချင်တာတော့ ဖြစ်ချင်မှဖြစ်မယ်။
ဆုတောင်းပြည့်တယ်ဆိုတာ ကိုယ်လုပ်ထားတဲ့
လုပ်အားခက ထိုက်တန်စွာရရှိတာပဲဖြစ်တယ်။
ဘာမှ မလုပ်ပဲ အချောင်ရရှိတဲ့အရာမဟုတ်ဘူး။

★ ဒီလောက်ဆိုရင် ဆုကိုဘာ့အတွက်ကြောင့် တောင်းရတယ်
ဆုက မတောင်းပဲမရဘူးလားဆိုတာနဲ့ ပတ်သက်လို့
ရှင်းသွားလောက်ပြီလို့ ယူဆတယ်။ ဒါကြောင့်
အခုဆက်ပြောချင်တာက ဆုကို ဘုရားမှာပဲ
တောင်းရတာလားဆိုတာနဲ့ ပတ်သက်လို့ ပြောချင်တယ်။

ဆုကို ဘုရားမှာမှမဟုတ်ဘူး။ ဘယ်မှာမဆိုတောင်းလို့၇တယ်။
ဒါပေမယ့် အဲဒီလူဟာ ကိုယ်အမှန်တကယ် လေးစားတဲ့သူ
ဖြစ်ဖို့တော့ လိုအပ်တယ်။ လူဆိုတာ ကိုယ်လေးစားတဲ့သူကို
ပေးထားတဲ့ကတိနဲ့ ကိုယ်မလေးစားတဲ့သူကို ပေးထားတဲ့ကတိ
သာမာန်လူတစ်ယောက်ကို ပေးထားတဲ့ကတိသုံးမျိုးထဲက
ဘယ့်သူ့ကို ပေးထားတဲ့ကတိကို ပိုပြီးတော့
တည်အောင်ကြိုးစားမလဲ။ သေချာစဉ်းစားကြည့်ပါ။

★ တကယ်တော့ ဆုတောင်းတယ်ဆိုတာက ကတိပေးလိုက်တာပဲ။
ကျွန်တော်ဟာ ဒီလိုဖြစ်ချင်ပါတယ်။ ဒီလိုဖြစ်အောင်လို့
ဒီလိုဖြစ်အောင်လုပ်ရတဲ့ အလုပ်တွေကို ကြိုးကြိုးစားစား
လုပ်ပါ့မယ်လို့ ကတိပေးလိုက်တာပဲ။ ထေရဝါဒဗုဒ္ဓဘာသာရဲ့
ဆုတောင်းတယ်ဆိုတဲ့ကိစ္စဟာ တန်ရာတန်ကြေးကို ပေး၀ယ်တာပဲ။
သူများဆီကနေ လက်ဖြန့်ခံပြီးတော့ အချောင်
အလကား တောင်းယူနေတာမဟုတ်ဘူး။

စိတ်ဓာတ်ခိုင်မာတဲ့သူများ ကိုယ့်ကိုယုံကြည်မှုရှိတဲ့သူများကတော့
ဘယ်သူ့ကိုမှ ကတိမပေးဘူး။ ကတိပေးနေစရာမလိုဘူး။
ကိုယ်စိတ်ထဲကဖြစ်ချင်တာကို ဖြစ်အောင်
ကိုယ့်ဘာသာ မှန်မှန်လုပ်သွားကြတာပဲ။

★ အလောင်းတော်သုမေဓာရှင်၇သေ့ဟာ
ဒီပင်္ကရာမြတ်စွာဘုရားဆီမှာ တပည့်တော်
ဘုရားဖြစ်ရပါလို၏လို့ ပါးစပ်ကနေ
ထုတ်ပြီးတော့ ဆုတောင်းခဲ့တာမဟုတ်ဘူး။
ငါလဲ သူ့လိုမျိုး လောကအကျိုးသယ်ပိုးဆောင်ရွက်နိုင်တဲ့
ဘုရားဖြစ်အောင်လုပ်မယ်လို့ စိတ်ထဲကနေ
ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ဒါကို ဗုဒ္ဓ၀င်ကျမ်းပြု
ဆရာတွေက ဆုတောင်းတယ်လို့ ပြောခဲ့ကြတာဖြစ်တယ်။

ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်လေးစားပြိးတော့ ဆုံးဖြတ်ချက်အတိုင်း
ဖြစ်အောင်လုပ်နိုင်တဲ့သူတွေက သူတစ်ပါးကို ပါးစပ်ကနေ
ထုတ်ပြီးတော့ ကတိပေးနေစရာ သို့ ဆုတောင်းနေစရာမလိုဘူး။
ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်လေးစားဖို့ မသေချာဘူး။
ဆုံးဖြတ်ချက်အတိုင်း ဖြစ်အောင်လုပ်ဖို့ မသေချာဘူးဆိုရင်တော့
ကိုယ်အမှန်တကယ်လေးစား၇တဲ့သူကို ကတိပေးတာ
သို့ ဆုတောင်းတာဟာ လုပ်သင့်တယ်။

★ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုလေးစားတဲ့စိတ်ကြောင့်
မဖြစ်ဖြစ်အောင် လုပ်သွားနိုင်ခြင်းဆိုတဲ့
အကျိုးကျေးဇူးကို ရရှိခံစားနိုင်လို့ပါ။
ဒါဆိုရင် ဆုက ဘုရားမှာပဲ တောင်းရတာလားဆိုတဲ့
မေးခွန်းနဲ့ ပတ်သက်လို့လဲ ၇ှင်းသွားလောက်ပြီလို့ ထင်ပါတယ်။
“ဆုတော့တောင်းပါရဲ့ အဲဒီဆုတောင်းပြည့်ဖို့အတွက်
ထိုက်တန်တဲ့အလုပ်ကို မလုပ်ဘူးဆိုရင်
ဆုတောင်းမပြည့်ဘူး”လို့ ဘုရားရှင်က
အတိအလင်း ဟောကြားခဲ့ပြီးပြီဖြစ်တယ်။

ဆုတောင်းတယ်ဆိုတာဟာ ကိုယ်လိုချင်တဲ့အရာကို
ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာပဲဖြစ်တယ်။
ပြီးတော့ အဲဒီအရာကို ရဖို့အတွက်
သူနဲ့ထိုက်တန်တဲ့ အလုပ်ကို လုပ်ရမယ်။

★ ဒါကြောင့် အနှစ်ချုပ်လိုက်ရင်
ဆုက တောင်းကို တောင်းရမှာပါ။
ဆုမတောင်းတဲ့သူဟာ တော်တော်ကြီးကို
မိုက်မဲတဲ့သူပဲလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့
လူဆိုတာ ကိုယ်လိုချင်တဲ့အရာဟာ ဘာဖြစ်တယ်ဆိုတဲ့
ဆုံးဖြတ်ချက်တစ်ခုလောက်တော့ ချမှတ်သင့်တာပေါ့။
ဆုံးဖြတ်ချက်တော့ ချမှတ်ပါရဲ့။
အဲဒီဆုံးဖြတ်ချက်ကို ဖြစ်အောင်မလုပ်နိုင်ရင်တော့
ဆုတော့တောင်းပါရဲ့ ဆုတောင်းပြည့်အောင်
မလုပ်နိုင်ဘူးဆိုရင်တော့ ကိုယ့်ကို ငါဟာဘာလဲ
ဘာဖြစ်နေလဲ ဘယ်လိုလူလဲဆိုတာ
သေချာပြန်လည်သုံးသပ်သင့်တယ်။

(တော်၀င်နွယ်)
(မည်သည့်ပို့စ်ကိုမဆို လွတ်လပ်စွာ ကူးယူ မျှဝေ
ထပ်ဆင့် ဓမ္မဒါန ပြုနိုင်ပါသည်။)
Click here if you love to read more Dhamma quotes-
နှလုံးသားအာဟာရ (www.facebook.com/heartarharya)
ပြန်လည်မျှဝေပူဇော်ပါသည် ။

မေတ္တာဖြင့် – သစ္စာ၏ သစ္စာ

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

မေတ္တာမပို့ ကမ္မဋ္ဌာန်းမတောင်းဘဲ တရားထိုင်လို့ရပါသလား?

မေတ္တာမပို့ ကမ္မဋ္ဌာန်းမတောင်းဘဲ တရားထိုင်လို့ရပါသလား?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(ဓမ္မအမေးအဖြေ)

👱‍♀️ မေး။ ။ အရှင်ဘုရားတရားထိုင်ရာမှာ (၁) သီလယူပြီး (၂) နတ်အပေါင်းကို မေတ္တာပို့ (၃) ကမ္မဋ္ဌာန်းတောင်းပြီးမှ ထိုင်လို့ရပါသလား ဘုရား? သီလယူပြီး နတ်အပေါင်း မေတ္တာမပို့ ကမ္မဋ္ဌာန်းမတောင်းဘဲ တရားထိုင်လို့ရပါသလားဘုရား? မေတ္တာ ကရုဏာတော်ဖြင့် ဖြေကြားနိုင်ပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည် ဘုရား။

🕯ဖြေ။ ။

★ တစ်ခုကတော့ Ritual လို့ခေါ်တာ ‘အဟံဘန္တေ’ သီလဆောက်တည်တယ် ဒါ Ritual (ပူဇော်ခြင်း) ပဲ။ Ritual ဆိုတာက သူက အနှစ်သာရမဟုတ်ဘူးလို့ ဆိုလိုတာ။

🍃 #သီလဆောက်တည်တာက #သူများအတင်းပြောတဲ့နေရာမှာ #အတင်းမပြောတာကို #သီလဆောက်တည်တယ်ခေါ်တာ။

★ ‘မုသာဝါဒါ ဝေရမဏိ’ – ဆိုတာကတော့ ကိုယ့်ဘေးကလူကိုပြောတာ ကျနော် ခင်ဗျားကို အတင်းမပြောမပါဘူး ကျနော်ယုံပါ ဒီလိုပြောတာ။ ခင်ဗျားအကျိုးပျက်အောင် ကျနော် မပြောပါဘူး နောက်ပြီးတော့ intentionally စေတနာပါပါ စကားကြမ်းကြမ်းတမ်းတမ်းပြောတာကို ခင်ဗျားနဲ့ တခြားလူတွေ ရန်တိုက်ပေးတာမျိုး ကျနော် မပြောပါဘူး ‘မုသာဝါဒါ ဝေရမဏိ’ ။

★ အဲလိုပြောတဲ့အခါကျတော့ ကြားရတဲ့လူလည်း အားရှိလာတယ် ငါ လူကောင်းနဲ့တူတူအလုပ်လုပ်ရတယ်။ Ritual က ဒီအတွက် အများကြီး အကျိုးဖြစ်တယ်။ ဒါပေမဲ့ “မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” သိပြီးသားလူနဲ့တွေ့ပြီးရင် တခါပဲဆိုရင် ဘုန်းဘုန်းထင်တာတော့ လုံလောက်တယ် ကိုယ်သတိတရားနဲ့ ကျင့်ကြံတယ်ဆိုရင်။

★ ကိုယ်သတိနည်းနေလို့ ကျိုးများကျိုးသွားမလား ကျိုးသွားရင် ဒါကို ပြန်ပြီးတော့ ကိုယ့်ဟာကို determine လုပ်တယ် သတိပေးတဲ့အနေနဲ့ “မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” နေ့တိုင်းဆိုတာ ဒါလည်းပဲ ကောင်းတယ်။

★ ဒါဖြင့် ‘မုသာဝါဒါ ဝေရမဏိ’ မဆိုတဲ့သူတွေ သူများအတင်းကိုမပြောဘူး မကောင်းတာမပြောဘူး အဲလူတွေ သီလရှိလား ရှိတာပေါ့။ Ritual တော့ မရှိဘူး ဒါပေမဲ့ Esstential practice ဆိုတာ ရှောင်ရမယ့်ဟာပြောတာ။

★ သီလဆိုတာ ဘာပြောတာတုန်းဆိုရင် Do and Don’t လို့ပြောတာ။ လုပ်ရမယ့်ဟာက Do မလုပ်ရမယ့်ဟာက Don’t. ပါဠိလိုကတော့ နည်းနည်းလေးပြောလိုက်မယ် ပါဠိလို Do ဆိုတာ ‘စာရိတ္တသီလ’ Don’t ဆိုတာ ‘၀ါရိတ္တသီလ’။

★ ကျောင်းမှာ ကလေးတွေ ဒါလုပ်ရမယ် ဒါမလုပ်ရဘူး Do and Don’t Society တွေကရှိရတယ်။ မရှိရင် နေလို့မရဘူး။ ဒါကြောင့် သီလ ဆိုတာ ရှိရတယ် Do and Don’t. အဲဒီ Do and Don’t ကိုလုပ်တဲ့နေရာမှာ ဒီ Ritual ပါတာမပါတာကတော့ secondary ပဲ။

★ နတ်အပေါင်းကို မေတ္တာပို့တယ်ဆိုတာ ဒါလည်းကောင်းတယ်။ နတ်အပေါင်းကို မေတ္တာပို့ရင် ကိုယ့်မှာ စိတ်တည်ငြိမ်တယ်ပေါ့၊သူတို့ကိုရန်မလိုဘူး သူတို့ကိုမကြောက်ဘူး မေတ္တာနဲ့ပဲ ဆက်ဆံတယ်။

🔺 ဒါပေမဲ့ ပို့ဖို့မေတ္တာရှိရအုန်းမယ် ပို့ဖို့မေတ္တာမရှိသေးဘဲနဲ့ စာထဲမှာပါတဲ့ဟာ သွားရွတ်နေရင် ဆရာဝန်က ဒီဆေးသောက်ပါ ဆေးပေးလိုက်တယ် ဆေးစာလေးပေးလိုက်တယ် အဲ့ဆေးတော့ မသောက်ဘူး ဆေးစာပဲ ထိုင်ရွတ်နေတယ်။

★ အဲဒါဆိုရင်တော့ ပျောက်ပါလိမ့်မယ်။ ဒီဆေးစာဖတ်ရတာကိုက မနက် ဘယ်နှစ်လုံးသောက်ရမှာတုန်း? ညနေ ဘယ်နှစ်လုံးသောက်ရမှာတုန်း ဘယ်နှစ်ရက်သောက်ရမှာတုန်း? ဒါသိအောင် ဖတ်ရတာပေ့ါ။ ဒါပေမဲ့ ဖတ်ပြီးတော့ မသောက်ရင် မရဘူး။ မဖတ်ဘဲနဲ့ သောက်ရင်လည်း ဆေးသောက်တာ မှားတတ်တယ်တဲ့။

★ အဲလို ဖတ်တာကို ပါဠိလို ‘ပရိယတ်’ လို့ခေါ်တယ်။ တကယ်သောက်တာတော့ ‘ပဋိပတ်’ လို့ခေါ်တယ်။ ပရိယတ် နဲ့ ပဋိပတ် နဲ့ တွဲရတယ် Theory and practice, they have to go to there.

★ ကမ္မဋ္ဌာန်းတရားတောင်းပြီးမှ ထိုင်လို့ရပါသလား?

ကမ္မဋ္ဌာန်းတောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်က စိတ်ကို ဒီပေါ်မှာ ဒုန်းဒုန်းချပါတယ် ဒီချိန်မှာ ဒါလုပ်ပါဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ကို orientate လုပ်တာ စိတ်ကို ဒီဘက်ကို ညွှတ်ထားတာ မဟုတ်ရင် စိတ်တခြားကိုရောက်မှာစိုးလို့ ဒီ practice လေးလုပ်တာ။

★ မြတ်စွာဘုရား ဗောဓိပင်အောက်မှာ ထိုင်တယ် မြတ်စွာဘုရားမဖြစ်သေးဘူး သွေးသားတွေခမ်းချင်ခမ်း ငါရဲ့အရိုးတွေကျေချင်ကျေ ငါ မထဘူး။ ဒါက ကမ္မဋ္ဌာန်းတောင်းပြီးမှ ထိုင်တာမဟုတ်ဘူး အဓိဋ္ဌာန်မြဲမြံစွာနဲ့ထိုင်တာ အဓိဋ္ဌာန်ကလည်း ဘာကြောင့်လုပ်နေတာတုနး်။

★ အိမ်ရှေ့မင်သားဘ၀ ဒီလောက် အာဏာရှိတဲ့ position ကိုစွန့်ပြီးတော့ ဘုန်းကြီးဝတ်တယ်ဆိုကတည်းကိုက သူ့နိုင်ငံလောက်ကိုသူက အကျိုးပြုချင်တာမဟုတ်ဘူး၊ တကမ္ဘာလုံးကို အကျိုးပြုချင်တာ #နှောင်ကြိုးမဲ့ဘဝကို ယူပြီးတော့ နေတာ။

★ ဘုရင်ရဲ့သားတော် အိမ်ရှေ့ဘဝကနေပြီးတော့ ဘုန်းကြီးလာဝတ်တယ်ဆိုတည်းက နည်းတဲ့စွန့်စားမှုတော့မဟုတ်ဘူး တော်ရုံတန်ရုံဆို မခံနိုင်ဘူး။ စားတာအိပ်တာ နန််းတော်ထဲမှာ သူများအကုန် serve လုပ်တယ် ဘုန်းကြီးဝတ်သွားတဲ့ခါကြတော့ သပိတ်နဲ့ သွားပြီးတော့ ဆွမ်းခံစားရမယ် humility ရှိတယ်။

★ အဲဒါတွေကို ခံနိုင်အောင်ဆိုတာ ကရုဏာအားကောင်းတာကိုး၊ဆရာဆရာမတွေ ဒို့ရဲ့ကလေးတွေ စာမတတ်ဘူးဆိုရင် သူတို့မှာ ဘယ်လိုပြသာနာတွေရှိနိုင်တယ် တသက်လုံးဘယ်လိုရှိနိုင်တယ် အဲဒါလေးတွေးပြီးတော့ ကလေးတွေရဲ့ပြဿနာနဲ့ ကိုယ့်ကိုယ်ကို motivate လုပ်တာ ဒါ ကရုဏာအခြေခံတဲ့လုပ်ရပ်ပဲ။

★ ရဲတွေ ရဲဝန်ထမ်းတွေလည်းပဲ ရဲတပ်သားတွေလည်းပဲ ဒို့ဒီအလုပ်ကို မလုပ်ဘူးဆိုရင် ဒီ လူဆိုးကို မဖမ်းဘူးဆိုရင် ကျန်တဲ့လူတွေ ဒုက္ခရောက်ကုန်လိမ့်မယ်၊ သူလည်း ဒုက္ခရောက်မယ်။ သူများအပေါ်မှာ မကောင်းတာအများကြီးလုပ်သွားရင် ဒီလူအသက်တိုမယ်။ သူများပြန်ပြီးတော့ လက်စားချေလိမ့်မယ်။

★ သူ့ကိုလည်း ကရုဏာဖြစ် အပြစ်မဲ့တဲ့ပြည်သူတွေကိုလည်း ကရုဏာဖြစ် အဲဒါကြောင့် သူ့ကို ဖမ်းပြီးတော့ ထိန်းသိမ်းတယ် ဒါကရုဏာအခြေခံတာ။

★ ပညာရေးဌာနအနေနဲ့တော့ အများကြီး ပိုပြီးတော့သိသာတာပေ့ါ။ မသိတဲ့ကလေးတွေ သိအောင် အခွင့်အလမ်းမရှိသေးတဲ့သူတွေ အခွင့်အလမ်းပိုရှိအောင် equal opportunity တွေရနေအောင် ဆိုပြီးတော့ ဒီလိုစိတ်ထားတွေနဲ့ ကိုယ့်ရဲ့ဘဝကို ဒီထဲမှာရင်းနှီးပြီး ဒီအလုပ် ဒီပညာရေးအလုပ်ကိုလုပ်နေကြတာ ဒါတော့တကယ့် ကရုဏာပေ့ါ။

★ နောက် မုဒိတာ အောင်မြင်ခဲ့တဲ့ဟာလေးတွေးတာ ဒီနေ့ ပြောတဲ့အတိုင်း အဲတော့ ကမ္မဋ္ဌာန်းတောင်းတယ် မတောင်းဘူး နတ်တွေ မေတ္တာပို့တယ် မပို့ဘူးဆိုတာ သူက ritual.

🔺 #နတ်ကိုတော့မေတ္တာပို့တယ် #သူမမြင်ရလို့ ကိုယ့်ကိုမနှောင့်ယှက်လို့ #ရုံးမျာအတူတူလုပ်တဲ့သူ သူက #လုံးဝမေတ္တာမထားနိုင်ဘူးဆိုရင် ဒါ နည်းနည်း #စဉ်းစားဖို့လိုတယ်။

★ Essential practice က ရုံးမှာ အတူတူလုပ်တဲ့သူတွေ တတိုင်းပြည်ထဲမှာ အတူတူနေတဲ့သူတွေ ဟုတ်တယ်မို့လား ပြောလိုက်ပြီဆိုရင်လေ ဖြစ်လိုက်ပြီဆိုရင်လေ ပဋိပက္ခဖြစ်လိုက်ပြီဆိုရင်လေ တိုင်းပြည်ကို အရမ်းချစ်တဲ့သူတွေကြည့်ဖြစ်တာ အဲတော့ မေတ္တာထားတယ်လို့ပြောရင်လေ ဘုန်းဘုန်းက နည်းနည်း သံသယရှိတယ် ဘယ်လောက် တကယ်မေတ္တာထားတုန်းဆိုတာ။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“သတိပဌာန်အခြေခံ ဗုဒ္ဓဘာသာပညာရေး ဒဿန – Mindfulness-Based Buddhists Education Philosophy (၇.၆.၂၀၁၈)” တရားတော် အမေးအဖြေကမှ ကောက်နှုတ်ဖော်ပြပါသည်။

Photo credit #အရိုး

Featured

မေတ္တသုတ် မြန်မာပြန်

🌷🌹🙏 မေတ္တသုတ် မြန်မာပြန် 🙏🌹🌷

၁။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်
အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည်
ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိ
သော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေ
ကုန်၊ မေတ္တာ သုတ်ပရိတ်တော်ကို ညဉ့်အခါ
၌လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊
မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်

၂။ ချမ်းသာစွာအိပ်ရ၏။
အိပ်သော်လည်း မကောင်းသော အိမ်မက်ကို
တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော
ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော
မေတ္တာသုတ်ပရိတ်တော်ကို
အို – သူတော်ကောင်းတို့ ငါတို့ ရွတ်ဖတ်ကြ
ပါကုန်စို့။

၃။ လောကီ လောကုတ္တရာအကျိုးစီးပွား၌
လိမ္မာသောသူသည် ငြိမ်သက်အေးချမ်း
သော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော
သူတော်ကောင်းနည်း လမ်းကို ကျင့်ကြံ
အားထုတ် ပြုလုပ်အပ်၏။ ကိုယ် နှင့်အသက်
တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ် ခြင်းငှာ
စွမ်းနိုင်ရာ၏။ ကိုယ်နှုတ်နှစ်ပါး ရိုးသား
ဖြောင့်မတ်ရာ၏။ စိတ်သဘောထား ကောင်း
စွာ ဖြောင့်မတ်ရာ၏။ ဆိုဆုံးမလွယ်ရာ၏။
နူးညံ့ သိမ်မွေ့ရာ၏။ သူတပါးအပေါ်
ထောင်လွှားသော မာန်မာနမရှိရာ။

၄။ ရောင့်ရဲလွယ်ရာ၏။ မွေးမြူလွယ်ရာ၏။
နည်းပါးသော အမှုကိစ္စရှိရာ၏။
ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။
ငြိမ်သက်သော အိန္ဒြေရှိရာ၏။
အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော
ဉာဏ်ပညာရှိရာ၏။ ကိုယ်နှုတ်နှလုံးသုံးပါး
လုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။ ဒါယကာ
တို့၌ တွယ်တာမက်မောမှု မရှိရာ။

၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော
တစ်စုံတစ်ခုသော မကောင်းမှုကို
အနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊
ခပ်သိမ်းသော သတ္တဝါတို့သည်
ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်၏ ချမ်းသာခြင်းနှင့်
ပြည့်စုံကြပါစေကုန်သတည်း၊ ဘေးရန်
ဥပဒ္ဒဝေါ မရှိကြပါစေကုန် သတည်း။

၆။ အကြွင်းမရှိ အလုံးစုံ ထွက်သွက်ဝင်သက်
ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊
ထိတ်လန့်တတ်သော သတ္တဝါ၊ တည်ကြည်
ငြိမ်သက်သော သတ္တဝါ၊ ရှည်သော သတ္တဝါ၊
တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမ
ရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊
ငယ်သော သတ္တဝါ၊ မကြီးမ ငယ်သော
သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုသော
သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။

၇။ မျက်စိဖြင့်မြင်ကောင်းသော သတ္တဝါ၊
မျက်စိ ဖြင့် မမြင်ကောင်းသော သတ္တဝါ၊
အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော
သတ္တဝါ၊ ထင်ရှား ဖြစ်ပေါ်ပြီးသော သတ္တဝါ၊
ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံ
သော သတ္တဝါတို့သည် ကိုယ် စိတ်နှစ်ဖြာ
ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။

၈။ တစ်ယောက်သောသူက တစ်ယောက်
သောသူ ကို အမျက်မထွက်ပါစေလင့်၊
တစ်စုံတစ်ခုသော အမှု ကိစ္စ၌ တစ်ယောက်
သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲ
ချုပ်ချယ်သော ကာယကံ ဝစီကံ ဖြင့်
လည်းကောင်း၊ခိုက်ရန်မျက်ပွား အငြိုး ထား
သော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်
မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊
အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေ
လင့်။

၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦး
တည်းသော သားငယ်ကို အသက်အတွက်
ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့
ဤနည်း အတူသာလျှင် ခပ်သိမ်းသော
သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာ
စိတ်ကို ပွားစေ ရာ၏။

၁၀။ ကာမဘဝတည်းဟူသော အောက်
လောက၌လည်းကောင်း၊ ရူပဘဝတည်း
ဟူသော အလယ်လောက၌လည်းကောင်း၊
အရူပဘဝ တည်းဟူသော အထက်
လောက၌လည်းကောင်း၊ ဤလောကသုံးပါး
တို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်း
လည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ၊
အပဘေးရန်လည်းမရှိ၊ အတိုင်းမသိ ချစ်ခင်
မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေ
ရာ၏။

၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေ
စဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်
လည်းကောင်း၊ လဲလျောင်းနေစဉ်သော်
လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလ
ပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်
နှင့် ယှဉ်၍ နေထိုင်ခြင်းကို “မြတ်သော
နေထိုင်ခြင်း” ဟူ၍ မြတ်စွာဘုရားတို့ ဟော
တော်မူကုန်၏။

၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်
ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာ
ဉာဏ်သို့ မကပ်မရောက်သောကြောင့်
လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်
အမြင် နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ
ကိလေသာကာမ တို့၌ တပ်မက်မောခြင်း
ကင်းသောကြောင့် နောက် တဖန် အမိဝမ်း
တွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်
တော့ပြီ။ ။

သတ္တဝါ အနန္တ၊ ကမ္ဘာအနန္တ ရှိရှိသမျှ သတ္တဝါ
အပေါင်းတို့အား မေတ္တာစိတ်ဖြင့် ဆက်ဆံ
ပြီးလျှင် မေတ္တာဘာဝနာ ပွားများခြင်းဖြင့်
ကိုယ်စိတ်နှစ်ပါး အေးငြိမ်းချမ်းသာစွာ
နေထိုင်သွားနိုင်ကြပါစေ။

မေတ္တာဖြင့်မျှဝေပါ၏။

Aye_Thi_Dar

🙏🙏🙏🙏🙏

Copy from >> https://m.facebook.com/story.php?story_fbid=1626525080818643&id=100003835011473 >> Thanks

Featured

စွဲနေတဲ့မီးနှင့် မီးပုံပွဲ

စွဲနေတဲ့မီးနှင့် မီးပုံပွဲ

တဏှာ မာန ဒိဋ္ဌိစတဲ့ ကိလေသာတွေကို
မကောင်းမှန်းသိပေမယ့် လူတွေက
လက်သပ် မွေးထားကြတယ်။

တဏှာက ကလေးလိုပဲ
ဟိုဟာမြင် ပူဆာ ဒီဟာမြင် ပူဆာနဲ့။

မာနကတော့ အသာတကြည်
ရရင်ရ မရရင်ပြိုင်။ ရတော့
ကိုင်ပြပြီး ဆောင့်ကြွားကြွား။

ဒိဋ္ဌိက ဘုံဆိုင် အများဆိုင်ကို
ကိုယ်ပိုင်လုပ်ပြီး ရေတွက်ပေး
နေတယ်။

ဒီနည်းနဲ့ ရလာတဲ့ပစ္စည်းတွေကို
ဒိဋ္ဌိက ထစ်ပေး မာနက လှဲပေး
တဏှာက ခွထိုင်နှင့် ငါပိုင်လုပ်
ငါစွဲကြီးနေကြပြီ။

သွေးတိုး သားတိုး ဥာဥ်စရိုက်ဆိုးတွေက
ထိုးကျင့်တော့ လောဘက မခံနိုင်တာ့ဘူး။
ဒီတော့ နီးရာ ပူဆာရော။

အဲဒီမှာ မာနကလည်း တဏှာငြီးတာ
နားငြီးမခံနိုင်လေတော့ သွေးဆူသွေး
ပွက်တာ ရပ်ပါစေဆိုပြီး လိုတာရှာပေး။

ဒိဋ္ဌိက မာနရှာပေးသမျှ တစ်ရွေးသားမျှ
မပျက်ဆီးရအောင် စိတ်မှာဆောင် ကိုယ်
မှာပိုက် သိမ်းပိုက်ထားရတယ်။

ငါမြင် ငါကြား ငါကိုယ်တိုင် ထိတွေ့
ခံစားရသည်ဆိုတဲ့ ငါပိုင် ငါစွဲကြီးနဲ့
တစ်ဖက်အဆင်းကို အတင်းရအောင်
ယူခဲ့တာ မဟုတ်လား။

ငါစွဲ သူစွဲ စွဲနေတဲ့မီး ဘယ်ပုံ
ဘယ်နည်း ငြိမ်းသတ်ကြပါ့မလဲ။

မီးဆိုတာ ထင်းကိုမှီပြီး အဲဒီထင်းကိုပဲ
အပူတိုက်ခြင်း လောင်မြိုက်ခြင်း
မျိုဝါးခြင်း ပြုတတ်သလိုပဲ။

ကိလေသာ အာရုံဆိုတာကလည်း အာရုံ
လိုက်စားသူ လူတွေကို မှီပြီး အဲဒီလူတွေ
ကို ပူပန်စေတတ် ပျက်စီးစေတတ်ပါတယ်။

ဒါပေမယ့် လူတွေကတော့ ပူမှန်းလည်း
မသိ ပျက်စီးမှန်းလည်းမသိ။

မယားတစ်ဖက် သားတစ်လက်နဲ့
ကိလေသာမီးပုံပွဲကြီးကို ပျော်ပျော်ကြီး
ဆင်နွှဲကခုန်နေကြရဲ့ဗျာ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Via – Parallel

Featured

မာနမကြီးနဲ့

“မာနမကြီးနဲ့”

မာနသိပ်မကြီးပါနဲ့။ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကိုအထင်မသေးပါနဲ့။
ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလို ဟုတ်ချင်မှာလည်းဟုတ်မှာပါ။
အခုလောလောဆယ်မှာ ကိုယ့်ရဲ့အထင်သေးစရာ ဖြစ်နေပေမယ့် တစ်ချိန်မှာ
ကိုယ့်ထက်သာချင်သွားမှာပဲ။ ကိုယ်အထင်ကြီးစရာ အနေအထားမျိုးရောက်ချင်
ရောက်သွားမှာပဲ။ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကိုအထင်သေးတဲ့စိတ်နဲ့ မပြောသင့်
မပြောသင့်ထိုက်တာ ပြော၊မလုပ်သင့် မလုပ်ထိုက်တာလုပ်မိရင် ကိုယ်ပဲပြန်ပြီး ဒုက္ခရောက်
တတ်ပါတယ်။

၀ိဋဋူဘဇာတ်ကို ပြန်ကြည့်လိုက်ပေါ့။ကျွန်မက မွေးတဲ့သားဆိုပြီးတော့ ဝိဋဋူဘထိုင်သွားတဲ့
နေရာနွားနို့ရည်နဲ့ ဆေးလိုက်တော့ ဟိုကရန်ငြိုးဖွဲ့ပြီး မင်းတို့က နွားနို့နဲ့ပဲဆေးတယ်။ ငါက မင်းတို့
လည်ချောင်းသွေးနဲ့ဆေးမယ်လုပ်လိုက်တာ။ ဘုရားမျိုး သာကီ၀င်တွေ တစ်ဆွေလုံး တစ်မျိုးလုံး
အသတ်ခံရပါတယ်။ဒါဟာ မာနလွန်ကဲလို့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းလို့ ကြုံတွေ့ရတဲ့
ဆိုးကျိုးတွေပဲ။

ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတဲ့သူဟာ သူများကိုအလိုလိုနေရင်း အထင်သေးသွား
တတ်တယ်။ မြင်မြင်သမျှလူကို လူလို့တောင်မထင်တော့ဘူး။လောကကြီးမှာ လူနဲ့တူတဲ့လူဆိုလို့
ငါတစ်ယောက်ပဲရှိတယ်လို့ အထင်ရောက်သွားတယ်။ဘယ်သူမှ ငါ့လောက်မရှိဘူး ဘယ်သူ့မှ
ငါ့လောက် မသိဘူးလို့ ဘ၀င်မြင့်သွားတယ်။ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအားကြီးတော့
လူအချင်းချင်း ပြောဆိုဆက်ဆံတဲ့နေရာမှာ သူတစ်ဖက်သားကို အထင်သေးတဲ့စကားမျိုး၊
နှိမ့်ချတဲ့စကားမျိုးပြောမိတတ်တယ်။ ဆရာကြီးလေသံနဲ့ အထက်စီးကနေ လုံးကြီးတင်ပြောမိတတ်တယ်။

အထင်သေးစကားပြောခံရတဲ့ တစ်ဖက်သားက ငါ့ကို အထင်သေးတဲ့စကားပြောတယ်ဆိုပြီး
ကိုယ့်အပေါ်နာကျည်းမုန်းတီးသွားတယ်။ နဂိုကကူညီနေတဲ့လူကလည်း မကူညီတော့ဘူး။
နဂိုကစောင့်ရှောက်တဲ့သူလည်း မစောင့်ရှောက်တော့ဘူး။နဂိုကပေါင်းသင်းနေတဲ့လူကလည်း
မပေါင်းသင်းတော့ဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို အထင်သေးခြင်းကြောင့်
ကိုယ်ပဲအကျိုးဆုတ်ယုတ်ရတယ်။

မာနကြီးတယ်ဆိုတဲ့စကားကို အထင်ကြီးတယ်လို့ သုံးနှုန်းထားတာလေးကိုက အင်မတန်
စိတ်၀င်စားဖို့ကောင်းတယ်။တရားသဘောတွေ အများကြီးပါတယ်။အထင်ကြီးတယ်ဆိုကတည်းက
အမြင်ကြီးတာမှ မဟုတ်ဘဲ။ အမှန်တကယ် လက်တွေ့တွေ ကြီးနေတာမှ မဟုတ်ဘဲ။“အထင်”
တွေပဲကြီးနေတာ။တကယ်တော့ လောကမှာ အထင်ကြီးတယ်ဆိုတာ အထင်တွေပဲရှိတာ။
မာနကြီးလောက်စရာ၊ ဘဝြမင့်လောက်စရာ ၊ခြေဖျားထောက်လောက်စရာဆိုတာ တကယ်တော့
ဘာမှမရှိဘူး။

ပစ္စည်းဥစ္စအနေနဲ့ တစ်လောကလုံး တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေကို သူတို့ဘာမှမလုပ်ဘဲနဲ့
စားနိုင်သောက်နိုင်တယ်လောက်အောင် ကျွေးနိုင်၊ ပေးနိုင်၊စွန့်လှူနိုင်တဲ့ အနေအထားမျိုး
ကိုယ့်မှာရှိနေပြီးလား။သက်ရှိသတ္တဝါမှန်သမျှကို အချိန်တိုင်းလိုသလောက် ပေးလှူနိုင်လောက်
အောင် ကိုယ့်မှာမရှိသေးပါဘူး။ဒါဆို ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ဘာလို့ မာနဖြစ်နေ
ဦးမှာလဲ။မာနဖြစ်တယ်ဆိုရင် ကိုယ့်ပစ္စည်းဥစ္စာတွေကို မာနဖြစ်လောက်စရာလို့ ရူးသွပ်စွာ
ထင်နေတဲ့ စိတ်ကူးယှဉ်အထင်မျှသာပါပဲ။မာနကြီးတာဟာ အထင်သက်သက်ကြီးတာပါ။
အထင်ဆိုတဲ့ သဘာ၀ကိုက မကောင်းတဲ့ ဥစ္စာ၊ အထင်ကြီးတယ်ဆိုတော့ ပိုဆိုးတာပေါ့။

ရာထူးအနေနဲ့လည်း တစ်လောကလုံး၊ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်လောက်အောင် ကိုယ့်မှာ
ရာထူးအာဏာတွေ ရှိနေပြီလား။ပညာအနေနဲ့လည်း သိသင့်သိထိုက်တဲ့ လောကီ လောကုတ္တရာ
အကြောင်းအရာအားလုံးကို သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ တန်းတူးယှဉ်နိုင်လောက်အောင်
ကိုယ့်မှာ သိနေ၊ တတ်နေပြီလား။အဲ့ဒီလိုအားဖြင့် မာနကြီးလောက်စရာလို့ ကိုယ့်ထင်နေတဲ့
အရာတွေကို အမြင့်မားဆုံး၊ အကြီးကျယ်ဆုံးစံချိန်တွေနဲ့ မှတ်ကျောက်တင်
စစ်ဆေးကြည့်လိုက်ပါ။အစစ်ဆေးမခံနိုင်ဘူးဆိုရင် မာနမကြီးပါနဲ့။အထင်ကြီးမနေနဲ့ပါနဲ့။

မာနကြီးတယ်ဆိုရင် အထင်သက်သက်ကြီးနေတာပဲ ဖြစ်မှာပါ။အထင်ဟာ အထင်ပါပဲ။
အမြင်မဟုတ်ပါဘူး။ အမှန်မဟုတ်ပါဘူး။တကယ်လက်တွေ့ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို တကယ်အထင်မကြီးတော့ဘူးဆိုရင် သူတစ်ပါးကိုလည်း အထင်မသေးတော့တဲ့
အတွက် စိတ်နေစိတ်ထားရော၊ အပြောအဆို၊ အပြုအမူပါ ပတ်၀န်းကျင်နဲ့
သဟဇာတဖြစ်လာလို့ ပေါင်းသင်းဆက်ဆံရေး ပိုအဆင်ပြေလာတဲ့အပြင် မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့သူတွေကိုလည်း မပြစ်မှားတော့တဲ့အတွက် စိတ်အပူ၊
ဘ၀အပူတွေကင်းရှင်းပြီး ငြိမ်းအေးပျော်ရွှင်ရပါတော့တယ်။

{ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}

(ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ဖို့မှ ကောက်နှုတ်ချက်)

ဓမ္မမိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေဗျာ

ဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသား။

ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေဗျာ…..

/\ /\ /\

Pay Thoe.
credit to ဓမ္မစာပေများဖြန့်ဝေမယ် မှ

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

ရဟန္တာပုဂ္ဂိုလ်မှာ ဘာကြောင့် ကာယိကဒုက္ခ ရှိပြီး စေတသိကဒုက္ခ မရှိတာလဲ?”

“ရဟန္တာပုဂ္ဂိုလ်မှာ ဘာကြောင့် ကာယိကဒုက္ခ ရှိပြီး
စေတသိကဒုက္ခ မရှိတာလဲ?”
💫💫💫💫💫💫💫💫💫💫💫💫

ပုထုဇဉ်သတ္တဝါတွေ သာမန်ပုဂ္ဂိုလ်တွေ
တရားမပြည့်တဲ့ပုဂ္ဂိုလ်တွေဟာ
ရုပ်ခန္ဓာကိုယ်ကြီးမှာ
တစ်ခုခု ဒုက္ခဖြစ်ပြီဆိုလို့ရှိရင်
အဲ့ဒီရုပ်ခန္ဓာကြီးဒုက္ခဖြစ်ရင်
စိတ်ကပါနောက်ကလိုက်ပြီးတော့
စိတ်ဆင်းရဲမှုတွေတွဲဖက်လာတယ်။
ကိုယ်ဆင်းရဲမှုကို အကြောင်းပြုပြီးတော့
စိတ်ဆင်းရဲမှုဟာတွဲဖက်ပြီးတော့လာတယ်။

ဒီလိုတွဲဖက်လာရုံတင်မကဘူး
ဒါကြီးပျောက်ချင်လိုက်တာလို့
ဒီဒုက္ခကြီးက လွတ်ချင်လိုက်တာလို့ဆိုတဲ့
အတွေးတစ်ခုကလဲ ဝင်လာပြန်တယ် ဆိုတော့
မြတ်စွာဘုရားက ဥပမာပေးထားတယ်။

လူတစ်ယောက်ဟာ ရန်သူက ပစ်လိုက်တဲ့
မြားတံကြီးက လာစူးတယ်။
အဲ့ဒီမြားတံကြီးဆူးတဲ့ အပေါ်မှာ
နောက်ထပ်မြားတစ်ချက် ထပ်ပြီးပစ်လိုက်တော့
နှစ်ချက် စူးတယ်။
အဲ့ဒီနှစ်ချက်စူးတဲ့အပြင်
နောက်တစ်ချက်ပစ်လိုက်တဲ့အခါကျတော့
သုံးချက် စူးသွားတယ်။

တစ်ယောက်ထဲမှာ
မြားတံသုံးချက်စူးခံရသလိုပဲ
ပုထုဇဉ်တွေဟာ
ပထမ ကာယိကဒုက္ခဆိုတဲ့ မြားတံစူးတယ်။

အဲ့ဒီအပေါ်မှာ
စိတ်ဆင်းရဲမှု ထပ်ပိုးလိုက်တဲ့အတွက်ကြောင့်
စေတသိကဒုက္ခလို့ဆိုတဲ့ မြားတံတစ်ခု ထပ်စူးတယ်။

အဲ့ဒီအပေါ်မှာ
ဒီဒုက္ခတွေက လွတ်ချင်တဲ့ စိတ်နဲ့ထပ်ပြီးတော့
လူ့ရဲ့စိတ်မှာ မငြိမ်မသက်ဖြစ်တယ်။
တောင်းဆိုမှုတွေ ဖြစ်လာတဲ့အခါ
နောက်မြားတံတစ်ခု ထပ်စူးပြန်တယ်
ဒီလိုဆိုလိုတယ်။
အကုသိုလ်တွေ ထပ်တိုးတာကို ပြောတာ။

အဲ့တော့ အရိယာပုဂ္ဂိုလ်တွေကျတော့
ရဟန္တာတို့ ဘုရားတို့ကျလို့ရှိရင်
မြားတံ တစ်ချက်နဲ့ပဲ ရပ်သွားတယ်။
ဒုတိယမြားတံ၊ တတိယမြားချက် မလာတော့ဘူးလို့
ဆိုလိုတယ်။

နကုလမာတာနဲ့ နကုလပိတာ၊
နကုလပိတာ ဒကာကြီးကို
မြတ်စွာဘုရားဆုံးမတဲ့ စကားလေးတစ်ခု
“ခန္ဓာကိုယ် နာချင်နာပါစေ စိတ်မနာပါစေနဲ့။
ခန္ဓာကိုယ် နာပေမဲ့လို့ စိတ်မနာအောင် ငါနေမယ်”လို့
ကျင့်ပါလို့ဆိုလိုတယ်။
ရဟန္တာဖြစ်အောင် ကျင့်ခိုင်းတာပဲ။

ပုထုဇဉ်တွေကျတော့
ရုပ်ခန္ဓာကိုယ် နာလို့ရှိရင်
စိတ်နာမှုက တွဲဖက်လိုက်လာတယ်
နောက်က နောက်ဆက်တွဲလိုက်လာတယ်။
ဖြစ်ရလေခြင်းဆိုတဲ့ စိတ်ခံစားရမှုက ၀င်လာတယ်
မရှောင်လွဲနိုင်ဘူး။

အဲ့တော့ ရဟန္တာပုဂ္ဂိုလ်ကျတော့
ဖြစ်ရလေခြင်းဆိုတဲ့ စေတသိကဒုက္ခ မလာဘူး၊
မလာတော့ ကာယိကဒုက္ခကို ရှုမှတ်ပြီးတော့
ထိုကာယိကဒုက္ခက ထွက်မြောက်ဖို့ရန်
ကြိုးစားနိုင်သွားတယ် ဒီလိုဆိုတယ်။

ပုထုဇဉ်တွေကျတော့
ထွက်ပေါက်မသိသည့်အတွက်ကြောင့်
ဒါကြီးကိုပဲ စိတ်က မကျေမနပ်တွေဖြစ်တယ်
မြားတချက် ထပ်စူးတာနဲ့ အတူတူပဲ။

တကယ့်ထွက်လမ်းကို မသိသည့်အတွက်ကြောင့်
မတောင့်တရမဲ့ဟာ ထပ်တောင့်တတဲ့အခါကျတော့
နောက်ထပ် မြားတချက် ထပ်စူးတယ်။

တခါတခါဖြစ်ရင်
သုံးချက်သုံးချက် အစူးခံရတယ်လို့
ဒီလိုဆိုလိုတယ်။

ပုထုဇဉ်တွေမှာ ဒီလိုဖြစ်တယ်။
ဘုရားရဟန္တာတွေကျတော့
တချက်နဲ့တင်ပြီးသွားတယ်။

အဲ့ဒါကို ရည်ရွယ်ပြီးတော့
အရှင်နာဂသေနကဖြေဆိုတာနော်
“ကာယိကံ မဟာရာဇ ဝဒေနံ ဝဒေတေိ၊
စတေသိကံ ပန ဝဒေနံ ဒုက်ခံ ဝဒေနံ န ဝဒေတေီတိ”
ကာယိကဝေဒနာတော့ ခံစားရတယ်၊
စတေသိကဒုက်ခ်ခဝဒေနာတော့ မခံစားရဘူး။

မိလိန္ဒမင်းကြီးက အကြောင်းတရားကိုဆက်မေးတယ်။

အရှင်ဘုရား
ကာယိကဒုက္ခကို ခံစားရတယ်ဆိုတာ ဘာကြောင့်လဲ?
ဘာကြောင့် ကာယိကဒုက္ခ္ခတော့ ခံစားရတာလဲ?
စေတသိက ဒုက္ခ္ခဝေဒနာကို မခံစားဘူးဆိုတာကျတော့လဲ
ဘာကြောင့် မခံစားရတာလဲ?

အဲ့ဒီလို အကြောင်းကို ထပ်မေးတဲ့အခါကျတော့
ရှင်နာဂသေနာက အကြောင်းမရှိလို့ အကျိုးမရှိတယ်
ဆိုတဲ့ စကားမျိုးနဲ့ဖြေတယ်။

လောကမှာ
အကြောင်းရှိမှ အကျိုးဆိုတာ ဖြစ်ပေါ်လေ့ ရှိတယ်။
အကြောင်းမရှိဘဲနဲ့ အကျိုးဆိုတာ ဖြစ်ပေါ်လေ့ မရှိဘူး။

ဒါကြောင့်မို့
“ယော ဟေတု ယောပစ္စယော
ကာယိကဿ ဒုက်ခဿ ဥပ်ပတ်တိယာ၊
တႆ ေဟတုႆ တႆ ပစၥယႆ
အနုပရမာ ကာယိကံ ဒုက်ခ်ခံဝဒေတေိ”
ကာယိကဒုက္ခ္ခ ဖြစ်ပေါ်စေတတ်တဲ့
အကြောင်းတရားတွေ မကင်းသေးလို့
ကာယိကဒုက္ခ္ခဖြစ်တာ။

ဆိုလိုတာက ခန္ဓာကိုယ်ကြီးရှိနေလို့ရင်
ခန္ဓာကိုယ်ကြီးရဲ့ဒုက္ခ္ခကို ခံရမယ်။
ခန္ဓာကိုယ်ကြီးရှိနေသမျှ အကြောင်းရှိနေသေးတယ်။
ခန္ဓာကိုယ်ကြီးပေါ်မှာဖြစ်ပေါ်လာတဲ့
သွားကိုက်ခြင်း နားကိုက်ခြင်း ကျောအောင့်ခြင်း
နေထိုင်မကောင်းဖြစ်ခြင်း ရောဂါဝေဒနာရရှိခြင်း ဆိုတဲ့
ကာယိကဒုက္ခ္ခကို ခံစားရတယ်။

တခါတုန်းက
ရှင်သာရိပုတ္တရာမထေရ်မြတ်ကလည်း
လေနာတာရှိတယ်ပေါ့။
အဲ့ဒီလိုလေနာတာနဲ့
ပျောက်တဲ့ဆေးကို မေးမြန်းတဲ့အခါမှာ
ရှင်မောဂ္ဂလာန်နဲ့ပြောတယ်
အိမ်မှာနေတုန်းကတော့ နို့ဂနာထမင်း
သူ့မယ်တော်ကြီးကချက်ပေးတာ
ပူပူလေးစားလိုက်ရရင်တော့
ဒီလိုလေနာပျောက်ဖူးတယ်လို့ ဒီလိုပြောဖူးတယ်။
အဲ့တော့ လေနာဆိုတာလည်း ကာယိကဒုက္ခ။
စဉ်းစားကြည့်ပေါ့ ။

ရှင်မောဂ္ဂလာန်မထေရ်မြတ်
ကံကြမ္မာငင်လာတဲ့အချိန်မှာ
ကာလသီလာဆိုတာ ဂါယာနားမှာ
အခု ဗုဒ္မ္မ္မ္ဓဂါယာမဟာဗောဓိပင်နဲ့ ဂါယာမြို့ကြားမှာရှိတဲ့
ကာလသီလာကျောက်တောင်ဆိုတာ ရှိတယ်။

အဲ့ဒီ ကာလသီတာကျောက်တောင်မှာ
တပါးတည်းနေတဲ့အခါမှာ
မုန်းတီးတဲ့ပုဂ္ဂိုလ်တွေက ပိုက်ဆံပေးပြီးတော့
လူသတ်သမား ငါးရာကို လွှတ်တာ
လွှတ်တော့ ရှင်မဟာမောဂ္ဂလာန်က အဲ့ဒီမှာပဲ
လူသတ်သမားငါးရာလက်ချက်နဲ့
အသတ်ခံလိုက်ရတယ် ဆိုပါစို့ ။

အဲ့ဒီအသတ်ခံ ရတဲ့အချိန်ဟာ
ကာယိကဒုက္ခတွေ အများကြီးခံစားရတယ်။
ဝိုင်းဝန်းပြီးရိုက်နှက်ပြီး သတ်တယ်ပေါ့
အကုသိုလ်ကံဝင်လာတဲ့အခါကျတော့
အကုသိုလ်ကံရဲ့အကျိုးကို
ရဟန္တာပုဂ္ဂိုလ်ကြီးပဲဖြစ်ပါစေ
ခန္ဓာရှိနေလို့ရှိရင် ခံရသေးတယ်။

ခန္ဓာရှိနေသည့်အတွက်ကြောင့် အတိတ်က ကံက
ဘဝတခုအကျိုးကိုတော့ မပေးနိုင်တော့ဘူး။
သို့သော်ခန္ဓာရှိနေသေးသမျှ
သူ့ရဲ့အကျိုးဆက်ဟာ ကျန်နေသေးတယ်။

အဲ့ဒါကြောင့်မို့လို့
ရှင်မဟာမောဂ္ဂလာန် လူသတ်ခံရတာ။
အဲ့ဒီလိုသတ်ဖြတ်ခံရတာ။
ဒုက္ခဝေဒနာ အလွန်ကြီးမားတယ်။
ကာယိကဒုက်ခ။

သို့သော် ဖြစ်ရလေခြင်းဆိုတာတော့
ကြောက်လန့်ခြင်း ရုန်းကန်ခြင်း ဆိုတဲ့
ရုန်းကန်မှုကို ဖြစ်စေတာတို့
ကြောက်လန့်မှုကို ဖြစ်စေတာတို့
ဖြစ်စေတယ်ဆိုတဲ့ စေတသိကဒုက္ခ
ရှင်မဟာမောဂ္ဂလာန်မှာ မဖြစ်ခဲ့ဘူးတဲ့။
ရှင်မဟာမောဂ္ဂလာန်မှာ မဖြစ်ခဲ့ဘူး။

ကာယိကဒုက္ခတော့ ဖြစ်စေတယ်
စေတသိကဒုက္ခ အနေနဲ့တော့ မဖြစ်ဘူး။
အဲ့ဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေမှာ
အခုလိုပဲ ကာယိကဒုက္ခတော့ဖြစ်တယ်
စေတသိကဒုက္ခတော့ မဖြစ်ဘူးလို့

ဘာကြောင့်
ကာယိကဒုက္ခတော့ ဖြစ်တာတုန်းလို့ ဆိုတော့
ကာယိကဒုက္ခဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ
မပြတ်သေးလို့။

ဒါဖြင့် ကာယိကဒုက္ခဖြစ်စေနိုင်တဲ့
အကြောင်းတရားဆိုတာ ဘာလဲ?
ခန္ဓာကိုယ်ကြီးရှိနေသေးလို့ ဒီလိုဆိုလို တာပေါ့။
ခန္ဓာကိုယ်ကြီးရှိနေသေးလို့ မပြတ်သေးတာ။

စေတသိကဒုက္ခကိုတော့ မခံရဘူးဆိုတာ
ဘာဖြစ်လို့ စေတသိက ဒုက္ခကို မခံရတုန်းဆိုတော့
“ယော ဟေတု ယော ပစ္စယော
စတေသိကဿ ဒုက်ခဿ ဥပ်ပတ်တိယာ၊
ကဿဟေတုဿ ပစ္စယဿ ဥပရမာ
စတေသိကံ ဒုက်ခဝဒေနံ န ဝဒေတေိ။”
စေတသိကဒုက္ခ စေတသိကဒုက္ခကို ဖြစ်စေနိုင်တဲ့
ထုတ်လုပ်တဲ့အကြောင်း၊
တူညီတဲ့အကြောင်းတရားတွေဟာ
လုံးဝပြတ်စဲသွားပြီတဲ့။

ဘာဖြစ်လို့တုန်းဆိုတော့
စေတသိက ဒုက္ခ ဖြစ်တယ်ဆိုတာ
ဒေါသရှိမှ ဖြစ်တာ။
ဒေါသဆိုတာလည်း တွယ်တာမှုတွေရှိနေမှ
ဒေါသကလည်းလာတာ။
သောကတို့ ဒေါသတို့ဆိုတာ
တွယ်တာမှုနဲ့မှ လာလို့ရတာလေ။ …
ချစ်ခင်မှုကြောင့်
လူတွေဟာ သောကဆိုတာဖြစ်တယ်။

အဲ့တော့ ရဟန္တာပုဂ္ဂိုလ်မှာ
သူ့ခန္ဓာကိုယ်တောင် သူခင်မင်မှုမရှိတော့ဘူးလေ။
အဲ့တော့ သူ့ကိုယ်သူတောင်မှ
တွယ်တာမှုမရှိတော့သည့်အတွက်ကြောင့်
သောကဆိုတာလည်း မလာတော့ဘူး။
ဒါကိုပြောလိုရင်းပဲနော်။

စေတသိကဒုက္ခ ဖြစ်ဖို့ရာအတွက်
အကြောင်းတရားတွေဟာ ပြတ်စဲသွားပြီ။
ဒါကြောင့်မို့လို့
သူ့မှာ စေတသိကဒုက္ခ မဖြစ်တော့ဘူးလို့
အရှင်နာဂသေနက ဒီလိုဖြေတာ။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏

‘မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့၏
ဗုဒ္ဓဝါဒရေးရာအခြေအတင် ပြောဆိုချက်များ အပိုင်း(၈)’
တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

credit

Featured

နတ်သမီး သာဓုခေါ်သောဒါန

နတ်သမီး သာဓုခေါ်သောဒါန


သုမနသူဋ္ဌေးကြီး ထမင်းရည်ချောင်းစီး မောင်းတီးလျှက် အလှူပေးလေတိုင်း မနာလိုမဖြစ်ခဲ့။ သူဋ္ဌေးကဲ့သို့ လှူချင်
ပေးချင်သည့် အာသာဆန္ဒရှိ၏။ရှိပင်
ရှိငြားသော်လည်း လှူစရာမရှိ။

သူ့တာဝန်က သူဋ္ဌေးအိမ်တွင် မြက်ရိတ်။
ကျွဲနွားများစားဖို့ မြက်ရိတ် နွားစာစင်းရ
သည်။ကျွဲနွားတစ်ထောင်အတွက် တစ်နေ
ကုန် မြက်ရိတ်ရသည်။မြက်ရိတ်သမား
ဘဝ လွတ်ချင်သည်။သူဋ္ဌေး သုမနကဲ့သို့
မကြွယ်ဝချင်နေပါစေ၊ သူဋ္ဌေးနီးနီးလှူ
ချင်ပေးချင်စမ်းသည်။သူ၏အမည်ကား”
အန္နဘာရ”ဖြစ်ပေသည်။

တစ်နေ့တွင် ဥပရိဋ္ဌအမည်ရှိ ပစ္စေကဗုဒ္ဓ
အရှင်မြတ်သည် ဂန္ဓမာဒနတောင်၌ နိရော
ဓသမာပတ် ဝင်စားသည်။သမာပတ်မှထ
သော် မည်သည့်ကို ချီးမြောက်ရမည်ကို
ဖြန့်ကြက် ကြည့်၏။အလှူဒါနပြုလိုစိတ်
ရှိပြီး လှူခွင့်မကြုံသဖြင့် အထမမြောက်
သေးသည့်အန္နဘာရကိုတွေ့၏။ချီးမြောက်သင့်သောပါရမီကိုမြင်သည်။အရှင်မြတ်သည် ကောင်းကင်ခရီးမှကြွလာပြီး
သူဋ္ဌေးအိမ်ပေါက်ဝတွင် ရပ်လေသည်။

ဟာ…..။
မြက်ခြင်းထမ်းလာသည့် အန္နဘာရသည် ဆွမ်းရပ်နေသော အရှင်မြတ်ကို မြင်ရုံဖြင့်
ပီတိဖြစ်သွားသည်။ကြည်ညိုစိတ်ဖြစ်
လျှက် မြက်ထမ်းကို ပစ်ချကာအရှင်
မြတ်အပါးကပ်သွား၏။

“ဆွမ်း ရပါပြီလားဘုရား”
“ရပါလိမ့်မယ် ဒကာ”
အန္နဘာရသည်သပိတ်ကိုလှပ်ကြည့်သည်။ဆွမ်းဗလာ သပိတ်ဟောင်းလောင်းဖြစ်
သောအနေအထားတွေ့သည်နှင့်စေတနာ
စိတ်တွေလျှံဝေသွားတော့၏။”ခေတ္တဆိုင်းငံ့ တော်မူပါ။တစ်ပည့်တော်၏ ဒါနကို
ခံယူတော်မူပါ”

အန္နဘာရသည်အိမ်ထဲပြေးဝင်သွားသည်။သူ ဘာလုပ်ရမှန်းမသိ။သူပိုင်ပစ္စည်းက
မရှိ။သူဋ္ဌေးပိုင်ပစ္စည်းများသာဖြစ်၏။သို့သော်သူပိုင်ပစ္စည်းအနည်းငယ်တော့ရှိ၏။ယနေ့နံနက်စာ။သူ့တစ်ကိုယ်တာဝေစု
ရသည့် နံနက်စာ။ဤထမင်းနှင့်ဟင်းကို
လောင်းလှူလျှင်သူ့အနေဖြင့်ဝမ်းဟောင်းလောင်းဖြစ်မည်။ဆာလောင်မည်။

သို့သော် ယတိပြတ် ဆုံးဖြတ်လိုက်သည်။
မရှိလို့မလှူ မလှူလို့မရှိ ဆိုရိုးစကားအရ ပစ္စုပ္ပန် သံသရာကောင်းဖို့အတွက်တစ်နပ်
စာအလှူ ဒါနကို အရှင်မြတ်အား လောင်းလှူလိုက်လေသည်။

မမျှော်လင့်ဘဲ အလှူလေးတစ်ခု အထ
မြောက်သွား၍ အန္နဘာရ ကြည်နူးသွား
သည်။ခေါင်းပေါင်းထားသည့်ပုဆိုးကိုဖြေကာဖြန့်ခင်းလိုက်သည်။”အရှင်မြတ်ဘုရားဤနေရာမှာဆွမ်းဘုဉ်းပေးတော်မူပါ”။
အရှင်မြတ်က ထိုင်သည်။ ဣနြေ္ဒဖြင့်
ဆွမ်းဘုဉ်းပေးသည်။အန္နဘာရသည် သူပြုသည့်ဒါနအပေါ် ဝမ်းသာပီတိဖြစ်
နေ၏။ဆွမ်းအတွက် အနုမောဒနာတရား
ကို နှစ်လိုစွာ နာယူသည်။ တောင်းဆု
လည်းပြုမိသည်။

“အရှင်မြတ်ဘုရား ဤယနေ့ပြုသော ကောင်းမှုကြောင့် နိဗ္ဗာန်မရမီစပ်ကြား
ဘဝခပ်သိမ်း ဆင်းရဲဒုက္ခ မမြင်ပါရစေ
နှင့်။အလိုရှိက ခဏအတွင်း ပြည့်စုံပါရ
စေ။ထမင်းဖြစ်ရာ ဋ္ဌာနပင် မသိရေသာ သုခချမ်းသာ မှုနှင့် ပြည့်စုံပါရစေဘုရား”
အရှင်မြတ်က”လိုအင်ဆန္ဒ ပြည့်ဝစေ”
ဟူ၍ဆုပေးလိုက်လေသည်။ တစ်သက်
တွင် တစ်ကြိမ်မှမပြုဖူးသော ဒါနကောင်း
မှုအတွက်ကြည်နူးစိတ်ဖြင့်အိမ်ထဲဝင်လိုက်၏။

“သာဓုဗ်ာ…သာဓု။ကောင်းချီးသြဘာပြုပါတယ်။”ခင်…ခင်ဗျာ””သြော် ကျုပ်အိမ်
သားတစ်ယောက်က ကောင်းမှုကုသိုလ်
ုပြုကြောင်း သိရလို့ သာဓုခေါ်တာပါ”
“ကျွန်တော်ပြုတဲ့အလှူကိုသူဋ္ဌေးဘယ်လိုသိလဲ”အန္နဘာရ၏ တအံ့တသြအမေး
ကြောင့် သူဋ္ဌေးကရွှင်မြူးစွာ ရယ်သည်။

“ထီးချက်စောင့်နတ်သမီး ပြောတာပေါ့”
“ခင်ဗျာ””ငါ့လူ အံ့သြနေလား။ဒီနေ့ ဒီအ
ချိန်မှာ ထီးချက်စောင့်နတ်သမီးက သာဓု
ခေါ်သဗျ။နေ့စဉ်နေ့တိုင်း ကျုပ်လှူဒါန်း
ပေးကမ်းနေတာ မခေါ်ဘဲ,ဒီနေ့မှ ဘာလို့
သာဓု ခေါ်တာလည်းလို့ နတ်သမီးကို
ကျုပ်အပြစ်တင်မိတယ်…။

“သြော်”
“ဒီတော့နတ်သမီးက အသင်သူဋ္ဌေးကို သာဓုခေါ်တာမဟုတ်ဘူး။အန္နဘာရ ရဲ့အလှူကို သာဓုခေါ်တာ။ သူစား
ခွင့်ရတဲ့ ထမင်းကိုမစား။အငတ်ခံပြီး
ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ပေးလှူမှု
ကြောင့် သာဓုခေါ်တာလို့ပြောတယ်။
ကျုပ် လှူဒါန်းမှုများဟာ မောင်ရင်လေး ဒီနေ့ လှူတဲ့အလှူလောက်အကျိုး
မရှိဘူး”

“မြင့်မြတ်တဲ့ အကျင့်သီလရှိတဲ့ ပစ္စေက
ဗုဒ္ဓကို လှူခွင့်ရတာ ဘယ်လောက်
ကုသိုလ္ထူးလဲ” အန္နဘာရသည်သဒ္ဒါစိတ်
ကြောင့် လှူလိုက်သော်လည်း မည်သို့
သောအလှူခံ ပုဂ္ဂိုလ်ဖြစ်သည်ကို မစူး
စမ်းမိ။ခုတော့ ပစ္စေကဗုဒ္ဓါကို လှူလိုက်
ရမှန်းသိ၍ ဝမ်းသာသွားသည်။

“အန္နဘာရ သည်အလှူကို ငါ့ရောင်းပါ”
“ဗ်ာ””ဒီနေ့ သင်လှူတဲ့အလှူကိုငါ့အလှူ
ဖြစ်ပါစေ။ဒီအတွက် အသပြာတစ်ပြာ
ပေးပါ့မယ်”

အန္နဘာရ စားခွင့်ရသည့် ထမင်းဝေစု
တန်ဖိုးမှာအသပြာတစ်ပြားမဆိုထားနှင့်တစ်ရွေးပင်မတန်ပါ။သို့သော် သူ၏
သဒ္ဓါတရားဖြင့် လှူခဲ့သောအလှူကို
ငွေအသပြာဖြင့် ရောင်းဖို့စိတ်မကူးမိ။

“ခွင့်လွတ်ပါ သူဋ္ဌေးရယ် ကျွန်တော်
မရောင်းပါဘူး””နည်းလို့လား ဒါဆို
နှစ်ပြားယူ။ ဒါမှနည်းတယ်ဆိုရင်
လေးအသပြာယူ။ပြောနေတာကြာ
ပါတယ်…ဆယ်ပြားယူ။ကဲ စျေးဆစ်
မနေနဲ့…အသပြာနှစ်ဆယ်ယူ””သူဋ္ဌေးက
ကျေးဇူးရှင်ပါ။ဒါပေမဲ့ တစ်သက်မှာ
တစ်ခါသာ ပြုဖူးတဲ့ ဒီအလှူကိုတော့ မရောင်းနိုင်ပါခင်ဗျာ””ကဲ အသျပာ
တစ်ထောင်ဆိုရင်တော့ ရောင်းသင့်
ပါပြီ”အန္နဘာရစဉ်းစားသည်။ကျေးဇူး
ရှင် ကျေနပ်အောင်ဘယ်သို့ပြုရအံ့ဟု
တွေးလိုက်သည်။”သူဋ္ဌေး ခင်ဗျာ ခဏ သည်းခံစောင့်ပါ။အလှူကိုပေးလှူ
လို့ရမရ အရှင်မြတ်ကို မေးပါရစေ”

အရှင်မြတ် ထွက်သွားရာဘက်သို့ ပြေးလိုက်သည်။”အသင် ဒကာ သင်ပြုသောကုသိုလ်ကောင်းမှုကို
မျှဝေပေးနိုင်တယ်။သင့်အိမ်တွင် ထွန်းညှိထားသောဆီမီးတိုင်မှ
မီးလာကူးလျှင် မေလ်ာ့သြား
သော်လည်းထိုလာကူးသူက မီးရသွားသည့်နည်းတူ အလှူကို
မျှဝေသော်လည်း လျော့ပါးလေသည်
မဟုတ်ချေ”

အရှင်မြတ်စကားကြားရသော အန္နဘာရ သည်အမြန်ပြေးလာကာ “သူဋ္ဌေးမင်း
ခင်ဗျား အမ်ွအမ်ွ ယနေ့ပြုတဲ့ကုသိုလ်
ကောင်းမှုအတွက် အမျှပေးဝေပါတယ်.
.သာဓုသာခေါ်ပါတော့”သုမနသူဋ္ဌေးသည်
ဒါနကောင်းမှုအတွက် အမျှရလိုက်သဖြင့် မိမိလှူလိုက်ရသည့်အလား ဝမ်းသာ
ပီတိဖြစ်သွားသည်။ယင်းကောင်းမှုကို အကြောင်းပြုပြီး အန္နဘာရအားအသပြာ
တစ်ထောင် ချီးမြှင့်လိုက်သည်။

သူဋ္ဌေးသည် မြက်ထမ်းသမားဘဝမှ လွတ်မြောက်စေရုံမက သူနှင့်ထပ်တူ သူကောင်းပြုသည်။မင်းကြီးကလည်း
သူဋ္ဌေးအရာ သတ်မှတ်လျှက်သင့်တော်
သည့်နေရာတွင် မြေတစ်ကွက်ချီးမြှင့်
သည်။အိမ်ဆောက်ရန် ရှင်းလင်းချိန်တွင် မြေကွက်အပြည့်မျှ ရတနာရွှေအိုးများ တူးဖော်ရရှိရာ အန္နဘာရသည် နေ့ချင်းညချင်း သူဋ္ဌေးဖြစ်သွား၏။

ြှဖူစင်သောကောင်းမှု သဒ္ဒါတရား
အပြည့်ဖြင့်ပေးလှူခဲ့သည့်ဒါန,အလှူခံ
ပုဂ္ဂိုလ်မှာလည်း နိရောဓသမာပတ်မှထ၍ ချီးမြှင့်ထောက်ပံ့ခြင်းတို့သည် ထင်မှတ်
မထားသော စည်းစိမ်ကိုခံစားရပေသည်။

ကုသိုလ်ကောင်းမှုတည်းဟူသော ဒါနအမှု
သည်ပစ္စုပ္ပန် တမလွန်နှစ်ဘဝချမ်းသာရာ
ရပေသောကြောင့် တတ်နိုင်သမျှကြိုးစား
အားထုတ်ကြပါစို့လို့ တိုက်တွန်းရေးသား
လိုက်ရပေသည်။

======တရား ရတနာ=====

Featured

မခံချင်တဲ့စိတ်ကို ဆုံးမပါ

မခံချင်တဲ့စိတ်ကို ဆုံးမပါ
▬▬▬▬▬▬▬▬▬
အပိုင်း(၁)

★ ဒီနေ့ည ဘုန်းဘုန်း ဟောကြားမယ့်တရားကတော့ “#မခံချင်တဲ့စိတ်ကိုဆုံးမပါ” တဲ့။

★ မခံချင်တဲ့စိတ်ကို ဆုံးမပါ၊ ဒါ နေ့စဉ်ဘ၀မှာ ဖြစ်ပေါ်တတ်တဲ့ စိတ်အကြောင်းလေးတွေ အဲဒါလေးတွေကို သတိထားနိုင်အောင်၊ မလိုအပ်တဲ့ မရှိလည်းဖြစ်တဲ့ ဒုက္ခတွေမရှိအောင်။

★ မရှိဘဲနဲ့ ဖြစ်တဲ့ဒုက္ခဆိုတာ ဒါ ဘုန်းဘုန်းက အင်္ဂလိပ်လို တွေးပြီးတော့ ပြောတာ၊ Problems we can do without. မရှိလည်းဘဲ ဖြစ်တဲ့ဒုက္ခ။ ဆိုလိုတာက ကိုယ်က volunteer လုပ်ပြီးတော့ တကယ်လိုချင်ပြီးတော့ ယူမှဖြစ်တဲ့ ဒုက္ခ ၊ ဒါ အဓိပ္ပါယ်။မလိုချင်ဘူးဆိုရင် ဒီအတိုင်းပဲ။

★ မွေးလာကတည်းက ပါလာတဲ့ ဒုက္ခမဟုတ်ဘူး။ မွေးဖွားခါစ ကလေးလေးက ဘယ်သူ့အပေါ် မခံချင်တဲ့စိတ်ဆိုပြီးတော့ အဲ့စိတ်လေး ပါလာလား? ပါမလာဘူး။ ထမင်းဆာတယ် ဗိုက်ဆာ ဆိုတဲ့အကြောင်း မိခင်ကို အသိပေးတဲ့အနေနဲ့ သူငိုတယ်။ သူနို့စို့လိုက်ရရင် ပြီးသွားတာပဲ။

★ အဲဒီဒုက္ခ သူ့ဆီမှာ မရှိတော့ဘူး အဲဒီအချိန်လေ။ ဆာရကောင်းမလား ဆိုပြီးတော့ သူရဲ့ ခန္ဓာကိုယ်လည်း ပြန်ပြီးတော့ ဒေါသမဖြစ်ဘူး။ ရန်ငြိုးမထားဘူး။ ပင်ပန်းနေတယ် အိပ်ချင်တယ်ဆိုလည်း သူက ငိုပြတယ်။

★ အမေက သိပ်လိုက်တယ်ဆိုရင် သူအိပ်ပျော်သွားတဲ့အခါမှာ သူပြန်နိုးလာတဲ့အခါမှာ တကယ့်ကလေးငယ်လေး နဂိုကပါလာတဲ့ဒုက္ခ အဲဒီဒုက္ခကို ဆာလောင်တတ်တဲ့ဒုက္ခ၊ ပင်ပန်းတတ်တဲ့ဒုက္ခ၊ အဲဒီဒုက္ခတွေ သူကိုယ်တိုင် မကိုင်တွယ်နိုင်သေး၊ မဖြေရှင်းနိုင်သေးတာတောင်မှ မိခင်က ဝိုင်းပြီးဖြေရှင်းပေးတာ ဒီလောက် အပန်းမကြီးပါဘူး။

★ တစ်နှစ်သားအရွယ် နှစ်နှစ်သားအရွယ်။ နှစ်နှစ်သားအရွယ်လောက်ထိ အဲ့ကလေးလေး သူ့မှာ မခံချင်တဲ့စိတ်တွေ မဖြစ်ဘူး။ ကြီးလာတဲ့အခါကျမှ ကိုယ့်ကိုယ်ကိုယ် ဟိုလူနဲ့နှိုင်းလိုက် ဒီလူနဲ့နှိုင်းလိုက်၊ ကိုယ်က မနှိုင်းရင်လည်းပဲ စနစ်က နှိုင်းခိုင်းတယ်။ သွားပြီးတော့ ယှဉ်ပြိုင်ခိုင်းတယ်။

★ မူလတန်း သွားတက်ပြီဆိုရင် ကလေးတွေက လေးငါးနှစ်ပဲ ရှိသေးတယ်၊ အတန်းကျောင်းမှာ ဘယ်သူက ပိုတော်တယ်၊ ဘယ်သူက အတော်ဆုံး နံပါတ်တစ် အတန်းထဲမှာ၊ ဘယ်သူကတော့ နံပါတ်နှစ်၊ ဘယ်သူက နံပါတ်သုံး၊ အဲလို ပြိုင်ဆိုင်ခိုင်းတယ်။

★ ပြိုင်ဆိုင်ခိုင်းတဲ့အခါကျတော့ ကိုယ်က အထက်ရောက်တဲ့ပုဂ္ဂိုလ်၊ အောင်တဲ့ပုဂ္ဂိုလ်၊ ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ် ထဲမှာ မပါဘူးဆိုရင် စိတ်ထဲမှာ အားငယ်တယ်။ အဲဒီ အားငယ်တာ ဒါ မခံချင်စိတ်ရဲ့ အစိတ်အပိုင်းပါ။ မခံချင်တဲ့စိတ် တစ်မျိုးပါ အားငယ်တာ။ အင်္ဂလိပ်လို inferiority complex လို့ခေါ်တယ်။

★ ကိုယ့်ထက်သာတဲ့လူတွေကို ကြည့်ပြီးတော့ အားငယ်တယ်။ မာန တစ်မျိုးပေါ၊ ဟီနမာန်တဲ့၊ မာနတစ်မျိုး၊ မာနသုံးမျိုးရှိတယ် ဒါ ဟီနမာန်၊ နာသူရဲ့ မာန်ပေါ့၊ နာသူရဲ့ မာန၊ မခံချင်တဲ့စိတ်။

★ တခါတခါကျတော့ မိဘကိုယ်၌က ကိုယ့်သားသမီးတွေကို အချင်းချင်းနှိုင်းယှဉ်တယ်။ ကြိုးစား အစ်ကိုကြီးလို ကြိုးစား၊ အစ်မကြီးလို ဖြစ်အောင် ကြိုးစား။

★ အဲလိုပြောတဲ့အခါကျတော့ pressure နည်းတဲ့အချိန်မှာ စိတ်ဖိဆီးမှု နည်းတဲ့အချိန်မှာ ကလေးက သူရဲ့အကြီးတွေကို အားကျရင်အားကျမယ်။ အားကျတာတော့ ကောင်းပါတယ်။ Aspiration ဖြစ်တယ်ဆိုတာ ကိုယ်အားကျပြီးတော့ ကိုယ်ဖြစ်ချင်တာ။

★ ဒါပေမဲ့ ဘာစိတ်အလိုလို ၀င်နိုင်တုန်းဆို မိဘက အဲလိုခဏခဏ သွားပြီးတော့ နှိုင်းတယ်ဆိုရင် တခါတခါက မိဘက ဘယ်လိုပြောတုန်း? နင်က နင့်အစ်မကြီးလို မဟုတ်ဘူး၊ နင့်အစ်ကိုကြီးလို မဟုတ်ဘူး ပြောရခက်လိုက်တာဆိုပြီး မခံချင်တဲ့စိတ် ဖြစ်အောင်လုပ်တယ်။

★ သူများ ပြုပြင်ပြောင်းလဲမလား၊ ပြုပြင်မလားဆိုပြီးတော့ စေတနာနဲ့တော့ ပြောပါတယ်။ ဒါပေမဲ့ ပြောတာ နှစ်ဖက်ဓါးသွားရှိတဲ့ ဓါးနဲ့ ပြောတဲ့အခါကျတော့ တစ်ဖက်က ကိုယ်ခုတ်ချင်တဲ့နေရာ ပြတ်ချင်လည်းပြတ်လိမ့်မယ်၊ ကျန်တဲ့တစ်ဖက်က အန္တရယ်ရှိနေတယ်။ Side effects တွေ ဘေးထွက်ဆိုးကျိုးတွေများတယ်။

★ မခံချင်တဲစိတ်ရှိအောင် လှုံ့ဆော်ပြီးတော့ မခံချင်တဲ့စိတ်သွင်းပြီးတော့ ကြိုးစားခိုင်းတာ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ များတယ်။

★ အဲလိုလုပ်တဲ့အခါမှာ စိတ်ဖိစီးမှု များလာရင် မောင်နှမအချင်းချင်းတောင်မှ အဲဒီအချိန်မှာ ကိုယ့်ရဲ့ အစ်ကိုကြီး၊ ကိုယ့်ရဲ့အစ်မကြီးကို အကြောင်းပြုပြီးတော့ သူ့တို့ စံနမူနာထားပြီးတော့ ကိုယ့်ကိုယ်ကိုယ်လာပြီး မိဘတွေက ကြိုးစားတိုက်တွန်းတယ်ဆိုတာ တခါတခါ ကိုယ်က အဲဒီစေတနာ မမြင်မိဘူး။

★ ဘာဖြစ်လို့ မမြင်မိတုန်း? စိတ်ဖိစီးမှု ဖြစ်သွားတာ stress ဖြစ်သွားတာ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

“မခံချင်တဲ့စိတ်ကို ဆုံးမပါ” (၂၅.၁.၂၀၁၉) တရားတော်အသံတော်မှ ကူးယူရေးသား ပူဇော်ပါသည်။

Photo credit #အရိုး

Featured

ရှင်သီ ၀လိ (ထေရုပ္ပတ္တိ)

ရှင်သီ ၀လိ (ထေရုပ္ပတ္တိ)
═════════════

ဗုဒ္ဓဘာသာ၀င်များက ရှင်သီ၀လိကို
ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။
လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။
ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီ၀လိပုံတော်ကို ထုလုပ်ကိုးကွယ်၍
အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။
ရှင်သီ၀လိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ
အားလုံးက သိထားကြ၏။
ရှင်သီ၀လိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊
ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော
ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

( တောင်းခဲ့သော ဆု)

ရှင်သီ၀လိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌
လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး
ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍
ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

(ပြုခဲ့သော ကုသိုလ်)

၀ိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌
အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က
ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။
၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။
ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။
၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ
ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင်
လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင်
ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။
ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်၀ယ်ရန်
ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီ၀လိအလောင်း
လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က
တကျပ်ပေး၍ ၀ယ်ယူကြ၏။
ထိုခေတ်ပေါက်စျေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍
၀ယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး
ရုတ်တရက် မရောင်းဘဲ စျေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း စျေးတက်ပေး၍ အနည်းငယ်မျှသာတန်သော
တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ
စျေးနှုန်းမြင့်တက်သွားလေသည်။ ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား
လှူရန် ၀ယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ်ကိုယ်တိုင်
အခမဲ့ကုသိုလ်ပါ၀င် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင်
သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။
တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ
ဝိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း
ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး
ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌
သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီ၀လိ ဖြစ်ခဲ့ရလေသည်။

(ကျူးလွန်ခဲ့သော အပြစ်)

ရှင်သီ၀လိဖြစ်မည့် နောက်ဆုံးဘ၀တွင် အမိ၀မ်းတွင်း၌ ၇-နှစ်ကြာမျှ
၀ဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိ၀တွင်
ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။
ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို
သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘ၀က သီ၀လိနှင့် မယ်တော် သုပ္ပဝါသာတို့မှာ
ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။
တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို
တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။
ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍
နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင်
ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။
အတွင်းရှိ မယ်တော်ကြီးက မြို့ကို ဝိုင်းထားရန် အကြံပေးလေသည်။
မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး
လေးပေါက်တို့ကို အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ
အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး
ပိတ်ဆို့ ၀န်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့်
အတိုင်း ၀င်ပေါက်ထွက်ပေါက် မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့
၀န်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး
အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီ၀လိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။
ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ
ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီ၀လိအလောင်းအလျာ ဖြစ်လာသည်။

( ရှင်သီ၀လိ မယ်တော်နှင့် ခမည်းတော်)

ရှင်သီ၀လိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။
ရှင်သီ၀လိ၏ မျိုးရိုးမှာ ကောလိယမင်းမျိုး ဖြစ်သည်။
ဖခင်၏အမည်ကို ကျမ်းဂန်တို့၌ သီခြားမပြပါ။
ကောလိယမင်းသား-တပါးဟုသာ သာမန်ပြဆိုသည်။
မယ်တော်၏အမည်ကိုမူသုပ္ပဝါသာ-ဟု သီးခြားပြဆိုသည်။
သုပ္ပဝါသာသည်လည်း ဆွေကြီးမျိုးကောင်း ကောလိယဘုရင်တပါး၏
သမီးတော်ဖြစ်သည်။ အလွန်သဒ္ဓါတရား ကောင်း၏။ ဖွယ်ဖွယ်ရာရာ
မွန်မွန်မြတ်မြတ် လှူတတ်သောသဘောရှိ၏။
ထို့ကြောင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတွင် မွန်မွန့်မြတ်မြတ်
ပေးလှူတတ်သောအရာ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။

မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ခဲဘွယ်ဘောဇဉ်နှင့်
ဆေးဝါးဓာတ်စာများကို သင့်လျော်အောင် စီမံ၍ ကိုယ်တိုင်ကိုယ်ကျ
လှူဒါန်းလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း သံဃာတော် ၁၀၈-ပါးကို နိစ္စဘတ်
ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော ဘိက္ခုဖြစ်စေ၊
ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။
အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြားစားဖွယ်
တမျိုးမျိုးကို လောင်းလှူလေ့ရှိသည်။ လှူသည့်အခါမှာလည်း
ဖြစ်ကတတ်ဆန်း မလှူ။ မွန်မွန်မြတ်မြတ် ရိုရိုသေသေ လှူတတ်သည်။
ဒါနနှင့် ပျော်မွေ့သူဖြစ်သည်။

ဤမျှ သဒ္ဓါတရားကောင်းပြီး ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါလျက်
ကိုယ်၀န်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ
သနားဖို့ပင် ကောင်းတော့သည်။
အဖြေကား မြို့ကို ၀န်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော
အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်ပင် ဖြစ်တော့သည်။

ရှင်သီ၀လိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိ၀မ်းထဲတွင်
သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။
မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့်
ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက
အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ
ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

( အံ့ဖွယ် ဖြစ်ရပ်ထူးများ)

ရှင်သီ၀လိ၏ ကုသိုလ်ကံအကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား
ရှိလှ၍ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။
ရှင်သီ၀လိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ၀မ်းတွင်းရှိ
သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပဝါသာမင်းသမီးအထံသို့
ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ
ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။
ဆွေမျိုးများက သုပ္ပဝါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍ မျိုးစေ့ထည့်ထားသော
တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။
သုပ္ပဝါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင်
တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။
မင်းပယ်တပယ် ကျယ်၀န်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း
ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ
အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့်
တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီ၀လိ၏ ဘုန်းကံကြောင့်
ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်)
မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။
ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏
ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင်
ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။

ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ
၀ိပဿီဘုရားလက်ထက်က နွားနို့ခဲနှင့် ပျားရည်ကို လှူခဲ့ဖူးသော
ကုသိုလ်၏ အကျိုးဆက်ပင် ဖြစ်လေသည်။

(ဂုဏ်တော်ပွား၍ သည်းခံခြင်း)

ကိုယ်၀န်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသော သုပ္ပဝါသာမင်းသမီး၏ ဆင်းရဲ
ဒုက္ခ မည်မျှကြီးမားသည်ကို စာရှုသူတို့ ကိုယ်ချင်းစာကြည့်လျှင်သိနိုင်ရာပါသည်။
ဤ၌ သုပ္ပဝါသာ မင်းသမီး၏ သဘောထားခံယူချက်မှာ အတုယူ မှတ်သားဖို့
ကောင်းပါသည်။ သုပ္ပဝါသာမင်းသမီးသည် သန္ဓေလွယ်ရသော ဒုက္ခဝေဒနာကို
အခြားနည်းဖြင့် မဖြေဖျာက်ဘဲ ဂုဏ်တော်ပွားများခြင်းဖြင့် အာရုံပြောင်းလဲအောင်
ပြုလုပ်၍ သည်းခံခဲ့လေသည်။

ဂုဏ်တော်ပွားများ ဆင်ခြင်ပုံမှာ-

(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန်
တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့်
ပြည့်စုံတော်မူပါပေစွတကား။

(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော
ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ် အားထုတ်တော်မူ၏။
ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကို
ကောင်းစွာ ကျင့်တော်မူပါပေစွတကား။

(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။
ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပေစွတကား။

သုပ္ပဝါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊
သံဃာတော်၏ သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊
နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော ကောင်းသောအကြံ ဤအကြံ
သုံးမျိုးတို့ဖြင့် ကိုယ်၀န်လွယ်ရသော ဒုက္ခဝေဒနာကို
သည်းခံဖြေဖျောက်၍ နေလေသည်။

သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန်
ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ ပြင်းထန်လာသောအခါ သူ၏
ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး အောက်ပါ
စကားကို ပြောကြားလေသည်။

အမောင်-ကိုယ်၀န်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတပ်မသိနိုင်ပါ။
ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်) အလှူပေးသွားချင်ပါတယ်။
မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး
အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ
တလုံးမကျန် မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။

(အလှူ ၂-ခု ဆုံနေခြင်း)

ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပဝါသာ၏ စကားကို ယူဆောင်၍
မြတ်စွာဘုရားထံသို့ သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေ၏။
သုပ္ပဝါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံ
ကြွရောက်ပါရန်လည်း ပင့်လျှောက်လေ၏။
မြတ်စွာဘုရားက သုပ္ပဝါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ
ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပဝါသာမင်းသမီးထံမှ အပင့်မရောက်မီ
အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက ပင့်ထားပြီးဖြစ်၍
ချက်ချင်း ၀န်မခံခြင်း ဖြစ်သည်။

အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို
ခေါ်၍ အလှူရက် နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။
အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့်
အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို
၇-ရက်မျှ နောက်သို့ ရွှေ့ပေးပါရန် ပြောကြားလေသည်။

အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ-
အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့
ရွှေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊
စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူး-လို့
အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို
ရွှေ့ပေးပါမယ်ဘုရား။

အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ
အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်က-
ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာ၀ကျပါပေတယ်။
ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ ၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့
အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။
ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။
ဤသို့ ပြန်လည် ရှင်းပြတော် မူပေသည်။

ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့်
အပြင် မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို
ဦးစားပေးကာ သူ၏ အလှူရက်ကို နောက်သို့ ၇-ရက်မျှ ရွှေ့ပေးလိုက်လေသည်။

( မေတ္တာဓာတ်ကြောင့် ဖွားမြင် )

အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ
မြတ်စွာဘုရားက သုပ္ပဝါသာ မင်းသမီး၏ အလှူကို လက်ခံတော်မူပြီး-
သုပ္ပဝါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။
ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ
ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အဝြဖင့် မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း
နေအိမ်တွင် ကျန်ရစ်သော သုပ္ပဝါသာမင်းသမီးသည် ၇-နှစ်လွယ်ထားရပြီး
၇-ရက်တိုင်တိုင် မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို
လွယ်ကူချောမောစွာ ဖွားမြင်လေ၏။

ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု
မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။
သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့
အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား
၀မ်းပန်းတသာ ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော
ကောလိယမင်းသားက တွေ့မြင်လိုက်ရသောအခါ ငါ၏ဇနီး မီးဖွားပြီဟု
သဘောပေါက်ပြီး ဖြစ်လေသည်။ ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို
ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ သောကြောင့် သူငယ်၏
အမည်ကို ( သီ၀လိ) ဟု အမည်ပေးကြသည်။
သီ၀လိ=သောကအပူကို ငြိမ်းအေးစေးသူ (ဝါ) မောင်ငြိမ်းချမ်း။

( မွေးဖွားစသူငယ် စကားပြောခြင်း )

သုပ္ပဝါသာမင်းသမီးသည် သီ၀လိသတို့သား ဖွားမြောက်သည့်
အထ်ိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို
နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။
ရှင်သီ၀လိ သတို့သားမှာ အမိ၀မ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက်
လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို
ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီ၀လိသူငယ်ကိုယ်တိုင်
ရေစစ်၍ သောက်ရေဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့်
စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော
မယ်တော်သုပ္ပဝါသာ မင်းသမီးအဖို့ ၀မ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။
(အံ-ဋ္ဌ-၁၊ နှာ-၁၉၄)

မြတ်စွာဘုရားက -ချစ်သမီး သုပ္ပဝါသာ၊ ကိုယ်၀န်ဒုက္ခကို ၇-နှစ်မျှ
လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်၀န်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု
မေးတော်မူရာ သုပ္ပဝါသာမင်းသမီးက -မှန်ပါဘုရား၊ သီ၀လိလို သားမျိုးကိုသာ
ရမည်ဆိုပါက နောက်ထပ် ၇-ခါ ပဋိသန္ဓေလွယ်ပြီး ၇-ယောက်တိတိ
ဖွားလိုပါသေးကြောင်း-မိန်းမပီပီ လျှောက်ထားလေသည်။
ဤသို့လျှောက်ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော
မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။

( သီ၀လိ သင်္ကန်း၀တ် )

အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို
သီ၀လိသူငယ်က အမိ၀မ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို
လျှောက်ထားပြီး မိဘ ၂-ပါးက ခွင့်ပြုပါလျှင်
သင်္ကန်း၀တ်လိုကြောင်း လျှောက်ထားလေ၏။
ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင်
တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချပေးလေ၏။

ပထမဆံ၀န်းအချတွင် သောတာပန်၊
ဒုတိယဆံ၀န်းအချတွင် သကဒါဂါမ်၊
တတိယဆံ၀န်းအချတွင် အနာဂါမ်၊
ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်လေ၏။

ရှင်သီ၀လိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး
ရှင်သီ၀လိ၏ ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး
ခက်ခဲမှုမရှိဘဲ အလျှံပယ်ပေါများလေ၏။
ရှင်သီ၀လိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည် မြတ်စွာဘုရားသခင်
ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က ဖြစ်ပေါ်လာခဲ့ပေသည်။

( ဘုန်းကံကို စုံစမ်းခြင်း )

ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီ၀လိကိ်ု
လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက လက်ခံထားကြ၏။
မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲအံ့ထင်သော
မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီ၀လိကို ခေါ်သွားလေ့ရှိ၏။
ရှင်သီ၀လိပါလျှင် စား၀တ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။
လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင်
ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီ၀လိ ဘုန်းကံမှာ
ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက ဂေါတမမြတ်စွာဘုရားသည် သာ၀တ္ထိပြည်သို့ ကြွလာရာ
ရှင်သီ၀လိကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။
ရှင်သီ၀လိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍
တပည့်နှင့် အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု
လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီ၀လိနောက်သို့
သံဃာအပါး ၅၀၀-ထည့်ပေးလိုက်၏။

ရှင်သီ၀လိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမ၀န္တာသို့
ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။
ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ နေရာအားလုံး၌ပင်
ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီ၀လိ မထေရ်အား ခုနစ်ရက်စီ၊
ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေသည်။
ရှင်သီ၀လ်ိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင်
သုံးစွဲ၍ မကုန်အောင် ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။
ရှင်သီ၀လိဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင်
လှူဒါန်းကြသောကြောင့် လာဘ်လာဘ ပေါများရာ၌ ရှင်သီ၀လိမထေရ်အား
ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။
.
( မာဂဓီ-သာစည်)

Dhammaပီတိ

Via ဓမ္မ ရေချမ်းစဉ်

🙏ဘုရား၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ
ဘေးရန်ကွာကျပါစေ🙏

🙏တရား၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ
ဘေးရန်ကွာကျပါစေ🙏

🙏သံဃာ၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ
ဘေးရန်ကွာကျပါစေ🙏

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

ဘုရား တရား သံဃာ ရတနာမြတ်သုံပါး၏
ဂုဏ်ကျေးဇူးကြောင့်

(၇)ရက်သားသမီးအပေါင်းသူတော်ကောင်းတို့

🌹လုပ်ကိုင် ကြံစည်သမျှ ပြီးမြှောက် အောင်မြင်ပါစေ.🌹

🌹ရောဂါ ဘေးအန္တရာယ်ကင်း၍ အေးချမ်းကျပါစေ.🌹

🌹တရားထူးတရားမြတ်များရကျပါစေ.🌹

နိဗ္ဗာနဿ ပစ္စယော ဟောတု။ ။

မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ
အထွန်းကားဆုံးသောတိုင်းပြည်ဖြစ်ပါသည်။
ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို
ကြည်ညို လေးစား တန်ဖိုးထားသည့်
ထေရဝါဒ ဗုဒ္ဓဘာသာဝင်များကို
(ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည်
သက်ဝင်ကိုးကွယ်သူများ)group မှလည်း
လေးစားစွာဖိတ်ခေါ်ပါသည်။🙏🙏🙏
https://www.facebook.com/groups/443388239944617/
https://www.facebook.com/groups/443388239944617/

Featured

ဥပေက္ခာနှင့် ဝေဒနာရှုမှတ်ခြင်း

ဥပေက္ခာနှင့် ဝေဒနာရှုမှတ်ခြင်း


မထူးဆန်းလှဘဲ ရိုးရိုးအာရုံ၀တ္တုတွေကို
မြင်ရ ကြားရ တွေ့ရ သိရတဲ့အခါများမှာ

၀မ်းသာတယ်လို့လည်း မရှိဘူး။
နှလုံးမသာတယ်လို့လည်းမရှိဘူး။

နေသာရုံတော့လည်း ရှိနေတာပဲ။
အဲဒါဟာ ဥပက်ေခာပါပဲ။

လောကီအာရုံ ကာမဂုဏ်၀တ္တုတွေနဲ့
စပ်ပြီးဖြစ်တဲ့အတွက် သူ့ကို “သာမိသ
ဥပေက္ခာ” လို့ခေါ်တယ်။ လောကရေးရာ
လျစ်လျူရှုမှုကို ဆိုလိုတယ်။

သူက နိစ္စ သုခ အတ္တ အထင်မှား
အသိမှားတွေနဲ့ ပူးတွဲပြီးဖြစ်နေတယ်။

ဒါကြောင့် သူ့ကို “အညာဏုပေက္ခာ”
လို့လည်းခေါ်တယ်တယ်။ အသိဉာဏ်
မပါတဲ့ လျစ်လျူရှုမှုလို့ ဆိုလိုတယ်။

ဒါကြောင့် ဒီဥပေက္ခာကိုတော့မမှီဝဲရဘူး။
ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်ပြီးတော့
ပယ်ရတယ်။

ရှုမှတ်ကောင်းတဲ့ ၀မ်းသာတာကို
“နိရာမိသုခ”ခေါ်တယ်။

အဲဒီ၀မ်းသာမှုတွေကို ရှုမှတ်လို့
ကောင်းကောင်း လွန်မြောက်သွားတဲ့
အခါကျတော့

စိတ်ထဲမှာ ၀မ်းသာတက်ကြွခြင်း
မရှိတော့ဘဲနဲ့ အသိကလေးဟာ
ငြိမ်သက်သိမ်မွေ့ပြီး

မှတ်တိုင်း မှတ်တိုင်း ယဉ်ယဉ်သာသာ
ကလေးနဲ့ ကောင်းနေတာရှိတယ်။

အဲဒါဟာ “နိရာမိသဥပကျခော”ပါပဲ။
တရားရေးရာ လျစ်လျူရှုမှုလို့ဆိုလိုတယ်။

ဒီဥပေက္ခာဟာ သင်္ခါရုပေက္ခာဉာဏ်များ
ကျတော့ ချီးမွမ်းလို့ မမီနိုင်အောင်ကို
နူးညံ့သိမ်မွေ့ပြီးတော့ အင်မတန်
နေကောင်းတာကို တွေ့ရတယ်။

ယောဂီဟာ နောက်ဆုံးကျတော့ ဒီ
“နိရာမိသဥပေက္ခာ”ကိုပဲ ရောက်ပြီးတော့

သူ့ကိုလွန်မြောက်ပြီး မဂ်ဉာဏ်
ဖိုလ်ဉာဏ် ဆိုက်ရောက်သွားအောင်
ဆက်လက်ပြီး မပြတ်ရှုမှတ်သွားရပြန်
တာပဲ။

လိုရင်းအတိုချုပ်ကတော့ ကိုယ်ထဲ
စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ခံစားမှုဆိုရင်

ချမ်းသာတဲ့ ကောင်းတဲ့ ခံစားမှုပဲဖြစ်ဖြစ်
ဆင်းရဲတဲ့ မကောင်းတဲ့ ခံစားမှုပဲဖြစ်ဖြစ်
နေသာရုံ သာမန်ခံစားမှုပဲဖြစ်ဖြစ်

ပေါ်လာသမျှကို အကုန်လုံး
စူးစိုက်ပြီး မှတ်သိရမယ်။

လောကရေးရာနဲ့စပ်တဲ့ ခံစားမှုဆိုရင်
ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်
လက်မခံဘဲ ရှုမှတ်ပြီး ပယ်ရမယ်။

ပြီးတော့ တရားရေးရာနဲ့စပ်ပြီး
၀မ်းနည်းမှု ဖြစ်လာရင်လည်း သူ့ကို
ရှုမှတ်ပြီး တရားရေးရာ ၀မ်းသာမှုများ
ဖြစ်ပေါ်လာစေရမယ်။

အဲဒီတရားရေးရာ ၀မ်းသာမှုတွေ ဖြစ်လာ
ပြန်တော့လည်း သူတို့ကို လွန်မြောက်သွား
အောင် ရှုမှတ်သွားရမယ်။

လွန်မြောက်သွားတဲ့ အခါကျတော့
နူးနူးညံ့ညံ သိမ်သိမ်မွေ့မွေ့ ညင်ညင်
သာသာကလေး မှတ်ပြီး

ကောင်းနေတဲ့ နိရာမိသဥပေက္ခာကိုလည်း
မပြတ်ရှုမှတ်ပြီး အစဉ်အတိုင်း လိုက်နာ
သွားရမယ်။

ဒီလို လိုက်သွားရင် တစ်ပိုင်းစီ
တစ်ပိုင်းစီ ပြတ်ပြတ်ပြီး

ကုန်ကုန်သွားတဲ့ ခံစားမှု
ဝေဒနာကလေးကိုပဲ ဖြစ်ဖြစ်
တခြားရုပ်နာမ်တွေကိုပဲဖြစ်ဖြစ်

ရှုမှတ်ရင်း သိနေရင်းထဲက
အဲဒီရှိနေတဲ့ ရုပ်နာမ်အာရုံတွေရော

ရှုသိနေတဲ့ နာမ်တရားတွေရော
ဒီရုပ်နာမ် သင်္ခါရတွေ အကုန်လုံး

ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်သဘောထဲကို
၀င်ရောက်ပြီး မျက်မှောက်တွေ့
သွားပါလိမ့်မယ်။

အဲဒါဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်
နိဗ္ဗာန်ကို မျက်မှောက်ပြုသွား
တာပါပဲ။

ရှုမှတ်နိုင်ကြ၍ ဝေဒနာနှင့်တကွ
ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်
အနိစ္စ ဒုက္ခ အနတ္တ အချက်တို့ကို

မှန်မှန်ကန်ကန် ပိုင်ပိုင်နိုင်နိုင်ကြီး
သိမြင်လွယ်နိုင်ကြပါစေ။

မှန်ကန်ပိုင်နိုင်စွာ သိမြင်ကြ၍ မိမိတို့
ရည်မှန်းသော မဂ်ဖိုလ် ဉာဏ်စခန်းသို့
လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ။

ကျေးဇူးတော်ရှင်
မဟာစည်ဆရာတော်ဘုရားကြီး
“ဝေဒနာ ရှုမှတ်ပုံ” တရားတော်မှ

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

ဖြေဆေး

ဖြေဆေး !


တချို့လူတွေက
မင်းကို
စိတ်ဒဏ်ရာတွေပေးခဲ့လိမ့်မယ် ။

တချို့လူတွေက
မင်းအနားက
အဝေးဆုံးကိုထွက်ခွာသွားလိမ့်မယ် ။

တချို့လူတွေက
မင်းကို
ဝမ်းနည်းစရာတွေဖန်တီးပေးလိမ့်မယ် ။

တချို့လူတွေက
မင်းကို
နာကျင်မှုတွေပေးခဲ့လိမ့်မယ် ။

တချို့လူတွေက
မင်းကို
တစ်သက်တာ
သင်ခန်းစာတွေပေးခဲ့လိမ့်မယ် ။

တချို့လူတွေက
မင်းကို
မမေ့နိုင်စရာတွေပုံရိပ်တွေ
ဖန်တီးပေးလိမ့်မယ် ။

တချို့လူတွေက
မင်းကို
လိုအပ်တဲ့အချိန်မှာ
ဆက်သွယ်လာလိမ့်မယ် ။

တချို့လူတွေက
မင်းကို
ပျော်ရွှင်အောင်ဖန်တီးပေးလိမ့်မယ် ။

တချို့လူတွေက
မင်းကို
အကြောင်းမရှိပဲထားသွားလိမ့်မယ် ။

တချို့လူတွေက
မင်းကို
ချစ်တတ်အောင်သင်ပေးခဲ့လိမ့်မယ် ။

တချို့လူတွေက
မင်းကို
မလိုအပ်တော့တဲ့အချိန်မှာ
ပစ်သွားလိမ့်မယ် ။

တချို့လူတွေက
မင်းကို
လွမ်းစရာတွေနဲ့ထားခဲ့လိမ့်မယ် ။

ဒါဟာ
အသက်အရွယ်ကြီးရင့်လာတဲ့အမျှ
တွေ့ကြုံရမယ့်
စိတ်ခံစားမှုတွေပါပဲ ။

လူတွေအများစုဟာ
သူတစ်ပါးရဲ့စိတ်ကို
ထိန်းချုပ်ဖို့
ချုပ်ချယ်ဖို့
ပိုင်ဆိုင်ဖို့
နှောင်ဖွဲ့ဖို့
အမြဲကြိုးစားကြတယ် ။

ဒါပေမယ့်
ကိုယ့်ကိုယ်တိုင်း
ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ဖို့
ဖြေသိမ့်ဖို့
ဖြေတွေးဖို့ကျပြန်တော့
မေ့နေကြတယ် ။

သူတစ်ပါးက
ပေးတဲ့စိတ်ခံစားမှုကို
နှစ်နှစ်ကာကာ ခံစားတယ်
စိတ်နှစ်ပြီး
ရင်ဘက်ကြီးနဲ့
အာရုံကိုစူးစိုက်ယူတယ် ။

ကိုယ့်မှာရှိနေတဲ့
စိတ်ဒုက္ခဆင်းရဲကိုတောင်
ကိုယ်ကိုယ်တိုင် မနိုင်တာ
သူတစ်ပါးရဲ့
စိတ်ဒုက္ခတွေကိုတော့
မျှဝေခံစားတယ် ။

သူတစ်ပါးက
ကိုယ့်ကိုထားသွားတယ်
ကိုယ်ဘက်က
နာကျင်ခံစားရတယ်
ဒါကလည်း
ထားသွားသူရဲ့အပြစ်မဟုတ်ဘူး
ကိုယ့်အပြစ်လည်းမဟုတ်ပါဘူး ။

ဒါဟာ
သဘာဝပဲလေ ။

လူတိုင်းလူတိုင်းကတော့
ကိုယ့်အပေါ်
အကောင်းမြင်စေချင်တယ်
အထင်ကြီးစေချင်တယ်
အချစ်ခံစေချင်တယ်ဆိုတာ
သဘာဝပဲလေ ၊

ဘာလိုလည်းဆိုတော့
စိတ်ဆိုတာ
မကောင်းတဲ့သာယာမှုကိုအပေါ်မှာ
မွေ့လျော်ပျော်ပါးတတ်တယ်လေ ၊

လူဆိုတာက
အမြဲတမ်း
ကိုယ့်အပေါ်မှာကောင်းတဲ့သူတွေချည်း
ရှိနေတာမှမဟုတ်တာ ၊

ကိုယ့်အပေါ်
ဆိုးတဲ့သူ/မကောင်းတဲ့သူတွေလည်း
ရှိနေအုန်းမှာပဲလေ ၊

သို့သော်
ထားခဲ့ခံရတဲ့
ကိုယ်က
ကိုယ့်အပေါ်
ကျရောက်လာတဲ့စိတ်ခံစားမှုကို
ကိုယ်က
ဘယ်လိုထိန်းချုပ်မလဲဆိုတာက
အရေးကြီးပါတယ် ၊

အဲလိုမထိန်းချုပ်ပဲနဲ့
သူတစ်ပါးကပေးတဲ့
စိတ်ခံစားမှုကို
ကိုယ့်ကဘက်က
မပြီးနိုင်ပဲ
ငိုယိုနေမယ်
စိတ်ဆင်းနေမယ်
စဉ်းစားနေမယ်
စိတ်သောကရောက်နေမယ်
ပူလောင်နေမယ်
ခံစားနေမယ်ဆိုရင်တော့
ကိုယ့်အပြစ်ဖြစ်သွားပြီ ။

ဘာလို့လည်းဆိုရင်
စည်းချက်မတူညီတဲ့
လူ့ဘဝဟာ
ကိုယ်ဖြစ်ချင်တာနဲ့
ကိုယ်လုပ်ချင်တာ
ဘယ်တော့မှ
တစ်ထပ်တည်းမကျဘူးဆိုတာကို
လက်ခံနိုင်ရမယ် ။

သူကတောင်
ကိုယ့်ကိုယ်
မလိုချင်လို့
မလိုလားလို့
မချစ်လို့
စွန့်ပစ်သွားသေးတာပဲ ၊

ကိုယ်က
အဲဒါကြီး
မပြီးမပျက်နိုင်ပဲ
တွေးလိုက်
ဆွေးလိုက်နဲ့နေနေမယ်ဆိုရင်
ကိုယ့်ဒုက္ခကို
ကိုယ်ကိုယ်တိုင်ရှာနေတာနဲ့
အတူတူပဲ မဟုတ်လား ? ၊

သူတစ်ပါးက
ကိုယ့်ကို
စိတ်ဒဏ်ရာတွေ
ဘယ်လိုပဲပေးခဲ့ပေးခဲ့
ဘာတွေပဲပြောနေပြောနေ
ဘယ်လိုပဲထားခဲ့ထားခဲ့
ကိုယ့်စိတ်အာရုံထဲမှာ
အကြာကြီးမခံစားပါနဲ့
အကြာကြီးလည်း
အစွဲမထားနဲ့ ။

ကိုယ်ဖြစ်ချင်တာနဲ့
ကိုယ်လုပ်ချင်တာ
တစ်ထပ်တည်းမကျသေးလို့ပဲ
ခံယူလိုက်ပါ ။

နောက်တစ်ခုက
ဒီကမ္ဘာကြီးမှာ
ကိုယ့်ကို
တန်ဖိုးမထားတဲ့သူတွေချည်းနေတာ
မဟုတ်ပါဘူး
တန်ဖိုးထားတဲ့အများကြီးလည်း
ရှိပါသေးတယ်။

နောက်ဆုံးအနေနဲ့ပြောရရင်
ကိုယ့်ကို
အမြဲချစ်နေတဲ့မိဘနှစ်ပါးရှိပါသေးတယ်လေ ။

ဒီတော့
ဘယ်လိုလူတွေက
ကိုယ့်ကို
ဘာတွေပြောပြော
ဘာတွေပေးပေး
ဘယ်လိုလုပ်လုပ်
ဘယ်လိုပဲထားခဲ့ထားခဲ့
အရမ်းကြီးစိတ်မခံစားဖို့နဲ့
အရမ်းကြီးအစွဲမထားဖို့ပါပဲ ။

အချုပ်အနေနဲ့ပြောပြရရင်
ကမ္ဘာကြီးနဲ့ပဲယှဉ်ပြောပါရစေ

ဘယ်သူတွေကပဲ
ကိုယ့်အပေါ်မကောင်းနေပါစေ
မနာလိုနေပါစေ
မုန်းတီးနေပါစေ
အပြစ်တင်နေပါစေ
အဲဒါတွေအရေးမကြီးပါဘူး

အဓိကက
ကိုယ့်အပေါ်ကျရောက်လာမယ့်
သူတစ်ပါးကပေးလာတဲ့စိတ်ဒုက္ခမျိုးစုံကို
ကိုယ့်ဘက်က
ဘယ်လိုကာကွယ်ထိန်းချုပ်ရမလဲ ?

ဘယ်လိုမျိုးစိတ်ထားမလဲ ?

ဘယ်လိုမျိုးဖြေတွေးမလဲ ?ဆိုတာ
အရမ်းအရေးကြီးပါတယ် ၊

ကမ္ဘာပေါ်မှာ
ကိုယ်ထက်သာတဲ့လူတွေ
အဆင်ပြေနေတဲ့လူတွေ
အများကြီးရှိသလို

ကိုယ့်ထက်
အဆင်မပြေသေးတဲ့လူတွေလဲ
အများကြီး အများကြီးရှိပါသေးတယ် ။

ဒါကြောင့်
ငါတို့တစ်တွေဟာ
စည်းချက်တွေ
ဘဝနဲ့ဆန္ဒတွေ
မျှတမှုတွေ
မတူညီသေးတဲ့
ဒီကမ္ဘာကြီးပေါ်မှာ
ကိုယ်လုပ်ချင်တာနဲ့
ကိုယ်ဖြစ်ချင်တာနဲ့
တစ်ထပ်တည်းမကျတဲ့အရာကို
” ဘဝ “ပဲ ဆိုတာ
နားလည်ပြီး
ဖြေတွေး(ဖြည့်တွေး)ယူလိုက်ပါ ။

အဲဒါဟာအကောင်းဆုံး
စိတ်ဖြေဆေးနည်းပါပဲ ။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)

Featured

ဗုဒ္ဓဂယာသွားရင် အပါယ်ပိတ်တယ်ဆိုတာ မှန်ပါသလား

ဗုဒ္ဓဂယာသွားရင်
အပါယ်ပိတ်တယ်ဆိုတာ မှန်ပါသလား။

"အရှင်ဘုရား-
 အိန္ဒိယက ဗုဒ္ဓဂယာကို ဘုရားဖူးသွားရင်
 အပါယ်ပိတ်ပြီး နိဗ္ဗာန်နဲ့ နီးသွားတယ်ဆိုတာ
 မှန်ပါသလားဘုရား"တဲ့။

မေးတဲ့သူက ဦးဇင်းရဲ့ ပစ္စည်းလေးပါး ဒကာမကြီး။
အရင်ကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့
post တစ်ခု တင်ခဲ့ဖူးပါတယ်။
အခုလည်း အကြောင်းတိုက်ဆိုင်မှု ရှိလာတော့ ရေးဖြစ်
ပြန်ပြီပေါ့နော်။

ခက်တာက ဦးဇင်းတို့ ဗုဒ္ဓဘာသာ အတော်များများက
အပါယ်ပိတ်ဘုရားလို့ နံမည်တပ်ထားရင့့့်
ဆုတောင်းပြည့်ဘုရားလို့ နာမည်တပ်ထားရင့့့်
ဝဋ်ကြွေးကျေဘုရားလို့ နာမည်တပ်ထားရင့့့်
သူထက်ငါ သွားလိုက်ကြတာ အုန်းအုန်းကို ထနေကြတာပဲ။

ဒီလို အပြုအမူတွေကို မြင်ရတာ့
ဂေါတမ မြတ်စွာဘုရားရဲ့သာသနာမှာ တစ်ဆူတည်းသော
ဘုရားကို နံမည်တွေ အမျိုးမျိုးတပ်ပြီး အသိဉာဏ်နည်းတဲ့
လူတွေကို လှည့်စားသလို ဖြစ်နေတယ်။
ဘုရားတည်တဲ့သူကိုပဲ အပြစ်ပြောရတော့ မလိုလို
အယူသည်းတဲ့ ဘုရားဖူးတွေကိုပဲ အပြစ်ဆိုရတော့ မလိုလိုနဲ့
အဖြေပေးဖို့ခက်တဲ့ ပြဿနာတွေ ဖြစ်ကုန်ရော။

ဒါဖြင့် ဒီလိုနေရာတွေ သွားနေတာ ကုသိုလ် မရတော့ဘူး
လားလို့ မေးစရာ ဖြစ်လာတယ်။
ကုသိုလ် မရဘူးလို့တော့ ဦးဇင်း မပြောလိုပါဘူး။
ဒါကတော့ မိမိရဲ့ ယောနိသော မနသိကာရ ဆိုတဲ့ နှလုံးသွင်း
မှန်မှု-မမှန်မှု အပေါ်မှာ တည်ပါတယ်။
ဒါပေမယ့် ဘုရားကြိုက်တဲ့ ယုံကြည်ကိုးကွယ်မှု ပူဇော်မှု
မဟုတ်တာကတော့ သေချာပါတယ်။
လွဲနေပါတယ်လို့ ပြောနိုင်ပါတယ်နော်။

ဘုရားကို တကယ်ကြည်ညိုပြီး တကယ် ဖူးချင်ပါသလား။
တရားကိုသာ အားထုတ်လိုက်ပါ။
ဘယ်မှ သွားစရာတောင်မလိုဘူး။
သွားလို့ တွေ့နေရတဲ့ ဘုရားတွေက သဏ္ဍာန်ဘုရားတွေ။
တကယ့် ဉာဏ်ဘုရားက တရားမြင်မှ ဖူးခွင့်ရမှာပါ။
တရားကိုမြင်တာနဲ့ ဘုရားကို မြင်ပါလိမ့်မယ်။

ယော ဟိ ပဿတိ သဒ္ဓမ္မံ၊ သော မံ ပဿတိ ပဏ္ဍိတော။
အပဿမာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။

ယော – အကြင်သူသည်။
သဒ္ဓမ္မံ – သူတော်ကောင်းတရားကို။
ပဿတိ ဟိ- ပဿတိဧဝ – မြင်သည်သာတည်း။
သော ပဏ္ဍိတော – ထိုသူတော်ကောင်းတရားကို မြင်သော
ပညာရှိသည်။
မံ – ငါဘုရားကို။ ပဿတိ – မြင်သည်မည်၏။

သဒ္ဓမ္မံ – သူတော်ကောင်းတရားကို။
အပဿမာနော – မမြင်သောသူသည်။
မံ – ငါဘုရားကို။
ပဿမ္ပိ – မြင်သော်လည်း။
န ပဿတိ – မြင်သည် မမည် ့့့့ တဲ့ဗျာ။

ကဲ ဒါဆိုရင် ဘုရားဖူးတာနဲ့ ပတ်သက်ပြီး အတော်အသင့်
သဘောပေါက်မယ်လို့ ယူဆပါတယ်။
ဗုဒ္ဓဂယာသွားရင် အပါယ်ပိတ်-မပိတ် စိစစ်ကြည့်ရအောင်။

အပါယ်တံခါးပိတ်တယ်ဆိုတာ
အနိမ့်ဆုံး သောတာပန်ဆိုတဲ့ အရိယာဖြစ်မှ သေချာတာပါ။
ဒီအဆင့်အောက်က ကုသိုလ်တွေက အပါယ်မပိတ်နိုင်ပါဘူး။
ကုသိုလ်အဟုန်ကြောင့် တစ်ဘဝတန်သည် နှစ်ဘဝတန်သည်
အပါယ်မလားတာပဲ ရှိပါတယ်။
ဒါကလည်း သေခါနီးမှာဖြစ်တဲ့ အာရုံနိမိတ် ကောင်းမှ
ကောင်းရာဘုံဘဝကို ရောက်မယ်။
သားစွဲ မယားစွဲ ဥစ္စာစွဲတွေ လောဘ ဒေါသ မောဟတွေနဲ့
သေလို့ကတော့ ဘယ်နေရာပဲ သွားထားပါစေ
အပါယ်လွတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အပါယ်မလားတာနဲ့ အပါယ်ပိတ်တာနဲ့ မတူဘူး။
အကွာကြီးပါ။

အပါယ်လားတယ်- မလားဘူးဆိုတာ သေခါနီးဆဲဆဲမှာဖြစ်တဲ့
အာသန္နကံ ကောင်း-မကောင်းအပေါ်မှာ မူတည်ပါတယ်။
အာသန္နကံကောင်းရင် အပါယ်မလားဘူး။
မကောင်းရင် အပါယ်လားမယ်။

သောဏမထေရ်ရဲ့ဖခင်ဖြစ်တဲ့ သားသတ် မုဆိုးကြီးကိုကြည့်။
တစ်သက်လုံး သူများအသက်သတ်ပြီး အကုသိုလ်တွေ
လုပ်ခဲ့သော်လည်းပဲ သားဖြစ်သူရဲ့ ကျေးဇူးတရားကြောင့်
သေခါနီးမှာဖြစ်တဲ့ အာသန္နကံ အားကောင်းပြီး သုဂတိကို
လားရတယ်။
တစ်ခါ- မာလ္လိကာ မိဖုရားကြီးကို လေ့လာကြည့်ပြန်တော့
လည်း အသဒိသ ကောင်းမှုရှင်ကြီး။
ဒါနပြုတဲ့နေရာမှာ ပြိုင်ဘက်ကင်းလောက်အောင် လှူခဲ့တာ။
ဟော- သေခါနီးလည်းကျရော အကုသိုလ် အာသန္နကံက
အကျိုးပေးချလိုက်တာ အပါယ် တန်းကျသွားတာပဲ။

ဒါဖြင့် မြန်မာပြည်ကနေ ပိုက်ဆံတတ်နိုင်လို့ အိန္ဒိယနိုင်ငံက
သံဝေဇနိယလေးဌာနကို သွားနိုင်ရုံနဲ့
ဘုရားပွင့်ခဲ့တဲ့ မြေပေါ်ကို ခြေချခွင့် ရနေရုံလေးနဲ့
အပါယ်ဘေးကလွတ်ပြီး နိဗ္ဗာန်နဲ့ နီးသွားတယ်ဆိုရင့့့်

အဲဒီ လေးဌာနမှာရှိနေတဲ့ အိန္ဒိယက ကုလားတွေ
ဒီနေရာကို ပြစားပြီး စီးပွားရှာနေတဲ့သူတွေ
ဒီနေရာပေါ်နေပြီး ကျင်ကြီးကျင်ငယ် စွန့်နေတဲ့သူတွေ
ဒီနေရာပေါ်မှာ စျေးရောင်းဝယ်နေတဲ့သူတွေ
ဒီနေရာပေါ်ကို သွားလာနေတဲ့ တိရိစ္ဆာန်တွေ
ဒီနေရာပေါ်ကိုလာတဲ့ သားသတ်သမားတွေ
ဒီနေရာပေါ်ကို အလည်လာကြတဲ့ ဘာသာခြားတွေ
ဒီနေရာပေါ်ကို လာကြတဲ့ သူခိုးဓမြ ခါးပိုက်နှိုက်တွေ
ဒီနေရာပေါ် ဆော့ကစားနေတဲ့ ဒေသခံကလေးတွေ
ဒီလူတွေ အကုန်လုံး အပါယ်လွတ်ကုန်သလား။
ဒီလူတွေ အကုန်လုံး အပါယ်ပိတ်ကုန်ပြီလား။
ဒီလူတွေ အကုန်လုံး နိဗ္ဗာန်နဲ့ နီးကုန်သလား။

ဒါဆိုရင် မြတ်စွာဘုရားမရှိတော့တဲ့နောက်မှ ကျန်ရစ်ခဲ့တဲ့
ဒီလိုနေရာဟောင်းကို ရောက်တဲ့သူတွေအားလုံး
ဘုရားရှင်အပေါ် ကြည်ညိုတဲ့စိတ်ကြောင့် အပါယ်ပိတ်ပြီး
စိတ်ချရတယ်ဆိုရင့့့်

မြတ်စွာဘုရား သက်ရှိထင်ရှား ရှိနေစဉ်တုန်းက
ဘုရားကို ကြည်ညိုနေရရင် ဆွမ်းမစားဘဲတောင် နေနိုင်တဲ့
ဝက္ကလိရဟန်းကို

ချစ်သား ဝက္ကလိ-
ဟောဒီ ငါဘုရားရဲ့ခန္ဓာကိုယ် အပုပ်ကောင်ကြီးကို
ကြည်ညိုနေလို့ မင်း-ဘာအကျိုးများမှာလဲ ဆိုပြီး
ကျောင်းတော်က နှင်ထုတ်စရာ အကြောင်းမရှိဘူး။

သေချာစဉ်းစားကြည့်ပါ။
ဝက္ကလိ ရောက်နေတဲ့နေရာက မြတ်စွာဘုရားသက်ရှိ
ရှိနေတုန်းက ကျောင်းတော်။
ကြည်ညိုတာကလည်း သက်ရှိဘုရား။
ဒကာမကြီး ပြောသလို အပါယ်စိတ်ချရပြီး နိဗ္ဗာန်ရောက်နိုင်
တယ်ဆိုရင် ဘုရားက ဘာလို့နှင်ထုတ်မှာတဲ့လဲ။

နောက်ပြီး ဒီနေရာကိုသွားပြီး ဒီလိုကြည်ညိုရုံလေးနဲ့
အပါယ်စိတ်ချရပြီး နိဗ္ဗာန်ရောက်နိုင်တယ်ဆိုရင်
မြတ်စွာဘုရားဟာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
သော သစ္စာတရားတွေကို အပင်ပန်းခံပြီး ဟောစရာတောင်
မလိုတော့ဘူးပေါ့။

သေချာ စဉ်းစားပါ ဒကာမကြီး။
ဘုရားဖူးပို့ပြီး စီးပွားရှာနေတဲ့ သူတွေရဲ့ မက်လုံးပေးပြီး
ပြောဆိုနေတာတွေကို နားမယောင်လိုက်ပါနဲ့။
ကိုယ့်အိမ် ဘုရားစင်ပေါ်က ဆင်းတုတော်ကို အားနာပါ။
ဗုဒ္ဓဂယာကို သွားစရာ မလိုဘူးလို့ ပြောတာ မဟုတ်ဘူးနော်။
ကုသိုလ်ရချင်လို့သွားတာ သွားကောင်းပါတယ်။
ကဲ ဒီလောက်ဆိုရင် အမေးရှင် ဒကာမကြီး ကျေနပ်လောက်
ပြီလို့ ယူဆလိုက်ပါတယ်ဗျာ။
ကျန်းမာ ချမ်းသာ အမှန်မြင်တရားတို့ဖြင့် ပြည့်စုံနိုင်ပါစေ။

                              CRD ~ ဦးဓမ္မသာရ(ဆေးသဲ့တောင်)
Featured

မိန်းကလေး အလှ အိပ်ယာထ

မိန်းကလေး အလှ အိပ်ယာထ
~~~

“မိန်းကလေးအလှ အိပ်ယာထ” တဲ့…

ဒီ ဆိုရိုးရဲ့ အဓိပ္ပာယ်
မသိတဲ့သူတွေ ရှိနေကြလိမ့်မယ်။

ရှေးလူကြီးတွေရဲ့ အဆိုအရ
မိန်ကလေးရယ်လို့ ဖြစ်လာခဲ့ပြီ ဆိုရင်

အရွယ်ရောက်လာလို့
အိပ်ယာနိုးတဲ့အခါမှာ ကိုယ် လက် သန့်စင်မှုနဲ့ အစပြု ရပါတယ်။

ထို့နောက်…
မိမိအိမ်ရဲ့ ဘုရားအား ပန်း ရေချမ်း
ဆီမီးပူဇော်ခြင်း’ ဘုရားဝတ်ပြုခြင်း’
ရှိခိုးထိုက်သူ ရှိခိုးပူဇော်ခြင်း စတဲ့
အလုံးစုံ ပူဇော်မှုတွေဖြင့် နေ့သစ်မှာ
မင်္ဂလာ ယူရပါတယ်။

မိမိအိမ်ကို တံမြက်စည်းလှဲခြင်း
သန့်ရှင်းမှု အစုစုတို့ဖြင့် အိမ်၏ ဂုဏ်ကျက်သရေ
ပြည့်စုံအောင် ပြုလုပ်ရပါတယ်။

ပုဗ္ဗာစရိယ မိနှင့်ဖ ကလည်း မိမိ
သမီးလေးများကို လက်ပွန်းတတီး
သွန်သင်ဆုံးမ ရပါတယ်။

ဒါမှလည်း မိမိတို့သမီး မိန်းကလေး
ဟာ အမှန်တကယ် လှပ တဲ့မိန်းကလေး
စစ်စစ် ဖြစ်နိုင်ပါတယ်။

ဒါကို တစ်ချို့က…
တကယ်လှတဲ့ မိန်ကလေးတွေက
အိပ်ယာထရင်တောင် ကပိုကယို အလှလေးနဲ့
လှနေတာလို့ ထင်တတ်ကြတယ်။

တကယ်တော့ မဟုတ်ပါဘူး
ဟိုး အရင်က ရှေးလူကြီးတွေက
ကိုယ့်သားသမီးနဲ့ လက်ထပ်မယ့် မိန်းကလေး အိမ်ကို တစ်ရက်တန်သည်
နှစ်ရက်တန်သည်သွား အိပ်တတ်ကြတယ်။

အမှန်က လေ့လာရေး ခရီးပေါ့နော်။
အထက်က ပြောသလို အဲဒီ မိန်းကလေးက
လုပ်ခဲ့ရင် ဒါဟာ သူတို့
သတ်မှတ်ထားတဲ့

” မိန်းကလေးအလှ အိပ်ယာထ “

မြင်တွေ့ရမှသာ သူတို့ရဲ့ အဖိုးတန်
ချွေးမ အဖြစ် သတ်မှတ်ကြပါတယ်။

ဒီလောက်ဆိုရင်…
” မိန်းကလေးအလှ အိပ်ယာထ ” ဆိုတဲ့
စကားကိုအားလုံးသဘောပေါက်ကြ
လိမ့်မယ်ထင်ပါတယ်။

” မိန်းကလေး အလှ အိပ်ယာထတဲ့ “
==================

  • CRD.တောင်ပံနီလူလေး*
    ………………………………
    𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻
Featured

❝ ကံဖြစ်၊ ကံစွမ်းအား ကံကုန်ခြင်းတို့၏ သဘောတရား ❞

❝ ကံဖြစ်၊ ကံစွမ်းအား
ကံကုန်ခြင်းတို့၏ သဘောတရား ❞

ကိလေသာကို အခြေခံပြီးတော့
ကံတရားတွေက စုမိဆောင်းမိ ဖြစ်လာတယ်။

ကံတရားတွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင်
ဒီ ကံတရားတွေက အကျိုးတရားကို
ထုတ်လုပ်လာတယ်။

ဆိုလိုတာက ကိလေသာရှိရင် ကံရှိမှာပဲ။
မရှောင်လွဲနိုင်ဘူး။

အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာကို
“၀ဋ်”လည်တယ်လို့ ပြောတာ။

“၀ဋ်”လို့ ဘာဖြစ်လို့ပြောတာလဲဆိုတော့
၀ဋ်ဆိုတာက ဋ (၂)လုံးဆင့်နဲ့ ရေးတဲ့
ပါဠိစကား။ “၀ဋ္ဋ”ဆိုတဲ့ စကားလုံးကလာတာ။

အဲဒီ “၀ဋ္ဋ”ဆိုတဲ့ စကားလုံးကို
မြန်မာလို “၀ဋ်”လို့ပဲ ပြန်လိုက်ကြတာ။

“၀ဋ္ဋ” ဆိုတာ ကြောင်းကျိုးဆက်ပြီးတော့
လည်ပတ်နေတာ။ စဉ်ဆက်မပြတ်
တစ်ခုနဲ့တစ်ခု ဆက်တာ။

မြန်မာလူမျိုးတွေကတော့
၀ဋ်လည်တယ်ဆိုတာ.. မကောင်းတာဖြစ်မှ
၀ဋ်လည်တယ်လို့ ပြောကြတာ။

အမှန်က ကောင်းကောင်းဆိုးဆိုး
၀ဋ် ဆိုတာ လည်ပတ်ပြီးဖြစ်နေတဲ့
သဘောတရားကို ပြောတာပါ။

ကိလေသာရှိလို့ “ကံ” ဖြစ်နိုင်တယ်။
“ကံ”ဖြစ်လို့ ဝိပါကဆိုတဲ့ အကျိုးတရားတွေ
လာနေတယ်လို့ ဒီလိုပြောတာ။

ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင်
“ကံစွမ်းအား” မရှိဘူး။
“ကံစွမ်းအား” မရှိတော့ဘူးဆိုရင်
ဝိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။
ဒါကို အပြန်အားဖြင့် ဒီလိုနားလည်ရမယ်။

အဲဒီတော့ ဒီထဲမှာ အဓိကအချက်က
“ကံ”လား၊ “ကိလေသာ”လား ဆိုရင်
“ကိလေသာ”က အဓိကကျတယ်။

ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင်
ကံတွေရဲ့ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ
လျော့ပြီးတော့ သွားတယ်။

လျော့သွားရုံမကဘူး။
ကိလေသာ လုံး၀မရှိတော့ဘူးဆိုရင်
“ကံ”မှာ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ
လုံး၀မရှိတော့ဘူး။

ပေးနိုင်တဲ့စွမ်းအားတွေ မရှိဘူးဆိုတဲ့နေရာမှာ
ဘ၀တစ်ခုတည်ဆောက်တဲ့ စွမ်းအားကို
ပြောတာပါ။

တစ်ခါတစ်ခါ မျက်စိလည်တတ်ကြတယ်။
ဘုရား၊ ရဟန္တာတွေဆိုတာ
ကိလေသာတွေ ကုန်ပြီးနေပြီ။ သို့သော်
ကုန်ပြီးနေတဲ့ ဘုရား၊ ရဟန္တာတွေမှာ
ဘာဖြစ်လို့ ကံက အကျိုးပေးနေသလဲဆိုတာ
မျက်စိလည်တတ်ကြတယ်။

ကံကုန်တယ်ဆိုတာနဲ့ ပတ်သက်ပြီး
ရတနသုတ်မှာ-
“ခိဏံ ပုရာဏံ န၀ နတ္ထိသမ္ဘဝံ”
ဘုရား၊ ရဟန္တာတွေမှာ
ကံဟောင်းတွေ မရှိတော့ဘူး။
ကုန်သွားတယ်လို့ ပြောတာ။

ကံဟောင်းကုန်တယ်ဆိုတဲ့ အဓိပ္ပါယ်က
ကံဟောင်းတွေက ဘ၀သစ်တစ်ခုကို
ထုတ်လုပ်နိုင်စွမ်း မရှိတော့ဘူးလို့
ပြောလိုတာ။

ဘ၀သစ်ကို မထုတ်လုပ်နိုင်ဘူးဆိုတာ
အကျိုးမပေးတော့ဘူးလို့ ပြောတာမဟုတ်။

ကိလေသာစွမ်းအားတွေ ကုန်သွားသည့်
အတွက်ကြောင့်၊ ကိလေသာတွေ
မရှိတော့သည့်အတွက်ကြောင့်
ဘ၀သစ်တစ်ခုကို ထုတ်လုပ်နိုင်လောက်တဲ့
ကံ မရှိတော့ဘူးလို့ပြောတာ ဖြစ်ပါတယ်။

ဒါကြောင့်…
တရားချစ်ခင် ကျင့်ကြံအားထုတ်နေကြတဲ့
ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း
ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင်
“ကံစွမ်းအား” မရှိဘူး။
“ကံစွမ်းအား” မရှိတော့ဘူးဆိုရင်
ဝိပါကလည်း ချုပ်ငြိမ်းသွားတယ်။

ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင်
ကံတွေရဲ့အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ
လျော့ပြီးတော့ သွားတယ်။

လျော့သွားရုံမကဘူး၊
ကိလေသာ လုံး၀မရှိတော့ဘူးဆိုရင်
“ကံ”မှာ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ
လုံး၀မရှိတော့ဘူးဆိုတာ
နားလည်သဘောပေါက်ကြပြီး, မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဟောကြားသော
ဘုရားသော်မှ ပေးဆပ်ရသည့်
ကံကြမ္မာ၀ဋ်ကြွေးများ တရားတော်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။

Featured

သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။

▶ သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ
ကိုယ်ဘာလုပ်လုပ်
နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။

သူအမျှဝေတာကို အကြောင်းပြုပြီး
သူ့ပတ်ဝန်းကျင်က နတ်တွေဟာ
ကုသိုလ်ရဲ့အဖို့ဘာဂတွေရပြီး
ဘုန်းတန်ခိုးတွေ တိုးတက်ကြတော့
အဲဒီ နတ်တွေကလည်း သူ့ကို
စောင့်ရှောက်ကြတာပေါ့။

▶ ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။
မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လို
ပြောထားတုန်းဆိုတော့ …

ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတ
ဇာတိယော
စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ
အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ်
ကောင်းမှုတစ်ခုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့
အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို
အမျွဝေပါတဲ့။

အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကို
စောင့်ရှောက်လိမ့်မယ်။

ကိုယ်က အမျှအတန်းပေးဝေတော့
သူတို့မှာ ဘုန်းတန်ခိုးတွေတက်တယ်။

ဘုန်းတန်ခိုးတွေတက်တော့
ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ
ထားလာတယ်။

▶ ဒေဝတာနုကမ္ပိတော ပေါသော၊
သဒါဘဒွာနိ ပဿတိ
နတ်တွေရဲ့
အစောင့်အရှောက်ရတဲ့ ပုဂ္ဂိုလ်ဟာ
အကောင်းချည်းပဲ တွေ့တယ်။
တိုးတက်ဖို့ အခွင့်အလမ်းတွေ
အများကြီး ကြုံလာတယ်။

ဘာလုပ်လုပ် အဆင်ပြေလာတယ်။

အန္တရာယ်တွေ ကင်းလာတယ်။

မာတာပုတ်တံ သွရသံ _ မိခင်က
သားသမီးအပေါ်မှာ စောင့်ရှောက်သလို
နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ
မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကို စောင့်ရှောက်
လာတယ်။

ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှု
လုပ်တိုင်း အမျှဝေရမယ်။

ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ ရေချမ်း
လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
အိမ်စောင့်နတ်တို့ဘာတို့ကို ဖိတ်ခေါ်ပြီး
အမျှအတန်းပေးဝေရမယ်။

အဲဒီလိုသူတော်ကောင်းပုဂ္ဂိုလ်တွေဟာ
ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတိုင်း
အမျှအတန်းပေးဝေကြတယ်။

အဲဒီအမျှအတန်းပေးဝေမှုကြောင့်
နတ်တွေကိုလည်း အကျိုးပြုရာရောက်တယ်ပေါ့။

🙏🙏🙏

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Featured

စကား နှင့် တန်ဖိုး

” စကား နှင့် တန်ဖိုး ”
👄👄👄👄👄👄👄

  • စကားဆိုတာ သာမန်ကြည့်ရင်
    လူတစ်ယောက်ရဲ့တန်ဖိုးနှင့် မသက်ဆိုင်ဘူးလို့
    ထင်ရပေမယ့် လူတစ်ယောက်ရဲ့အဆင့်အတန်း
    ကိုတော့ စကားလုံးတွေကိုကြည့်ပြီး ပိုင်းဖြတ်လို့
    ရတတ်တယ်။
  • စကားဆိုတာ
    “စကားစကားပြောပါများ စကားထဲကဇာတိပြ”
    ဆိုသလို စကားလုံးကြမ်းတွေက လူ့တန်ဖိုးကို
    နိမ့်ကျသွားစေတတ်ပါတယ် စိတ်ရင်းဘယ်လောက်
    ကောင်းကောင်းအပြောမတတ်ရင်ဆဲသလိုဖြစ်တယ်
    ဆိုတာကလည်းအမှန်ပါ။
  • စကားဆိုတာ
    ချစ်ခင်မှူကို ဖန်တီးပေးတတ်သလို
    နာကျင်မုန်းတီးမှုကိုလည်း လက်ဆောင်ပေးတတ်
    ပြန်ပါတယ် ပျော်ရွှင်မှူတွေ သယ်ဆောင်လာတတ်
    သလိုအထီးကျန်မှူကိုလည်းတွဲခေါ်တတ်ပြန်ပါတယ်။
  • စကားကြောင့် အားဖြစ်စေသလို
    စကား ကြောင့်ပဲ စိတ်ဓာတ်ကျစေတတ်တယ်
    အသွားမတော်တစ်လှမ်း
    အစားမတော်ရင်တစ်လုတ်”ဆိုသလို
    အပြောမတတ်ရင် စကားတစ်ခွန်းတည်းနဲ့ပဲ
    အရမ်းချစ်ရသူတောင်
    ရန်သူဖြစ်သွားစေတတ်ပါတယ်။
  • စကားဆိုတာ
    အောင်မြင်မှူတွေရဲ့ ပထမခြေလှမ်းဖြစ်သလို
    ဆုံးရူံးမှူတွေရဲ့ အဓိကရန်သူဖြစ်နေတတ်ပြန်တယ်
    ချစ်သူတွေပေါင်းစည်းခြင်းအတွက်မြှားနတ်မောင်
    ဖြစ်နေတတ်သလို အရမ်းချစ်ခဲ့ပြီးမှ ကျောခိုင်းစေ
    တတ်တဲ့ တရားခံသည်လည်းပဲ စကားဖြစ်နေတတ်
    ပြန်ပါတယ်။
  • စကားကြောင့် မိတ်ဆွေ ဖွဲ့ပြီး ရင်းနှီးခဲ့ကြရသလို
    စကားကြောင့်ပဲ မိတ်ဆွေ ကနေ သူစိမ်းတွေဖြစ်သွား
    တတ်ကြပါတယ်
  • စကားဆိုတာ …….
    အပြောမတတ်ရင် နှစ်ပေါင်းများစွာထိမ်းသိမ်းလာတဲ့
    ဂုဏ်သိက္ခာတွေတောင် စကားတစ်ခွန်းကြောင့်
    ရေစုန်မျောသွားရတတ်ပြန်ပါသေးတယ်။
  • မပြော မဖြစ်လို့ ပြောပြန်ရင်လည်း အမှားမပါစေပဲ
    “ဓါး”တစ်လက်လို အကျိုးရှိစေတဲ့နေရာမှာ အသုံးချ
    တတ်နိုင်ဖို့ရာ

ကိုယ်နှင့် အခြားသူတွေကို ထိခိုက်စေတဲ့ လူသတ်
လက်နက်”ဓါး”တစ်လက်တော့ မဖြစ်ကြပါစေနဲ့ ။
လို့ တိုက်တွန်း ဆန္ဒ ပြုလိုက်ပါရစေ

Credit _ Original writer
Ashin Marnita
.


Featured

ကိလေသာ ၊ ရာဂငြိမ်းစေဖို့ ဆေ

“ကိလေသာ ၊ ရာဂငြိမ်းစေဖို့ ဆေး”

●အာရုံကို အကောင်းလို့သတ်မှတ်ရင် ၊
စွဲမက်စရာ လို့ဆုံးဖြတ်ရင်
“သုဘ အာရုံ” ယူတယ်လို့ခေါ်ပါတယ်။
●အာရုံကို “မကောင်း”လို့သတ်မှတ်ရင် ၊
ရွံရှာစရာ လို့ဆုံးဖြတ်ရင် “အသုဘ အာရုံ”
ယူတယ်လို့ခေါ်ပါတယ်။

အာရုံတစ်ခုကို အကောင်းလို့
သတ်မှတ်မိလို့ ၊ စွဲမက်စရာလို့ ဆုံးဖြတ်မိလို့
ကာမရာဂ ဖြစ်နေတယ်၊
နှစ်သက်တပ်မက်နေတယ်ဆိုလျှင် 。。。
ဒီအာရုံရဲ့ မကောင်းတဲ့သဘော၊
ရွံရှာစရာသဘောကို နှလုံးသွင်းလိုက်ရပါမယ်။
တစ်ကြိမ်တစ်ခါ နှလုံးသွင်းရုံနဲ့
ကိလေသာမငြိမ်းရင်၊အကြိမ်ကြိမ်အခါခါ ၊
ထပ်တလဲလဲ နှလုံးသွင်းနေရပါမယ်။

အဲဒီလို နှလုံးသွင်းနိုင်ဖို့
နဂိုကထည်းက အာရုံရဲ့ မကောင်းတဲ့သဘော၊
ရွံရှာစရာသဘောကို မြင်အောင်ကြည့်၊
သိအောင်လုပ်ထားပြီးသား ဖြစ်နေရပါမယ်။
နဂိုက မမြင် ၊ မသိသေးရင်လည်း
ယခုမြင်အောင်ကြည့်ပြီး၊ သိအောင်လုပ်ရမှာပါပဲ။

ဥပမာ 。。。
●ကိုယ်ချစ်တဲ့သူရဲ့ ရင်ဘတ်ကို နမ်းတုန်းက
ရဖူးတဲ့ ရေမွှေးနံ့၊ ကိုယ်သင်းနံ့ ကိုသတိရပြီး ၊
“ရာဂ ကိလေသာ” ဖြစ်နေမယ်ဆိုရင် ၊
အဲ့ဒီကိုယ်ချစ်သူရဲ့ ကျောကိုနမ်းတုန်းက
ကြေးနံ့(ဂျီးနံ့)၊အညစ်အကြေးနံကိုသတိရလိုက်ပါ။
ရင်ဘတ်က မွှေးရနံ့ အာရုံမပြုဘဲ၊
နောက်ကျောက နံစော်စော် အနံကို အာရုံပြုလိုက်ရင်
“ကိလေသာတွေ ငြိမ်းအေး”သွားပါလိမ့်မယ်။

●ကိုယ်ချစ်တဲ့သူရဲ့ ပါးပြင်ကပဲ မွှေးပျံ့ပျံ့ရနံ့ရဖူးသလို၊
ဒီပါးပြင်ကပဲ ညှီစို့စို့အနံ့ရဖူးမှာပါ။
●ဒီနှာခေါင်းကပဲ သင်းတင်းတင်းရနံ့ ရဖူးသလို ၊
ဒီနှာခေါင်းကပဲ နံတံတံ အနံ့ရဖူးမှာပါ။
●ဒီပါးစပ်ကပဲ အမွှေးနံ့ရဖူးသလို၊
ဒီပါးစပ်ကပဲ အာပုပ်နံ့ ရဖူးမှာပါ။
●ဒီခန္ဓာကိုယ်ကပဲ ကိုယ်သင်းနံ့ ရဖူးသလို ၊
ဒီခန္ဓာကိုယ်ကပဲ လေလည်နံ့ ရဖူးမှာပါ။

✮ကိုယ်ချစ်တဲ့သူဆီက ရဖူးတဲ့
အသုဘအာရုံတွေကို၊
မကောင်းတဲ့အနံအသက်တွေ၊
မသန့်တဲ့အညစ်အကြေးတွေကို
မေ့မပစ်လိုက်ပါနဲ့။ရင်ထဲမှာသိမ်းထားပါ။
သူနဲ့ပတ်သက်တဲ့ “ရာဂငြိမ်းစေတဲ့ဆေး” က
သူ့ဆီမှာပဲရှိနေပါလိမ့်မယ်။✮

သူ့ကိုသတိရရင် မွှေးပျံ့နေတာကို သတိမရဘဲ၊
နံ့စော်နေတာကို သတိရပါ။
သန့်စင်နေတာကို သတိမရဘဲ၊
ညစ်ပတ်ပေရေနေတာကိုသတိရပါ။
ဒါဆိုရင်သူ့ကို သတိရခြင်းကြောင့်
“ရာဂကိလေသာ” မဖြစ်တော့ပါဘူး။
-【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】
(အကြင်နာပေါင်းရှစ်သောင်းလေးထောင်စာအုပ်မှ-

Featured

လောကမှာ ဖုံးကွယ်လို့မရတဲ့ အရာ(၃)ခု

လောကမှာ ဖုံးကွယ်လို့မရတဲ့ အရာ(၃)ခု

၁။ပညာမတတ်တာ
၂။ဆင်းရဲတာ
၃။ချစ်တာ

အဲ့ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေလေမို့ပါ ။

လောကမှာ လက်မလွှတ်သင့်တဲ့ အရာ(၃)ခု

၁။ယုံကြည်မှု
၂။မျှော်လင့်ချက်
၃။ရိုးသားမှု

လက်လွှတ်လိုက်လေလေ(နောင်တ)ရလေလေမို့ပါ ။

လောကမှာ ဆိုင်းငံ့ထားလို့မရတဲ့ အရာ(၃)ခု

၁။အသက်
၂။အချိန်
၃။ချစ်ခြင်းတရား

ဆိုင်းငံ့ထားလေလေ ဝေးကွာလေလေမို့ပါ ။

လောကမှာ ဆောင်ထားရမယ့် အရာ(၃)ခု

၁။ရိုးသားမှု
၂။လေးစားမှု
၃။ခင်မင်ဖော်ရွေမှု

ဆောင်ထားလေလေ (နောင်တ)ကင်းလေလေမို့လို့ပါ ။

လောကမှာ ရှောင်ရှားသင့်တဲ့ အရာ(၃)

၁။လိုမှတမ်းတတဲ့သူငယ်ချင်း
၂။ကွယ်ရာမကောင်းပြောတဲ့မိတ်ဆွေ
၃။နှုတ်စည်းမစောင့်သောအပေါင်းအသင်း

ရှောင်ရှားနိုင်လေလေ စိတ်အေးချမ်းလေလေမို့ပါ ။

လောကမှာ နောက်ကိုမရွှေ့သင့်တဲ့ အရာ(၃)

၁။အလှူ အတန်း
၂။မိဘကျေးဇူးဆပ်ခြင်း
၃။တရားဘာဝနာ

နောက်ရွှေ့လေလေ (နောင်တ)ရလေလေမို့ပါ ။

Crd – ဗဟုသုတမှတ်စုလေးများ

Featured

ကျေးဇူးကန်းသူများခံစားရသည့်ဆိုးကျိုး(၁၁)မျိုး

ကျေးဇူးကန်းသူများခံစားရသည့်ဆိုးကျိုး(၁၁)မျိုး
🙅‍♂️🙅🙅‍♂️🙅🙅‍♂️🙅🙅‍♂️

သူတထူး၏ကျေးဇူးကို မမေ့စကောင်းပေ…သို့အတွက်ကြောင့် “တလုတ်စားဘူး သူ့ကျေးဇူး “ဟုပင်စကားပုံထားရှိအပ်ပေသည်..

အမိအဖဆရာသမားတို့၏ကျေးဇူးကို မဆိုထားနှင့် အခြားသူတဦးဦးထံမှ တလုတ်တဆုပ် စာမျှစားဘူးယုံမျှနှင့်ပင်ကျေးဇူးရှင်အား ကျေးဇူးသိတတ်ရန် ငယ်စဉ်ကပင််ဘိုးဘွားမိဘဆရာသမားများက ညအိပ်
ရာဝင်ပုံပြင် အမျိုးမျိုးမှ နားဝင်အောင်ပြောဆိုဆုံးမခဲ့ကြပေသည်…

ကျွန်ုပ်အကြိုက်ဆုံး ပုံပြင်မှာ အင်းဝနှင့်ဟံသာဝတီ အရေးတော်ပုံမှ သူရဲကောင်း
ငခင်ညို၏ကျေးဇူး သိတတ်မှုဖြစ်သည်…
အင်းဝဘုရင်မင်းခေါင် အားလုပ်ကြံရန် နန်တော်အတွင်း တိတ်တဆိတ် စောင့်နေရင်း ရက်ကြာသည့်အခါဆွမ်းတော်တင်သည့်ထမင်း ကိုဆာလောင်လွန်းသဖြင့် စွန့်၍ စားခဲ့မိသည်…

ညအချိန် ဘုရင်မင်ခေါင်အနီး သတ်ရန် အခွင့်ရသော်လည်း တလုတ်သောထမင်း
(ဆွမ်း)စားမိသဖြင် မသတ်ပဲ ဘုရင့်လက်သုံးတော်ဓားကို ယူကာ ပြန်ခဲ့သည့်ဆုံးဖြတ်ချက်ဖြစ်သည်..

ပဒေသရာဇ်ခေတ် သူတို့ပါးစပ်က သတ်စေစကားတခွန်းနှင့် မိမိအပါအဝင် ဆွေခုနှစ်ဆက်မျိုးခုနစ်ဆက်ပါ သေစေနိုင်တာ သိသိကြီးနှင့်အသက်နှင့် ရင်း၍ကျေးဇူးသိတတ်မှု သေချာတွေးလေ ကြက်သီးထစရာကောင်းလေပင်ဖြစ်သည်…

ကျေးဇူး ရှိမှန်းသိပါက ဆပ်နိုင်သော
အခြေအနေမရှိလောက်အောင် နုံချာနေသောဘဝကံရှိစေပါမူ မဆပ်နိုင်သေး ဆပ်ခွင့်မကြုံသေးပါက ဆပ်ဖို့အကြောင်းရှိချင်မှရှိပေလိမ့်မည်သို့သော် ကျေးဇူးရှိမှန်းသိလျှက်နှင့်တော့ကျေးမစွပ်သင့်ပါပေ …

အယုတ်ညံ့ဆုံးသော ခွေးပင်လျင် ကျွေးသောလက်အားပြန်ကိုက်ရိုး ထုံးစံမရှိ…

ကျေးဇူးရှိလျက် မဆပ်နိုင်သေး၍ မဆပ်သည့်တိုင် သေလွန်ခဲ့သော် လားရာဂတိ ကောင်းနိုင်ပေသေးသည်…

ကျေးဇူးရှိပါလျှက် ကျေးဇူးကန်းခဲ့ပါမူ
ခံစားရမည့်အပြစ် (၁၁)မျိုးရှိပါသည်…

(၁)ရောဂါကြီးမား
(၂)လျော့ပါး စည်းစိမ်
(၃)နေအိမ် မီးဖျက်
(၄)ကျိုးပျက် အင်္ဂါ
(၅)နူနာ
(၆)စိတ်ဖောက်
(၇)ကျရောက် မင်းဒဏ်
(၈)မမှန် စွပ်စွဲ
(၉)ပြိုကွဲ မျိုးဆွေ
(၁၀)ရွှေ ငွေ ကျွဲ နွား ယွင်းဖောက်ပြားဆယ်ပါးမျက်မှောက် ဒဏ်ကြီးရောက်၍နောက်၌အမြဲ သေဖောက်လွဲသော်
(၁၁)ငရဲကြီးစွာ ခံရ ပါသည်။

ကျေးဇူးသိ ေက်းဇူးဆပ္ႏိုင္တတ်သောသူများဖြစ်နိုင်ကြပါစေ….

Credit;Original – ###ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်###

Featured

တော်ခြင်း ကောင်းခြင်းဟာ လူတစ်ဦးတစ် ယောက်အတွက် အခြေခံအားဖြင့်ရှိရမယ့် အရည်အချင်းဖြစ်တယ်။

တော်ခြင်း ကောင်းခြင်းဟာ လူတစ်ဦးတစ်
ယောက်အတွက် အခြေခံအားဖြင့်ရှိရမယ့်
အရည်အချင်းဖြစ်တယ်။ ဒီ(၂)ခုအောက်
လျော့လို့မဖြစ်ဘူး။ သို့သော် မဖြစ်မနေ တစ်
ခုကိုသာ ရွေးရမယ်ဆိုရင် ကိုယ်ကျင့်တရား
ကို ရွေးရမှာ ဖြစ်တယ်။ ကိုယ်ကျင့်တရား
ကောင်းဖို့က ပိုပြီးအဓိကကျတယ်။

“သီလမေဝ သုတာ သေယျော”တဲ့။
ကိုယ်ကျင့်သီလက အကြားအမြင်ပညာ
ထက်ပိုပြီးချီးမွမ်းထိုက်တယ် လို့ဆိုတယ်။
သို့သော် ကိုယ်ကျင့်တရားကောင်း
သော်လည်း အသိဉာဏ်ပညာ နည်းပါး သူ
ဟာ အများအကျိုးအတွက် လုပ်နိုင်စွမ်း
သိပ်မရှိဘူး။ ပညာအရည်အချင်းက
တော်ပါရဲ့၊ ကိုယ်ကျင့်တရားက မကောင်း
ဘူးဆိုရင်တော့ ဒီပုဂ္ဂိုလ်မျိုးက အန္တရာယ်
များတဲ့ပုဂ္ဂိုလ် ဖြစ်လာတတ်တယ်။ အဲဒါ
ကြောင့် သီလနှင့်ပညာလို့ဆိုတဲ့ ဒီ အရည်
အသွေး(၂)မျိုးလုံး ရှိရမယ်။
ဒီ အရည်အသွေး(၂)မျိုးလုံး ရှိတယ်ဆိုရင်
အလွန်တန်ဖိုး ရှိတဲ့သူ ဖြစ်တာပေါ့။

ဒီအရည်အသွေး(၂)ခုထဲမှာ တစ်ခုမှလျှော့
ပစ်လို့မရဘူး။ သီလရှိမှ ပညာ ရှိနိုင်တယ်၊
ပညာရှိမှ သီလရှိနိုင်တယ်။ သီလပရိဓောတာ
ပညာ- ပညာကို သီလနဲ့ ဆေးကြောရတယ်၊
ပညာပရိဓောတံ သီလံ- သီလကို ပညာနဲ့
ဆေးကြောရတယ်။

အေး- သူတော်ကောင်းဆိုတာ ကိုယ်ကျင့်
တရားလို့ခေါ်တဲ့ သီလလည်း ကောင်းတယ်၊
ပညာလည်းတော်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးပဲ။
သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်း
ဆိုတာကတော့ ဘုရား၊ ရဟန္တာသာဖြစ်
တယ်။

အခြေခံအားဖြင့် သီလနဲ့ပညာရှိသူကို
သူတော်ကောင်းလို့ ပြောရတယ်။
ဒီနေရာမှာ သီလဆိုတာ သုစရိုက်
တရား(၁၀)ပါးကိုကျင့်သုံးခြင်းပဲ။
သုစရိုက်တရား ကျင့်သုံးတဲ့သူကို
လူကောင်းလို့ ပြောရမယ်။

ကံ,ကံ၏ အကျိုးကို သိမြင်တဲ့ ကမ္မဿက
တာ သမ္မာဒိဋ္ဌိ၊ ၄င်း သမ္မာဒိဋ္ဌိထက် အဆင့်
မြင့်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိ ဆိုတဲ့ အသိဉာဏ်
မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့်
အဆင့်ရောက်တယ်။
ဒါ အခြေခံ “စံ”အားဖြင့် ဒီလိုသတ်မှတ်တာ။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Posted_by_Words_of_Buddha

[ သူတော်ကောင်းတို့၏ စိတ်နေသဘောထား
တရားတော်မှ]

Featured

ကရုဏာဒေါသောဆိုတာ

ကရုဏာဒေါသောဆိုတာ
▬▬▬▬▬▬▬▬▬▬▬

★ တက္ကသိုလ်တစ်ခုမှာ သုတေသနတစ်ခု သွားလုပ်တယ်။ နာမည်ကြီး ဘယ်ဆရာကြီးက ဘယ်ပါမောက္ခကြီးက lecture လာပေးမယ်၊ ဒီနေ့ အထူး lecture လာပေးမယ်။ သူက ဘယ်ဟာကို တီထွင်ထားတဲ့ ပုဂ္ဂိုလ် အရမ်းကိုတော်တယ်။

★ အဲလို ကျောင်းသားတွေကို သူတို့အဆောင်တွေမှာ ပြောတယ်တဲ့ ဟိုးဖက်အဆောင်တစ်ဆောင် ဒီဘက် အဆောင်တစ်ဆောင်။ အဆောင်တစ်ဆောင်ရဲ့ ကျောင်းသားတွေကို “ခင်ဗျားတို့ မြန်မြန်သွားမှ အဲ့ lecture က အရမ်းကပ်နေပြီ။”

★ ဟိုးဖက် နောက် hall တစ်ခုက ကျောင်းသားဆောင်တစ်ခုက ကျောင်းသားတွေကိုတော့ “ခင်ဗျားတို့ အေးအေးဆေးလုပ် အချိန်အများကြီးကျန်သေးတယ်။” အဲလို ပြောပြီးတော့ သူတို့ကို ပြောထားတယ်။

★ သူတို့ သွားမယ့် လမ်းမှာ lecture hall ကို သွားမယ့်လမ်းမှာ လူတစ်ယောက်ကို ငြီးငြူခိုင်းတာပေါ့ နာကျင်နေတဲ့ ပုံစံမျိုး ပြဿနာရှိတဲ့ပုံစံမျိုးနဲ့ ငြီးငြူးခိုင်းတယ်။

★ အချိန်မရှိဘူးဆိုတဲ့ လူတွေက ဒီလိုပဲကျော်သွားတယ်။ အဲ့လူ ဒုက္ခရောက်နေတာကို လုံး၀ စိတ်မ၀င်စားဘူး။ အချိန်အများကြီး ရှိသေးတယ်ဆိုပြီးတော့ စိတ်ဖိတ်စီးမှု အချိန်နဲ့ ပတ်သတ်ပြီးတော့ စိတ်ဖိစီးမှု မရှိတဲ့လူတွေက ရပ်ပြီးတော့ မေးတယ်တဲ့။

★ “ဘာဖြစ်တာတုန်း? ဘာကူညီပေးရမှာတုန်း?” ဆေးရုံကား အရေးပေါ်ခေါ်ပေးရမလား? အဲဒါမျိုးတွေ ဆင်းပြီးတော့ ကူညီတယ်တဲ့။

★ ဆိုလိုတာက #မြတ်စွာဘုရားအမိန့်ရှိတာ …

ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်တွေက #ကရုဏာမဖြစ်နိုင်ဘူး။

ကရုဏာဖြစ်တဲ့ပုဂ္ဂိုလ်က #ဒေါသမဖြစ်ဘူး။

ကရုဏာဒေါသောဆိုတာ #မရှိဘူး။

★ ဒီနေ့ပဲ ဘုန်းဘုန်း နည်းပညာတက္ကသိုလ်မှာ မေးခွန်းကိုဖြေခဲ့တာ #ကရုဏာဒေါသောက #အဘိဓမ္မာထဲမှာမရှိပါဘူး။

ကရုဏာဒေါသောကလည်း #ဒေါသပဲ။

ကရုဏာပျောက်သွားပြီးတော့ #ဒေါသဖြစ်သွားတာကို ပြောတာ။

★ စတာက ကရုဏာက စခဲ့တယ် အဲဒီအချိန်မှာ စိတ်ဆိုးပြီးတော့၊ စိတ်ညစ်တာကို မကိုင်တွယ်နိုင်ဘူး စိတ်ဖိစီးမှုကို မကိုင်တွယ်နိုင်ဘူး။ မကိုင်တွယ်နိုင်လို့ ဘာဖြစ်တုန်း? ဒေါသဘက် ရောက်သွားတယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

ဘုရားအလောင်းတို့ရဲ့ မြင့်မားတဲ့စိတ်ဓာတ် The Noble Spirit of the Buddha-to-be (၁၁.၇.၂၀၁၉ ကူမဲ) တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။

Photo credit- #ZifamMyanmar

Featured

စကားတစ်ခွန်း

စကားတစ်ခွန်း
_________________

အခါတစ်ပါးသော် မြတ်စွာဘုရားရှင်သည်
ရှင်ရာဟုလာအား ဤသို့ဆုံးမ၏ ။

… ရာဟုလာ ကာယကံ ဝစီကံ မနောကံ
အလုပ်များကိုလုပ်မည်ပြုသောအခါ
ဤသို့စဉ်းစားဆင်ခြင်အပ်၏။

ဤငါ၏အမှုသည်
မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲ့ခြင်းငှာဖြစ်လေ
သလော သူတစ်ပါး၏ ပင်ပန်း ဆင်းရဲ့ခြင်းငှာ
ဖြစ်လေသလော။

မိမိသူတစ်ပါးနှစ်ပါးစုံ
ဆင်းရဲ့ခြင်းငှာဖြစ်လေသလော ဆင်းရဲ့စေကြောင်း
မကောင်းသောအမှုဖြစ်နေလျှင် ထိုအမှုကို
တဇွတ်ထိုး စိတ်နှင့်မပြုလုပ်ပါနှင့် မိမိသူတစ်ပါး
နှစ်ဦးစလုံးအား မပင်ပန်း မဆင်းရဲစေကြောင်း
ကောင်းသောအမှုဖြစ်ပါက ထိုအမှုများကို
နေ့ရောညဉ့်ပါကျင့်သုံး၍နေပါလော့ ။

ကောင်းမြတ်သောအမူများကို ပြုလုပ်လျက်
နှစ်သက်ဝမ်းသာပျော်ပျော်ကြီးနေပါလော့
ရာဟုလာ ဟု ဆုံးမတော်မှုလေ၏။

ဤတွင်ဘုရားရှင်ဟောကြားတော်မှုသော
ကာယကံဆိုသည်မှာ ကိုယ်ဖြင့်ပြုအပ်သော
အမှုဖြင့်၍ ဝစီကံဟူသည်မှာ နှုတ်ဖြင့် ပြုအပ်
သောအမှုဖြစ်လေသည်။

မနောကံဟူသည်မှကား
စိတ်ဖြင့်ကြံစည်ပြုလုပ်သောအမှုဖြစ်လေ၏ ။

ဤကံသုံးပါးအနက် နေ့စဉ်နှင့်အမျှ
အလွယ်တကူနှင့် ပြုလုပ်လေ့ရှိတဲ့အမှုကို ပြောပါ
ပြပါဟုဆိုလျှင် ဝစီကံအမူကို ပြရလိမ့်မည်ထင်
သည်။

အမှန်ဆိုရလျှင် ဝစီကံအမူအား
ပြုရလွယ်သလောက် ပြင်ရခက်သောသဘော
ရှိ၏။

အခြားမကြည့်ပါနှင့် ပုဂံရာဇဝင်တွင်
နောင်တော်ဖြစ်သော စက္ကတေး သည်
အနော်ရထား အား ညီသားနောင်မယ် ဟု
ပြက်ရယ်သဘောနှင့် ပြောတော်မှုလိုက်၏ ။

အနော်ရထားကား ဤစကား၏ဆိုလိုရင်းအား
စိတ်တွင် ဘဝင်မကျ ထို့ကြောင့်ခမည်းတော်
ကြောင်ဖြူမင်း ကို စကားဆိုလိုရင်းအား
မေးသည်ရှိသော် အမောင့်၏အမိကိုယူလို၍
တည်း ဟုဆိုသဖြင့် ပြင်းစွာအမျက်ထွက်၍
နောင်တော်ကို ပုန်ကန်ခြားနားလေတော့သည်။

နောင်သော် အဖေတူအမေကွဲ နောင်တော်
စက္ကတေး ကို ရအောင်ပြု၍ ပုဂံထီးနန်းကို
သိမ်းပိုက်လေတော့သည် ။

ဤကား စကားတစ်ခွန်းအမှားကြောင်း
ထီးနန်းစည်းဇိမ်နှင့်တကွ အသက်ပါဆုံးရသော
သာဓက ဖြစ်ရပ်မှန်ပင်တည်း ။

ထို့ကြောင်း
ဤသသည်ကို အကြောင်းပြု၍ ရှေးရှေးသော
ဘိုးဘွားမိဘတို့က ကြမ်းကျွံလျှင်
နုတ်ရလွယ်သည်။ စကားကျွံသော် နုတ်၍မရ
ဟု နောင်လာနောက်သားတို့အား ဥပမာထားကာ
သွန်သင်ခဲ့ကြခြင်းဖြစ်ပုံရလေသည် ။

      _____________________

ဘစံကောက်
စကားလက်ဆောင်
တရားလက်ဆောင်
လေးအိမ်စု အရှင်ဝိစိတ္တသာရ
စီစဉ်သည့် စာအုပ်မှ

ဒေါက်တာဟေမာမွှေး

Share

Featured

❝ လူသားတို့အတွက်.. အားပေးစကား အလိုအပ်ဆုံးအချိန် ❞

❝ လူသားတို့အတွက်..
အားပေးစကား အလိုအပ်ဆုံးအချိန် ❞

မြတ်စွာဘုရားက မဟာနာမကို
အဆုံးအမပေးပုံက –

“အမျိုးသား ဥပသကာ တစ်ယောက်ဖြစ်စေ၊
အမျိုးသမီး ဥပသကာမ တစ်ယောက်ဖြစ်စေ
စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ
စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်
နေမကောင်းထိုင်မသာဖြစ်လို့
အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့
အချိန်အခါမျိုးမှာ အားပေးစကားပြောရမယ်။
ဆုံးမစကားပြောရမယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ စိတ်ဓာတ်အကျဆုံး၊
အားအငယ်ဆုံး ဖြစ်တတ်သည့်အတွက်
အားပေးစကား ပြောဖို့လိုတယ်။

ဒါကို လူတိုင်းလူတိုင်း
တစ်နေ့မကြုံ တစ်နေ့တော့
ကြုံတွေ့ကြရမှာပါပဲ။

လူတိုင်းလူတိုင်း
မွေးလာတဲ့ အချိန်ကနေစပြီး
တစ်နေ့တစ်နေ့ အိုခြင်းဆီသွားနေကြတာ။

အိုခြင်းကနေ နာခြင်းဆီ သွားနေကြတာ။
နာခြင်းကနေ သေခြင်းဆီ သွားနေကြတာ။
ဒါ ကြောက်စရာစကား မဟုတ်ဘူး။

ကိုယ် ဘယ်ဆီသွားနေတယ်ဆိုတာ
သိကြရမယ်။ လူတွေက ပြောကြတယ်..
“ဘယ်မှ မသွားဘူး အိမ်မှာနေတာ”။

သို့သော် အိမ်နေရင်း
အသက်က ကြီးကြီးသွားနေတော့
အိုတဲ့ဆီ သွားနေတာ။
အိုတဲ့ဆီကေန နာတဲ့ဆီ၊
အေး.. နာတဲ့ဆီကနေ သေတဲ့ဆီ။

အဲဒီ သေခြင်းဆင်းရဲနဲ့ လူ့ဘ၀ဟာ
အဆုံးသတ်ကြရတယ်။
မြတ်စွာဘုရားလည်း ဒီလိုပဲ
အဆုံးသတ်တယ်။

ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့လည်း
ဒီလိုပဲ အဆုံးသတ်တယ်။

သို့သော် ..
အဆုံးသတ်ကလေးကောင်းအောင်
လုပ်ပေးလို့ ရပါတယ်။

လူတွေဟာ အဆုံးသတ်ကောင်းဖို့အတွက်၊
အသေကောင်းဖို့အတွက်
အနေကောင်းဖို့ လိုအပ်ပါတယ်။

လူတွေရဲ့စိတ်ဓာတ် ဆိုတာက
နောက်ဆုံးအချိန်ရောက်လို့ရှိရင်
အားငယ်တတ်တယ်။
ဒီလို အားငယ်လာလို့ရှိရင်
အားပေးစကား ပြောကြရပါမယ်။

တချို့ တိုးတက်တဲ့ နိုင်ငံကြီးတွေရှိ
ဆေးရုံတွေမှာ.. ဘာသာရေးဆိုင်ရာ
အားပေးစကားပြောမယ့် ပုဂ္ဂိုလ်တွေကို
ခန့်ထားလေ့ရှိတယ်။

ဗုဒ္ဓဘာသာ၀င်တွေအတွက် ဘုန်းကြီးတစ်ပါး၊
ခရစ်ယာန်ဘာသာ၀င်တွေအတွက်
ခရစ်ယာန်တရားဟောဆရာ၊
အစ္စလာမ်ဘာသာ၀င်တွေအတွက်
အစ္စလာမ်တရားဟောဆရာ ခန့်ထားတယ်။

ဒီလို ဆိုင်ရာဆိုင်ရာ ဘာသာတရားအရ
အားပေးစကားပြောဖို့ ခန့်ထားတယ်။

လူတိုင်းလူတိုင်း သေခါနီးရောက်တဲ့အခါ
သက်သက်သာသာနဲ့
ကိုယ့်ဘာသာတရားကို အာရုံပြုပြီး
သေနိုင်အောင်လို့ပါ။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့မှာဆိုရင်
အရွတ်အဖတ်ကောင်းကောင်းနှင့်
ဓမ္မစကြာစသော တရားစာကို ရွတ်ဖတ်ရမယ်။

ထိုသို့ပူဇော်ရွတ်ဖတ်မှုကို စုတေခါနီး
မိနစ်အနည်းငယ်အချိန်ကျမှ မဟုတ်ဘဲ
ရက်အတော်ကြာကပင် ကြိုတင်၍ ပြုရမည်။

မကျန်းမာသူ (ဂိလာန)ကလည်း
အားမငယ်ရ၊ ပြုစုသူ ဆွေမျိုးများကလည်း
၀မ်းမနည်းရ။

ထိုကဲ့သို့ ပြုပြင်ခံနေရသူမှာ.. ပန်း၊ ဆီမီး
အမွှေးနံ့၊ တရားသံကိုလည်းကောင်း၊
ဘုရားသံကိုလည်းကောင်း၊ အာရုံပြုကာ
ရက်အတော်ကြာအောင် ကုသိုလ်တွေ
အထုံရနေပါလိမ့်မည်။

ထို့နောက် စုတေချိန် နီးကပ်လာသောအခါ
ပန်း၊ ဆီမီး၊ အမွှေး၊
တရားသံတို့ကလည်းရှိတုန်း
မျက်စိ၊ နား ကလည်း
မြင်တုန်း၊ ကြားတုန်းဖြစ်လျှင်
ထိုအာရုံ တစ်ခုခု မပျောက်ခင်မှာပင်
စုတေစိတ် ကျရောက်တတ်၏။

ထိုအခါ ထို ပန်း၊ ဆီမီးစသည်တို့ကို
ပူဇော်သော ကုသိုလ်ကံက
ဧကန် အကျိုးပေးတော့မည်။
သုဂတိဘ၀သို့ ဧကန်မုချ ရောက်ရတော့မည်။

ဤသို့ အာရုံတိုက်ရိုက်ရှိတုန်း စုတေနိုင်အောင်
ဆိုင်ရာဆွေမျိုးများမှာ
ပြုပြင်ဖို့ တာ၀န်ရှိသည်ကို
လူတိုင်း သတိပြုသင့်သည်။

အရှင်သောဏ၏ ဖခင်မှာ
အရှင်သောဏတည်းဟူသော
သားကောင်းရတနာက ပြုပြင်ပေးမှုကြောင့်
ငရဲနိမိတ်များ ကွယ်ပျောက်၍
နတ်ပြည်နိမိတ်များ ထင်လာရသည်။

ဒါကြောင့် တရားချစ်ခင်
သူတော်စင်အပေါင်းတို့ကလည်း
စုတေခါနီး ပြုပြင်ပေးတတ်ကြပြီး
မိမိကိုယ်တိုင်ကလည်း အသေမဦးခင်
“ဉာဏ်”ဦးအောင်လုပ်နိုင်ကာ
မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ
ကုန်သတည်း။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဟောကြားသော
အားပေးစကားတရားတော်နှင့်
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
ကိုယ်ကျင့်အဘိဓမ္မာတို့မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။
CRD ~ Nay Lin

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

အရိယာဆိုတာ ဘယ်တော့မှ မဆဲတော့ဘူး။

အရိယာဆိုတာ
ဘယ်တော့မှ မဆဲတော့ဘူး။

စကားပြောတာက ဝစီကံ။
ပြောချင်ရုံသာ ပြောချင်တာပဲ။ ပြောလိုက်တာက
ကံဖြစ်သွားတယ်။
ပြောချင်တာက ပရိယုတ္ထာန ခေါ်တယ်။
ဘာဖြစ်လို့ ပြောချင်တုန်းဆိုတော့
ပြောချင်တာက”သူ-ငါ”့့့ အဲဒါ ဒိဋ္ဌိ။
ဒိဋ္ဌိက ပြောချင်တယ်။

ဆဲချင်တာလည်း ဒီလိုပဲ။
“သူ-ငါ”ရှိတော့ ဆဲချင်တယ့့့် ဆဲတယ်။
ဆဲတာ ဝိတိက္ကမ ခေါ်တယ်။
ဆဲချင်တာက ပရိယုတ္ထာန ခေါ်တယ်။
ဆဲချင်ခြင်းရဲ့ အနုသယ ခေါ်တယ်။
အနုသယ မရှိလို့ ့့့ ရှိရင် မဆဲချင်ဘူး။
မဆဲချင်ရင် မဆဲဘူး။ မဆဲရင်အရိယာ ဖြစ်တယ်။
အရိယာက ဘယ်တော့မှ မဆဲတော့ဘူး။

လက်နဲ့လုပ်ရင် ကာယကံ။
နှုတ်နဲ့ပြောရင် ဝစီကံ။
စိတ်ထဲကတင် ဖြစ်မယ်ဆိုရင် မနောကံ။
သိသာအောင် ဆိုရင်တော့့့့
ဆဲချင်တဲ့အခါ မနောကံက ဆဲချင်တာ။
မနောထဲတင် ဆဲချင်တာက အသံမထွက်ဘူး။
ပရိယုတ္ထာန ခေါ်တယ်။
ထကြွလာတယ်။
ဆဲချင်လာတယ်။
အဲဒါ သင်္ခါရ- ကံ ဖြစ်တော့မလို့။

ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ဆိုပြီး
ဘုရားရှိခိုးမှာ ပါတယ်။
ပထမ့့့ မနောယှဉ်တယ်။
ပြီးတော့မှ ကာယကံ ဝစီကံ လုပ်လိုက်တယ်။
အဲဒါကို ဂရုစိုက်ရတယ်။

စိတ်ဆိုးတော့ ဆဲချင်တယ်။
ဆဲချင်တာက ပရိယုတ္ထာန။
ဆဲချင်အောင် ဖြစ်တဲ့ဟာက အဝိဇ္ဇာ။
ဆဲချင်အောင် မဖြစ်တော့ဘူးဆိုတော့ အဝိဇ္ဇာမဖြစ်
တော့ဘူး့့့အဲဒီလိုဆိုမှ သံသရာက ဆုံးတယ်နော်။

ကာယကံ ဝစီကံက ဆဲတော့မယ့့့် မဆဲသေးဘူး။
ဆဲလိုက်တာမှ ဝစီကံ ဖြစ်သွားတယ်။
ပရိယုတ္ထာန- ဆဲချင်တာပဲ ရှိသေးတယ်။

အဲဒါကြောင့်
“ဆဲချင်ရုံသာ ဆဲချင်ပါ၊ မဆဲလိုက်ပါနဲ့”
“အဝိဇ္ဇာကြောင့်သာ ဆဲချင်တာ၊ ဝိဇ္ဇာက မဆဲချင်”
ဆဲဖို့အကြောင်းကို “ဆဲဖို့အကြောင်း”လို့ဆိုတာ
သိတယ့့့် အဲဒါ ဖြစ်ကြောင်း ခေါ်တယ်။
ဖြစ်ကြောင်းကလည်း ပျက်နေတာ။

ဆိုစမ်း!!
“ဖြစ်ကြောင်းကလည်း ပျက်နေတာ။
မှန်စွာသုည သိရမည်”
သုည-ဆိုတာ နိဗ္ဗာန်ရောက်သွားတယ်။
ဆဲချင်တာ မရှိတော့ဘူး။
“ဆဲချင်ရုံသာ ဆဲချင်ပါ၊ မဆဲလိုက်ပါနဲ့”
“အဝိဇ္ဇာကြောင့်သာ ဆဲချင်တာ၊ ဝိဇ္ဇာက မဆဲချင်”
“ဆဲကြောင်းကလည်း ပျက်နေတယ်။
မှန်စွာသုည သိရမယ်” အဲဒီလို ဆိုပေးရမယ်။

မဖြစ်ခင် သုညလည်း သိတယ်။
ဖြစ်ပြီး သုညလည်း သိရမယ်။
အားလုံး သုညတွေချည်းပဲ သိနေလိုက်မယ်ဆိုရင်
ခန္ဓာကိုယ်ကြီးက ပေါ့ပါးပြီးတော့
တရားတွေ ရှိလာတယ်။
ပျက်နေတယ် ပျက်နေတယ်ဆိုတော့ အာရုံထဲမှာ
ခေါင်းထဲမှာ ရာဂ ဒေါသတွေလည်း မဖြစ်တော့ဘူး။
“လူ”တွေ ဘာတွေလည်း မရှိတော့ဘူး။
အဲဒီတော့ မဆဲချင်တော့ဘူး။
မဆဲချင်တော့ အဝိဇ္ဇာ မဖြစ်တော့ဘူး။
သုညဖြစ်မှန်း သိသွားပြီ။

(ဒါက ပခုက္ကူ အနိစ္စဆရာတော်ကြီး ဟောကြားသော
“ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း”
တရားတော်မှ ကောက်နှုတ်တင်ပြထားတာပါ။)

ဆဲရေးခြင်း(၁၀)မျိုးကိုလည်း ပြောပြဦးမယ်။
ဗဟုသုတပေါ့။
လူ့ဘောင် ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့သူတိုင်း
တစ်ဦးနဲ့တစ်ဦး အကြောင်းမသင့်သည့်အခါ
ကြမ်းတမ်းသည့်စကားများဖြင့် ဆဲဆိုသောအမှုကို
ပြုလုပ်တတ်ကြပါတယ်။ ဆဲတယ်ဆိုတာ
မအေ-နှမ ကိုင်တုတ်ပြောတာကိုမှ ဆဲတယ်လို့
သတ်မှတ်တာ မဟုတ်ပါဘူး။

ယာနပနဝါစာယ- အကြင်စကားဖြင့်။
အတ္တာနမ္ပိ – မိမိကိုယ်ကိုလည်းကောင်း။
ပရမ္ပိ – သူတစ်ပါးကိုလည်းကောင်း။
ဖရုသံ – ကြမ်းတမ်းသည်၏ အဖြစ်ကို။
ကရောတိ – ပြုတတ်၏။

သာဝါစာ – ထိုစကားသည်။
သယမ္ပိ – မိမိသည်လည်း။
ဖရုသံ – ကြမ်းတမ်း၏။
နေဝကဏ္ဏသုခါ- နား၌ မချမ်းသာ။ဝါ-တစ်နည်းကား
နဟဒယသုခါ – စိတ်၌ မချမ်းသာ။
အယံဝါစာ – အကြင်စကားသည်။
ဖရုသဝါစာ – ဆဲရေးခြင်းမည်၏။

ဆဲရေးခြင်း(၁၀)မျိုး ရှိတယ်။

၁။ အမျိုးဇာတိနဲ့ ပတ်သက်၍ ဆဲရေးခြင်း။
ဥပမာ- ကျွန်မျိုး ပုဏ္ဏားမျိုး ကုလားမျိုး စသည်။
၂။ အမည်နာမနဲ့ ပတ်သက်၍ ဆဲရေးခြင်း။
ဥပမာ- ငခွေး ငနီ ငပု ငရှည့့့် စသည်။
၃။ ဂေါတ္တ-အနွယ်နဲ့ပတ်သက်၍ ဆဲရေးခြင်း။
ဥပမာ- သာကီနွယ် ဂေါတမနွယ့့့် စသည်။
၄။ ကမ္မ-အလုပ်အကိုင်နဲ့ပတ်သက်၍ ဆဲရေးခြင်း။
ဥပမာ-မစင်ကျုံးသမား တံငါသည်မ စသည်။
၅။ သိပ္ပ-အတတ်ပညာနဲ့ပတ်သက်၍ ဆဲရေးခြင်း။
ဥပမာ-စက်ချုပ်သမား စာရေးကြီး စသည်။
၆။ အာဗာဓ-အနာရောဂါနဲ့ပတ်သက်၍ ဆဲရေးခြင်း။
ဥပမာ-မျက်ကန်း နားလေး အနူ စသည်။
၇။ လိင်္ဂ-ပုံသဏ္ဌာန်နဲ့ပတ်သက်၍ ဆဲရေးခြင်း။
ဥပမာ-ခါးကုန်း မျက်ပြူး နားကား စသည်။
၈။ ကိလေသာနဲ့ပတ်သက်၍ ဆဲရေးခြင်း။
ဥပမာ-လောဘသမား ဒေါသသမား စသည်။
၉။ အာပတ္တိ-သင့်သောအာပတ်နဲ့ပတ်သက်၍
ဆဲရေးခြင်း။
ဥပမာ-ပါရာဇိကကျသူ သံဃဒိသေသင့်သူ စသည်
၁၀။ အက္ကောသ-ဆဲရေးခြင်း။
မေထုန်နှင့်စပ်၍လည်းကောင်း၊ ယောင်္ကျား-
မိန်းမ အင်္ဂါတို့နှင့်ပတ်သက်၍လည်းကောင်း
ဆဲရေးခြင်း။

အကြင်စကားဖြင့် မိမိကိုလည်းကောင်း
သူတစ်ပါးကိုလည်းကောင်း ကြမ်းတမ်းသည်၏
အဖြစ်ကို ပြုတတ်၏။
ထိုစကားသည် မိမိသည်လည်း ကြမ်းတမ်း၏။
နား၌လည်း မချမ်းသာ။
စိတ်၌လည်း မချမ်းသာ။
အကြင်စကားသည် ဆဲရေးခြင်း မည်ပါပေ၏။

မိမိပြစ်မှား ဆဲဆိုမိတဲ့ပုဂ္ဂိုလ်ဟာ
လူဖြစ်စေ ရဟန်းဖြစ်စေ ကိုယ်ကျင့်သီလ ရှိရင်
ရှိသလောက် အကျိုးအပြစ်များ ပြန်ခံရမည်သာ။
စကားပြောတိုင်း အပြစ်ကင်းနိုင်ကြပါစေ။

                  CRD ~ ဦးဓမ္မသာရ(ဆေးသဲ့တောင်)

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ရောက်

ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ရောက်
<><><><><><>

🌹ဝိပဿ နာ ရှု တဲ့ နေရာမှာ..
အထည် သဏ္ဍာန် ကို မရှု ရပါဘူး
ပရမတ်သဘောလေး သက်သက်ကို မြင်အောင် ရှု ရမယ်။

နှာသီးဖျားမှာ “တိုးနေတဲ့သဘောလေး” ကို သတိထားတော့
[ တိုး နေ တယ် လို့ သိရတယ်..]

တိုးနေတာက … ရုပ်ရဲ့ သဘော
တိုးမှန်း “သိ”တာက … နာမ်ရဲ့ သဘော
တိုးတာက ရုပ် , သိတာက နာမ်..

ဝင်လေ ထွက်လေ ရယ်လို့ ပြောနေကြပေမယ့်..
တကယ် ခန္ဓာ ပေါ် ရှိတာက..
[ တိုးတဲ့သဘော နဲ့ သိတဲ့သဘော ]
နှစ်ခုတည်း ရှိတာ နော်

တိုးတာက .. အကြောင်းတရား ..ရုပ်တရား
သိနေတာက .. အကျိုးတရား .. နာမ်တရား

သိနေတယ် ဆိုတာ..
ရှူ တဲ့ အခါ , ရှူ တဲ့သဘောကို သိနေတယ်
ရှိုက် တဲ့အခါ , ရှိုက်တဲ့ သဘောကို သိနေတယ်..
အဲဒီ သိတာလေးကို ပြစမ်းပါဆိုတော့ ပြလို့မရဘူး
သိလျှက်နဲ့ ပြလို့မရတာ ဘာကြောင့်လဲ ဆိုတော့
အထည်ဒြပ် မရှိလို့ ပေါ့

🌹[ ဝိပဿ နာ ရှု-တယ် ဆိုတာ ]
“ဒီအထည် မရှိတဲ့ သဘောလေးကို ရှု ရတာ ပါ”


ဒီ သဘောလေးကို မြင်လိုက်ပြီ ဆိုမှ..
တိုးနေတာက .. အကြောင်း, သိနေတာက .. အကျိုး
တိုးနေတာက .. ငါလား , ရုပ်တရား လား ဆိုတော့
ရုပ် တရား
သိနေတာက ငါလား , နာမ်တရားလား ဆိုတော့
နာမ် တရား
အကြောင်းက ရုပ်, အကျိုးက နာမ်
ဒီသဘောတရားဟာ စာအုပ်ထဲမှာ ရှိတာမဟုတ်ပဲ ခန္ဓာမှာ
ရှိတာ ဖြစ်ပါတယ်။

တစ် ရှူ မှာလည်း အကြောင်းအကျိုး , ရုပ်နဲ့ နာမ်
တစ် ရှိုက် မှာလည်း အကြောင်းအကျိုး , ရုပ်နဲ့ နာမ်
တိုးနေတာက … အကြောင်းရုပ်
သိနေတာက… အကျိုး နာမ်
အကြောင်း အကျိုး, ရုပ်နဲ့ နာမ် ပဲ ရှိပါတယ်။

အကြောင်းက ပဋိစ္စ , အကျိုးက သမုပ္ပါဒ်
ပေါင်းလိုက်တော့ … ပဋိစ္စသမုပ္ပါဒ်

တိုးမှု အကြောင်း – ရုပ်ကလည်း ..
ငါမဟုတ် – ခန္ဓာ
သိမှု အကျိုး – နာမ်ကလည်း ..
ငါ မဟုတ် – ခန္ဓာ
တိုးမှု , သိမှု ခန္ဓာနှစ်ခုသည် ..
ပဋိစ္စသမုပ္ပါဒ်ခန္ဓာ
ဒါကိုပဲ – [ ပဋိစ္စသမုပ္ပါဒ်ခန္ဓာ ] လို့ ခေါ်ခြင်း ဖြစ်ပါတယ်။

ခန္ဓ ပဋိစ္စသမုပ္ပါဒ် ဟာ စာအုပ်ထဲမှာ ရှိတာမဟုတ်ပဲ …

ရှူ ရင်း, ရှိုက်ရင်း ရှိလာတာ ဖြစ်ပါတယ်။

🌹[ သမထနဲ့ ဝိပဿ နာ ခွဲမယ် ]

ရှူ နေတဲ့ အချိန်မှာ တိုးနေတဲ့သဘောလေး ဖြစ်တယ်။
သြော် – တိုးနေပါလား လို့ သိတာဟာ “အဖြစ်”ကို သိတာ၊
အဖြစ်ကို သိတာ မို့လို့ – [ သ မ ထ ]

ရှူ လို့ ပြီးသွားတော့ တိုးနေတဲ့သဘောလေး မရှိတော့ဘူး
ပျက် သွား ပြီ
အပ်က္​ကို သိတာက – [ ဝိပႆ နာ ]

တိုးနေတဲ့သဘောလေး ပျက်တယ်ဆိုတာ
နဂိုက ပျက်တာ မဟုတ်ဘူး
တိုးပြီးမှ ပျက်သွားတာနော်..

ရှူ တုန်းက တိုးမှန်းသိတာက – [အဖြစ်]ကို သိတာ
ရှူ လို့ ပြီးသွားရော တိုးတဲ့တရားလေး မရှိတော့တာဘဲ
ပျက်သွားတာကို သိပါတယ်
အပ်က္​ကို သိတာ – [ ဝိပႆ နာ ] ပါပဲ ။

တိုးတာကို တိုးမှန်းသိတာက – [ အဖြစ် ] ကို သိတာ
တိုးတဲ့သဘောလေး မရှိတော့ပါလား လို့ သိတာက – [အပျက်]
ကို သိတာ။

🌹အဖြစ်ကို သိတာက – [ သမထ ]
🌹အပ်က္​ကို သိတာက – [ ဝိပႆ နာ ]


တိုးတာဟာ ..
ငါ့ ရဲ့သဘောလား
ရုပ်ရဲ့သဘောလား ဆိုတော့
ရုပ်ရဲ့သဘော ပေါ့

သိနေတာဟာ
ငါ့ ရဲ့သဘောလား
နာမ် ရဲ့ သဘောလား ဆိုတော့
နာမ်ရဲ့သဘော ပေါ့

တိုးနေတာက ရုပ်
သိနေတာက နာမ်
ဖြစ်တဲ့အတွက်
ရုပ် နာမ် ပဲ ရှိပါတယ်
ငါ ဆိုတဲ့ အယူကို မယူတော့ဘူး
ငါ ဆိုတဲ့ အယူကို မယူတဲ့အတွက်
[ သက္ကာယဒိဋ္ဌိ ] ပြုတ်ပါတယ်။

ကြားတဲ့ သဘောလေးက .. သက္ကာယ
နံ တဲ့ သဘောလေးက … သက္ကာယ
လှုပ်တဲ့ သဘောလေးက … သက္ကာယ
ကျင်တဲ့ သဘောလေးက … သက္ကာယ

🌹ကြားစိတ်, နံစိတ် , .. ကိုပဲ ယူပါ
” ငါ ” မစွဲပါနဲ့

ငါ ကြားတယ် .. ဆိုရင် … သက္ကာယ ဒိဋ္ဌိ
ငါ နံတယ် … ဆိုရင် .. သက္ကာယ ဒိဋ္ဌိ
ငါ .. အယူ မလာတော့ရင် … ဒိဋ္ဌိ ပြုတ် ပါတယ်။


🌹ဝင်လေလေး ကုန်သွားတော့ ..
တိုးတဲ့သဘော မရှိတော့ဘူး
မရှိတော့ဘူး လို့ သိလိုက်တဲ့အတွက်
ခိုင်တယ်, မြဲတယ် လို့ ယူတဲ့
[ သဿ တ ဒိဋ္ဌိ ] ပြုတ်ပါတယ်။

🌹ဝင်လေ ကုန်တော့ ထွက်လေက
အစားထိုးမယ်။
ထွက်လေ အစားထိုးမှန်း သိတော့
ပျက်တယ် လို့ ယူတဲ့ – [ ဥစ္ဆေဒ ဒိဋ္ဌိ ] ပြုတ် ပါတယ်။


🌹အဲဒီလို ကိုယ်တိုင် ရှုပွားပြီးတော့ ပြုတ်တာဟာ
“အပွားပြုတ်” ခေါ် ပါတယ်။

🌹တရားနာပြီး သိပြီးမှ ပြုတ်တာဟာ
“အသိပြုတ်” ဖြစ်ပါတယ်။

ဒီလို ပြောပြမှလည်း ဒိဋ္ဌိပြုတ်တာ သိနိုင်ပါတယ်။
ဒိဋ္ဌိပြုတ်မှလည်း နိဗ္ဗာန် ရမှာပါ။

🌹ဒိဋ္ဌိကို အသိဉာဏ် , အပွားဉာဏ်နဲ့ ဖြုတ်ပြီး ရှုတဲ့
ဝိပဿ နာ ကမှ
အားကြီးတဲ့ ဝိပဿ နာ ဖြစ်ပါတယ်။
အားကြီးတဲ့ ဝိပဿ နာမှလည်း …
မဂ်ဉာဏ်ကို ကျေးဇူးပြုပါတယ်။
မဂ်ဉာဏ်ကမှ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုပါတယ်။
အကြောင်းအကျိုး ဆီလျော်သွားပါပြီ..။

                   ဆရာတော် ဘဒ္ဒန ္တ သုနန္ဒ
                   [ ဓမ္မရံသီ မိုးကုတ်ရိပ်သာ ]

ဓမ္မမိတ်ဆွေများ ကောင်းကျိုးတရား တိုးပွားပါစေ..
https://www.facebook.com/donation.of.dhamma/

ဓမ္မဒါနပြည်လည်မျှဝေပူဇော်ပါသည် ။

မေတ္တာဖြင့် – သစ္စာ၏ သစ္စာ

𝓕𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

” ဘုရားကအပြစ်ပေးလိမ့်မယ်တို့ ” ” ဘုရားကဒဏ်ခတ်လိမ့်မယ်တို့ “

” ဘုရားကအပြစ်ပေးလိမ့်မယ်တို့ “
” ဘုရားကဒဏ်ခတ်လိမ့်မယ်တို့ “

ဆိုတာ တို့ ဗုဒ္ဓလမ်းစဉ်မှာ မရှိဘူးနော်။

အေး… အပြစ်ပေးတာတို့ ဒဏ်ခတ်တာတို့ဆိုတာ ဘုရားနဲ့မသက်ဆိုင်ဘူး၊ အစိုးရနဲ့သာ သက်ဆိုင်တယ်။ အစိုးရကသာ အပြစ်ပေး ဒဏ်ခတ်လိမ့်မယ်။

ဘုရားက ဘယ်သူ့ကိုမှလည်း အပြစ်ပေးတာမရှိသလို၊ ဘယ်သူ့ကိုမှလည်း ဥုံဖွလုပ်ပြီး သွားကယ်တာမရှိဘူး။ ဒဏ်ခတ်တယ်ဆိုတာ ကိုယ့်ရဲ့မကောင်းတဲ့စိတ်က ကိုယ့်ကိုဒဏ်ခတ်တာ။ ဘုရားနဲ့မသက်ဆိုင်ဘူးနော်။

တချို့ရှိတယ်မလား မိုးခြိမ်းတာတို့ မိုးကြိုးပစ်တာတို့ လေပြင်းတိုက်တာတို့ ငလျင်လှုပ်တာတို့ ရေကြီးတာတို့ ကြုံလာတဲ့အခါ ကြောက်လန့်ပြီး ဣတိပိသော နဲ့ ဖိနေကြတာလေ။ သဘာဝဘေးအန္တရာယ်ဆိုတာ သဘာဝအကြောင်းတရားတွေကြောင့်ပဲ ဖောက်ပြန်ပျက်စီးရတာ။ မဖြစ်နဲ့လို့ တားလို့မရဘူး၊ ထိန်းချုပ်လို့မရဘူး။ အဲ့ဒါ ဘုရားနဲ့ဘာဆိုင်လဲ၊ ဘုရားလုပ်တာမှမဟုတ်တာ။ ဘုရားလည်း သဘာဝတရားကို လွန်ဆန်လို့မှ မရတာ။

ကြောက်လို့ ဘုရားကိုးကွယ်တာမဖြစ်စေနဲ့
ကိုးကွယ်ထိုက်သူဖြစ်လို့
ကိုးကွယ်တာဘဲ
ဖြစ်စေချင်တယ်. . . . .

သဘောတရားချင်းမတူဘူးနော်။ သဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အခါ ဘေးကင်းရာ ဘေးလွတ်ရာကို ရှောင်ရှားတတ်ဖို့ကသာ အဓိက။

ငါ့ကိုကယ်ပါ ငါ့ကိုကယ်ပါလို့ အော်ပြီး ကိုယ်တိုင်က ဘေးကင်းရာကိုမရွှေ့မပြောင်းရင် အသက်ပါဆုံးရှုံးသွားနိုင်တယ်ပေါ့နော်။

Crd
ပါမောက္ခချူပ်ဆရာတော်

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Featured

အနိစ္စထင်မှတရားမြင်မည်

အနိစ္စထင်မှတရားမြင်မည်
🔶🔶🔶🔶🔶🔶🔶🔶🔶
လောက၌လူသားတို့သည် နှစ်သက်ဖွယ်ရာအာရုံများနှင့်တွေ့ကြုံရလျှင် မေ့လျှော့မှုတွေဖြစ်ပေါ်ရုံမက၊ ထိုနှစ်သက်ဖွယ်အာရုံများနဲ့ပင်ယစ်မူးပျော်မွေ့နေတတ်ကြပေသည်။

ထို့ကြောင့် မိမိပြုလုပ်ပြောဆိုနေထိုင်ရာများ၌ အစွန်းမရောက်ရန်လိုအပ်လှပေသည်။ သို့မှသာလျှင် အမှားနည်း၍ ကောင်းသောအပြုအမူများကိုပြုလုပ်စေရေး အခွင့်လမ်းများဖြစ်လာနိုင်ပေမည်မဟုတ်ပါလား။

🙏မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါတွင် ရဟန်းတစ်ပါးသည် အမျိူးသမီးတစ်ဦး၏ အလှအပ၊ ရူပါရုံ၌ သတိမေ့လျှော့ကာ တပ်မက်နှစ်သက် စွဲလန်းမိ၍ ဆင်းရဲဒုက္ခဖြစ်ခဲ့ရလေသည်။ ထိုရဟန်းကား အလှ၏အနိစ္စတရားကိုစိတ်မှာမထင်၊ တရားသဘောကိုမမြင်ဘဲ အဆင်းအာရုံ၌ နစ်သက်စွဲလန်းစိတ်ပင်ပန်းခဲ့ရရှာ၏။

🔶ထိုအဖြစ်ကား။ ။မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အလှမယ်ဖြစ်သော ‘သီရိမာ’ဟူသောအမျိူးသမီးသည် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော တရားဒေသနာတော်တို့ကို နာကြားရသဖြင့်သောတာပန်ဖြစ်ခဲ့ရလေသည်။

🔶အလှမယ်သီရိမာ တရားတော်ကိုနားကြားရပြီးတဲ့အချိန်မှစ၍ ရတနာမြတ်သုံးပါးကိုပိုကြည်ညိုလှ၍ အိမ်သို့ရဟန်းတော်ရှစ်ပါးကို နေ့စဉ်ပင့်ဖိတ်ဆွမ်းလောင်းလှူ ကုသိုလ်ပြုလုပ်သည်။ အလှမယ်သီရိမာ၏အိမ်သို့ ဆွမ်းခံကြွရောက်မည့်ရဟန်းများကို ထေရ်စဉ်ဝါလိုက် ရွေးပြီးနေ့စဉ်ဆွမ်းခံကြွစေ၏။

🔶တနေ့သောအခါတွင် သီရိမာအိမ်ဆွမ်းခံကြွခဲ့ရသော ရဟန်းတစ်ပါးသည်ရာဇဂြိုဟ်မြို့မှသုံးယူဇနာမျှဝေးသောတောကျောင်းတစ်ကျောင်းသို့ရောက်သွားလေသော် ကျောင်းရှိရဟန်းများသည်အဝေးမှရောက်ရှိလာသောအဂန္တုကရဟန်းနှင့်စကားဆွေးနွေးပြောကြားရာမှရာဇဂြိုဟ်မြို့၏နေထိုင်စားသောက်ရေးအခြေအနေများကိုလည်းမေးမြန်းဆွေးနွေးဖြစ်ကြလေသည်။

🔶အာဂန္တုကရဟန်းက ရာဇဂြိုဟ်မြို၌ စားသောက်ရေး(ဆွမ်းရေး)အခက်အခဲမရှိပုံနှင့် အလှမယ်သီရိမာ၏ အိမ်၌ မိမိဆွမ်းခံရောက်ခဲ့ရပုံအခြေအနေတို့ကိုပါဆွေးနွေးပြောကြားလေ၏။

🔶သီရိမာသည် စေတနာသဒ္ဓါတရားကောင်းပြီးရုပ်ရေအဆင်းမှာလည်းအလွန်လှပကြောင်းနှင့်သီရိမာ၏အလှကိုလည်းဖွဲ့ဆိုချီးမွမ်းပြောဆိုသောအခါ တောကျောင်း၌နေသော ရဟန်ငယ်တစ်ပါးမှာ သီရိမာကိုအလွန်တွေ့မြင်ချင်မြင်ချင်နေ၍ထိုနေ့မကူးခင်မှာပင် ရဟန်းငယ်သည်သပိတ်၊သင်္ကန်းတို့ကိုပြင်ဆင်ယူဆောင်ပြီး ရာဇဂြိဟ်မြို့သို့ထွက်လာခဲ့ရာ နှောက်တစ်နေ့ဆွမ်းခံချိန်မရောက်မှီ ဝေဠုဝန်ကျောင်းတော်သို့ရောက်ခဲ့လေသည်။

🔶ဆွမ်းခံချိန်ရောက်သော် သီရိမာ၏ အိမ်သို့ဆွမ်းခံရန် ရဟန်းတော်ရှစ်ပါးအားထေရ်စဉ်ဝါလိုက်ရွေးချယ်ရာ တောကျောင်းမှရောက်လာသော ရဟန်းငယ်လည်း ရွေးချယ်ခံရပြီးဆွမ်းခံလိုက်ပါသွားရလေသည်။

🔶သီရိမာကား။ ။ ထိုနေ့တွင် ရုပ်တရက် ရောဂါဝေဒနာကျရောက်လာပြီးအိပ်ယာမှ မထနိုင်ဘဲဖြစ်နေလေသည်။ သို့ဖြစ်၍ ရဟန်းတော်များအားကိုယ်တိုင် ဆွမ်းလုပ်ကျွှေးပြုစုရန်မတတ်နိုင်ဘဲ၊ အိမ်ဖော်များကိုသာ ဆွမ်းပြုစုလုပ်ကျွှေးစေသည်။ ဆွမ်းလောင်းလှူပြုစုပြီးသောအခါ သီရိမာသည် အိမ်ဖော်အမျိူးသမီးတို့အားသူမကိုပွေ့ချီစေလျက်၊ ရဟန်းတော်များရှေ့သို့ပို့ဆောင်ခိုင်းစေပြီး ရဟန်းတော်များရှေ့ထံရာက်သော် ရှိခိုးဦးချကန်တော့လေသည်။

🔶ဟောင်းနွမ်းသောအဝတ်၊ နေမကောင်း၍ နွမ်းလျှဖြစ်နေသောကိုယ်ဖြင့် လာရောက်၍ ရှိခိုးနေသောသီရိမာအမျိူးသမီးကိုမြင်လျှင် ရဟန်ငယ်သည် “ဤအမျိူးသမီးသည် မကျန်းမာ၍ ဆင်ယင် ထုံးဖွဲ့လိမ်းခြယ်သထားခြင်းမပြုဘဲလျှက်ပင် ဤမျှလှပနေပေသေးသည်။ ကျန်းမာစွာဖြင့်ကောင်းစွာဆင်ယင်ခြယ်သထားပါလျှင် သူမ၏အလှသည်ဆိုဘွယ်မရှိ အလွန်လှပနေပေမည်”ဟုတွေးနေမိပြီး သီရိမာ၏အလှ၌ တပ်မက်စွဲလန်းခြင်း ပြင်းစွာဖြစ်လျှက်ကျောင်းသို့ပြန်ကြွလာခဲ့ရ၏။

❄️ရဟန်းငယ်သည်ကျောင်းသို့ပြန်ရောက်သော်လည်းသီရိမာ၏အလှကို စွဲလန်းသောစိတ်ကြောင့်ဆွမ်းကိုပင်မစားနိုင်တော့ဘဲ ကျောင်းခန်းထဲသို့ဝင်၍ အိပ်နေလေသည်။

🔶သီရိမာအလှမယ်သည်လည်း ရောဂါဝေဒနာနှိပ်စက်လေသောကြောင့် ထိုည၌ပင်ကွယ်လွနန်သွားလေသည်။

🔶ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် အလှမယ်သီရိမာ ကွယ်လွန်သွားကြောင်းကို မြတ်စွာဘုရားရှင်ထံသို့လူလွှတ်၍ လျှောက်ကြားစေသည်။

🙏မြတ်စွာဘုရားရှင်သည် သီရိမာ၏ရုပ်အလောင်းကို ချက်ချင်းမီးသဂြိုဟ်ခြင်းမပြုသေးစေဘဲ၊ အစောင့်အရှောက်များဖြင့် သုသာန်၌ထားစေရန်မိန့်တော်မူလေသည်။

🔶လေးရက်မြောက်သောနေ့တွင် ဗိမ္ဗိသာရမင်းကြီးသည် များစွာသော မြို့သူမြိုးသားများနှင့်အတူတကွသီရိမာ၏ရုပ်အလောင်းကောင်ကို သဂြိုဟ်ရန်သုသာန်သို့ရောက်လာခဲ့လေသည်။

🙏မြတ်စွာဘုရားရှင်သည်လည်း ရဟန်းသံဃာတော်များနှင်အတူသုသာန်သို့ကြွရောက်တော်မူလာခဲ့လေသည်။

❄️သီရိမာ၏အလှကိုစွဲလန်း၍ လေးရက်တိုင်တိုင် ဆွမ်းမစားဘဲအိပ်နေရာမှ”သီရိမာထံသွားကြမည်”ဟူသောစကားကိုကြားလျှင်ပင် ချက်ချင်းအိပ်ယာမှအလျှင်မြန်ထကာ ရဟန်းများနှင့်အတူမြတ်စွာဘုရားရှင်၏နောက်တော်မှလိုက်ပါလာခဲ့လေသည်။

🙏သုသာန်သို့ရောက်လျှင် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်များက သီရိမာရုပ်အလောင်း၏ညာဘက်မှလည်းကောင်း၊

🔶ဗိမ္ဗိသာရမင်းကြီးနှင့် လူပရိတ်သတ်များက ဘယ်ဘက်မှလည်းကောင်း၊ အသီးသီးနေရာယူကာရပ်နေကြကုန်၏။

🔶ထိုအချိန်တွင် အလှမယ်သီရိမာ၏ကိုယ်မှာမူ ဖူးဖူးရောင်လျှက် ပုတ်ပွပြီး အရည်များယိုစီးကာစက်ဆုပ်ရွံရှာဖွယ်ရာ အတိဖြစ်နေလေပြီ၊ ထိုစက်ဆုပ်ရွံရှာဖွယ်အတိဖြစ်နေသောသီရိမာ၏ အလောင်းကောင်ကိုကြည့်၍

🙏မြတ်စွာဘုရားရှင်က
ဗိမ္ဗိသာရမင်းကြီးအား။ ။”ဒကာတော်မင်းကြီး-ဤသီရိမာသည် အသက်ရှင်လျှက်ရှိစဉ်ကမည်မျှ အဖိုးထိုက်တန်လေသနည်း”ဟု မေးလေသော်၊

🔶”အရှင်ဘုရား-ဤသီရိမာ အမျိူးသမီး နှင့် ပျော်ပါးလိုကြသော ယောင်္ကျားများကတစ်နေ့လျှင် အသပြာတစ်ထောင် ပေး၍ ပျော်ပါးကြရပါသည်ဘုရား” ဟုလျှောက်လေသည်။

🙏ဒကာတော်မင်းကြီး”ယခုအခါ အသပြာတစ်ထောင်ပေး၍ ပျော်ပါးမည့်သူ ရှိပါသေးသလား”

🔶အရှင်ဘုရား-“အသပြာတစ်ထောင်မဆိုထားနှင့် အလကားအခမဲ့ ပေးသော်လည်း ယူကြတော့မည့်သူမရှိတော့ပါ”ဟု ၊ဗိမ္ဗိသာရမင်းကြီးက ဤသို့ လျှောက်ထားလေသောအခါ။

🙏မြတ်စွာဘုရားရှင်သည်
သုသာန်သို့စုဝေးရောက်ရှိလာကြကုန်သောရဟန်ပရိတ်သတ်၊လူပရိတ်သတ်တို့အား။ ။ “အို- သူတော်ကောင်းပရိတ်သတ်တို့ အဝတ်တန်ဆာ ပန်းနံ့သာစသည်တို့ဖြင့် လှပတင့်တယ်ရှုချင်စဖွယ်ပြင်ဆင်ထားသော အရုပ်နှင့်တူသည့် ဤကိုယ်ကောင်ကို ရှုကြည့်ကြကုန်လော့၊ စင်စစ်ဤကိုယ်ကောင်သည်အနာရောဂါမျိူးစုံတို့၏ကျရောက်စုဝေးရာဖြစ်၏။ အရိုးပေါင်းသုံးရာတို့ဖြင့်တည်ဆောက်ထားသော ဤကိုယ်ကောင်သည် အခါမလပ် နာကျင်နှိပ်စက်တတ်ပေ၏။ လူအများကစိတ်ကူးအမျိူးမျိူးဖြင့်၊ သာယာစုံမက်နှစ်သက်နေကြသော်လည်း ဤကိုယ်ကောင်သည်ခိုင်ခံ့တည်မြဲမှုလုံးဝမရှိပေ”ဟု တရားဒေသနာတော်ကိုမိန့်ကြားလေသည်။

❄️သီရိမာ၏အလှကိုနှစ်သက်စွဲလန်းနေသောရဟန်းသည် တရားတော်နာကြားရပြီး သီရိမာ၏ အလှ၌ အနိစ္စသဘောကိုထင်မြင်လာပြီး တရားသဘောကိုတွေ့မြင်ရသည်ရှိသော် သောတာပတ္တိဖိုလ်သို့ဆိုက်ရောက်တည်သွားလေ၏။

(၁၁။ဇရာဝဂျ၊၂-သီရိမာဝတ်ထု၊)
🔶မင်္ဂလာညချမ်းပါ။🔶
🔶🔶🔶🔶🔶🔶🔶🔶🔶

🔶ကျန်းမာချမ်းသာကြပါစေ။

🔶နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

🔶ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

🔶သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်နိုင်ကြပါစေ။

🔶နေ့ရက်တိုင်းမှာသာယာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်ဝကြပါစေ ။

🔶ပြင်းရိခြင်းကင်း၍အမြဲအားထုတ်ကြိုးစားနေသူများဖြစ်ကြပါစေ။

🔶မိမိအကျိုး၊ သူတပါးအကျိုး၊ ထိုနှစ်မျိုးအားသည်ပိုးဆောင်ရွက်နိုင်သူများဖြစ်ကြပါစေ။

🔶ပျတ်စီးကြောင်းတရားတွေကို ရှောင်ရှားနိုင်၍ ဤလောက၊ သံသရာတို့မှသည် နိဗ္ဗာန်သို့တိုင်အောင် ကြီးပွားချမ်းသာ၊ စိတ်ချမ်းသာ၊ ထိုနှစ်ဖြာ သယ်ဆောင်နိုင်သူများဖြစ်ကြပါစေ။

Featured

🌷🙏 ရတနသုတ် မြန်မာပြန် 🙏🌷

🌷🙏 ရတနသုတ် မြန်မာပြန် 🙏🌷

၁။ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရား
မင်း၏ခြေရင်းတော်၌ ဘုရားဆုကိုတောင်း
သည့် ကာလမှ အစပြု၍ မြတ်စွာဘုရား
ဖြည့်ဆည်းပူးခဲ့သော ပါရမီ ၁၀ပါး ၊ ပရမတ္ထ
ပါရမီ ၁၀-ပါးအားဖြင့် အပြား ၃၀-သော
ပါရမီတို့ကို လည်းကောင်း ၊ စွန့်ခြင်းကြီးငါး
ပါးတို့ကိုလည်းကောင်း၊ လောက၏အကျိုး
စီးပွား အလို့ငှာကျင့်ခြင်း ၊ ဆွေ တော်မျိုး
တော်တို့၏ အကျိုးစီးပွားအလို့ငှာကျင့် ခြင်း၊
ဘုရားဖြစ်ခြင်း အကျိုးငှာကျင့်ခြင်း ဟူသော
စရိယသုံးပါးတို့ကိုလည်းကောင်း ၊နောက်ဆုံး
ဘဝ၌ အမိဝမ်းတွင်း ပဋိသန္ဓေယူတော်မူ
ခြင်း ၊ ဖွားမြင်ခြင်း ၊မြတ်သောတောထွက်
ခြင်း၊ ပြင်းစွာသော လုံ့လဖြင့် ကမ္မဋ္ဌာန်း
အကျင့်ကိုကျင့်ခြင်း ၊ ဗောဓိပလ္လင်၌ မာရ်ငါး
ပါးကို အောင်မြင်တော် မူခြင်း၊ သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်းသိမြင်ရရှိ ခြင်း ၊ ဓမ္မ
စကြာ တရားတော်မြတ်ကိုဟောကြားခြင်း
နှင့်ကိုးပါးသော လောကုတ္တရာတရားတို့ကို
လည်းကောင်း ၊ ဤသို့လျှင်မြတ်စွာဘုရား ၏ ကျေးဇူးတော် ဂုဏ်တော်တို့ကို လည်း
ကောင်း ၊ စိတ်ဖြင့် ဆင်ခြင်၍ ဝေသာလီ
ပြည်၏ မြို့တံတိုင်း သုံးထပ်တို့၏ အကြား
တို့ ၌ ညဉ့်သုံးယာမ် ကာလ ပတ်လုံး
ပရိတ်ရွတ်ဖတ် အရံအတားပြုခဲ့သော အရှင်
အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့
အပေါ်) သနားကရုဏာစိတ်ထားလျက်
ရတန သုတ်ပရိတ်တော်ကို ရွတ်ဖတ်ကြပါ
ကုန်စို့။

၂-၃။ ရတနသုတ်ပရိတ်တော်၏ အာဏာ
စက် ကို စကြဝဠာကုဋေတစ်သိန်း၌ ရှိကြ
ကုန်သော နတ်အပေါင်းတို့က ခံယူကြကုန်
၏။ ဤပရိတ်တော်သည် ဝေသာလီပြည်၌
ကျ ရောက်သော အနာရောဂါဘေး၊ ဘီလူး
ဘေး၊ ၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေး
ဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကို
လျင်မြန်စွာ ကွယ်ပျောက်စေနိုင်ခဲ့၏။
ယခုအခါ၌ ဤရတန သုတ်ပရိတ်တော်ကို
ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြ ပါ ကုန်စို့။

၄။ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊
စတုမဟာရာဇ် ၊ တာဝတိံသာနတ်တို့သည်
လည်းကောင်း၊ ကောင်းကင်၌ဖြစ်ကုန်သော
ယာမာ၊ တုသိတာ စသော နတ်တို့သည်
လည်းကောင်း ၊ ဤပရိတ်ရွတ်ရာ နေရာ
အရပ်၌ အညီအညွတ် ရောက်ရှိလာကြကုန်
ပြီ ။ နတ်ပရိတ်အားလုံး ဝမ်းမြောက်ဝမ်းသာ
ဖြစ်ကြပါကုန်။ မြတ်စွာဘုရားဟောတော်မူခဲ့
သော ပရိတ်တရားတော်ကိုလည်း ရိုသေ
လေးမြတ်စွာ နာယူကြပါကုန်။

၅။ အိုနတ်အပေါင်းတို့ ဤနေရာ၌ အညီအ ညွတ် စည်းဝေးရောက်ရှိနေကြသော အသင်
နတ်အများ နားဆင်ကြပါကုန် ၊ လူတို့သည်
နေ့ည မဟူ ကြည်ဖြူလေးမြတ်စွာ အသင်
နတ်တို့အား ပူဇော် ပသမှုပြုကြပါသည်။
သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြ
ပါကုန် ၊ မမေ့မလျော့ စောင့်ရှောက်ကြပါ
ကုန်။

၆။ လူ့ပြည်၌ ဖြစ်စေ ၊ နဂါးပြည် ဂဋ္ဌုန်
ပြည်၌ ဖြစ်စေ ၊ နတ်ပြည်၌ဖြစ်စေ အမြင့်
အမြတ် သတ်မှတ် သုံးဆောင်ကြသော ဥစ္စာ
ရတနာတို့သည် ရှိ ကြကုန်၏။ ထိုရတနာတို့
အနက် ဘုရားတည်း ဟူသော ရတနာနှင့်
တူသော ရတနာဟူ၍ မရှိချေ။
မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်
တော် ကျေးဇူးတော်တို့နှင့်ပြည့်စုံသော
ရတနာမြတ် ဖြစ် ပါပေသည်။ ဤသို့ မှန်ကန်
သော သစ္စာစကားကြောင့် သတ္တဝါအများ
ပွားစီးတိုးတက် ချမ်းသာ ကြပါစေသတည်း။

၇။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူ
သော မြတ်စွာဘုရားသည် တည်ကြည်လှ
သော သမာဓိ စိတ်ရှိသည့်အတွက်ကြောင့်
ကိလေသာတို့၏ကုန် ရာကင်းရာ မသေရာ
ဖြစ်သော အမြတ်နိဗ္ဗာန် ကို သိရှိတော်မူလေ
သည်။ (လောက၌) ထိုနိဗ္ဗာန် ဓာတ်မြတ် နှင့်
နှိုင်းတုစရာ ရတနာတစ်ခုမျှ မရှိ ပါချေ၊
နိဗ္ဗာန်သည် ကိလေသာကုန်စင်ခြင်း စသည့်
ဂုဏ်တော်ကြောင့် ရတနာမြတ်ဖြစ်ပါပေ၏။
ဤသို့ မှန်ကန်သောသစ္စာစကားကြောင့်
သူတော် တကာ သတ္တဝါများ ပွားစီးတိုးတက်
ချမ်းသာကြပါ စေသတည်း။

၈။ မြတ်စွာဘုရားသည် အရဟတ္တမဂ်နှင့်
ယှဉ်သော သမာဓိကို ကိလေသာမှ
စင်ကြယ်၏ဟူ၍ ချီးမွမ်းတော်မူ၏၊
မိမိ၏အခြားမဲ့၌ အကျိုးကို ပေး တတ်၏
ဟူ၍လည်း ဟောတော်မူ၏။
ထိုအရ ဟတ္တမဂ်သမာဓိနှင့် တူမျှသော
သမာဓိသည် မ ရှိ၊ ဤအရဟတ္တမဂ်သမာဓိ
တရားသည်သာလျှင် လောကီရတနာ အဖြာ
ဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး
ဖြစ်တော်မူ၏။ ဤသို့မှန်စွာ ဆိုရသော သစ္စာ
စကားကြောင့် သတ္တဝါတို့အား ဘေးရန်
ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါ
စေသတည်း။

၉။ ဘုရားအစရှိသော သူတော်ကောင်းတို့
ချီးမွမ်း အပ်သော အရိယာပုဂ္ဂိုလ်ရှစ်
ယောက်တို့သည် အစုံအားဖြင့် လေးပါးသော
အစုံတို့ ဖြစ်ကြကုန်၏။ ထိုအရိယာပုဂ္ဂိုလ်
တို့သည် မြတ်စွာဘုရားတပည့် သားသာဝက
ဖြစ်တော်မူကုန်၏။ မြတ်သော အလှူကို ခံ
ထိုက်တော်မူကုန်၏။ ထိုအရိယာ ပုဂ္ဂိုလ်တို့၌
ပေးလှူအပ်သော အလှူဒါနတို့သည် များ
မြတ်သော အကျိုးရှိကုန်၏။ ဤအရိယာ
သံဃာတော်မြတ်သည်သာလျှင် လောကီ
ရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော
ရတနာကြီး ဖြစ်တော်မူ၏။
ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့်
သတ္တဝါတို့အား ဘေးရန်ပျောက်ကင်းချမ်း
သာအေးမြခြင်း ဖြစ်ပါစေသတည်း။

၁၀။ ဂေါတမမြတ်စွာဘုရား သာသနာ
တော်၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်
မြဲမြံခိုင်ခန့်သော စိတ်ဖြင့် အားထုတ်ကြကုန်
သောကြောင့် အလုံးစုံသော ကိလေသာတို့မှ
ထွက်မြောက်တော်မူကုန်၏။ ထိုရဟန္တာ
ပုဂ္ဂိုလ်တို့သည် ရပြီးသော အရဟတ္တဖိုလ်ကို
တဖန်ဝင်စားသော အားဖြင့် ရကြပြန်ကုန်၍ အနည်းငယ်မျှ မပျက်မစီးကြရကုန်သည်
လည်း ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို
အာရုံပြုလျက် အရဟတ္တဖိုလ် သမာပတ်
ချမ်းသာကို ခံစားတော်မူကြကုန်၏။
ဤရဟန္တာ သံဃာတော်မြတ်သည်သာလျှင်
လောကီရတနာ အဖြာဖြာတို့ထက် ကောင်း
မြတ်သော ရတနာကြီးဖြစ်တော်မူ၏။
ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့်
သတ္တဝါတို့အား ဘေးရန်ပျောက်ကင်းချမ်း
သာ အေးမြခြင်း ဖြစ်ပါစေသတည်း။

၁၁။ မြေ၌စိုက်ထူအပ်သော တံခါးတိုင်သည်
အရပ်လေးမျက်နှာတို့မှ လာသောလေတို့
ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယာသစ္စာတို့
ကို ပညာဖြင့် သက်ဝင်၍မြင်သော သောတာ
ပန်ပုဂ္ဂိုလ်ကို ထို တံခါးတိုင်နှင့်တူ၏ဟု ငါ
ဆို၏။ သံဃာဟူသော ဤရတနာသည်
လည်း အမြတ်ဆုံးဖြစ်၏။
ဤ သစ္စာစကားကြောင့် သတ္တဝါတို့ ချမ်းသာ
ကြပါ စေသတည်း။

၁၂။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသော ဉာဏ်ပညာရှိသော
မြတ်စွာဘုရားကောင်းစွာဟောကြားအပ်
သော အရိယသစ္စာ တို့ကို ထင်ရှားအောင်ပြု
ကုန်၏။ ထိုပုဂ္ဂိုလ် တို့သည် ပြင်းထန်စွာ
မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက်ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာ
သည်လည်း အမြတ်ဆုံးဖြစ်၏။ ဤ သစ္စာ
စကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါ
စေသတည်း။

၁၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်
ကို ရသည်နှင့် တပြိုင်နက်သာလျှင်
သက်ကာယဒိဋ်ဌိ ဝိစိကိစ်ဆာ သီလဗ်ဗတ
ပရာမာသ ဤတရားသုံးပါးတို့ ကို ပယ်စွန့်
အပ်ကုန်၏။
ကိလေသာ စိုးစဉ်းမျှ ရှိစေ ကာမူ…

၁၄။ အပါယ်လေးပါးတို့မှ လွတ်၏။
(အာနန္တရိက ကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိ
ဟူသော) ခြောက်ပါးသော တရားတို့ကို မပြု
တော့ပြီ။ သံဃာဟူသော ဤရတနာသည်
လည်း အမြတ်ဆုံးဖြစ်၏။ ဤ သစ္စာစကား
ကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသ
တည်း။

၁၅။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်
ဖြင့် လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊
စိတ်ဖြင့် လည်းကောင်း မကောင်းမှုကံကို ပြု
စေကာမူ ထို မိမိပြုသောကံကို မဖုံးလွှမ်း
တော့ပြီ။
နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်)
ပုဂ္ဂိုလ်၏ ဖုံးလွှမ်း ခြင်းမပြုတော့သည့်
အဖြစ်ကို (မြတ်စွာဘုရား)ဟောတတ်၏။
သံဃာဟူသော ရတနာသည် လည်း အမြတ်
ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါ
တို့) ချမ်းသာကြပါစေသတည်း။

၁၆။ နွေဥတု၏အစဖြစ်သော တန်ခူးလ၏
ပင်လုံးကျွတ်ပွင့်သော တောအုပ်သည်
ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထို
တောအုပ် လျှင် ဥပမာရှိသော နိဗ္ဗာန်သို့
ရောက်စေတတ်သော (ပရိယတ္တိ) တရား
တော်မြတ်ကို (နိဗ္ဗာန်) အကျိုးငှာ ဟောတော်
မူ၏။ ဘုရားဟူသော ဤ ရတနာသည်လည်း
အမြတ်ဆုံးဖြစ်၏။ ဤသစ္စာ စကားကြောင့်
(သတ္တဝါတို့) ချမ်းသာကြပါ စေသတည်း။

၁၇။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော
နိဗ္ဗာန် ကို သိတော်မူသော မြင့်မြတ်သော
တရားကို ပေး တတ်သော မြင့်မြတ်သောမဂ်
ကို ဆောင်တတ်သော မိမိထက်သာသူမရှိ
သော မြတ်စွာဘုရား သည် မြင့်မြတ်သော
တရားတော်ကို ဟောကြားတော်မူပြီ၊ ဘုရား
ဟူသော ဤရတနာသည် လည်း အမြတ်ဆုံး
ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့)
ချမ်းသာကြပါစေသတည်း။

၁၈။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံ
ဟောင်း ကုန်ပြီ ကံသစ်မရှိတော့ပြီ၊
လာလတ္တံ့သော ဘဝ၌ တပ်မက်ခြင်းကင်း
သော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ ကုန်
ပြီးသည်ဖြစ်၍ စည်ပင် ပြန့်ပွားသော ဆန္ဒမ
ရှိကုန်၊ ဆီမီးငြိမ်းသကဲ့သို့ ပညာရှိသော ထို
ရဟန္တာပုဂ္ဂိုလ်တို့သည် ခန္ဓာဇာတ် သိမ်းငြိမ်း
ကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်
လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကား
ကြောင့် (သတ္တဝါတို့) ချမ်းသာကြပါ
စေသတည်း။

၁၉။ မြေ၌တည်ကုန်သော နတ်တို့သည်
လည်းကောင်း၊ ကောင်းကင်၌တည်ကုန်
သော နတ်တို့သည်လည်းကောင်း ဤအရပ်
သို့ အညီအညွတ်လာကုန်၏။ထိုငါတို့သည်
လာခြင်း ကောင်းတော်မူသော နတ်လူတို့
ပူဇော်အပ်သော မြတ်စွာဘုရားကိုရှိခိုးပါ၏။
(သတ္တဝါတို့) ချမ်းသာ ကြပါစေကုန်သတည်း။

၂၀။ မြေ၌တည်ကုန်သော နတ်တို့သည်
လည်းကောင်း၊ ကောင်းကင်၌တည်ကုန်
သော နတ်တို့သည်လည်းကောင်း ဤအရပ်
သို့အညီအညွတ်လာကုန်၏။ ထိုငါတို့သည်
ကိလေသာတို့ကိုဖျက်ဆီးတတ်သော နတ်လူ
တို့ ပူဇော်အပ်သော တရားတော်ကိုရှိခိုးပါ
ကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်
သတည်း။

၂၁။ မြေ၌တည်ကုန်သောနတ်တို့သည်
လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော
နတ် တို့သည်လည်းကောင်း ဤအရပ်သို့
အညီအညွတ် လာကုန်၏။ထိုငါတို့သည်
မချွတ်မယွင်းကျင့် ခြင်းရှိတော်မူသော နတ်
လူတို့ပူဇော်အပ်သော သံဃာတော်ကိုရှိခိုးပါ
ကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါ
စေသတည်း။
ရတနသုတ်မြန်မာပြန်ပြီး၏။ ။

ဤမှန်ကန်သော သစ္စာစကားများကြောင့်
သတ္တဝါဟူသမျှ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ
ချမ်းသာကြပါစေ။
🙏🙏🙏🙏🙏
မေတ္တာဖြင့် မျှဝေပါ၏။

Aye_Thi_Dar

Copy from >> https://m.facebook.com/story.php?story_fbid=1624512001019951&id=100003835011473 >> Thanks

Featured

✿✿ ဘုရားမကြိုက်တဲ့ လူမိုက်အလှူ✿✿

✿✿ ဘုရားမကြိုက်တဲ့ လူမိုက်အလှူ✿✿

ရွာစား ဆိုင်းသမား သိန်း(၂၀)ထား
မင်းသမီးအဆိုတော် (၅)သိန်းနော်

ဆောင်းဘောက်(၅)လုံး (၄)သိန်းသုံး
တဒုန်းဒုန်းနဲ့ အပြတ်သာဆော်
ရင်ဘတ်ဖိထား နှလုံးသမားတို့…….

ဆင်သုံးကောင်က သိန်း(၃၀)
သူများအလှူထက် သာရမယ်
မြင်းဆယ်ကောင်ငှါး (၅)သိန်းသွား

ဝက်လေးကောင်သတ် (၁၅)သိန်းမှတ်
ကြက်ဘဲအရှင် (၁၀)သိန်းဝင်

ဘာသာခြားများ ဆိတ်နှင့်နွား
အရှင်ဝယ်ကာ ကြိုးချည်ထား……..

အရက်ဖိုးက သိန်း(၂၀)
ပါကင်အလိုက် ချပေးမယ်
လာသမျှသောက်စား ဧည့်ခံထား
မူးရူးကခုံ အကြိုက်စား………

ရွာပေါင်းစုံက အရက်သမားတွေ
သောက်လိုက်ကြတာ ကြွက်တွင်းရေ

အဝတ်အစားက အကောင်းဆုံး
ချုပ်ခ တစ်သိန်းကျော်သုံး………

ကွမ်းတောင်ကိုင် အပျိုတစ်အုပ်
တစ်ယောက် တစ်စုံချုပ်

ဒေါက်ဖိနပ်က နှစ်သောင်းကျော်
ဝယ်စီးကြတာနော် ………

ဆံပင်မိတ်ကပ် သုံးသိန်းမှတ်
ဗွီဒီယိုရိုက် ရှစ်သောင်းလိုက်

ဘုန်းကြီးပင့်မလား ဘယ်နှစ်ပါး
ငါးပါးပင့်ခဲ့ တော်ပြီဟဲ့
တစ်ပါး (၅၀၀၀ိ)တော်ပြီမောင်

အကုန်အကျတွေများ ချွေတာထား
စီစစ်ပါမှ တော်ကာကျ ……..

ကူငွေရေးမှတ် ငါ့စာရင်းအပ်
တချို့ငွေထည့် (၁၀၀၀ိ)တဲ့
မရှက်ဖူးလား သုံးပုဂံစား

သောက်လိုက်တာလည်း အသေအလဲ
မူးလို့ လူနှစ်ယောက်တွဲ ………

ဟိုမိန်းမက (၅၀၀ိ)ထည့် မလွန်ဘူးလားဟဲ့
ဟိုကောင်မက ရွှေတွေများ အတုတွေပဲလား

ဟိုမိန်းမက အဝါရောင်ဝတ်
အသားမည်းညစ် ကလားမဖြစ်

ဟိုမိန်းမက မတန်မရာ
အကောင်းစားတွေ ဝတ်ထားတာ
လူကိုကြည့်တော့ မွဲစုတ်ချာ …….

ဟိုလူကတော့ သူဌေးဟဲ့
အကူငွေထည့် (၂၀၀၀ိ) တဲ့

သူ့အလှူတုန်းက (၅၀၀၀ိ) ကူ
ကပ်စေးနည်းတဲ့ လူ

တနေ့တွေ့မယ် ဒင်းမှတ်ထား
ငါ့အကြောင်း မသိဘူးလား

လူကြားထဲမှာ ပြောမယ်တအား
အကုသိုလ်များ မနာလိုထား မစ္ဆရိယတွေပွား

တို့ရွာရှင်ပြု အလှူတော် သိန်းရာကျော် ကုန်သတဲ့နော်
ပြန်ရတာက သိန်း(၆၀) ခွက်ခွက်လန်အောင်ရှုံးပါတယ်

အလှူရှင်မှာ စိတ်တွေညစ်
ရန်တွေစုဖြစ် စုပြီးဖြစ် မူးပြီးရင်းရစ် မူးပြီးရစ်

သိန်းလေးဆယ်က အကြွေးတင်
သက်ပြင်းတွေချ ရင်တမမ
ညညအိပ်မရ ရောဂါထ ……..

စိတ်မော လူမော အကုန်လုံးမော
အားလုံး ကာမဇော

ဇွန်းပျောက်
ပုဂံပျောက်
ဟင်းအိုးပျောက်
ဖုန်းပျောက်
ဖျာပျောက်
ငွေပျောက်
ရွှေပါပျောက်

အိပ်ထဲစိုက်ပြီး အကုန်လျော်
ရှိသမျှလေး ကုန်ပြီနော်……..

ညောင်ပင်လောက်လှူ ညောင်စေ့မျှမရ
ဘုရားမကြိုက်တဲ့ အလှူပါဗျ

ကျောက်ဖျာထက်မှာ စပါးကြဲ
ဘယ်လို အပင်ပေါက်ပါ့မလည်း

ကြားကြားသမျှ ဝေနေယျ
ဘယ်လိုသာဓု ခေါ်နိုင်ပါ့

ကြားကြားသမျှ နတ်ဗြဟ္မာ
ဘယ်လိုအမျှ ဝေရမှာ

ကုသိုလ်ပြုရာ ငရဲရှာ လူ့ရွာ အလှူတမျိုး
ကုသိုလ်ပြုရာ ဂုဏ်လာဘ်ရှာ လူ့ရွာ အလှူတမျိုး
ကုသိုလ်ပြုရာ ဝတ်အကျိုးရှာ လူ့ရွာအလှူတမျိုး

ကုသိုလ်နည်းနည်း ငရဲများများ
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

ကုသိုလ်နည်းနည်း အကုသိုလ်များများ
ပကာသန မက်တော့
သုံည ဖက်တယ် ……..

လှူမတက်က အပါယ်ကျ
သုံးလူ့ရှင်စော ဘုရားဟော

ကုသိုလ်ရအောင် စိတ်ဆင်ခြင်
ဥာဏ်ပညာနှင့် ယှဉ်

ရာဟုလာ သင်္ကန်းစည်း
ဗုဒ္ဓအလိုကျ ရှင်ပြုနည်း။

Credit:အရှင်ဇဝနဉာဏ

🙏🙏🙏⛲📖📖📖⛲🙏🙏🙏


[ Unicode ]

✿✿ ဘုရားမကြိုက်တဲ့ လူမိုက်အလှူ✿✿

ရွာစား ဆိုင်းသမား သိန်း(၂၀)ထား
မင်းသမီးအဆို​တော် (၅)သိန်း​နော်

​ဆောင်း​ဘောက်(၅)လုံး (၄)သိန်းသုံး
တဒုန်းဒုန်းနဲ့ အပြတ်သာ​ဆော်
ရင်ဘတ်ဖိထား နှလုံးသမားတို့…….

ဆင်သုံး​ကောင်က သိန်း(၃၀)
သူများအလှူထက် သာရမယ်
မြင်းဆယ်​ကောင်ငှါး (၅)သိန်းသွား

ဝက်​လေး​ကောင်သတ် (၁၅)သိန်းမှတ်
ကြက်ဘဲအရှင် (၁၀)သိန်းဝင်

ဘာသာခြားများ ဆိတ်နှင့်နွား
အရှင်ဝယ်ကာ ကြိုးချည်ထား……..

အရက်ဖိုးက သိန်း(၂၀)
ပါကင်အလိုက် ချ​ပေးမယ်
လာသမျှ​သောက်စား ဧည့်ခံထား
မူးရူးကခုံ အကြိုက်စား………

ရွာ​ပေါင်းစုံက အရက်သမား​တွေ
​သောက်လိုက်ကြတာ ကြွက်တွင်း​ရေ

အဝတ်အစားက အ​ကောင်းဆုံး
ချုပ်ခ တစ်သိန်း​ကျော်သုံး………

ကွမ်း​တောင်ကိုင် အပျိုတစ်အုပ်
တစ်​ယောက် တစ်စုံချုပ်

​ဒေါက်ဖိနပ်က နှစ်​သောင်း​ကျော်
ဝယ်စီးကြတာ​နော် ………

ဆံပင်မိတ်ကပ် သုံးသိန်းမှတ်
ဗွီဒီယိုရိုက် ရှစ်​သောင်းလိုက်

ဘုန်းကြီးပင့်မလား ဘယ်နှစ်ပါး
ငါးပါးပင့်ခဲ့ ​တော်ပြီဟဲ့
တစ်ပါး (၅၀၀၀ိ)​တော်ပြီ​မောင်

အကုန်အကျ​တွေများ ​ချွေတာထား
စီစစ်ပါမှ ​တော်ကာကျ ……..

ကူ​ငွေ​ရေးမှတ် ငါ့စာရင်းအပ်
တချို့​ငွေထည့် (၁၀၀၀ိ)တဲ့
မရှက်ဖူးလား သုံးပုဂံစား

​သောက်လိုက်တာလည်း အ​သေအလဲ
မူးလို့ လူနှစ်​ယောက်တွဲ ………

ဟိုမိန်းမက (၅၀၀ိ)ထည့် မလွန်ဘူးလားဟဲ့
ဟို​ကောင်မက ​ရွှေ​တွေများ အတု​တွေပဲလား

ဟိုမိန်းမက အဝါ​ရောင်ဝတ်
အသားမည်းညစ် ကလားမဖြစ်

ဟိုမိန်းမက မတန်မရာ
အ​ကောင်းစား​တွေ ဝတ်ထားတာ
လူကိုကြည့်​တော့ မွဲစုတ်ချာ …….

ဟိုလူက​တော့ သူ​ဌေးဟဲ့
အကူ​ငွေထည့် (၂၀၀၀ိ) တဲ့

သူ့အလှူတုန်းက (၅၀၀၀ိ) ကူ
ကပ်​စေးနည်းတဲ့ လူ

တ​နေ့​တွေ့မယ် ဒင်းမှတ်ထား
ငါ့အ​ကြောင်း မသိဘူးလား

လူကြားထဲမှာ ​ပြောမယ်တအား
အကုသိုလ်များ မနာလိုထား မစ္ဆရိယ​တွေပွား

တို့ရွာရှင်ပြု အလှူ​တော် သိန်းရာ​ကျော် ကုန်သတဲ့​နော်
ပြန်ရတာက သိန်း(၆၀) ခွက်ခွက်လန်​အောင်ရှုံးပါတယ်

အလှူရှင်မှာ စိတ်​တွေညစ်
ရန်​တွေစုဖြစ် စုပြီးဖြစ် မူးပြီးရင်းရစ် မူးပြီးရစ်

သိန်း​လေးဆယ်က အ​ကြွေးတင်
သက်ပြင်း​တွေချ ရင်တမမ
ညညအိပ်မရ ​ရောဂါထ ……..

စိတ်​မော လူ​မော အကုန်လုံး​မော
အားလုံး ကာမ​ဇော

ဇွန်း​ပျောက်
ပုဂံ​ပျောက်
ဟင်းအိုး​ပျောက်
ဖုန်း​ပျောက်
ဖျာ​​ပျောက်
​ငွေ​ပျောက်
​ရွှေ​ပါ​ပျောက်

အိပ်ထဲစိုက်ပြီး အကုန်​လျော်
ရှိသမျှ​လေး ကုန်ပြီ​နော်……..

​ညောင်ပင်​လောက်လှူ ​ညောင်​စေ့​မျှမရ
ဘုရားမကြိုက်တဲ့ အလှူပါဗျ

​ကျောက်ဖျာထက်မှာ စပါးကြဲ
ဘယ်လို အပင်​ပေါက်ပါ့မလည်း

ကြားကြားသမျှ ​ဝေ​နေယျ
ဘယ်လိုသာဓု ​ခေါ်နိုင်ပါ့

ကြားကြားသမျှ နတ်ဗြဟ္မာ
ဘယ်လိုအမျှ​ ​ဝေရမှာ

ကုသိုလ်ပြုရာ ငရဲရှာ လူ့ရွာ အလှူတမျိုး
ကုသိုလ်ပြုရာ ဂုဏ်လာဘ်ရှာ လူ့ရွာ အလှူတမျိုး
ကုသိုလ်ပြုရာ ဝတ်အကျိုးရှာ လူ့ရွာအလှူတမျိုး

ကုသိုလ်နည်းနည်း ငရဲများများ
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

ကုသိုလ်နည်းနည်း အကုသိုလ်များများ
ပကာသန မက်​တော့
သုံည ဖက်တယ် ……..

လှူမတက်က အပါယ်ကျ
သုံးလူ့ရှင်​စော ဘုရား​ဟော

ကုသိုလ်ရ​အောင် စိတ်ဆင်ခြင်
ဉာဏ်ပညာနှင့် ယှဉ်

ရာဟုလာ သင်္ကန်းစည်း
ဗုဒ္ဓအလိုကျ ရှင်ပြုနည်း။

Credit:အရှင်ဇဝနဉာဏ

Featured

❝မနက်ဖြန်ဆိုတာမ သေချာ ❞ ❝ သေမည့်ရောဂါမသိနိုင် ❞

❝ မနက်ဖြန်ဆိုတာမ သေချာ ❞

➠ ❝ သေမည့်ရောဂါမသိနိုင် ❞

✠ ကိုယ်ကိုယ်တိုင် –
ဘာရောဂါနဲ့သေမယ်ဆိုတာ ကိုမသိပါဘူး။
လူတစ်ယောက်မှာဖြစ်နိုင်တဲ့ရောဂါပြောကြပါတယ်။
၉၆ပါးသောရောဂါဝေဒနာတဲ့။ လူအသက်က၉၆နှစ်
နေရချင် မှနေရမယ်။ ဖြစ်နိုင် တဲ့ရောဂါက၉၆မျိုးပါ။

✠ အခုခေတ်ပေါ်ရောဂါတွေပါထပ်ပေါင်းရင်
၁၀၀တောင် ကျော်ဦးမလားမသိဘူး။ အသက်တစ်ရာ
ကျော်နေရဖို့ မလွယ်ပါဘူး။
ကြုံနိုင် တဲ့ရောဂါဝေဒနာမြောက်များစွာရှိနေပါတယ်။
ဘယ်ရောဂါနဲ့သေရမယ်လို့ဘယ်သူမျှမှန်းလို့မရပါဘူး။

✠ တချို့က”ဒါအသေးအဖွဲရောဂါပဲ။
ဘာမျှအ ရေးမကြီးတဲ့ရောဂါပဲ”လို့ထင် ထားတဲ့ရောဂါ
နဲ့ပဲသေသွားကြတယ်။ တချို့ကျတော့လည်းအခု
ခံစားတဲ့ရောဂါဝေဒနာက အင်မတန်မှကြီးကျယ်တယ်
တကယ့်ရောဂါကြီး။ရောဂါဆိုးကြီးခံနေရတာပဲ။
သူမကြာလောက်တော့ဘူး။မကြာခင်သေမှာဘဲလို့
တွက်ထားပေမဲ့တချို့သေရာကပြန်လာသလိုပဲနေ
ကောင်းထိုင် ကောင်းပြန်ဖြစ်သွားပါတယ်။
ကျန်းမာသွားတာရှိသေးပါတယ်။

✠ ဘယ်ရောဂါနဲ့ သေမယ်ဆိုတာကို အားလုံး
ဘယ်သူမျှမသိနိုင် ပါဘူး။

➠ သေမည့်ရက်မသိနိုင်

✠ ဘယ်အချိန်ဘယ်ကာလ သေရမယ်လို့မသိ
နိုင်ကြပါဘူး။နံနက်သေမှာလား။နေ့ သေမှာလား။
ည သေမှာလာလို့မသိနိုင် ပါဘူး
သေချာတာတစ်ခုကအချိန်မ ရွေးသေနိူင် ပါတယ်။
အချိန်မ ရွေးပါဘူး။မနက်အ စောကြီးလည်းသေတဲ့
သူတွေရှိပါတယ်။နေလယ်လည်းရှိပါတယ်။
ညလည်းရှိပါတယ်။ညသန်းခေါင်လောက်လည်းရှိပါတာပါပဲ။

✠ တစ်ကမ္ဘာလုံးမှာရှိတဲ့လူဦးရေ
ရောသန်း၆၀၀၀/၇၀၀၀ဆိုတဲ့လူဦးရေနဲ့မှန်းကြည့်
လိုက် ရင်မိနစ်တိုငိမိနစ်တိုင်းမှာသေ နေတဲ့သူတွေရှိ
နေပါမယ်။ဒီအချိန်မှာလည်းသေတဲ့သူရှိတာပဲ။
နောက်မိနစ်မှာလည်းသေတဲ့သူရှိတာပဲ။
ပြီးခဲ့တဲ့မိနစ်ပိုင်းကလည်းသေတဲ့သူဦးရေရှိမှာပါပဲ။
ဒါပေမဲ့ဘယ်အချိန်ဘယ်ကာလမှာကိုသေမယ်
ဆိုတာကိုမသိနိုင် ပါဘူး။

✠ ဒါကြောင့်မနက်ဖြန်ဆိုတာသေချာပေါက်
ရှိပေမဲ့ကိုယ့်အတွက်က တော့မ သေချာဘာဘူး
နောက်မှလုပ်မယ်၊နက်ဖြန်ခါလုပ်မယ်၊သန်ဘက်ခါ
လုပ်မယ်လို့ကုသိုလ်ကောင်းမှုကိုအချိန်မဆိုင်းပါနဲ့ ။
အချိန်မ ရွေ့ပါနဲ့ ။မနက်ဖြန်ဆိုတာမ သေချာပါဘူး။
ဘယ်အချိန်ဘယ်ကာလသေရမယ် ဆိ်ုတာကို
မသိနိုင်တော့ဒီညမှာလည်းသေနိုင် တယ်။
မနက်အ စောကြီးလည်းသေနိုင် တယ်။သေကြတာလည်းရှိပါတယ်။

➠ တရားနာနေရင်းနဲ့ သေသွားတယ်

✠ တစ်ခါတုန်းကတရားနာပရိသတ်များတဲ့
တရားပွဲတစ်ခုမှာတွေ့လိုက် ရပါတယ်။ပရိသတ်
အလယ်မှာရုတ် ရုတ် ရုတ် ရုတ်ဖြစ်သွားတော့ဘုန်းကြီးက
ဆက် ဟောနေတယ်။အဲဒီမှာ လူတစ်ယောက်ကို
ဝိုင်းမသွားတာတွေ့လိုက်တယ်။
တရားပွဲပြီးသွားတော့တရားပွဲကျင်းပရေးအကျိုးဆောင်
တွေကလျှောက်တယ်။
“အရှင် ဘုရားတဲ့တရားနာရင်းနဲ့တရားနားတဲ့
ပရိသတ်တစ်ယောက်ဆုံးသွားလို့”တဲ့။

✠ တရားနာနေရင်းနဲ့ပဲ သေသွားတယ်။
သူကိုယ်သူလည်းသေမှာသိမှာမဟုတ်ဘူး။
သေမယ်လို့ ထင်မှာမဟုတ်ဘူး။
ဘေးလူတွေကလည်း ထင်မှာမဟုတ်ဘူး။
လာတုန်းကအ ကောင်းကြီးပါ။
သူကိုယ်တိုင် သူ့ဟာသူလာတယ်။
တရားနာနေတယ် ဒီအတိုင်းပရိသတ်ကြားထဲနေရင်
ဖျတ်ကနဲလဲရင်းနဲ့အသက်မရှိတော့ဘူး။
ဘယ်အချိန်ဘယ်ကာလ သေရမယ်ဆိုတာကို
မသိနိုင်ကြပါဘူး။

【ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿ
“မနက်ဖြန်ဆိုတာမ သေချာ´´စာအုပ်မှ】

❝ အပ္ပမာဒေန သမ္မာဒေထ ❞
✠ ရွှင်လန်း ✠ ချမ်းမြေ့ ✠ ပါစေ ✠

Credit..

Featured

စီးပွားရေးအောင်မြင်ဖို့ မြတ်ဗုဒ္ဓ၏အဆုံးအမ(ဓမ္မအမေးအဖြေ)

စီးပွားရေးအောင်မြင်ဖို့ မြတ်ဗုဒ္ဓ၏အဆုံးအမ
▬▬▬▬▬▬▬▬▬▬▬▬▬
(ဓမ္မအမေးအဖြေ)

👤 မေး။ ။ စီးပွားရေးအောင်မြင်ဖို့ မြတ်ဗုဒ္ဓ၏အဆုံးအမ သိချင်ပါတယ် ဘုရား။

💡 ဖြေ။ ။

★ မြတ်ဗုဒ္ဓ၏ အဆုံးအမက #ကရုဏာအခြေခံတဲ့ #စီးပွားရေးအသိဉာဏ်၊ အရမ်း creative ဖြစ်တယ်။ တခြားလူတွေရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ အဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် စီးပွားရေးလုပ်တယ်။

★ ဥပမာ ဘုန်းဘုန်းက ဒီရှေ့မှာရှိတဲ့ ပန်းလေး ဒီပန်းလေးတွေထိုးတဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုရင် ဒီပန်းကို ဘယ်သူကတွေက လိုလဲ မရှိရင်မဖြစ်လိုအပ်လဲ?

★ အဲလူတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အတွက် ဘုန်းဘုန်းလေ့လာမယ် ပညာတွေသင်မယ် အရင်းအနှီးတွေရှာမယ် ဒါဆို သူတို့အတွက်ပဲ။

★ သူတို့ရဲ့ လိုအပ်ချက်ဆိုတာက အိမ်မှာ လူတွေ ဧည့်ခံတာဆိုရင် တမျိုး၊ ဒီလို တရားပွဲဆိုရင် တမျိုး၊ မင်္ဂလာဆောင်ဆိုရင် တမျိုး၊ မွေးနေ့ဆိုရင် တမျိုး၊ နိုင်ငံတော် အခမ်းအနားဆိုရင် တမျိုး၊ အဲဒါမျိုးတွေ ဘုန်းဘုန်းက လိုက်လေ့လာပြီးတော့ သူတို့ရဲ့အလိုဆန္ဒ သူတို့ရဲ့ အလိုတွေကို ဖြည့်ဆည်း။

★ ဖုန်းလေးတချက် ဆက်လိုက်တာနဲ့ ကိုယ့်မှာ ဒါမျိုးလိုချင်လား ဒါမျိုးလိုချင်လား ပုံစံလေးတွေပြနိုင်တယ်။ ဒါမျိုးလုပ်ရင် ဘုန်းဘုန်း စီးပွားရေး အများကြီးတက်တာပေါ့။

🍃 သူများရဲ့ အလိုဆန္ဒကို သိလို့ Customer need ဆိုတာ customer အကြောင်းကို သိလို့။

★ အခု သူတို့ ပြောတာတော့ market အကြောင်းသိတယ်ပြောတာ market anaylsis လို့ပြောတာ။ ဒီ market analysis က ကုသိုလ်ဖြစ်အောင်ဆိုရင် တခြားလူတွေရဲ့ လိုအပ်ချက်ကို တွေးပေးရတယ်။

★ ဒီလိုလုပ်တဲ့အခါကျတော့ ဒီပန်းလုပ်တဲ့နေရာမှာ လူတွေ affortable ဖြစ်နိုင်လား? စျေးမကြီးအောင် ဘယ်လိုလုပ်ရရင် ကောင်းမှာတုန်း တခါထပ်ပြီးတော့ စဉ်းစားတယ်။

★ ဘုန်းဘုန်းက ဘယ်သူနဲ့မှ ပြိုင်ဖို့ မလိုဘူး။ ကိုယ့် customer အကြောင်း ကိုယ်စဉ်းစား။ ဘယ်သူကပဲ ကိုယ့်လာပြိုင် လာပြိုင် ကိုယ်က ကိုယ့် customer ကိုပဲ take care လုပ်နေ တကယ်ကြီးကျယ်တဲ့လုပ်ငန်း ဖြစ်သွားတယ်။ ဒါ #ကရုဏာအခြေခံဖို့ ဆိုတာလေ။

★ နောက် မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ စီးပွားရေးလုပ်ရမယ်၊ အသုံးပြုတဲ့နေရာမှာလည်း မျှပြီးတော့ သုံးရမယ်။ အခွန်ဆောင်တဲ့နေရာမှာ ဒါ ဘုန်းဘုန်းက ဘုန်းဘုန်း ၀င်ငွေကို အများနဲ့မျှပြီးတော့ သုံးနေတာပဲ။

★ ဒီအခွန်နဲ့ ကျောင်းတွေဆောက်တယ်၊ ဆေးရုံတွေဆောက်တယ်၊ လမ်းတွေဆောက်တယ်။

★ နောက်ပြီးတော့ စီးပွားရေးလုပ်တဲ့နေရာမှာ ရလာတဲ့ #ပိုက်ဆံက #အထောက်အကူပစ္စည်းတမျိုးပဲ instrument တမျိုးပဲလို့ ယူဆရင်၊ ပိုက်ဆံကို #ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်အနေနဲ့ #မယူဆရင် ဒါ #ဗုဒ္ဓဘာသာရဲ့စီးပွားရေး #အသိဉာဏ်ထဲမှာ ပါတယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

“တက္ကသိုလ်ကျောင်းသား/သူများအတွက် စိတ်ဖိစီးမှူကိုင်တွယ်ရေး အပိုင်း(၂) (၂၂.၁.၂၀၂၀) (ဇဗ္မူသီရိဗိမာန် ရန်ကုန်)” တရားတော် အမေးအဖြေကဏ္ဍမှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။

Featured

ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်

══════════════════════
ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်
══════════════════════
.
.
လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့
နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်
ပြောကြ၊ဆိုကြရတာပါ။
တစ်ခါတရံ ပြောသူက ပြောပြီးရင်
ပြီးရောဖြစ်သွားပေမယ့်၊
ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊
တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့်၊
မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကို
ပေးတတ်ပြန်ပါတယ်။

“ကကစူပမသုတ်”မှာ ဘုရားရှင်
ဟောပြတော်မူတာကတော့

လူတချို့က စကားပြောတဲ့အခါ
ပြောသင့်တဲ့အချိန်မှန်းမသိ၊
မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊

လူတချို့က မှန်တာရော၊မမှန်တာရော
ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း
သူတို့အထင်အမြင်အတိုင်းပေါ့။)

လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊
တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်။
(လိုရင်တမျိုး၊မလိုရင်တမျိုး)

လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို၊
တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်။

လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် ၊
တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ ၊
အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့
ပြောကြလိမ့်မယ်..တဲ့။

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ
ဒီ ငါးမျိုး ထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ

ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့
ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့။

ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)
နေလို့လည်း စိတ်ကို ဘာမှမဖြစ်စေပါနဲ့။

သူတို့ဘာပြောပြော ၊ကိုယ့်ဖက်က
အဆင့်အတန်းမရှိတဲ့ စကားကိုလည်း
မပြောမိစေနဲ့။
(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)

ပြောချင်သလိုသာ ပြောကြပါတော့။
ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်။
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ။

ရန်လိုမှု ၊မုန်းတီးမှု ၊မကျေနပ်မှု ၊မနာလိုမှုကင်းတဲ့
မေတ္တာစိတ်တွေကို သတ္တဝါအားလုံးပေါ်မှာ
ဖြစ်နေစေရမယ်တဲ့။
ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊

လူဆိုတာ ခံစားချက်ရယ် ၊
တကိုယ်တော်အတွေးရယ်ပေါ်မှာ
မူတည်ပြီး မှားတာ၊မှန်တာ မခွဲခြားနိုင်ဘဲ ၊
လိုရင် လိုသလို ၊မလိုရင် မလိုသလို
ပြောတတ် ၊ ဆိုတတ်ကြပါတယ်။
ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော
ဘယ်လိုတွေအထင်လွဲလွဲ ၊သင့်ဖက်က စပြီး
မကျေမနပ်မဖြစ်လိုက်ပါနဲ့ လို့ ဟောတော်မူတာပါ။

အပေါ်ယံဟန်ရေးပြ ၊ပြောတာ နဲ့
လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက
(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း
အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ
သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့
လို့လည်း မိန့်တော်မူ လိုတာဖြစ်ပါတယ်။

ကိုယ့်ပေါ်ကို မကျေနပ်သူ ၊အထင်အမြင်လွဲသူ ၊
သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး
မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင်
ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ။

ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ
သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊

မကျေမနပ်ဖြစ်ချိန်မှာရော၊
မကျေနပ်တဲ့အတွက်ကြောင့်
စောင်းကာ မြောင်းကာ ပြုမူပြောဆိုချိန်မှာရော၊
အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို
သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ၊
ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။
သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို
ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး။
ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊

ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက
“ဘုရားရှင်က တရားဟောတဲ့အခါ
မျက်နှာလိုက်ပြီးဟောတယ်၊
သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး
သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်”လို့
ပြောဆိုစွပ်စွဲခံရဖူးပါတယ်။

အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို..
“နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို
ခြေဖျားနဲ့တောင် မထိချင်ဘူး” လို့ပြောခံလိုက်ရတော့
ဘုရားရှင်အပေါ်မှာငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်။

တကယ်တော့ …
စိတ်အရည်အသွေးပြည့်ဝသူ၊
စိတ်သဘောထားကြီးမြတ်သူ ဆိုတာ
ကောင်းတာဖြစ်စေ၊ဆိုးတာဖြစ်စေ
မတုန်မလှုပ်ရှိနိုင်ရမှာပါ။
ဘယ်လိုပဲကြုံကြုံ၊ဘာတွေပဲပြောပြော၊
ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင်
ဘဝဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်။
တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း
အကောင်းဆုံးတွေများများယူပြီး၊
လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေ
ချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ။

【အရှင်တိက္ခဉာဏာလင်္ကာရ – ယောနွယ်】

dhammaransi မှ
တစ်ဆင့် ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်။

Crd

Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
.
.
http://www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

Featured

နတ်တွေက ပိုသိတယ်…

နတ်တွေက ပိုသိတယ်…
🌷🌷🌷🌷🌷🌷🌷
သဒ္ဓါရဲ့တန်ဘိုးကို လူတွေထက် နတ်တွေကပိုသိတယ် ၊ဘာဖြစ်လို့ ပိုသိသလဲဆိုတော့လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီး ရှာကြရတယ်၊
ကိုယ့်ရဲ့ လုံ့လဝီရိယကြောင့် စီးပွားဥစ္စာတွေတိုးတက်ကြတယ်ဆိုတော ကံ,ကံရဲ့အကျိုးကိုသိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့စွမ်းအားကိုသိပ်ပြီးမသိကြဘူး၊

နတ်တွေကျတော့
ကံ,ကံရဲ့အကျိုးကို သိပ်ပြီးယုံကြည်တယ်၊
ဘာဖြစ်လို့လဲဆိုတော့ သူတိုမှာက လုပ်ကိုင်ပြီးစားရတဲ့ဘဝမှ မဟုတ်တာ ၊ကံ ကံရဲ့အကျိုး
ကြောင့် ရလာတဲ့ ဘဝသာဖြစ်တယ်၊
အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်၊
ကံမရှိရင် ဘာမှမရပါဘူး ၊

🚶လူ့ပြည်မှာလို့ အရောင်းအဝယ်လုပ်လို့
မရဘူး၊နတ်ပြည်မှာ ရွှေဆိုင်တွေဖွင့်လို့ရတာမဟုတ်ဘူး၊အဲဒီတော့ ကံပေးတာလေးဘဲ သူတို့တစ်တွေ ရကြတာနော်။

🚶နတ်တွေက လူတွေနဲ့ မတူဘူး ၊ဖြစ်ပေါ်
လာတဲ့ ဘဝတစ်ခုမှာ သူတို့ နတ်သက်တမ်း
တစ်လျှောက်လုံး ဝတ်ထားတဲ့အဝတ်လည်း
ဘယ်တော့မှ ဖွတ်ရတယ် မရှိဘူး၊
ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ
နွမ်းသွားတယ်မရှိဘူး၊ အို ပူလို့အိုက်လို့
ချွေးထွက်တာလည်းမရှိဘူး ၊ အမြဲတမ်း
သန့်ရှင်းသန့်ပြန့်နေတယ်၊ ဘယ်နတ်ပြည်မှာမှ
ပေါင်ဒါတို့ ရေမွှေးတို့ ဆိုတာလည်း
လိုမယ်မထင်ဘူး သဘာဝကိုက သန့်ပြန့်နေတယ်၊

🚶သို့သော် နတ်တွေက ကံကုန်တော့မယ်ဆိုရင်
ဝတ်ထားတဲ့အဝတ်တွေ နွမ်းလာတယ်၊
ပန်ထားတဲ့ ပန်းတွေ ညိုးလာတယ်၊
ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ
မွဲမွဲခြောက်ခြောက် ဖြစ်လာတယ် ၊
ချု ိင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာ
တယ် ၊ဒါက သူနီု့သေခါနီးပြီဆိုတဲ့ signပြတာလို့
ခေါ်တယ်၊ sign ပြလာလို့ medicaI check
up သွားလုပ်မနေနဲ့တော့နော် မရတော့ဘူး၊

🚶အဲဒီလို အခြေအနေတွေပေါ်လာတဲ့
နတ်တွေကို မိတ်ဆွေ နတ်တွေက
နန္ဒဝန်ဥယျာဉ်ထဲကို ဆွဲခေါ်သွားကြတယ်၊
ဆွဲခေါ်သွားပြီးတော့ စကား(၃)ခွန်း ပြောဆို
မှာကြားကြတယ် “အေး ဘာမှမစိုးရိမ်ပါနဲ့ ၊
ဒီဘဝက သေသွားလို့ရှိရင် အကောင်းဆုံးဘုံကို
ရောက်အောင်သွားပါ ၊ အကောင်းဆုံးဘုံကို
ရောက်တဲ့အခါကျတော့ အကောင်းဆုံးလက်
ဆောင်ကို ရအောင်ယူလာပါ ၊ရထားတဲ့
လာဘ်ဘကို ခိုင်မာအောင် ကြိုးစားပါ”
ဆိုတဲ့ စကား(၃)ခွန်း ပြောလိုက်ကြတယ်။

🚶စကားသုံး(၃)ခွန်းရဲ့ အဓိပ္ပာယ်က
ဘာလဲဆိုရင် အကောင်းဆုံးဘုံကို
ရောက်အောင်သွားဆိုတာက လူ့ဘုံကို
ရောက်အောင်သွားလို့ ပြောတာဖြစ်တယ်။

🚶အကောင်းဆုံးလာဘ်ကို ရအောင်ယူဆိုတာ
သဒ္ဓါတရားကို ပြောတာဖြစ်တယ်။

🚶ခိုင်မာအောင် လုပ်ပါဆိုတာ အဲဒီရထားတဲ့
သဒ္ဓါတရားကို ခိုင်မာအောင်လုပ်ပါလို့
ဒီလိုဆိုလိုတာဖြစ်တယ်။

🚶အဲဒီတော့ နတ်သားတစ်ယောက် ၊
နတ်သမီးတစ်ယောက် စုတေခါနီးပြီဆိုရင်
နန္တဝန်ဥယျာဉ်ကို ခေါ်သွားပြီးတော့
အဲဒီစကားသုံး (၃)ခွန်းကို မှာကြားကြပါတယ်၊

အဲဒါကြောင့် သဒ္ဓါစွမ်းအားရဲ့တန်ဘိုးကို
သူတို့က ပိုသိကြတယ်၊ လူ့ပြည်ရဲ့တန်ဘိုးကို
ပိုသိကြတယ်။

🚶လူ့ပြည်မှာ ဘုရားရှိတယ်၊ တရားရှိတယ်
ကုသိုလ်ကောင်းမှုတွေ လုပ်နိူင်တယ်၊
ဘုရား, တရား, သံဃာ ရတနာ(၃)ပါး
ရှိသည့်အတွက်ကြောင့် လူ့ပြည်မှာ
ကုသိုလ်ကောင်းမှုလည်း ရှိတယ်တဲ့ ၊
နတ်ပြည်မှာကြတော့ အခွင့်အလမ်း
သိပ်မသာဘူး ၊ သီလဆောက်တည်ဖို့
ဆိုတာလည်း မသေချာ သင်္ကန်းကပ်လှူခြင်း,
ဆွမ်းကျွေးခြင်း, ကျောင်းဆောက်လှူခြင်း
ဆိုတာတွေကိုလည်း လုပ်လို့မရဘူး ၊
လူ့ပြည်မှာက ကုသိုလ်ကောင်းမှုတွေ
အကုန်လုံးလုပ်နိူင်တယ်၊

ဒါကြောင့် သူတို့က လူ့ပြည်ကို သုဂတိဘုံလို့
ဒီလို့သတ်မှတ်တယ်။

🚶လူ့ပြည်မှာ ကုသိုလ်ကောင်းမှုများများ
လုပ်တဲ့ ပုဂ္ဂိုလ်သည် နတ်ပြည်ရောက်တဲ့အခါမှာ
သာမန်ထက်ပိုပြီး ထူးခြားတဲ့စည်းစိမ်ခံစားရတယ်
ဒါကြောင့် သွားချင်ရင် ဘယ်မှမသွားပါနဲ့
လူ့ပြည်ကိုသွားပါ၊ သဒ္ဓါတရား ရှိလာပြီဆိုရင်
ဒီ သဒ္ဓါစွမ်းအားကို အကြာင်းပြုပြီးတော့
ကုသိုလ်များများလုပ်ပါ၊ လုပ်ပြီးရင်
တို့နတ်ပြည်ကို ပြန်လာပါလို့
ဒီလို ပြောတာနော်။

🚶အေး လူ့ပြည်က လူတွေကတော့
လူ့ဘဝကို သိပ်ကြာတယ် ထင်တာကိုး ၊
တွက်ကြည့်ပါလား တာဝတိံသာနတ်ပြည်မှာ
(၁)ရက်ဟာ လူ့ပြည်မှာ နှစ်ပေါင်း(၁၀၀)
ကြာတယ် ၊ ကဲ ဘုန်းကြီးတို့ အခု နေကြတာဟာ
တာဝတိံသာ နတ်ပြည်က (၁)ရက်တောင်မှ
မရှိသေးဘူးနော် ၊နာရီပိုင်းလောက်ဘဲ
ရှိသေးတယ် ၊

ဒါကို ကြာလှပြီ ထင်နေကြတယ် ဒီကလူတွေက
အိုကုန်ပြီနော် ၊ဟိုမှာက (၁)ရက်တောင်မှမရှိသေး
ဘူး ၊ အဲဒီလို လူ့ပြည်က ရက်ပေါင်းနဲ့ တွက်မယ်
ဆိုရင် နတ်ပြည်မှာကနှစ်ပေါင်း(၁၀၀၀)လောက်
အသက်ရှည်တယ်၊ အနှစ်(၁၀၀၀)ဆိုတာ
လူ့ပြည်က အနှစ်(၁၀၀၀)ကို ပြောတာမဟုတ်ဘူး၊
လူ့ပြည်နှစ်(၁၀၀)ကို (၁)ရက်နဲ့တွက်ယူတဲ့
အနှစ်(၁၀၀၀)ကို ပြောတာဖြစ်တယ်၊ အေး အဲဒီလို
နတ်ပြည်မျု ိူးကို ဘာနဲ့ရနိူင်သလဲဆိုတော့ အခု
ပြောတဲ့ သဒ္ဓါတရားနဲ့ ရနိူင်ပါတယ်၊

စိန်, ရွှေ, ငွေတွေ လောကီဥစ္စာတွေနဲ့
ပေးဝယ်လို့ မရနိူင်ပါဘူးတဲ့ ၊ သဒ္ဓါဆိုတဲ့ဥစ္စာ
ချမ်းသာလာပြီဆိုရင် အဲဒီလို နတ်ပြည်မျု ိးကို
ရနိူင်ပါတယ်၊

ဒါကြောင့်မို့ လောကမှာရှိတဲ့ ပိုက်ဆံတွေကို
ကြည့်မယ်ဆိုရင် သူ့ရဲ့သက်ဆိုင်ရာ နိူင်ငံမှာရှိတဲ့
ငွေကြေးဓနတွေရဲ့ တန်ဖိုး မတူဘူးမဟုတ်လား၊
ကျောက်ဆိုရင်လည်း လမ်းခင်းတဲ့ကျောက်နဲ့
ပတ္တမြားကျောက်နဲ့ မတူဘူး မဟုတ်လား၊
တန်ဖိုးချင်း ကွာခြားတယ် ၊အဲဒီလိုပဲ
ပကတိဥစ္စာနဲ့ ဟောဒီ မြတ်သောဥစ္စာဟာ
အလွန်ကွာခြားတယ် ကားကြီးနဲ့ လေးငါးစီး
တိုက်ထားတဲ့ လမ်းဘေးက ကျောက်တွေရဲ့
စုစုပေါင်းတန်ဖိုးဟာ စိန်ကလေးတစ်ပွင့်ရဲ့
တန်ဖိုးနဲ့ နှိုင်းယာဉ်ကြည့်မယ်ဆိုရင်
အလွန်ကွာခြားနေတယ် ၊မတူဘူးနော်။

🚶အေး ဒါကြောင့်မို့ ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့
ရင်ထဲနှလုံးသားထဲမှာဖြစ်တဲ့ သဒ္ဓါလို့ဆိုတဲ့
မြတ်သောဥစ္စာ အလွန်ကွာခြားတယ်တဲ့၊

ဒါကြောင့် မြတ်စွာဘုရားက
“မြတ်သောဥစ္စာ စုဆောင်းပါ”လို့ ပြောတာနော်။

🔺🔺🔺🔺🔺🔺🔺🔺🔺

ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ
Credit;

Featured

ကုသိုလ်တစ်ခု ဖြစ်ဖို့ရာ ဟောဒီ အချက် ၄- ချက်နဲ့ ပြည့်စုံရမယ်တဲ့

ကုသိုလ်တစ်ခု ဖြစ်ဖို့ရာ ဟောဒီ အချက် ၄-
ချက်နဲ့ ပြည့်စုံရမယ်တဲ့ … ။

🌷မိမိစိတ်ကို အမြဲတမ်းကုသိုလ် စိတ်ဖြစ်
စေရမယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချထားလိုက်ပါ၊

🌷စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း
ဦးညွတ်စေရမယ်၊

🌷ကုသိုလ်စိတ်ကို အမြဲတမ်း လေ့ကျင့်ပေး
ရမယ်၊

🌷နောက်တစ်ခုကယောနိသောမနသိကာရ
ထားနိုင်ရမယ်၊

အဲဒီအချက်တွေနဲ့ ပြည့်စုံရင် စိတ်ဟာ
အမြဲတမ်းကုသိုလ်စိတ် ဖြစ်နေမယ်။

ကုသိုလ်တွေ များလာခြင်းအားဖြင့်
ကောင်းကျိုးချမ်းသာ တွေ ရလာမယ်၊
ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာ ရရှိ
မယ်၊ နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုး
ကို ခံစားရမယ်၊ ၂-ဘက်စလုံး ကောင်းမွန်တဲ့
တရားဖြစ်လို့ ဒီလို ကုသိုလ်မျိုး များများ
ရအောင် ကျင့်ယူရမယ်။

အလုပ်တစ်ခု လုပ်တဲ့နေရာမှာ ငါချည်းပဲ
လုပ်နေရ တယ်၊ သူကတော့ ဘာမှမလုပ်ဘူး
ဆိုပြီးတော့ စိတ်မျိုး ထား လိုက်ရင်ပဲ
အကုသိုလ်ဖြစ်သွားပြီနော်၊ “ဪ ငါလုပ်
ပေးလိုက် တဲ့အတွက် သူတို့လေးတွေ
အဆင်ပြေပြေ ဖြစ်သွားရပြီ ဆိုပြီး
နှလုံးသွင်းလိုက်မယ်ဆိုရင် ကုသိုလ်စိတ်
ကလေးရယ်, ကောင်း ကျိုးချမ်းသာတွေရယ်
ရလာမှာပါပဲ၊

လှူတဲ့တန်းတဲ့အခါမှာ လည်း အလှူခံပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ သြော်…လှူရ တန်းရ
တဲ့အတွက် ငါ့မှာ ကုသိုလ်တွေ အများကြီး ရ
လာပါ လား” ဆိုပြီးတော့ နှလုံးသွင်း မှန်ကန်
စွာ ထားနိုင်ရမယ်တဲ့။

စိတ်ထဲက နှလုံးမသွင်းတတ်ရင် အကုသိုလ်
အပြစ်တွေ ဖြစ်လာ နိုင်တယ်၊ စိတ်ကို ဖြူစင်
သန့်ရှင်းစွာ ထားနိုင်အောင် ကြိုးစား ရမယ်၊

လောဘနည်းအောင် ထားရမယ်၊ အများ
ကောင်းကျိုး ကို ဆောင်ရွက်နိုင်ရမယ်၊
ကုသိုလ်နဲ့ တွဲလာတဲ့စိတ်ဟာ ဘယ်တော့မှ
မညစ်နွမ်းစေဘူး၊ လောဘနဲ့ တွဲတဲ့, ဒေါသနဲ့
တွဲလာ တဲ့ စိတ်ဟာ ညစ်ညူးနေတတ်တယ်၊
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့တဲ့။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Posted_by_Words_of_Buddha

[ ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
တရားတော်မှ ]

Featured

ကံ၊ ကြမ္မာ၊ ၀ဋ်တို့၏သဘာ၀

ကံ၊ ကြမ္မာ၊ ၀ဋ်တို့၏သဘာ၀
•••••••••••••••••••••••••••••
“ကံ” ဆိုတာကတော့ အားလုံးသိနေကြတဲ့အတိုင်း
မိမိရဲ့သန္တာန်မှာ ဖြစ်တဲ့စိတ်ရဲ့လှုံဆော်မှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ၀စီကံ၊ ကိုယ်ထိလက်ရောက် ပြုလုပ်မှု ကာယကံလို့ အကောင်းအဆိုး(၂)မျိုး ကွဲပြားလျက် ရှိတယ်။
အဲဒီ ကာယကံ၊ ၀စီကံ၊ မနောကံတွေထဲမှာ
မကောင်းတဲ့ ကာယကံ၊ မကောင်းတဲ့ ၀စီကံ၊ မကောင်းတဲ့ မနောကံကို ရံဖန်ရံခါ ပုထုဇဉ်တွေ
ပြစ်မှားကျူးလွန်မိခဲ့ကြတာရှိတယ်။

အဲဒီ ပြစ်မှားကျူးလွန်မိခဲ့တာတွေကို “ကံ”လို့ခေါ်တယ်။ အဲဒီ“ကံ”သည် ပြုလုပ်သူ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီး နေတယ်။ ကံ ကိလေသာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီးရှိနေသမျှ ဒီ ကံကြမ္မာတွေ ဆိုတာက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သို့သော် ကံတိုင်း
အကျိုးပေးသလားလို့ဆိုတော့ အဲဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ အကျိုးပေးဖို့ရာအတွက် သူ့မှာအခြေအနေတွေ လိုသေးတယ်။

အဲဒီ အခြေအနေတွေနဲ့ ဆုံလာပြီ။ ကံကြမ္မာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီးကလည်း ရှိနေမယ်ဆိုရင် ဒီ ကံက အကျိုးပေးနိုင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဖြစ်ကတည်းက မိမိသန္တာန်မှာ
ဖြစ်ထားတာဖြစ်သည့်အတွက်ကြောင့် ရှောင်တိမ်းလို့ မရနိုင်ဘူး။ အဲဒီ ကံကိုပဲ ကြမ္မာလို့ ခေါ်ကြတယ်။
သို့သော် မြန်မာလူမျိုးတွေရဲ့ စိတ်ထဲစွဲနေတာက ကြမ္မာ ဆိုတာကျတော့ မကောင်းတာလို့ပဲ သတ်မှတ်ကြတယ်။ ကံကောင်းတယ်။ ကံမကောင်းဘူး ဒီလောက်ပဲ သုံးကြတယ်။ သို့သော် အဆိုးတွေ့ပြီဆိုတာနဲ့ တပြိုင်နက် ကြမ္မာလို့ ပြောလေ့ရှိကြတယ်။ “၀ဋ္ဋ”ဆိုတာ ကြောင်းကျိုးဆက်ပြီးတော့ လည်ပတ်နေတာ။ ဆိုပါစို့ “ ဒါရှိလို့ရှိရင် ဟိုဟာရှိရမယ်။ ဟိုဟာရှိရင် နောက်တစ်ခု ရှိလာမယ်။ စဉ်ဆက်မပြတ် တစ်ခုနှင့်တစ်ခုဟာ ဆက်စပ်ပြီး ဖြစ်နေတာကို ၀ဋ် လို့ပြောတာပါ။ “ကိလေသ ၀ဋ်”၊ “ကမ္မ ၀ဋ်”၊ “ဝိပါက ၀ဋ်”၊ ဆိုပြီး (၃)မျိုးရှိတယ်။
လူတွေမှာ ကိလေသာ ရှိနေလို့ရှိရင် ကမ္မဆိုတာ လာမယ်။ ကိလေသာ ရှိနေရင် ကံကို မရှောင်လွဲနိုင်ဘူး။ ကမ္မ ဆိုတာ ဖြစ်လာမယ်။ ကမ္မ ရှိတာနဲ့ ဝိပါကဆိုတာ လာမှာပဲ။ အဲဒီလို စဉ်ဆက်မပြတ်ဖြစ်နေတာကို “၀ဋ္ဋ” (၀ဋ်)လို့ ခေါ်တယ်။
မြန်မာလူမျိုးတွေကတော့ ၀ဋ်လည်တယ် ဆိုတာက မကောင်းတာဖြစ်မှ ၀ဋ်လည်တယ်လို့ပြောကြတာ။ အမှန်က ကောင်းကောင်းဆိုးဆိုး ၀ဋ် ဆိုတာ လည်ပတ်ပြီးဖြစ်နေတဲ့ သဘောတရားကို ပြောတာပါ။ ကိလေသာရှိလို့ “ကံ”ဖြစ်နိုင်တယ်။ “ကံ” ဖြစ်လို့ ဝိပါက ဆိုတဲ့ အကျိုးတရားတွေ လာနေတယ်လို့ ဒီလိုပြောတာ။ပဋိစ္စသမုပ္ပါဒ်မှာ ကြည့်လိုက် “အဝိဇ္ဇာ ပစ္စယာ
သင်္ခ ါရာ၊ သင်္ခ ါရပစ္စယာ ဝိညာဏံ” ဆိုတာကို ကြည့်ရုံနဲ့ပဲ= အဝိဇ္ဇာဆိုတဲ့ ကိလေသာ ရှိလိုက်တာနဲ့ တပြိုင်နက် သင်္ခ ါရဆိုတဲ့ ကံ လာတယ်။သင်္ခ ါရဆိုတဲ့ ကံ ရှိလိုက်တာနဲ့ တပြိုင်နက်
၀ိညာဏ ဆိုတဲ့ ဝိပါက လာတာပဲ။ အဲဒီတော့ ကိလေသာရှိရင် ကံလာမယ်။ ကံရှိလို့ရှိရင် ဝိပါက လာမယ်လို့ ဆိုတဲ့ ဒီ ၀ဋ်(၃)ပါး ပဋိစ္စသမုပ္ပါဒ်ကို ချုံ့ပြီး ပြောထားတာ ဖြစ်ပါတယ်။
တရားချစ်ခင် ကျင့်ကြံအားထုတ် နေကြတဲ့ သူတော်စင် သူတော်ကောင်းအပေါင်းတို့ကလည်း ကံ၊ ကြမ္မာ၊ ၀ဋ် တို့၏ သဘောသဘာ၀ကို သိရှိနားလည်ကြကာ မိမိ၏ဘ၀
မြင့်မြတ်သထက်မြင့်မြတ်အောင် ကျင့်ဆောင်ကြပြီး ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင် မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ ကုန်သတည်း။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာ၀ဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသားပူဇော်ပါသည်။

Featured

•• စိတ် ••

•• စိတ် ••
¡¡¡¡¡¡¡

•• အရမ်းကို
မတ်စောက်တဲ့
တောင်ထိပ် တစ်ခုမှာ

•• ဘုန်းကြီးကျောင်း
နှစ်ကျောင်းရှိသတဲ့။

•• ပထမ
ဘုန်းကြီးကျောင်းက
ဦးဇင်းတွေက

•• အမွဲလိုလို
ငြင်းခုံရန်ဖြစ်ကြတယ်၊

•• အချင်းချင်း
ရန်သူလိုဆက်ဆံတယ်၊

•• ဒုတိယ
ဘုန်းကြီးကျောင်းက

•• တစ်ပါးနဲ့တစ်ပါး
အရမ်းကိုသင့်မြတ်ကြတယ်၊

•• အချင်းချင်း
အပြုံးပန်းဆင်တယ်၊

•• ပထမ
ဘုန်းကြီးကျောင်းက

•• ဦးဇင်းက
ဒုတိယကျောင်းက

•• ဦးဇင်းကို
တအံ့တသြနဲ့မေးတယ်၊

•• ငါ့ရှင်တို့ကျောင်းက

•• အဘယ်ကြောင့်အမြဲတမ်း
ငြိမ်သက်
ပျော်ရွှင်နေရတာလဲ တဲ့

•• ဒုတိယကျောင်းက
ဦးဇင်းကပြန်ဖြေတယ်၊

•• ဘာဖြစ်လို့လည်းဆိုတော့

•• တပည့်တော်တို့
အမြဲအမှားလုပ်ကြလို့ပါ

•• ပထမဦးဇင်းက
ဒုတိကဦးဇင်း

•• ပြန်ဖြေတဲ့အဖြေကို
အံ့သြနေစဉ်

•• အပြင်က
ဆွမ်းခံကြွပြီး

•• ပြန်လာတဲ့ဦးဇင်းတစ်ပါးက
ကျောင်းပေါ်တက်ဖို့

•• တံခါးမကြီးဘေးကနေ
ခပ်သုတ်သုတ်လေးဝင်သွားတယ်၊

•• လှေကားအနားလည်းရောက်ရော

•• မထင်မှတ်ဘဲ
ဂျွမ်းထိုးမှောက်ခုံ
ချော်လဲကျသွားတယ်၊

•• သပိတ်တစ်နေရာ
လူတစ်နေရာဖြစ်သွားတယ်၊

•• ခံလာတဲ့
ဆွမ်းတွေလည်းကျောင်းပေါ်မှာ
ပြန့်ကျဲလို့ပေါ့..

•• ကြမ်းသုတ်နေတဲ့
ဦးဇင်းက

•• ချက်ချင်းပြေးလာထူပေးပြီး
ပြောတယ်

•• တောင်းပန်ပါတယ်အရှင်ဘုရား၊
တပည့်တော်အမှားပါ..

•• ရေရွှဲနေတာကို
မသုတ်ထားမိလိုက်ဘူး။

•• တံခါးဝနားမှာ
တံမြတ်စည်းလှဲနေတဲ့

•• ဦးဇင်းလည်း
ပြေးသွားပြီး

•• အနူးအညွှတ်တောင်းပန်တယ်
တောင်းပန်ပါတယ်အရှင်ဘုရား၊

•• တပည့်တော်အမှားပါ။
ကျောင်းခန်းထဲမှာ

•• ကြမ်းသုတ်နေတာ
ဝင်လာကတည်းက
ကြိုသတိမပေးမိဘူး။

•• ချော်လဲကျသွားတဲ့ဦးဇင်းက
လာထူပေးတာ

•• ထရင်း
အင်မတန်မှ
အားနာတဲ့လေသံနဲ့ပြောတယ်..

•• တောင်းပန်ပါတယ်အရှင်ဘုရားတို့

••့တပည့်တော်အမှားပါ..

•• လမ်းလျှောက်တာ
ဝိနည်းနဲ့အညီမလျှောက်ဘဲ

•• သုတ်ပြာပြာ
လျှောက်လို့ချော်လဲရတာပါ
တဲ့..

•• ပထမကျောင်းက
ကိုရင်က

•• ဒီအဖြစ်ကိုတွေ့သွားပြီး
နားလည်သွားတယ်၊

•• မိမိကိုယ်ကို
အင်မတန်မှရှက်သွားတယ်
တဲ့…

•• လူတွေဟာ
မိမိကိုယ်ကို
ကာကွယ်ဖို့အတွက်

•• သူများနဲ့
အငြင်းအခုန်ပြုမယ်

•• ဒါမှမဟုတ်

•• သူများကို
အပြစ်ဖို့မယ်ပဲ
စဉ်းစားနေကြတယ်။

•• စိတ်ကောင်းလေးထားလို့
ပြုံးပျော်နိုင်ကြပါစေ။

…မောင်ဘုန်း《ဓမ္မအလင်း》

…Kyae Mone

Design a site like this with WordPress.com
Get started