ဝီရိယနှင့် ဆန္ဒ

ဝီရိယနှင့် ဆန္ဒ
•••••••••••••••••••••

ဝီရိယဆိုတာ ကြိုးပမ်းအားထုတ်မှု။

အဲဒီ ကြိုးပမ်းအားထုတ်မှုကတော့
• ကောင်းတဲ့ ကြိုးပမ်းအားထုတ်မှု
• မကောင်းတဲ့ ကြိုးပမ်းအားထုတ်မှုလို့
နှစ်ခု ရှိပြန်တယ်။

လောဘကြောင့် ကြိုးပမ်းတာရှိတယ်။
ဒေါသကြောင့် ကြိုးပမ်းတာရှိတယ်။

အမုန်းကို အခြေခံပြီးတော့ ကြိုးပမ်းတယ်။
လိုချင်တာကို အခြေခံပြီးတော့ ကြိုးပမ်းတယ်။ မှားယွင်းတဲ့ ကြိုးပမ်းချက်တွေပေါ့။

မှန်ကန်တဲ့ ကြိုးပမ်းချက်ဆိုတာ ဘာတုံး
ဆိုတော့ အကုသိုလ်တွေ မဝင်ရအောင်
ဆို့ပိတ်မှု။ ဆို့ပိတ်ဖို့ ကြိုးပမ်းရမယ်။

ကိုယ့်သန္တာန်ထဲမှာ စိတ်ယုတ်တွေ
မကောင်းတာတွေ မဖြစ်နိုင်အောင်
ဆို့ပိတ်တဲ့ ကြိုးပမ်းမှုက နံပါတ်(၁)

ဆို့ပိတ်လို့မရဘူး။ အကုသိုလ်စိတ်
ဝင်လာတယ်ဆိုရင် တွန်းထုတ်ဖို့ရာ
ကြိုးပမ်းရမယ်။

နံပါတ်(၁)က ဆို့ပိတ်တယ်။
နံပါတ် (၂)က တွန်းထုတ်တယ်။
ဝင်လာရင် တွန်းထုတ်ရမယ်။

ဥပမာ – ဒေါသမထွက်အောင်
ဆို့ပိတ်ထားရမယ်။ စိတ်ကို မထိန်းနိုင်လို့
ဒေါသထွက်လာလို့ရှိရင် ထုတ်ပစ်ရမယ်။

ဒါပြောတာနော်။

မဖြစ်သေးတဲ့ ဒေါသကို မဖြစ်အောင်
ကြိုတင်ပြီး တားဆီးရမယ်။

“မီးဘေးရှောင် မလောင်ခင်တား”
ဆိုတယ် မဟုတ်လား။ မတော်တဆ
လောင်သွားရင်လည်း မြန်မြန်ငြိမ်းပေါ့။

ဒါပြောတာ။ ဒါ လုပ်ရမယ့်
ကြိုးပမ်းအားထုတ်မှု နှစ်ခုပဲ။

ကောင်းတာနဲ့ ပတ်သက်လာတဲ့အခါကျ
တော့ (၃) ကောင်းတဲ့စိတ်တွေ မဖြစ်ဘူး
ဆိုရင် ဖြစ်အောင် ကြိုးစား။

(၄) ဖြစ်လာပြီဆိုရင် တိုးပွားအောင်
ကြိုးစား။ ပိုက်ဆံမရသေးရင် ရအောင်
ရှာ။ ရလာရင် များအောင်လုပ်တာပေါ့။

ဒီလိုပဲ တရားနဲ့ပတ်သက်ရင် မဖြစ်သေးတဲ့
ကုသိုလ်တွေ ဖြစ်လာအောင် လုပ်ရမယ်။

ဖြစ်လာတဲ့ ကုသိုလ်တွေ
တိုးပွားလာအောင် လုပ်ရမယ်။

ကိုယ့်မှာ သမာဓိ မရှိသေးရင် ထူထောင်။
ရှိလာပြီဆိုရင် သမာဓိရင့်သန်အောင်
ကြိုးစား။ ဒါကို ဆိုလိုတာ။

အဲဒီလိုကြိုးပမ်းမှုကို သမ္မာဝါယာမလို့
ခေါ်တယ်၊ မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှု

ဒီဝီရိယက မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်
မှုနဲ့ကျတော့ သမ္မာဝါယာမဖြစ်ပြီးတော့
မဂ္ဂင်ရှစ်ပါးထဲမှာလည်းပါတယ်။

အသိဉာဏ်ရဖို့ရာ စွမ်းဆောင်တဲ့
ဗောဇ္ဈင် (ရ)ပါးထဲမှာလည်း ပါတယ်။

ဒါကြောင့်မို့ စနစ်တကျ သူ့ကို လေ့ကျင့်
ပေးရမယ်တဲ့။ ဝီရိယဆိုတာ လိုအပ်တယ်
လို့ ပြောတာနော်။

“ဆန္ဒ”

ဆန္ဒဆိုတာ ပြုလုပ်ချင်တဲ့သဘော။

တဏှာကျတော့ ပြုလုပ်ချင်ရုံ မကဘူး။
တွယ်တာတယ်ဆိုတဲ့ သဘောပါတယ်။

ဆန္ဒက ပြုလုပ်ချင်ရုံ သက်သက်ပဲ။

ဥပမာ- ဥပုသ်စောင့် သွားချင်တယ်။
ဥပုသ်စောင့် သွားချင်တယ်ဆိုတာနဲ့
ရုပ်ရှင် သွားကြည့်ချင်တယ်ဆိုတာနဲ့
ဒီ “ချင်”နှစ်ခု တူလား။ မတူဘူး။

အလှူလှူချင်တယ်ဆိုတာနဲ့
ပိုက်ဆံရချင်တယ်ဆိုတဲ့
ဒီ “ချင်” နှစ်ခုရော တူလား။

အလှူလှူချင်တယ် ဆိုတာကျတော့
ဆန္ဒလို့ ပြောတာ။

ဒါကြောင့်မို့ ဆန္ဒရဲ့သဘောနဲ့
လောဘရဲ့သဘောက ခပ်ဆင်ဆင်ပဲ။

ဆင်ပေမယ့်လို့ ဆန္ဒဆိုတာ
ပြုလုပ်ချင်ရုံသက်သက်ပဲ။

လောဘကျတော့ ပြုလုပ်ချင်ရုံ မကဘူး။
တွယ်တာတဲ့ သဘောလေးပါတယ်။

တွယ်တာတယ်၊ ကပ်ငြိတယ်။
ဒီသဘောလေး ရှိတယ်။

ဆန္ဒနဲ့လောဘ ဒီလို ထူးခြားမှုရှိတယ်။

ဆန္ဒဆိုတဲ့ တရားစွမ်းအား
ထက်လာပြီဆိုရင် ဆန္ဒာဓိပတိတဲ့။
အဓိပတိ တပ်လာပြီ။

ဒီဆန္ဒက ပြင်းထန်လာပြီဆိုလို့ရှိရင်
သူက အောင်မြင်မှုကို သရဖူဆောင်း
နိုင်တဲ့ ဆန္ဒိဒ္ဓိပါဒ်။

ဒါကြောင့်မို့ သူ့ရဲ့ စွမ်းဆောင်မှုတွေဟာ
ကြီးထွားလာလို့ရှိရင် လောဘကိုလည်း
ဖယ်ရှားနိုင်တယ်။ ဒေါသကိုလည်း ဖယ်
ရှားနိုင်တယ်။

စိတ်ဆန္ဒက ကုသိုလ်လုပ်ချင်တဲ့ စိတ်
ဆန္ဒ ရှိနေတဲ့အတွက်ကြောင့် သိန်းလေး
ဆယ် ငါးဆယ်လည်း လှူပစ်လိုက်တာပဲ။

ဆန္ဒဖြစ်တာကြည့်။ လောဘကို
မနိုင်လိုက်ဘူးလား၊ နိုင်တယ်။

လုပ်ချင်တဲ့ဆန္ဒကို “ဆန္ဒဝတော
ကိံ နာမ ကမ္မံ နသိဇ္ဈတိ” ဆန္ဒရှိရင်
ဘယ်အရာမဆို ပြီးတယ်တဲ့။

ဒါကြောင့်မို့ ဆန္ဒကို ဣဒ္ဓိပါဒ်လို့ ခေါ်တယ်။
ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရား။

အဓိပတိစွမ်းဆောင်မှု ကြီးကဲမှု သဘာဝ
တရားလို့ ဒီလိုမြတ်စွာဘုရားကဟောတယ်။

အဲဒီ စေတသိက် ခြောက်ခုကတော့
တချို့စိတ်တွေမှာ ပါတယ်။ တချို့
စိတ်တွေမှာ မပါဘူး။

ပါတောင်မှလည်း စိတ်ချင်းမတူဘူး။
တချို့ စိတ်တွေမှာ အင်အားသိပ်မရှိဘူး။
တချို့ စိတ်ကျ အင်အားပိုကောင်းတယ်။

ဒါက စိတ်ကိုအမှီပြုပြီးတော့ ဖြစ်တဲ့
အင်အားစု စေတသိက်တွေပဲ။ စိတ်ကို
မှီငြား စိတ်စွမ်းအားများပါပဲ။

ဒီ သဘာဝတရားတွေဟာ စိတ်ကိုမှီ
ပြီးတော့ ဖြစ်ကြတဲ့ သဘာဝတရားတွေ
ဖြစ်လို့ သူ့တို့ဟာ သူတို့သဘော သူတို့
ဆောင်နေကြတာတွေဖြစ်တယ်။

ငါဆိုတာလည်း မဟုတ်ဘူး။
ငါ့ဥစ္စာဆိုတာလည်း မဟုတ်ဘူး။

ဆိုင်ရာဆိုင်ရာ အကြောင်းကြောင့်
ဖြစ်နေတဲ့ သဘာဝတရားတွေပါလားလို့
ကိုယ်စီကိုယ်စီ အမြင်မှန်ရပြီးတော့ အသိ
ဉာဏ်တွေ ကြီးထွားနိုင်ကြပါစေကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
အဘိဓမ္မာမြတ်ဒေသနာတရားတော်မှ
credit : Parallel

စိတ်တိုတာ ပျောက်တဲ့နည်း.. °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


လူတွေက မဟုတ်မခံရင် ထက်မြက်တယ်လို့ တောင်
ယူဆကြသေးတယ်..
ထစ်ခနဲ ရှိရင် စိတ်တိုတယ်၊
စိတ်ဆိုးတယ် အလို မကျ ဖြစ်တယ်။

တချို့က ဒီအတိုင်းငုံ့နေလို့ရှိရင် လူနုံလို့တောင်
ထင်ကြ သေးတယ်။

ကောဓ ဆိုတာ ..ကုဇ္စျတီတိ ကောဓော-
ထစ်ခနဲရှိ အလိုမကျဖြစ်ပြီး
တစ်ဖက်သားကို ရန် လုပ် လို တဲ့ သဘောထား။

ကုဇ္စျနလက္ခဏာ အမျက်ထွက်ခြင်း လက္ခဏာ ရှိ တယ်။

အမျက်ဆိုတာ သစ်တုံးမှာရှိတဲ့အမျက်နဲ့ တူတယ်။

အဲဒီအမျက်ဟာ ဓားနဲ့ခုတ်ဖို့လည်း ခက်တယ်။

လွှနဲ့တိုက်ဖို့လည်း ခက်တယ်။
အဲဒါလိုပဲ..
ဒေါသ ရှိတဲ့ ပုဂ္ဂိုလ်ဟာလည်း
ဖြောင့်ဖြောင့် ဖြူး ဖြူး ချောချော ပြေပြေဖြစ်ဖို့
အလွန် ခက်တယ်။

ဒေါသရှိနေတဲ့ လူတစ်ယောက် ပေါင်းရသင်းရ
အလွန်ခက်တယ်။

ပြောကြတယ်”လူပု စိတ်တို၊ လှေတို ပဲ့ခက်” တဲ့။

လူရှည်ကရော စိတ်မတိုဘူးလား။
တိုတာပဲ။
အမှန်ကတော့ လူပု စိတ်တိုဆိုတာ ပုမှ စိတ်တိုတာ မဟုတ်ဘူး။

လူထွားကြီးတွေ စိတ်တိုတာလည်း ရှိတာပဲ။

လူပု စိတ်တိုတဲ့။
လူက ပုရတဲ့အထဲမယ် စိတ် က လည်း တိုသေးတယ်။

လှေတို ပဲ့ခက်တဲ့။လှေကလည်း ဝိုင်းချောနေတဲ့ လှေကို လမ်းဖြောင့်အောင် ပဲ့ကိုင်ဖို့ခက်တယ်လို့ ပြောတာ။

“လူပု စိတ်တို၊ လှေတို ပဲ့ခက်” တဲ့။

ဘယ်ဟာပဲဖြစ်ဖြစ် ဒေါသထွက်တတ်တဲ့
လူတစ်ယောက် ကို ပေါင်းရသင်းရ အလွန် ခက် တယ်။

ထစ်ခနဲရှိ သူက စိတ်တိုပြီ။

အကျိုးအကြောင်း မပြောရသေးဘူး။ဖြန်းခနဲ ရိုက်ကုန်ပြီ။

ဒီလိုတွေ ဆိုတာပေါ့။
အကျိုးအကြောင်း ရှင်းပြလို့ မရဘူး။
နားမထောင်ဘူး။

အဲဒါကြောင့်မို့လို့ “ကုဇ္စျနလက္ခဏောကောဓော”
စိတ်တိုတတ်ခြင်းလက္ခဏာ ရှိတယ်။

တစ်နည်း”စဏ္ဍိက္ကလက္ခဏော”ကြမ်းတမ်းခြင်း လက္ခဏာ ရှိတယ်။

မြွေပွေးတွေ သွားမထိလိုက်နဲ့ “ရှူး”။
မြွေဟောက် ကို သွားမထိနဲ့ ခေါင်းထောင်လာတယ် …။

“အာဃာတကရဏရသော” တဲ့။
ရန်ငြိုးဖွဲ့ခြင်း ကိစ္စရှိတယ်၊ တေးမှတ်ထားတယ် …။

“မင်းတော့ နေဦး၊တစ်ကွေ့ ကွေ့တော့ တွေ့မယ်” ပေါ့။

ဒီလိုဟာမျိုးနဲ့ အတေးအမှတ်တွေ လုပ်ထား တတ် တယ်။

တေးမှတ်ခြင်း၊စိတ်ထဲမှာ စွဲမှတ်ထားခြင်း ကိစ္စ ရှိ တယ်။

“ဒု…ဿ နပစ္စုပဋ္ဌာနော”ဖျက်ဆီးတတ်တဲ့ သဘာဝ အနေနဲ့ ပေါ်လွင်တယ်။

သူ့ရဲ့သဘာဝက ဖျက်ဆီးတယ်။
သူများ မဖျက်ဆီး ရခင်ကိုယ့်ကိုကိုယ် ဖျက်ဆီးပြီး ဖြစ်တယ်။

ဘာဥပမာနဲ့တူတုန်းဆိုရင် မီးခဲကိုင်ပြီးတော့ ပေါက်ရင် အပေါက်ခံရတဲ့ လူက တိမ်းလို့ရတယ်။

ကိုင်သူတော့ လောင်သွားပြီ။
ဒေါသသမားက အဲဒီအတိုင်းပဲ၊ကိုယ်အရင် ခံရမယ်။

ဒီလိုတရှူးရှူး တဒိုင်းဒိုင်းနဲ့ စိတ်တိုမှု အရာရာသည်းခံမှု
မရှိတဲ့သဘောတရားတစ်ခုဟာ
စိတ်ကို ဖျက်ဆီးတတ်ပြီး စိတ်ယုတ်မာကို
ဖြစ်စေတတ်တဲ့ တရားဖြစ်တယ်။

စိတ်တိုရင် စိတ်မတိုအောင်
ကိုယ့်ဟာကိုယ် ကြိုးစားဖို့ပဲ လိုတယ်။
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ဖြေဖျောက်ရမယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Khin Sandar Soe Htut..

အိမ်စောင့်နတ် နှင့် ပဋ္ဌာန်းရွတ်ခြင်း


တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီး မြတ်စွာဘုရား ဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို နတ်တွေက မနှစ်သက်ဘဲ ရှိပါ့မလား။ သူတော်ကောင်းနတ် မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာ ရွတ်ရွတ် နှစ်သက်မြတ် နိုးစွာ လာရောက်နာယူမှာ သေချာပါတယ်။

ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာ၀မကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို့ သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင် မခွာနိုင်အောင် ဖြစ်နေမှာပါ။ သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက်ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက် တောင် ကူညီစောင့်ရေှာက်ဦးမှာပါ။

တကယ်လို့ ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့ အိမ်စောင့်နတ် ရှိခဲ့တယ်ဆိုရင်လည်း အဲဒီ အိမ်စောင့်နတ်ဟာ ဘုန်းကံမရှိတဲ့နတ်၊ သူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုနတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာ အကျိုးမှ ရှိမှာမဟုတ်ပါဘူး။ မနေနိုင်လို့ ထွက်ပြေးသွားလည်း ဘာမှ လွမ်းနေစရာ မလိုပါဘူး။ အဲဒီလိုနတ်မျိုး အိမ်ပြင်မှာ နေလည်း အလကား၊ အိမ်တွင်းမှာ နေလည်း အလကားပါပဲ။

ပဋ္ဌာန်းတရားအပါအ၀င် အဘိဓမ္မာတရားတော်တွေကို တာ၀တိံသာနတ်ပြည်မှာ မြတ်စွာဘုရား ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ အင်္ကုရဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါ၀င်ခဲ့ပါတယ်။ အကုင်္ရနတ်သားဟာ တရားပွဲကို အစောဆုံး ရောက်လာပြီး ရေှ့ဆုံးက နေရာဦးထားတာပါ။ မြတ်စွာဘုရားရှင်ရဲ့ လက်၀ဲဘက်နေရာမှာ အနားကပ်ပြီး နေရာဦးထားပါတယ်။ ဒါပေမဲ့ သူ့ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ရောက်လာတိုင်း ရောက်လာတိုင်း နောက်ဆုတ်နောက်ဆုတ်ပြီး နေရာ ဖယ်ဖယ်ပေးနေရတဲ့အတွက် နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာ ကွာေ၀းတဲ့ နေရာကပဲ တရားနာခွင့် ရပါတော့တယ်။ နတ်ကြီးလာတော့ နတ်ငယ် နေရာ ဖယ်ပေးရတာပေါ့။

လူ့လောကမှာလည်း ဒီလိုပါပဲ။ ပွဲလမ်းသဘင်တစ်ခု၊ အခမ်း အနားတစ်ခု ကျင်းပပြီဆိုရင် ဂုဏ်ကြီးတဲ့လူ၊ မျက်နှာကြီးတဲ့ လူတွေက ရေှ့ဆုံးက နေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊ မျက်နှာငယ်တဲ့ လူတွေက နောက်ကနေ နေရာယူရပါတယ်။ ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။

အိမ်မှာပဲဖြစ်ဖြစ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရား ရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေ တရားနာရောက်လာကြပါတယ်။အိမ်စောင့်နတ်အပါအ၀င် နဂိုကရှိနေနှင့်ပြီးသား နတ်တွေက ဘုန်းတန်ခိုး နည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေအတွက် (အကုင်္ရနတ်သားလိုပဲ) နေရာဖယ် နောက်ဆုတ်ပေးရတဲ့အတွက် အေ၀းရောက်သွားနိုင်ပါတယ်။

အကုင်္ရနတ်သားဟာ အေ၀း ရောက်သွားပေမယ့် မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အေ၀းကနေ တရားနာယူသလို အေ၀းရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဋ္ဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ ကိုယ့်ကံကိုယ် နားလည်စွာနဲ့ အေ၀းတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲ မဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာ ကိုယ်ကျေနပ်စွာ နေရမှာပဲလေ။

ပဋ္ဌာန်းတရား နာကြားပြီး ကိုယ့်ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ် ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲတိုင်း ပြန်နေခွင့်ရသွားပြီပေါ့။ ပဋ္ဌာန်းတန်ခိုးကြောင့် သူ့ရဲ့ ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက် ကြီးကျယ် ခမ်းနားလာမှာ သေချာပါတယ်။ ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခမပေးတဲ့အပြင် ကောင်းကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ့်ဦးမယ်။

တကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ အိမ်တွင်းနတ်တွေ၊ အိမ်ပြင်နတ်တွေက နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုး၀ါးတွေ၊ အစိမ်းသရဲတွေ၊ဖုတ်ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင် ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ့ (တရားမကြိုက် နတ်ငမိုက်) တွေ ကိုယ့်အိမ်မှာ မရှိတော့တာ ပိုတောင် ကောင်းပါသေးတယ်။ ၀မ်းနည်းစရာ မဟုတ်ပါဘူး၊ ၀မ်းသာစရာပါ။

ေ၀သာလီပြည်မှာ ကပ်ဘေးကြီးတွေ ဆိုက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေ ရတနသုတ် လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးတဲ့ နတ်ဗြဟ္မာတွေ တရားလာ နာကြတဲ့အတွက် မကောင်းဆိုး၀ါးတွေ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေ နိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ေ၀သာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာ ရခဲ့ပါတယ်။

ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်ရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုး၀ါးတွေ၊ နတ်မိစ္ဆာတွေ၊တန်ခိုးနည်းတဲ့နတ်တွေ ကိုယ့်ပတ်၀န်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက်ဆိုးမျိုး မထားနဲ့ပေါ့။

အယုတ်အလတ်အမြတ်မရွေး ဘယ်သတ္တ၀ါမဆို တရားနာယူပြီး ကောင်းကျိုးရစေချင်တဲ့ ရည်ရွယ်ချက်ကောင်းပဲထားပြီး ရွတ်ပါ။ကိုယ့်ဘက်က ရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရား ခေါင်းပါး နေရင်တော့ အေ၀းထွက်ပြေးရတဲ့ နတ်တွေက နေနှင့်ဦးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မွု ပြတ်သွားတဲ့အခါမျိုးတွေမှာ တု့ံပြန်ကလဲ့စားချေတတ်ပါတယ်။ ကိုယ့် စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။

အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရား ပဲဖြစ်ဖြစ်၊ တရားတော် တစ်ခုခု ရွတ်ဖတ်ပူဇော်မွု ပြုတော့မယ်ဆိုရင် ပထမဦးဆုံး မေတ္တာဘာ၀နာပွားများ၊ မေတ္တသုတ်ရွတ်ဆိုပြီးမှ ပြုတာ အကောင်းဆုံးပါပဲ။ မေတ္တာတရားပေးေ၀မွုကို သတ္တ၀ါတိုင်း နှစ်သက်လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ်၊ မေတ္တသုတ်ကို အရင်ရွတ်ပါ၊ မေတ္တာဘာ၀နာ အရင်ပွားပါလို့ မေတ္တာနဲ့ အကြံ ပေးလိုက်ပါတယ်။

ပဋ္ဌာန်းတရားကို အိမ်မှာလည်း ရွတ်သင့်ပါတယ်၊ ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ် …
……………………………………………………………………
ပဋ္ဌာန်း၂၄-ပစ္စည်းရွတ်ဖတ်ရခြင်းအကျိုး
(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျယ်/ပဋ္ဌာန်း ၂၄-ပစ္စည်း ဖြစ်တော်စဉ်)

ကိုယ်ပြုလုပ်ခဲ့တဲ့ ကံရဲ့အကျိုး


ဖတ်ကြည့်နော်…

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
စကားမပြောနိုင်။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
နားမကြား။

တစ်ချို့
လူအဖြစ်တော့ ရပါရဲ့။
ခြေ လက် မပါ။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
ဉာဏ်က မမှီ။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
မျက်စိ မမြင်။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
အင်္ဂါ မစုံ။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
မစွမ်းမသန်။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
မိဘကောင်း မရ။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
ရုပ်က ဆိုးဆိုး။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
ဝဝလင်လင် မစားရ။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
အသက် မရှည်။

တစ်ချို့…
လူအဖြစ်တော့ ရပါရဲ့။
လူတောမတိုး။

စတဲ့ အကြောင်းတရားများစွာဟာ
သူများလုပ်ပေးခဲ့တာ မဟုတ်ပါဘူး။

ဘယ်သူ့ကိုမှလည်း
အပြစ်တင်လို့ မရပါဘူး။

ကိုယ်ပြုခဲ့တဲ့ ကံတရား အတိုင်း
ကံစီမံရာ ခံကြရတာပါ။

ကံသာလျှင် အမိ
ကံသာလျှင် အဖ
ကံသာလျှင် ကိုယ်ပိုင် ဥစ္စာလို့
ဘုရားဟောခဲ့တယ် မဟုတ်လား…

ပြုသူကတော့ အသစ်
ခံရသူကတော့ အဟောင်းပါ။

လူတော့ ဖြစ်ကြပါရဲ့။
အမီး အမောက်မတည့်သည့် ဘဝတွေ
ရကြတာဟာ…

ကံအရာမှာ သတိပျောက်ပြီး
အကုသိုလ်အမှုတွေ ကျူးလွန်ခဲ့လို့ပါ။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး
သူ့ရဲ့ အတိတ်အကုသိုလ်ကံကြောင့်
ကုန်းနေတဲ့ ခါးကို ကြည့်ပြီး
ခုဇ္ဇုတ္တရာ အလောင်းမလေးဟာ
ပြောင်လှောင်ခဲ့မိတယ်။

အရှင်မြတ်က သူ့ကံနှင့်သူ ဖြစ်တာ။
ကိုယ်နှင့်မဆိုင်။
ပြောင်လှောင်စိတ်နှင့် ပုံစံလေး လုပ်ပြပြီး
ရယ်စရာ အဖြစ် ပျော်ခဲ့ဘူးတဲ့
အကုသိုလ်ရဲ့ အကျိုးဆက်က

ဖြစ်ရာဘဝတိုင်းမှာ…
ကုသိုလ်အားကောင်းလို့ လူအဖြစ်တော့
ရပါရဲ့။
အရှင်မြတ်ကို ပျက်ရယ် ပြုခဲ့တာကြောင့်
ခါးကုန်းမကြီး ဖြစ်ခဲ့ရတယ်။

အရှင်အနုရုဒ္ဓါရဲ ညီမတော်လေး
ဖြစ်ခွင့်ရပေမဲ့
အတိတ်က
သူတစ်ပါးကို ခွေးလှေးယားသီး နှင့်
စခဲ့မိတာကြောင့်
ဟော နောက်ဆုံးဘဝမှာ
နူနာရောဂါသည်ဘဝနှင့် လူတောမတိုး
ဖြစ်ခဲ့ရတယ်။

လယ်သမားဘဝ
နွားတစ်ကောင် အပျင်းကြီးတာမို့
ကောက်ရိုးမီးကွင်းစွတ်ခါ
မီးရှို့ခဲ့တဲ့ အကျိုးဆက်ကြောင့်

ကျီးကန်းဘဝမှာ…
ကရွတ်ကွင်းမီးလောင် လေထဲဆောင်ပြီး
ကောင်းကင်ပျံဝဲ
ကျီးမည်း ရဲ့လည်မှာ စွတ်ခဲ့ရပြီး
သေပွဲဝင်ရတယ်။

ကံတရားက ဆန်းကြယ်လှပါတယ်။

ရှင်သီဝလိဟာ
မိခင်ဗိုက်ထဲ ( ၇ )နှစ်တာမျှ ပင်ပန်းစွာ
နေခဲ့ရတယ်။

အကြောင်းက…
မြို့ကို ပိတ်ဆို့
အစာရေစာ ဖြတ်တောက်ခဲ့တဲ့
အကုသိုလ်ရဲ့ ကွင်းဆက်ပါပဲ။

ဒါကြောင့်…
သတိမပျောက်ကြပါစေနဲ့။

သတိပျောက်တာနဲ့
အမီး အမောက် မတည့်တဲ့ ဘဝတွေမှာ
ဆင်းရဲစွာ ပြန်ပေးဆပ်ရပါလိမ့်မယ်။

Credit-လောကသရဖူမှန်ကင်း။

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )

ကိုရိုနာ ဗိုင်းရပ်စ် နှင့် ဗောဇ္စျင်တရား”


(UN+ZG)

အခါတစ်ပါးမှာ
ရှင်မဟာကဿပမထေရ်မြတ်ကြီး
ပိပ္ပလိလှိုင်ဂူမှာနေရင်းနဲ့
ပြင်းပြင်းထန်ထန် မကျန်းမမာ ဖြစ်ပါသတဲ့။

ဘာလို့ဖြစ်လဲဆိုတော့
အဆိပ်ပွင့်တွေရဲ့အနံ့ကို
ရှူမိတာကတစ်ကြောင်း
လေအေးအတိုက်ခံရလို့
အအေးမိသွားတာက တစ်ကြောင်း
အဲဒီအကြောင်းနှစ်မျိုးကြောင့်
ဖြစ်သွားတာတဲ့။

ဒါကို မြတ်စွာဘုရားသိတော့ ကြွသွားပြီး
လူမမာ မေးရင်းနဲ့ ဗောဇ္စျင်တရားကို
ဟောပါသတဲ့။
တရားလည်းနာပြီးရော
အရှင်မြတ်ရဲ့ရောဂါတွေဟာလည်း
ယူပစ်သလိုပျောက်သွားပါသတဲ့။

ဘယ်ပုံ ဘယ်နည်း ရောဂါတွေ
ပျောက်သွားလည်းဆိုတာကို စာထဲမှာ
ဘယ်လိုရှင်းပြထားလည်းဆိုတော့-
တရားနာပြီးတဲ့အချိန်မှာ အရှင်မြတ်က
“သြော်-ငါ့သန္တာန်မှာ ဒီဗောဇ္စျင်တရားတွေ
ထင်ရှားဖြစ်နေပါလား,ဒီတရားတွေဟာ
တကယ့်ကိုပဲ ဆင်းရဲဒုက္ခက
လွတ်မြောက်စေတဲ့ တရားတွေပါလား”လို့
စဥ်းစားလိုက်တဲ့အခါမှာ
နှစ်သက်မှုပီတိ,
ငြိမ်းအေးမှုပဿဒ္ဓိတရားတွေ
ဖြစ်သွားတဲ့အတွက်ကြောင့်
သွေးတွေ ကြည်လင်သန့်ရှင်းပြီး
ရုပ်တွေစင်ကြယ်သွားလို့
ရောဂါတွေပျောက်သွားတာပါ တဲ့။

ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးလည်း
ဒီနည်းတိုင်း ရောဂါပျောက်ဖူးတယ်။

ဒီလိုပဲ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း
ရောဂါဖြစ်လို့ ဗောဇ္စျင်တရားကို နာလိုက်တာ
ရောဂါတွေ ပျောက်သွားတယ်။
မြတ်စွာဘုရားကိုတော့ ဘယ်သူက
ဗောဇ္စျင်တရားကို ဟောလဲဆိုတော့
ရှင်သာရိပုတ္တရာရဲ့ညီ
စုန္ဒမထေရ်က ဟောတာပါ။
“ချစ်သားစုန္ဒ သင့်ရဲ့ဉာဏ်ထဲမှာ
ဗောဇ္စျင်တရားတွေကို ထင်စေလော့ “လို့
မြတ်စွာဘုရားက ဟောခိုင်းလို့ ဟောတာပါ။

စဥ်းစားစရာတော့ တော်တော်ကောင်းပါတယ်။
တရားဆိုတာ မြတ်စွာဘုရားဟောပြမှ
ကျန်တဲ့သူတွေ သိကြရတာပါ။
အခု မြတ်စွာဘုရားက တရားနာတယ်ဆိုတော့
“တရားနာခြင်းရဲ့ အခန်းကဏ္ဍဟာ
အလွန်အရေးပါပါလား”လို့
နားလည်စရာရှိပါတယ်။

ဒီအဖြစ်အပျက်တွေကိုကြည့်ရင်း
“ရောဂါနှင့်ဗောဇ္စျင် ဆိုတာ
တွဲပြီးနားလည်ထားရမယ့်
အရာတွေပါလား”လို့ တွေးမိတယ်။

လူဆိုတာ ရောဂါနှင့်မကင်းနှိုင်ဘူး
ဒါကြောင့် လူတိုင်းဟာ
ဗောဇ္စျင်အကြောင်းကို
နောကြေ နေအောင် သိထားသင့်တယ်။

ဗောဇ္စျင်ဆိုတာဘာလဲ။
ဗောဇ္စျင်္ဂ ဆိုတဲ့ စကားကို ဗောဇ္စျင်လို့
အလွယ်ခေါ်လိုက်တာ။
ဗောဇ္စျင်္ဂ ဆိုတာ ဗောဓိ နှင့် အင်္ဂ ကို
ပေါင်းထားတာ။(ဗောဓိ+အင်္ဂ=ဗောဇ္စျင်္ဂ)
ဗောဓိဆိုတာ မဂ်ဉာဏ်ကိုပြောတာ။
သစ္စာလေးပါးကိုသိတဲ့ ဉာဏ်ပေါ့။
အင်္ဂဆိုတာ အစိတ်အပိုင်းလို့
အဓိပ္ပါယ်ရတယ်။
အဲဒီတော့ ဗောဇ္စျင်္ဂဆိုတာ
မဂ်ဉာဏ်ရဲ့ အစိတ်အပိုင်းလို့
အဓိပ္ပါယ်ရတယ်။
မဂ်ဉာဏ်ရဖို့အတွက် ပြည့်စုံရမယ့်
အင်္ဂါတွေလို့နားလည်ရမယ်။
ဗောဇ္စျင်က(၇)ပါးရှိတယ်။

၁။ ကိုယ့်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့
ရုပ်နာမ်သဘာဝတွေကိုဖြစ်တိုင်း ဖြစ်တိုင်း
အမှတ်ရပြီး သိသိနေတဲ့ သတိ။

၂။ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်သဘာဝတွေဟာ
ဖြစ်ပြီး မရှိတော့တဲ့ အနိစ္စတွေ,
ဘာပဲဖြစ်ဖြစ် ဖြစ်ပြီး မရှိတော့လို့
မကောင်းမွန်တဲ့ ဒုက္ခတွေ,
မတည်မြဲတာကို တည်မြဲအောင် လုပ်လို့မရ
မကောင်းတာကိုလည်း ကောင်းအောင်
လုပ်လို့မရ သူ့သဘာဝအတိုင်း ဖြစ်နေတဲ့
တန်ဖိုးမဲ့ အနတ္တတွေ လို့ အမှန်အတိုင်း
ဝေဖန်ပိုင်းခြား သိမြင်ခြင်းဆိုတဲ့ ဓမ္မဝိစယ။

၃။ မကောင်းတာတွေ မဖြစ်အောင်
ကောင်းတာတွေဖြစ်အောင်
ကြိုးစားနေတဲ့ ဝီရိယ။

၄။ ရုပ်နာမ်သဘာဝတွေရဲ့ အကြောင်းကို
သိလာလို့ ပူပန်ညစ်နွမ်းစေတဲ့ ကိလေသာတွေ
ကင်းရှင်းသွားတာနဲ့ အမျှ ဖြစ်ပေါ်လာတဲ့
စိတ်ရဲ့ ကြည်နူးနှစ်သက်ခြင်းဆိုတဲ့ ပီတိ။

၅။ နှစ်သက်ခြင်း ပီတိ အားကောင်းလာနဲ့အမျှ
နှလုံးစိတ်ဝမ်း ငြိမ်းအေးလာခြင်းဆိုတဲ့
ပဿဒ်ဓိ။

၆။ စိတ်ရဲ့ တည်ငြိမ်မှု သမာဓိ။

၇။ အညီအမျှ လျစ်လျူရှုမှုဆိုတဲ့ ဥပေက္ခာ။

ဒီဗောဇ္ဈင်(၇)ပါးကို ပွားများမယ်,
ကိုယ့်သန္တာန်မှာ အကြိမ်များစွာ
ဖြစ်အောင်လုပ်မယ်ဆိုရင်
ခန္ဓာရဲ့ အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို
သိလာမယ်။
သစ္စာလေးပါးကို သိမယ်။
နိဗ္ဗာန်ချမ်းသာကို
မျက်မှောက် ပြုရမယ်” တဲ့။

ဒါဟာ မြတ်စွာဘုရား ဟောထားတဲ့
ဗောဇ္ဈင်တရားရဲ့အနှစ်ချုပ် အဓိပ္ပါယ်ပဲ။

ဒီနေရာမှာ စဉ်းစားစရာ ရှိတာက
မြတ်စွာဘုရားနှင့် အရှင်မြတ်ကြီးနှစ်ပါး
ရောဂါတွေပျောက်သွားတယ်ဆိုတဲ့ နေရာမှာ
နှစ်သက်မှု ပီတိ,ငြိမ်းအေးမှု ပဿဒ္ဓိ
တရားတွေကြောင့် သွေးသန့်ရှင်းပြီး
ရုပ်တွေ စင်ကြယ်သွားလို့ ရောဂါတွေ
ပျောက်သွားတယ် ဆိုတဲ့ အချက်ပါ။

တရားနာလို့ပဲ ဖြစ်ဖြစ်၊
တရားအားထုတ်လို့ပဲ ဖြစ်ဖြစ်
မှန်ကန်တဲ့ အသိဉာဏ်ကို ရတဲ့အခါမှာ
စိတ်ရဲ့ နှစ်သက်မှုပီတိ,
ငြိမ်းအေးမှု ပဿဒ္ဓိဆိုတာ ဖြစ်လာတယ်။
အဲဒီ ပီတိ ပဿဒ္ဓိဟာ
ရောဂါပျောက်ကြောင်းပဲလို့
နားလည်ထားရမှာ။

တရားအားထုတ်ခြင်းမှာ ကြီးမားတဲ့
အကျိုးအာနိသင် ရှိသလို
တရားနာခြင်းမှာလည်း
ကြီးမားတဲ့ အကျိုးအာနိသင်ရှိတယ်။
ဒါကို သံသယ မဖြစ်သင့်ဘူး။

ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တဲ့နေရာမှာ
အဓိက,က
“ကိုယ်ခံအားကောင်းဖို့ လိုတယ်”လို့
ဆိုပါတယ်။
ကိုယ်ခံအားကို နည်းသွားစေတဲ့
အကြောင်းတရားတွေထဲမှာ
အာဟာရ မမျှတတာတွေပဲ
အဓိက အကြောင်းတရား မဟုတ်ဘူး။
စိတ်ဖိစီးမူ များတာတွေ,
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဆင်းရဲရတာတွေဟာလည်း
ကိုယ်ခံအားနည်းခြင်းရဲ့
အဓိက အကြောင်းတရားတွေ
ဖြစ်နေတာ ကို တွေ့ရတယ်။

ဒါကြောင့် ဆရာဝန်တွေ
ညွှန်ကြားတဲ့အတိုင်း သပ္ပါယဖြစ်အောင်
နေထိုင် စားသောက်ရင်းနဲ့
ရုပ်ပိုင်းဆိုင်ရာကို အားရှိအောင်
ကြိုးစားဖို့ လိုသလို
မှန်ကန်တဲ့နည်းလမ်းနဲ့
စိတ်ပိုင်းဆိုင်ရာကိုလည်းအားရှိအောင်
ကြိုးစားရမှာပါ။

ချမ်းသာတဲ့စိတ်မှာ အားရှိတယ်။
အားရှိတဲ့စိတ်ဟာ ရုပ်ကို အားရှိအောင်
အများကြီး ထောက်ပံ့နေတယ်။
ဒါကို လွယ်လွယ်လေး နားလည်နိုင်တယ်။

ဒါကြောင့်-
တရားနာပါ။
အထူးသဖြင့် ဗောဇ္ဈင်တရားကို
နားလည်အောင် နာယူပါ။
တရားအားထုတ်ပါ။
တရားအားထုတ်ရင်း ဗောဇ္ဈင်တရားတွေ
မိမိသန္တာန်မှာ ဖြစ်အောင် လုပ်ပါ။

တရားနာခြင်း၊တရားအားထုတ်ခြင်းကြောင့်
ဖြစ်ပေါ်လာ တဲ့ နှစ်သက်မူ ပီတိ,
ငြိမ်းအေးမူ ပဿဒ္ဓိတရားတွေဟာ
များလာအောင် ပွားမယ်ဆိုရင်
ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကိုတောင် ပို့နိုင်တဲ့
“အရည်အသွေးမြင့်သဘာဝတွေပါ”။

“ကျန်းမာခြင်းမှသည် နိဗ္ဗာန်ဆီသို့ တိုင်အောင်”
ဗောဇ္ဈင်တရားတွေကို အားကိုးနိုင်ကြပါစေ။

(သစ္စာရွှေစည်)
9.2.2020
ည ၁၁ နာရီ


“ကိုရိုနာ ဗိုင်းရပ်စ် နှင့် ဗောဇ္စျင်တရား”


(UN+ZG)

အခါတစ်ပါးမှာ
ရှင်မဟာကဿပမထေရ်မြတ်ကြီး
ပိပ္ပလိလှိုင်ဂူမှာနေရင်းနဲ့
ပြင်းပြင်းထန်ထန် မကျန်းမမာ ဖြစ်ပါသတဲ့။

ဘာလို့ဖြစ်လဲဆိုတော့
အဆိပ်ပွင့်တွေရဲ့အနံ့ကို
ရှူမိတာကတစ်ကြောင်း
လေအေးအတိုက်ခံရလို့
အအေးမိသွားတာက တစ်ကြောင်း
အဲဒီအကြောင်းနှစ်မျိုးကြောင့်
ဖြစ်သွားတာတဲ့။

ဒါကို မြတ်စွာဘုရားသိတော့ ကြွသွားပြီး
လူမမာ မေးရင်းနဲ့ ဗောဇ္စျင်တရားကို
ဟောပါသတဲ့။
တရားလည်းနာပြီးရော
အရှင်မြတ်ရဲ့ရောဂါတွေဟာလည်း
ယူပစ်သလိုပျောက်သွားပါသတဲ့။

ဘယ်ပုံ ဘယ်နည်း ရောဂါတွေ
ပျောက်သွားလည်းဆိုတာကို စာထဲမှာ
ဘယ်လိုရှင်းပြထားလည်းဆိုတော့-
တရားနာပြီးတဲ့အချိန်မှာ အရှင်မြတ်က
“သြော်-ငါ့သန္တာန်မှာ ဒီဗောဇ္စျင်တရားတွေ
ထင်ရှားဖြစ်နေပါလား,ဒီတရားတွေဟာ
တကယ့်ကိုပဲ ဆင်းရဲဒုက္ခက
လွတ်မြောက်စေတဲ့ တရားတွေပါလား”လို့
စဉ်းစားလိုက်တဲ့အခါမှာ
နှစ်သက်မှုပီတိ,
ငြိမ်းအေးမှုပဿဒ္ဓိတရားတွေ
ဖြစ်သွားတဲ့အတွက်ကြောင့်
သွေးတွေ ကြည်လင်သန့်ရှင်းပြီး
ရုပ်တွေစင်ကြယ်သွားလို့
ရောဂါတွေပျောက်သွားတာပါ တဲ့။

ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးလည်း
ဒီနည်းတိုင်း ရောဂါပျောက်ဖူးတယ်။

ဒီလိုပဲ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း
ရောဂါဖြစ်လို့ ဗောဇ္စျင်တရားကို နာလိုက်တာ
ရောဂါတွေ ပျောက်သွားတယ်။
မြတ်စွာဘုရားကိုတော့ ဘယ်သူက
ဗောဇ္စျင်တရားကို ဟောလဲဆိုတော့
ရှင်သာရိပုတ္တရာရဲ့ညီ
စုန္ဒမထေရ်က ဟောတာပါ။
“ချစ်သားစုန္ဒ သင့်ရဲ့ဉာဏ်ထဲမှာ
ဗောဇ္စျင်တရားတွေကို ထင်စေလော့ “လို့
မြတ်စွာဘုရားက ဟောခိုင်းလို့ ဟောတာပါ။

စဉ်းစားစရာတော့ တော်တော်ကောင်းပါတယ်။
တရားဆိုတာ မြတ်စွာဘုရားဟောပြမှ
ကျန်တဲ့သူတွေ သိကြရတာပါ။
အခု မြတ်စွာဘုရားက တရားနာတယ်ဆိုတော့
“တရားနာခြင်းရဲ့ အခန်းကဏ္ဍဟာ
အလွန်အရေးပါပါလား”လို့
နားလည်စရာရှိပါတယ်။

ဒီအဖြစ်အပျက်တွေကိုကြည့်ရင်း
“ရောဂါနှင့်ဗောဇ္စျင် ဆိုတာ
တွဲပြီးနားလည်ထားရမယ့်
အရာတွေပါလား”လို့ တွေးမိတယ်။

လူဆိုတာ ရောဂါနှင့်မကင်းနှိုင်ဘူး
ဒါကြောင့် လူတိုင်းဟာ
ဗောဇ္စျင်အကြောင်းကို
နောကြေ နေအောင် သိထားသင့်တယ်။

ဗောဇ္စျင်ဆိုတာဘာလဲ။
ဗောဇ္စျင်္ဂ ဆိုတဲ့ စကားကို ဗောဇ္စျင်လို့
အလွယ်ခေါ်လိုက်တာ။
ဗောဇ္စျင်္ဂ ဆိုတာ ဗောဓိ နှင့် အင်္ဂ ကို
ပေါင်းထားတာ။(ဗောဓိ+အင်္ဂ=ဗောဇ္စျင်္ဂ)
ဗောဓိဆိုတာ မဂ်ဉာဏ်ကိုပြောတာ။
သစ္စာလေးပါးကိုသိတဲ့ ဉာဏ်ပေါ့။
အင်္ဂဆိုတာ အစိတ်အပိုင်းလို့
အဓိပ္ပါယ်ရတယ်။
အဲဒီတော့ ဗောဇ္စျင်္ဂဆိုတာ
မဂ်ဉာဏ်ရဲ့ အစိတ်အပိုင်းလို့
အဓိပ္ပါယ်ရတယ်။
မဂ်ဉာဏ်ရဖို့အတွက် ပြည့်စုံရမယ့်
အင်္ဂါတွေလို့နားလည်ရမယ်။
ဗောဇ္စျင်က(၇)ပါးရှိတယ်။

၁။ ကိုယ့်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့
ရုပ်နာမ်သဘာဝတွေကိုဖြစ်တိုင်း ဖြစ်တိုင်း
အမှတ်ရပြီး သိသိနေတဲ့ သတိ။

၂။ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်သဘာဝတွေဟာ
ဖြစ်ပြီး မရှိတော့တဲ့ အနိစ္စတွေ,
ဘာပဲဖြစ်ဖြစ် ဖြစ်ပြီး မရှိတော့လို့
မကောင်းမွန်တဲ့ ဒုက္ခတွေ,
မတည်မြဲတာကို တည်မြဲအောင် လုပ်လို့မရ
မကောင်းတာကိုလည်း ကောင်းအောင်
လုပ်လို့မရ သူ့သဘာဝအတိုင်း ဖြစ်နေတဲ့
တန်ဖိုးမဲ့ အနတ္တတွေ လို့ အမှန်အတိုင်း
ဝေဖန်ပိုင်းခြား သိမြင်ခြင်းဆိုတဲ့ ဓမ္မဝိစယ။

၃။ မကောင်းတာတွေ မဖြစ်အောင်
ကောင်းတာတွေဖြစ်အောင်
ကြိုးစားနေတဲ့ ဝီရိယ။

၄။ ရုပ်နာမ်သဘာဝတွေရဲ့ အကြောင်းကို
သိလာလို့ ပူပန်ညစ်နွမ်းစေတဲ့ ကိလေသာတွေ
ကင်းရှင်းသွားတာနဲ့ အမျှ ဖြစ်ပေါ်လာတဲ့
စိတ်ရဲ့ ကြည်နူးနှစ်သက်ခြင်းဆိုတဲ့ ပီတိ။

၅။ နှစ်သက်ခြင်း ပီတိ အားကောင်းလာနဲ့အမျှ
နှလုံးစိတ်ဝမ်း ငြိမ်းအေးလာခြင်းဆိုတဲ့
ပဿဒ်ဓိ။

၆။ စိတ်ရဲ့ တည်ငြိမ်မှု သမာဓိ။

၇။ အညီအမျှ လျစ်လျူရှုမှုဆိုတဲ့ ဥပေက္ခာ။

ဒီဗောဇ္ဈင်(၇)ပါးကို ပွားများမယ်,
ကိုယ့်သန္တာန်မှာ အကြိမ်များစွာ
ဖြစ်အောင်လုပ်မယ်ဆိုရင်
ခန္ဓာရဲ့ အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို
သိလာမယ်။
သစ္စာလေးပါးကို သိမယ်။
နိဗ္ဗာန်ချမ်းသာကို
မျက်မှောက် ပြုရမယ်” တဲ့။

ဒါဟာ မြတ်စွာဘုရား ဟောထားတဲ့
ဗောဇ္ဈင်တရားရဲ့အနှစ်ချုပ် အဓိပ္ပါယ်ပဲ။

ဒီနေရာမှာ စဉ်းစားစရာ ရှိတာက
မြတ်စွာဘုရားနှင့် အရှင်မြတ်ကြီးနှစ်ပါး
ရောဂါတွေပျောက်သွားတယ်ဆိုတဲ့ နေရာမှာ
နှစ်သက်မှု ပီတိ,ငြိမ်းအေးမှု ပဿဒ္ဓိ
တရားတွေကြောင့် သွေးသန့်ရှင်းပြီး
ရုပ်တွေ စင်ကြယ်သွားလို့ ရောဂါတွေ
ပျောက်သွားတယ် ဆိုတဲ့ အချက်ပါ။

တရားနာလို့ပဲ ဖြစ်ဖြစ်၊
တရားအားထုတ်လို့ပဲ ဖြစ်ဖြစ်
မှန်ကန်တဲ့ အသိဉာဏ်ကို ရတဲ့အခါမှာ
စိတ်ရဲ့ နှစ်သက်မှုပီတိ,
ငြိမ်းအေးမှု ပဿဒ္ဓိဆိုတာ ဖြစ်လာတယ်။
အဲဒီ ပီတိ ပဿဒ္ဓိဟာ
ရောဂါပျောက်ကြောင်းပဲလို့
နားလည်ထားရမှာ။

တရားအားထုတ်ခြင်းမှာ ကြီးမားတဲ့
အကျိုးအာနိသင် ရှိသလို
တရားနာခြင်းမှာလည်း
ကြီးမားတဲ့ အကျိုးအာနိသင်ရှိတယ်။
ဒါကို သံသယ မဖြစ်သင့်ဘူး။

ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တဲ့နေရာမှာ
အဓိက,က
“ကိုယ်ခံအားကောင်းဖို့ လိုတယ်”လို့
ဆိုပါတယ်။
ကိုယ်ခံအားကို နည်းသွားစေတဲ့
အကြောင်းတရားတွေထဲမှာ
အာဟာရ မမျှတတာတွေပဲ
အဓိက အကြောင်းတရား မဟုတ်ဘူး။
စိတ်ဖိစီးမူ များတာတွေ,
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဆင်းရဲရတာတွေဟာလည်း
ကိုယ်ခံအားနည်းခြင်းရဲ့
အဓိက အကြောင်းတရားတွေ
ဖြစ်နေတာ ကို တွေ့ရတယ်။

ဒါကြောင့် ဆရာဝန်တွေ
ညွှန်ကြားတဲ့အတိုင်း သပ္ပါယဖြစ်အောင်
နေထိုင် စားသောက်ရင်းနဲ့
ရုပ်ပိုင်းဆိုင်ရာကို အားရှိအောင်
ကြိုးစားဖို့ လိုသလို
မှန်ကန်တဲ့နည်းလမ်းနဲ့
စိတ်ပိုင်းဆိုင်ရာကိုလည်းအားရှိအောင်
ကြိုးစားရမှာပါ။

ချမ်းသာတဲ့စိတ်မှာ အားရှိတယ်။
အားရှိတဲ့စိတ်ဟာ ရုပ်ကို အားရှိအောင်
အများကြီး ထောက်ပံ့နေတယ်။
ဒါကို လွယ်လွယ်လေး နားလည်နိုင်တယ်။

ဒါကြောင့်-
တရားနာပါ။
အထူးသဖြင့် ဗောဇ္ဈင်တရားကို
နားလည်အောင် နာယူပါ။
တရားအားထုတ်ပါ။
တရားအားထုတ်ရင်း ဗောဇ္ဈင်တရားတွေ
မိမိသန္တာန်မှာ ဖြစ်အောင် လုပ်ပါ။

တရားနာခြင်း၊တရားအားထုတ်ခြင်းကြောင့်
ဖြစ်ပေါ်လာ တဲ့ နှစ်သက်မူ ပီတိ,
ငြိမ်းအေးမူ ပဿဒ္ဓိတရားတွေဟာ
များလာအောင် ပွားမယ်ဆိုရင်
ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကိုတောင် ပို့နိုင်တဲ့
“အရည်အသွေးမြင့်သဘာဝတွေပါ”။

“ကျန်းမာခြင်းမှသည် နိဗ္ဗာန်ဆီသို့ တိုင်အောင်”
ဗောဇ္ဈင်တရားတွေကို အားကိုးနိုင်ကြပါစေ။

(သစ္စာရွှေစည်)
9.2.2020
ည ၁၁ နာရီ

ဒေါက်တာနန္ဒမာလာဘိဝံသ👏

🙏ဒေါက်တာနန္ဒမာလာဘိဝံသ👏

🔹အလင်းရောင်တွေ ပေါ်လာတာတို့
သမာဓိတွေ ကောင်းလာတာတို့
ချမ်းသာမှုတွေ ဖြစ်လာတာတို့
ဉာဏ်တွေ တက်လာတာတို့
သတိတွေ ပိုကောင်းလာတာတို့ဆိုတဲ့ အခြေအနေ အမျိုးမျိုးဖြစ်လာတဲ့အခါမှာ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က သူ့ကိုယ်သူ တရားထူးတရားမြတ်လို့ထင်သွားပြီး အဲဒီနေရာလေးနဲ့ ကျေနပ်သွားရင် လမ်းရပ်သွားတတ်တယ်။ ရှေ့မတိုးတော့ဘူး။ အဲဒါကြောင့်မို့လို့ ဝိပဿ နုက္ကိလေသလို့ ခေါ်တယ်။

🔹အလင်းရောင်ကို သာယာလိုက်တယ်ဆိုရင် ရှေ့မတိုးတော့ဘူး၊ ပြီးရော၊ ဒါတွေက ဝိပဿ နာ စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေ အရပ်တွေသာဖြစ်တယ်၊ ကိုယ်သွားရမယ့်လမ်း မဆုံးသေးဘူး။

🔹ဘာနဲ့တူတုန်းဆိုရင် တောအုပ်ကြီးကို ဖြတ်သန်းသွားတဲ့အခါမှာ ရွာမရောက်ခင် လမ်းမှာ ကျတ်တွေဖန်တီးထားတဲ့ရွာကို ရွာရောက်ပြီလို့ထင်ပြီးတော့ ဒီနားတင်ရပ်တဲ့လူဟာ ဘီလူးအစားခံရသလိုပဲပေါ့၊ အဲဒီနေရာတင်ပဲ သံသရာပြန်လည်သွားမှာပဲနော်၊ ရှေ့မတိုးနိုင်ဘူး။

🔹အဲဒီတော့ ဒါတွေက ထင်ယောင်မြင်ယောင် ဖန်ဆင်းထားတဲ့အရာတွေသာ ဖြစ်တယ်။ အစစ်အမှန် မဟုတ်သေးဘူး၊ အစစ်အမှန်က ရှေ့မှာရှိတယ်၊ ဒါကလမ်း၊ ဒါက လမ်းမဟုတ်ဘူး၊ ငါသွားတဲ့လမ်း မဟုတ်သေးဘူး၊ ဒါက လမ်းမှာဖြစ်နေတယ်၊ ဒါကမှ လမ်းမှန်ဆိုပြီးတော့ ဒါတွေကို ဂရုမစိုက်ဘဲနဲ့ရှေ့ဆက်သွားလိုက်ပြီဆိုရင် ရင့်သန်ထက်မြက်တဲ့ #ဥဒယဗ္ဗယဉာဏ်တခု ရလာတယ်။

🔹ရလာတော့ အဲ့ဒီကနေဆက်ပြီးသွားတဲ့အခါကျတော့ #ဘင်္ဂဉာဏ် ဆိုတာ ဖြစ်လာတယ်၊ ဖြစ်တာပျက်တာထဲကနေပြီးတော့ မြန်လွန်းအားကြီးတာ၊
သတိတွေကလဲ သိပ်ကောင်းလာတယ်
ပညာကလဲ သိပ်ကောင်းလာတယ်
သမာဓိစွမ်းဆောင်မှုတွေကလဲ ထက်လာတယ်ဆိုတဲ့အခါ
ပျက်မှုတွေကို ဒလစပ်သိလာတယ်
ဒလစပ်သိလာတဲ့အခါ ဘင်္ဂဉာဏ်ဆိုတဲ့အဆင့်ကို ရောက်သွားတယ်။

🔹အဲဒီတော့ ဘင်္ဂဉာဏ်ရောက်သွားပြီဆိုကတည်းက
“ဘင်္ဂေါနာမ အနိစ္စတာယ ပရမာကောဋိ တဲ့”
ဒါနောက်ဆုံးအဆင့်ပဲ
အနိစ္စရဲ့နောက်ဆုံးအဆင့်ပဲ
အပျက်တွေချည်းပဲမြင်တာ
ဖြစ်တာတောင် မမြင်တော့ဘူး၊ ဒီလိုဆိုတာ၊ ဘင်္ဂဉာဏ်ရသွားပြီဆိုတာ။

🔹ဘင်္ဂဉာဏ်ရသွားလို့ရှိရင် အနိစ္စလက္ခဏာ အထွဋ်အထိပ်ရောက်သွားပြီလို့ ပြောလို့ရတယ်နော်။
အနိစ္စမြင်ရင် ဒုက္ခမြင်တယ်၊ ဒါက ဆက်စပ်နေတယ်။

🔹”ယဒ နိစ်စံ တံ ဒုက်ခံ၊ ယံ ဒုက်ခံ တဒနတ်တာ”
မြတ်စွာဘုရားက အနိစ္စဖြစ်လို့ရှိရင် ဒုက္ခပဲ၊
ဒုက္ခဖြစ်တဲ့အရာဟာ အနတ္တပဲလို့
တခုနဲ့တခု ဆက်စပ်ပြီးတော့ သိလို့ရတယ်။

🔹ကဲ ကောင်းပြီ၊ အဲဒီလို ဘင်္ဂဉာဏ်ကို ရောက်သွားပြီဆိုတဲ့အခါမှာ ရင့်သန်တဲ့ ဝိပဿ နာ ဉာဏ်ဖြစ်သည့်အတွက်ကြောင့် နောက်ပိုင်းလာတဲ့ ဝိပဿ နာဉာဏ်တွေကျတော့ သင်္ခါရတွေအပေါ်မှာ ရှုမြင်သုံးသပ်မှုလေးတွေပဲ ကွဲသွားတယ်၊ အနိစ္စ ဒုက္ခမဟုတ်တော့ဘဲ ရှုမြင်သုံးသပ်မှုတွေ ကွဲလာတယ်။

🔹ဘယ်လိုကွဲလာသတုန်းဆိုတော့ ဒလစပ်ဖြစ်နေတဲ့ ရုပ်တွေနာမ်တွေကို နောက်ဆုံးမှာ အပျက်တွေချည်းပဲ မြင်လာတဲ့အခါကျတော့ ဘာဖြစ်တုန်းဆို ကြောက်စရာကောင်းလိုက်တာပါလားလို့သိလာတယ်၊ သင်္ခါရတရားတွေပေါ်မှာ သူမြင်ပုံက…
နဂိုတုန်းက ဖြစ်တာပျက်တာပဲမြင်တယ်လေ၊
ကြောက်စရာကောင်းမှန်း သူမသိဘူနော်၊
နောက်ကျတော့ ကြောက်စရာကောင်းလိုက်တာပါလားလို့မြင်လာလို့ရှိရင်

ဘယဉာဏ် ဖြစ်သွားပြီ။

🔹ကြောက်စရာကောင်းတော့ ဘေးရန်တွေ အင်မတန်များလှချည်လားလို့သိလာတဲ့အခါ #အာဒီန၀ဉာဏ်။
သာယာစရာဆိုတာ ဘာတခုမှ ရှာမတွေ့ ပါလား၊
ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ ချက်ချင်းပျက်နေတာတွေဆိုတော့
ဒီအပေါ်မှာ
ကျေနပ်စရာ
၀မ်းသာစရာ
ကြည်နူးစရာ ဘာတခုမှ ရှာမတွေ့ဘူး။
ဒါ #နိဗ္ဗိဒါဉာဏ်။
ကျေနပ်မှုတွေ ဘာမှ မရဘူး။

🔹နိဗ္ဗိဒါဉာဏ် ဖြစ်လာတဲ့အခါ အသိဉာဏ်က အဆင့်ဆင့်မြင့်လာတယ်၊ငြီးငွေ့စရာတွေဖြစ်လာတယ်၊ ငြီးငွေ့စရာတွေ ဖြစ်လာတဲ့အခါကျတော့…
လောက လူတွေဟာ ငြီးငွေ့လာပြီဆိုရင် မထားချင်တော့ဘူးလေ၊
ကိုယ့် အိမ်တောင်မှ ပစ္စည်းတခု အသုံးမ၀င်တော့ဘူးဆိုရင် ဘာလုပ်တုန်း၊
အမှိုက်ပုံးထဲ ထည့်တယ်။
ငြီးငွေ့လာပြီဆိုရင်နော် ဟုတ်ကဲ့လား၊
မလိုချင်တော့ဘူဆို ပစ်တာပဲလေ၊
အခုလဲ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေဟာ ကြောက်စရာကြီးတွေပဲ၊ အပြစ်တွေပဲ။
သာယာစရာတခုမှ၊ အကောင်းတခုမှ မရှိတော့ဘူး ဆိုရင် ပစ်ဖို့ကြိုးစားလာတယ်၊ ဒါကို လွတ်ချင်လာတယ်၊(မုစ္စိတုကမျတာဉာဏ်)။

🔹လွတ်ချင်လာလို့လွတ်ရာလွတ်ကြောင်း ရှာကြံလာတယ်၊ ဘယ်လိုလုပ်ရင် လွတ်ပါ့မလဲလို့ စဉ်းစားတာ #ပဋိသင်္ခါဉာဏ်၊ သင်္ခါရတရားတွေအပေါ် နောက်ဆုံးမှာ ဖြစ်မှုပျက်မှုနဲ့ဒီသင်္ခါရတရားတွေရဲ့ သဘာ၀ဟာ ဒီအတိုင်းပဲလို့မြင်တဲ့အခါ ခုနတုန်းကလို ကြောက်စရာကြီးလို့လဲ မတွေးတော့ဘူး၊ အန္တရယ်ကြီးလို့လဲ မတွေးတော့ဘူး၊ ငြီးငွေ့စရာကောင်းလိုက်တာလို့လဲ မတွေးတော့ဘူး၊ သင်္ခါရတရားကို စူးစမ်းတဲ့ကိစ္စမှာ လျစ်လျူ ရှုတဲ့သဘော ဖြစ်လာတဲ့အခါ #သင်္ခါရုပေက္ခာဉာဏ် ဖြစ်သွားတယ်။

🔹 အဲဒီသင်္ခါရတွေပေါ်မှာ အသိဉာဏ်ရင့်သန်လာတဲ့အခါမှာ ဂရုမစိုက်တော့ဘူး၊ ဂရုမစိုက်တော့ဘဲနဲ့သင်္ခါရဆုံးရာ သင်္ခါရတွေအားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုရှာကြံလာတဲ့ အသိဉာဏ်မျိုးတခု ဖြစ်လာပြီဆိုတဲ့အခါကျရင်…
ဒါဟာ ဝိပဿ နာဉာဏ်ထဲမှာ အထွဋ်အထိပ်ဖြစ်တဲ့
သင်္ခါရုပေက္ခာဉာဏ်လို့ခေါ်တယ်၊ အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်လာပြီဆိုတဲ့အခါမှာ နောက်ဆုံးမှာ #အနုလောမဉာဏ်ဆိုတဲ့ဆိုတဲ့ ပေါင်းကူးတံတားလေးတခု ပေါ်လာတယ်။

🔹ဒီ သင်္ခါရုပေက္ခာဉာဏ်ကိုပဲ အနုလောမဉာဏ် ကူးတော့မယ်ဆိုရင် ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းဖြစ်နေတယ်၊ သင်္ခါရုပေက္ခာဉာဏ်က remain လုပ်နေတာ၊ ဒီဘက်ကမ်းမှာပဲ ရှိေ နတာနော်။

🔹သင်္ခါရတွေရှိနေတာ ဒီဘက်ကမ်း၊
သင်္ခါရတွေ လုံးဝြငိမ်းသွားတာ ဟိုဘက်ကမ်းလို့
သူ့စိတ်ထဲမှာ ခွဲခြားပြီးတော့ မြင်လာတယ်။
ဟိုဘက်ကမ်းကူးဖို့ရာအတွက် တံတားလိုတယ်၊ အဲဒီကူးဖို့ရာအတွက် တံတားအနေနဲ့ ဘာ၀င်လာတုန်းဆိုတော့ ဒီသင်္ခါရတရားတွေကိုပဲ ရှုရင်းရှုရင်းနဲ့ ဘာဖြစ်လာတုန်းဆိုတော့ အနုလောမဉာဏ်ဆိုတာ ပေါ်လာတယ်၊ ပေါ်လာတဲ့အခါမှာ ဒီ အနုလောမဉာဏ် ရလာလို့ရှိရင် ဒီဉာဏ်က နောက်မဆုတ်တော့ဘူး။

🔹#ဂေါတြဘူ ဆိုတဲ့စိတ်က ဟိုဘက်ကမ်းကိုမြင်ရပြီ၊ နိဗ္ဗာန်ကို မြင်ရပြီလို ဆိုလိုတာ၊ အဲဒီ ဂေါတြဘူက မှတ်ချက်ပေးလိုက်တာ…
“သင်္ခါရတွေ ချုပ်တဲ့နေရာဆိုတာ ရှိတယ်” ဆိုတဲ့ မှတ်ချက်ကလေး၊ point out လုပ်တာပေါ့၊ pointer လို ပြလိုက်တာ၊ ပြလိုက်တာနဲ့တပြိုင်နက် ဂေါတြဘူလည်း ချုပ်သွားရော ဘာပေါ်လာတုန်းဆိုတော့ ဟိုဘက်ကမ်းနဲ့တူတဲ့ မဂ်စိတ် လောကုတ္တရာပေါ်လာတယ်။

🔹ဝိပဿ နာဉာဏ်ရဲ့အရှိန်အဝါနဲ့မဂ်စိတ်ပေါ်လိုက်တာနဲ့တပြိုင်နက် ဟိုဘက်ကမ်းကို ဖြတ်ကနဲ့ရောက်သွားသလို ဖြစ်သွားတာပေါ့၊ အဲဒီအချိန်ကလေးမှာ ပယ်စရာရှိတဲ့ ကိလေသာတွေကို ပယ်သွားတယ်။

🔹သောတာပန်ဖြစ်ရင် ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ ပယ်တယ်။

🔹သကဒါဂါမ် ဖြစ်လို့ရှိရင် ကာမရာဂနဲ့ဗျာပါဒတွေကို အားပျော့သွားအောင် လုပ်လိုက်တယ်။

🔹အနာဂါမ်ဖြစ်ရင် ကာမရာဂနဲ့ဗျာပါဒကို လုံး၀ ဖယ်ရှားပစ်လိုက်တယ်။

🔹ရဟန္တာဖြစ်ရင် ကျန်တဲ့ကိလေသာတွေ အားလုံးကို ဖယ်ရှားပစ်လိုက်တယ်။

🔹အဲဒီလိုကိလေသာတွေကို လေးခါဖယ်လိုက်တဲ့အခါ အရဟတ္တမဂ်ဆိုတဲ့ နောက်ဆုံးအဆင့်ကို ရောက်သွားပြီဆိုရင် နောက်ထပ်ဖယ်စရာ ကိလေသာ မရှိတော့ဘူးတဲ့။။
…………………………………

crd

အရှင်အရိယ(ရွှေတမာ)

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (မခွဲခြားကြဖို့ – Not to Discriminate)

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(မခွဲခြားကြဖို့ – Not to Discriminate)

★ ကျေးဇူးတော်ရှင်မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ပထမဦးဆုံး message ကတော့ မခွဲခြားကြဖို့။ မခွဲခြားကြဖို့ ဆိုတဲ့နေရာမှာ ပထမဦးဆုံး မြန်မာနိုင်ငံသူ နိုင်ငံသားအနေနဲ့ ရန်ကုန်မြို့ကိုပဲ ကြည့်အုန်း အထွတ်အမြတ်ဌာနတွေ ဘယ်လောက်ရှိတုန်း အများကြီးရှိတယ်။

★ အဲတော့ ကောင်းတဲ့ဟာတွေ တွေးပြီးတော့ positive အတွေးဖြစ်အောင် လုပ်ပြီးတော့ မေတ္တာတရားနဲ့ အားလုံးကိုတန်းတူရည်တူဆက်ဆံဖို့ လူမျိုးမခွဲခြားဖို့၊ ဘာသာမခွဲခြားဖို့၊ ဘာသာရှိတဲ့သူ ဘာသာမရှိတဲ့သူကြားထဲမှာ ဘာသာသာသနာမခွဲခြားဖို့ အားလုံးက လူသားအချင်းချင်း တူတူပဲတဲ့။

★ ဒါကြောင့် ညီတူညီမျှ မေတ္တာထားကြဖို့ ဆရာတော်ဘုရားကြီးက အမိန့်ရှိတာ။ မိစ္ဆာဒိဋ္ဌိက ဘာသာတိုင်းမှာ ရှိတယ်တဲ့၊ ဗုဒ္ဓဘာသာထဲမှာလည်း ရှိတယ်၊ ခရစ်ယာန်ဘာသာထဲမှာလည်း ရှိတယ်၊ အစ္စလာန်ဘာသာထဲမှာလည်း ရှိတယ်၊ ဟိန္ဒူဘာသာထဲမှာလည်း ရှိတယ်။

★ အဓိကတော့ ငါးပါးသီလမလုံခြုံတဲ့ပုဂ္ဂိုလ်က ဒါ မိစ္ဆာဒိဋ္ဌိပဲတဲ့။ ဒါကြောင့် ဗုဒ္ဓဘာသာအနေနဲ့လည်းပဲ အချင်းချင်းမခွဲခြားကြဖို့။ ဂေါတမမြတ်စွာဘုရားရဲ့ တပည့်အားလုံးအတူတူမေတ္တာထားကြပါ။

★ အဲတော့ သက္ကာယဒိဋ္ဌိကြီး၊ ဒုက္ခကြီးလေ။ သက္ကာယဒိဋ္ဌိနဲ၊ ဒုက္ခနဲလေ။ သက္ကာယဒိဋ္ဌိ ပြုတ်တဲ့အခါကြမှ မိစ္ဆာဒိဋ္ဌိပြုတ်တယ်တဲ့။ သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ ပြုတ်တဲ့အခါကျမှ အဲ့ဒါတွေပြုတ်ပြီးရင် လောဘ၊ ဒေါသ၊ မောဟလည်းပဲ နဲသွားပြီးတော့ ဒုက္ခနဲတယ်။ သူတိုမပြုတ်သေးခင်ကတော့ လောဘ၊ ဒေါသ၊ မောဟကြီးပြီးတော့ ..

အတ္တကြီး၊ ဒုက္ခကြီးလေ၊
အတ္တနဲ၊ ဒုက္ခနဲလေ၊
အတ္တမရှိ၊ ဒုက္ခမရှိပါ။

★ အဲ့ဒီဟာကို ဆရာတော်ဘုရားက ပဋိစ္စသမုပ္ပါဒ်နဲ့လည်းပဲ ရှင်းပြတယ်၊ သစ္စာလေးပါးနဲ့လည်း ရှင်းပြတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအနေနဲ့ ဘယ်လောက်ထိ ကုသိုလ်ကောင်းတုန်းဆိုတော့ နိုင်ငံခြားက ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံထိလာပြီးတော့ တရားအားထုတ်ရတယ်တဲ့။ ဘုန်းဘုန်းတို့ သတိပဋ္ဌာန်တရားလေးပါး ဒီမှာ ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးတည်းက နိုင်ငံခြားကလာပြီးတော့ လေ့လာကြတယ်။

★ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီး မဟာစည်ဆရာတော်ဘုရား အစရှိတဲ့ ဆရာတော်ကြီးတွေလည်းပဲ လူတွေ သံသရာဘေးနဲအောင် သံသရာဘေးကင်းဝေအောင် ဆိုဆုံးမကြတာတယ်။ အဲဒီဟာတွေကို ကိုယ်က ကံကောင်းတယ်ဆိုပြီးတော့ သတိရပြီး လူတွေညီတူညီမျှ ဆက်ဆံပါ။

★ ကိုယ်ကညီတူညီမျှ မဆက်ဆံချင်သော်လည်းပဲ မွေးဖွားတဲ့ ဇာတိတရား၊ အိုတဲ့ ဇရာတရား၊ နာတဲ့ ဗျာဒိတရား၊ သေတဲ့ မရဏတရား ဒီဟာတွေကတော့ ကိုယ်အပါအ၀င် လူတိုင်းညီတူညီမျှ ဆက်ဆံတယ်တဲ့။ အချိန်ရောက်ရင် သူက မျက်နှာမရွေး လူတိုင်းဆီကို ရောက်လာတယ်။ အဲ့ဒီအချိန်မှာ ဘုန်းကြီးကလည်း မကြီးနိုင်တော့ဘူးတဲ့ ဆရာတော် အမိန့်ရှိတဲ့ဟာ။

★ ဒါကြောင့် မမေ့မလျော့နေကြပါ၊ အထူးသဖြင့် ရတနာသုံးပါး မမေ့ကြနဲ့၊ အနန္တောအနန္တငါးပါး မမေ့ကြနဲ့ ဒါ ပထမ message ခွဲခြားဆက်ဆံမှုမရှိဖို့ No Discrimination.

ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

(၇.၂.၂၀၁၈) Novotel hotel တွင် ကျင်းပခဲ့သော ကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော်ဘုရားကြီးဆုံးမသြ၀ါဒခံယူခြင်းနှင့် ပရိတ်တော်များနားကြားခြင်း တရားတော်မှ ရေးသားပူဇော်ပါသည်။

ပျော့နေတာ တွေကြည့်ပြီး အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်… ဆုံးဖြတ်နေကြ တာတွေနဲ့ ပတ်သက်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ရှင်းပြချက်

သေရင် မပုတ်တာ၊ ပျော့နေတာ တွေကြည့်ပြီး အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်ပြောနေကြတာတွေကို ပါမောက္ခချုပ်ဆရာတော်ကြီးဒီလိုမိန့်ထားပါတယ်။
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥

သေရင် မပုတ်တာ၊
ပျော့နေတာ တွေကြည့်ပြီး
အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်… ဆုံးဖြတ်နေကြ တာတွေနဲ့ ပတ်သက်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ရှင်းပြချက်။

“အမြင်နဲ့ ဆုံးဖြတ်သူများ”
–ကြားဖူးတယ်မို့လား အရှင်ကောဏ္ဍညကြီးဆိုတာ။
သူက သံဃာ့ပရိသတ်ထဲမှာ မနေဘူး။
တကယ့်ကိုသံဃာတွေရဲ့နောင်တော်ကြီးသဖွယ် တရားထူး တရားမြတ်ကို ပထမဆုံးရတဲ့ပုဂ္ဂိုလ်ကြီး။ ဒါ့ကြောင့် အညာသိကောဏ္ဍညော၊ အဦးဆုံးသိတဲ့ အရှင်ကောဏ္ဍည ဒီလိုဆိုတာ။
သူကလည်းပဲ အရှင်သာရိပုတ္တရာတို့လို ထက်မြက်တဲ့ပုဂ္ဂိုလ်တွေ ရောက်လာတဲ့အခါ သူကထေရ်ကြီးဝါကြီးဖြစ်တော့ သူ့ကို အရိုအသေပေးနေရတာတွေ jealousy မဖြစ်ဘူး ရဟန္တာ-ဆိုတာ။
အခုခေတ်ဆိုလို့ရှိရင် ငါ့နောက်မှလာပြီးတော့
ငါ့အထက်ကရောက်တယ်ဆိုပြီး jealousy ဖြစ်ချင်ဖြစ်မယ်။
သူ့မှာjealousy မရှိဘူး။
အော် သူတို့
(အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်) ဒီထူးချွန်ထက်မြက်မှုဟာ သာမန်နဲ့ရတာမဟုတ်ဘူး။
ဘဝါ ဘဝ က ပါရမီတွေဖြည့်ခဲ့ရတယ်။ အင်မတန်ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ ငါရှိနေရင် သူတို့အနေအထိုင်ခက်လိမ့်မယ်ဆိုပြီး သံဃာ့ပရိသတ်ထဲမှာ မနေဘူး။
ဟိမဝန္တာတောင်က ဆဒ္ဒအိုင်ဆိုတဲ့ ရေအိုင်ဘေးမှာ
သွားနေတယ်။ တောကျောင်းထဲမှာ သွားနေတယ်။
သံဃာ့ပရိသတ်ထဲကို မလာဘူး။ သူ့ကိုပြုစုတာက
လူတွေ မဟုတ်ဘူး တောဆင်ရိုင်းတွေက သူတို့ကို ပြုစုနေတာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မေတ္တာက တအားကောင်းတာကိုး။ ဆင်တွေရဲ့အလုပ်အကျွေးကိုခံပြီးတော့ အဲ့ဒီမှာပဲ ပရိနိဗ္ဗာန်ပြုသွားတယ်။
သို့သော် ပရိနိဗ္ဗာန် စံခါနီးလေးကိုတော့ မြတ်စွာဘုရားကို လာကန်တော့သွားသေးတယ်။ နောက်ဆုံးကန်တော့တဲ့အနေနဲ့ လာဝန်ချကန်တော့သွားတယ်။ အဲ့ဒီမှတ်တမ်းတွေကတော့ သံယုတ်ပါဠိတော်မှာ ကောဏ္ဍညသုတ်-ဆိုတာ အဲ့ဒီမှာ မှတ်တမ်းတွေ ရှိတယ်။
အရှင်ကောဏ္ဍည ပရိနိဗ္ဗာန်စံတော့ ဘယ်လိုပရိနိဗ္ဗာန်စံတုန်းဆိုတော့ ထိုင်လျက် သမာပတ်တွေ ဝင်စားပြီးတော့ ထိုင်လျက် ပရိနိဗ္ဗာန်စံသွားတယ်။
အခုခေတ်ကတော့ သေတာလိုက်ကြည့်ပြီးတော့
လက်ယာဘက်စောင်းရင် အရိယာတို့ဘာတို့ လျှောက်ပြောနေတာ။
အကုန်လုံး ပုံသေမမှတ်ရဘူး ဒီကိစ္စတွေက သူစောင်းချင်တဲ့ဘက် စောင်းမှာပဲ လေးတဲ့ဘက်စောင်းမှာပဲ။
အဲ့ဒါနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာ။ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာတွေတောင်မှပဲ မတ်တပ်ရပ်လျက် ပျံလွန်တော်မူတာ။
ထိုင်လျက် ပျံလွန်တော်မူတာ ရှိတယ်။
ဘယ်လိုလို့ လက်ယာဘက်စောင်းသွားမှာတုန်း။ တချို့က အဲ့ဒါတွေ လိုက်ပြီးတော့ အော် ဘယ်ဖက်စောင်းသေတာတုန်း ဒီလိုစာထဲလည်း မရှိပါဘူး။ ဘယ်သူကစပြောလဲ မသိဘူးဒါတွေ။ အရပ်ထဲမှာပြောတာတွေ စာထဲမှာမရှိတဲ့အကြောင်း ထည့်ပြောပြတာ။
သူဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်ချင်လည်းမဖြစ်ဘူး။ ဒါတွေက Evidence မဖြစ်သင့်ဘူး။
နောက်ရှိသေးတယ်။
သေသွားပြီးတော့ ပျော့နေတယ်။ ဒါ့ကြောင့်မို့လို့
တရားထူးတရားမြတ်ရတယ်။ ရဟန္တာပဲ ဒါလည်း
မဖြစ်သင့်ဘူး။
ဒီဟာလည်း အဓိကမဟုတ်ဘူး။
ဒါက လူ့ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ သက်ဆိုင်တယ်။ ပူတိဂတ္တ တိဿမထေရ် -ဆိုတာ တကိုယ်လုံးရောဂါဖြစ်ပြီးတော့ ပုပ်ပွပြီးတော့ ပရိနိဗ္ဗာန်စံသွားတာပဲ။ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာကြီးပဲ။
အဲ့ဒီတော့ ဒီရုပ်နဲ့ပတ်သတ်ပြီးတော့ Evidence ရှာတာ မမှန်ဘူး- လို့ပဲ ပြောရမယ်။
အကျင့် နှလုံးသွင်းတရားနဲ့ပဲ လိုက်ပြီး စဉ်းစားရမယ်။
ဒီလိုမှ မဟုတ်ရင် မှားမှားယွင်းယွင်းတွေ အများကြီးဖြစ်နိုင်တယ်။
အပေါ်ယံကို မကြည့်သင့်ဘူးလို့။ ရုပ်ပိုင်းဆိုင်ရာတွေက အကုန်လုပ်လို့ ရတယ်လေ။
ဓာတ်တော်တွေ ကျအောင်လုပ်လို့ ရတယ်။ Chemical နဲ့ ဓာတ်တော်ကျအောင် လုပ်လို့ရတယ်။
လုပ်နေတဲ့သူတွေလည်း ရှိပုံရတယ် ကြည့်ရတာ။
အဲ့ဒီတော့ ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကြည်ညိုလေးစား။
ဓာတ်တော်မကျလို့လည်း မပြစ်မှားလေနဲ့။
ဒါ့ကြောင့်မို့လို့ မြတ်စွာဘုရားက ထူးဆန်းအံသြဖွယ်ကို လုပ်မပြရဘူးလို့ ဟောထားတာ ရှိတယ်။
ဘာပြုလို့တုန်းဆိုတော့ လောကမှာ မျက်လှည့်အတတ်
တွေအများကြီးရှိတယ်တဲ့။ ဘုန်းကြီးတို့ဟောထားတယ် “အစွမ်းတန်ခိုးများနဲ့သာသနာ” ဆိုတာ ဒါ သတိထားစရာတွေ ဟောထားတာ။
ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊
အနုသာသနီပါဋိဟာရိယ ဆိုပြီး (၃)မျိုးရှိတဲ့ အထဲမယ် တန်ခိုးမပြရဘူး။
ဣဒ်ဓိပါဋိဟာရိယ၊ အာဒသေနာပါဋိဟာရိယ၊ မပွရဘူး။
အနုသာသနီပါဋိဟာရိယ – ဆုံးမ သွန်သင်မှုကိုသာ ပြုရမယ်လို့။
မြတ်စွာဘုရားက ဒီလို ဆုံးမထားတာ။
ဘာဖြစ်လို့လဲဆိုတော့ စိန္တာမဏိ-အတတ်ပညာတွေ
ရှိတယ်တဲ့ သူများစိတ်ကို သိတဲ့အတတ်တွေ။ တော်ကြာကျတော့ ရဟန္တာဖြစ်ပြီးတော့ တကယ်ရဟန္တာဖြစ်နေတဲ့ပုဂ္ဂိုလ်က မစဉ်းစားလို့ဖြစ်စေ မဆင်ခြင်လို့ဖြစ်စေ မသိဘူးဆိုရင် အဲ့ဒီပုဂ္ဂိုလ်ကိုသွားပြစ်မှား
တော့မှာပေါ့။
သူများစိတ်ကို သိမှု မသိမှုနဲ့ ရဟန္တာကို သွားတိုင်းတာလို့ရှိရင် တကယ့်ရဟန္တာကြီးက မသိဘူးဆိုရင် ပြစ်မှားကုန်တော့မှာပေါ့။ ဥပမာ-မယ် တန်ခိုးမရှိတဲ့ ရဟန္တာတို့ သွားပြီး ပြစ်မှားမိတော့မှာပေါ့။
နောက်တစ်ခါ အခုခေတ်လူတွေပြောနေသလို
နေထိုင်တဲ့အချိန်လေးကို ဒီဆရာတော်ကြီးကတော့ အနေအထိုင်ကောင်းတယ်။ အကျင့်ကောင်းတယ်
သို့သော် ပျံလွန်မူတဲ့အခါ ညာဘက်မစောင်းပဲ ဘယ်ဘက်စောင်းသွားတယ်ဆိုပြီး သွားပြစ်မှားရင်လည်း ဒုက္ခရောက်မှာပဲ။ သူစောင်းချင်တဲ့ဘက် စောင်းမှာပေါ့ ဒါကတော့။
မြတ်စွာဘုရားသာ ကျိန်းတဲ့အခါ ဘယ်ဘက်စောင်းအိပ်တယ်ဆိုတာ အတိအကျရှိတာ။
ကျန်တဲ့ရဟန္တာတွေက ထိုင်လျက်ပျံလွန်တော်မူတဲ့ ကိုယ်တော်ရှိတယ်။ မတ်တပ်ရပ်ပျံတော်မူတဲ့ ကိုယ်တော်ရှိတယ်။ ဘယ်လိုလုပ် စောင်းမှာတုန်း အဲ့ဒီကျတော့။
အရှင်ကောဏ္ဍည-ဆို ထိုင်လျက် ပရိနိဗ္ဗာန်စံသွားတာလေ။ အရှင်အာနန္ဒာဆို ဘယ်ဘက်စောင်းလို့ရမှာတုန်း ကောင်းကင်မှာ ပရိနိဗ္ဗာန်စံသွားတာ။
ကဲ ဘယ်လိုလုပ် လက်ယာဘက်တွေ ပြောလို့ရမှာတုန်း။
ဒါတွေဟာ မဟုတ်ဘူးဆိုတာတော့ သိထားဖို့ လိုအပ်တယ်။
ဒါတွေက Evidence မဖြစ်သင့်ဘူး။ သာဓက မဖြစ်သင့်ဘူး။ တရားထူးတရားမြတ်ရခြင်းရဲ့
သာဓက-မဖြစ်သင့်ဘူး။
တရားထူး တရားမြတ်ရခြင်းရဲ့ သာဓက-က သူတော် သူမြတ်တို့ရဲ့ နှလုံးအိမ်မှာဘာတွေ ရှိတယ်ဆိုတာ အဓိက။
တစ်ခါတုန်းက ဘုန်းကြီးတို့နဲ့အလွန်ရင်းနှီးတဲ့
ဒကာကြီးတစ်ယောက် အိန္ဒိယသွားတဲ့အခါ ဗုဒ္ဓဂါယာမှာ- ဟိုနားက မြေလေးကောက် ခဲလေးကောက်နဲ့ သယ်လာတာ။
“ဒကာကြီးလို့ ဒါတွေဘာလို့ကောက်နေတာလဲ” လို့ဆိုတော့ ဟာ ဒီမြေတွေက အင်မတန်ထူးတယ်-တဲ့။
အမလေး ကုလားမစင် စွန့်ထားတဲ့ မြေတွေလို့ ဒီနားက။ ဘုရားဟောတဲ့ တရားပဲ
ကျင့်ပါလို့ ဒီရုပ်ဝတ္ထုတွေကို မကိုးကွယ်စမ်းပါနဲ့လို့ပြောရတယ်။ တစ်ချို့က အဲ့လိုတွေ ဂင်္ဂါမြစ်ရေဆိုပြီး မှာတဲ့သူက ရှိသေးတယ်။
တစ်ခါတုန်းက အဲ့ဒီက ပါဠိပါမောက္ခကြီးတစ်ယောက်ဆုံးတော့ သူက ဗုဒ္ဓဘာသာ။
သူဆုံးတော့ ဘုန်းကြီးကို ညသန်းကောင်ကြီးလာနှိုးတယ်။ သွားပြီးတော့ ပရိတ်တွေဘာတွေ သွားရွတ်ပေးရတယ် သူ့ကို။
သွားရွတ်ပေးတော့ မနက်ကျတော့ သူတို့အိမ်ကလည်း ဂင်္ဂါမြစ်ထဲသွားပြီး မျက်နှာသစ်တယ်။
အိုး မျက်နှာသစ်ဖို့ နေနေသာသာ ခြေတောင်မဆေးချင်ဘူး။
မြင်ထားတာက အလောင်းကောင်တွေ မြစ်ထဲချပြီး မျောချတာက ခနခန တွေ့နေရတာ။
ရေတွေကလည်း နောက်ကျိလို့။
အဲ့ဒီတော့ ဒီဂင်္ဂါမြစ်ရေရဲ့ အစွမ်းထက်တယ်တို့ ဘာတို့ ဒီလို ယူဆတာက သူတို့ Brahman တွေရဲ့ အယူအဆသာဖြစ်တယ်ပေါ့။
Holy water ဆိုပြီးတော့ ရုပ်ဝတ္ထုကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်း အများကြီး။
ဗမာပြည်မှာ တစ်ခါတုန်းက စစ်ကိုင်းက ဧရာဝတီမြစ်ရေဟာ တန်ခိုးကြီးတယ်လို့ဆိုပြီးတော့ ကသည်းစစ်တပ်ကနေ လာတိုက်ဖူးတယ်။ အဲ့ဒီရေကိုရချင်လို့ လာတိုက်တာ။ လာတိုက်ပြီး ရေယူပြီး ပြန်သွားကြတယ်။ ဘယ်ဧရာဝတီမြစ်ရေ အဲ့ဒီလိုသာ တန်ခိုးကြီးမယ်ဆိုရင် မြစ်ရေကြောင့် သန့်ရှင်းမယ်ဆိုရင် ရေထဲက ငါးတွေအကုန် နတ်ပြည်ရောက်ကြမယ်။
လူဆိုတာတခါတလေ မစဉ်းစားနိုင်ဘူး ဖြစ်နေကြတယ်။ ဒါကြောင့်မို့ အကြောင်းအကျိုးဆင်ခြင်မှုဟာ သိပ်ကိုအရေးကြီးတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ အစွန်းမရောက်သင့်ဘူး။
ဒါ စပ်မိလို့ပြောတာ။ အရှင်ကောဏ္ဍညက ထိုင်လျက် ပရိနိဗ္ဗာန်ပြုသွားတယ်။ အဲ့ဒီတော့ လက်ယာဘက်တွေ ကျယ်လောင် ကျယ်လောင်ပြောလာလို့ရှိရင် ဒါတွေက Evidence မဖြစ်သင့်ဘူးပေါ့။ ရဟန္တာဖြစ်ခြင်းရဲ့အကြောင်းဆိုတာ မဖြစ်သင့်ဘူးပေါ့။
ဥပမာတစ်ခုပြောပြမယ်။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ စကြဝတေးမင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအတူတူပဲ။ အတူတူဆိုတာ
အရိုးတွေက ကွင်းဆက်တွေ။ ပစ္စေကဗုဒ္ဓကျတော့
ချိတ်ဆက်-ရဟန္တာကျတော့ သာမန်ပဲ။ အဲ့ဒါကို အမှတ်လွဲပြီးတော့ ရဟန္တာ-ကို ချိတ်ဆက်လို့ ပြောနေကြတယ်။ စာထဲပါတာ အဲ့လိုပါတာ မဟုတ်ဘူး။
ပစ္စေကဗုဒ္ဓါကမှ ချိတ်ဆက်-
ဘုရားတို့ စကြာမင်းတို့ကြတော့ ကွင်းဆက်- ဒီလို ဆိုတာ။
အဲ့ဒီတော့ စကြာမင်းအရိုးတွေ့ပြီး ဒါ ဘုရားအရိုးလို့ ဘယ်သတ်မှတ်လို့ ရပါ့မတုန်း။
ခန္ဓာကိုယ်တည်ဆောက်မှုသာ တူတာ။ စကြာမင်းက ဘုရားဖြစ်တာမှ မဟုတ်တာ။
သို့သော် ခန္ဓာကိုယ်တည်ဆောက်မှုက ဘုရားနဲ့ သွားတူတယ်လေ။ သူလည်း ဘုန်းကဲပါရမီရှင်ဖြစ်နေသည့်အတွက်ကြောင့် သွားတူတာရှိတယ်ပေါ့။
အဲ့ဒီတော့ အရိယာနဲ့တူတဲ့ ပုဂ္ဂိုလ်တွေရော မရှိနိုင်ဘူးလား။
ရှိတယ်လေ။
ဒီရုပ်တွေဟာ ကံကြမ္မာနဲ့ဆိုင်တယ်။ ရုပ်တည်ဆောက်မှုတွေဟာ။ အဲ့ဒီရုပ်တည်ဆောက်တာနဲ့ပဲ ဒါရဟန္တာဖြစ်ရမယ်လို့ သွားတွက်လို့ မရဘူးလေ။
သူ့ရဲ့အကျင့်နဲ့သာ ပတ်သက်တယ်။
( ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ)
မှတ်ချက်[အငြင်းပွားသူတို့၏ အတွင်းရေးများ တရားတော်မှ ကောက်နှုတ်ချက်
စာဖတ်သူ ဓမ္မမိတ်ဆွေများ အတွက်
ရည်ရွယ်ပြီး ဆရာတော်ဘုရားများ
ဟောပြလမ်းညွှန်ထားသောတရား တော်များမှအသိဉာဏ် ဗဟုသုတနှင့်
ကုသိုလ်တရားများစဉ်ဆက်မပြတ်တိုး
ပွားစေရန်နေ့စဉ် ဓမ္မအကြောင်းရာ
လေးတွေ မျှဝေ တင်ပြအပ်ပါတယ်။]
{ဓမ္မမိတ်ဆွေများ အားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး
လိုရာဆန္ဒများ ပြည့်စုံကြပါစေသံသရာ
၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ
ကျွန်တော့်၏ Post များမှ ဓမ္မတရား
တော်များကို အများသူငါဖတ်ရှုလေ့
လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့် ၍ဝေမျှ Shareခြင်းဖြင့့််ကုသိုလ်
ယူနိုင်ကြပါသည် ခင်ဗျာဤဓမ္မဒါနကို
ဝေမျှရသောကုသိုလ်ကြောင့်နိဗ္ဗာန်အ
တွက်ကြီးစွာသောအထောက်အပံ့ဖြစ်
ပါရေစ . . . ။}♥♥♥♥♥♥♥♥
Credit to မေတ္တာဖြင့်ဓမ္မဒါနဝေမျှသူ
တစ်စုတစ်စည်းထဲဖတ်နိုင်ဖို့ copyယူ၍ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

လူ့ဘုံ(မဟာဗောဓိမြိုင်ဆရာတော်)

✤ကာမ ကိစ္စကျတော့ အရင်ကလုပ်ခဲ့ဘူးတော့
ဒီဘဝမှာလည်း ဆရာမပြဘဲနဲ့တောင်တက်ပါ့ဗျာ။ စျာန်ကိစ္စကျတော့ ဆရာပြတာတောင် သဘောပေါက်ရဲ့လား။
မလုပ်ခဲ့ဘူးဆိုတာ သေချာတယ်ထင်သဗျာ။
ဒီလိုဆို ကိလေသာကို ရှို့မြိုက်ဖျက်စီးပြီး
ဆန်ပြီးဆန်ပြီး တက်ဘူးတဲ့ ဗြဟ္မာဘုံကို ရောက်ဖူးဘို့ တော့ တော်တော်ခဲရင်းလ်ိမ့်မယ်။
နတ်ပြည်ကတော့ တစ်ခါတစ်လေတော့ရောက်ဖူးမှာပေါ့လေ။
သူ့တော့ရောက်ဖူးတယ်ပြောရမှာပေ့ါ။
လူ့ဘုံကတော့ မကြာမကြာလောက်တော့ ရောက်ဖူးတယ်ထင်တယ်။
အမွဲလား၊မကွာမကွာလား။
မကြာမကြာလောက်တော့ဖြစ်မှာပါ။
အမြဲတော့ မဖြစ်နိုင်ပါဘူး။

✤ဘာဖြစ်လို့တုန်း…
တစ်ရက်အတွင်း ဖြစ်နေတဲ့စိတ်ကို
သုတေသနပြုကြည့်။
မောဟက တိရစ္ဆာန်သွားမှာကွဲ့။
အိပ်ပျော်နေတဲ့ ညတစ်ဝက်က ဘာစိတ်တုန်းဟေ့။
မောဟထင်တယ်။
အိပ်ပျော်နေတုန်း လိုချင်တာရှိလား။
မုန်းတာတွေ ဒေါသတွေရှိလား။ကဲမောဟဗျာ့။
ညတစ်ဝက်ကလည်း တိရစ္ဆာန်ဘုံသွားတာထင်တယ်။
သူလည်း မျောလိုက်သွားတာ ထင်တယ်။
ဆန်တက်သလား?မျောလိုက်သလား?မျောလိုက်တာပါ။
နှိုးတဲ့အချိန်ကျမှ ဒါတောင် သုန်သုန်မှုန်မှုန်နဲ့ နေမှာပါ။

✤လိုချင်တာလေးတစ်ခုရှိမှ လောဘကလာတာ။
လိုချင်တာလေး သူ့လက်ထဲရောက်လို့
သူစိတ်တိုင်းကျရင် လောဘက ပြန်သွားတာ။
ကျန်တဲ့အချိန် မောဟအတိုင်းပဲ။
တွေတွေဝေဝေဘဲ။
မှတ်စိတ်မရှိရင် မောဟထင်တယ်။

✤ဒေါသကလည်း သူ့မခံချင်စရာလေး
တစ်ခါရှိမှ တစ်ပွက်တစ်ခါ ဖြစ်တာပေါ့။
ငါးပွက်သလိုထင်တယ်။
သူ့စိတ်တိုင်းကျ သူ ပြုကျင့်ရရင်
ကျေနပ်သွားတာ။
ကျန်တာက မောဟပဲကျန်တာ။
အဲ့တော့ နေ့မှာလည်း မောဟပဲ။

✤ထိုင်နေရင်းနဲ့စိတ်တွေ တောင်စဉ်ရေမရ အတွေးတွေ ဝင်မနေဘူးလား။
တစ်ခါတစ်လေ တစ်ခုတည်းမှာကို
ဝဲလှည့်နေသလို ဒီကိစ္စကို လုပ်ရကောင်းမလား၊မလုပ်ရကောင်းမလား၊
ချီတုံချတုံတွေရော ဖြစ်တက်ဘူးလား။
ဒါလည်း မောဟပဲ။

✤အဲ့တော့ မောဟက ၂၄နာရီ ဘယ်လောက်ဖြည့်စီးထားသလဲ။
အများဆုံး ၂၃ နာရီလောက်ရှိလိမ့်မယ်။
၂၄ နာရီမှာ မောဟက
တိရစ္ဆာန်ဖြစ်မယ့်မျိုးစေ့က
ဘယ်လောက်ရှိမယ်ထင်တုန်း။
အများဆုံးပါ။ သူသည် ပထမဇောထင်တယ်။

✤လောဘက လိုချင်တဲ့စိတ်၊
လိုချင်တာလည်း တစ်နေ့တာလုံးလုံး
လယ်လည်း လယ်မို့၊ယာလည်း ယာမို့၊ တို့မြို့မှာလည်း အရောင်းဝယ်မို့၊ရုံးမှာမို့။
သူလိုချင်တာလေးလည်း ဒုတိယတော့ လိုက်လိမ့်မယ်။
လိုချင်တာ မရတဲ့အချိန်ကျမှ
ဒေါသက လာလိမ့်မယ်။
လိုချင်တာ လက်လွှတ်ဆုံးရှုံးတဲ့အခါမှ ဒေါသက လာလိမ့်မယ်။

✤လူ့ဘဝရောက်တုန်း ကောင်းမှုပြုမယ်ဆို ဆွမ်းတော်ကပ်ဘူးလား။
ဒါတောင် သြကာသ ရလို့ဆိုတာဗျ။
မောဟနယ်ထဲက ဆိုနေတာ။
ကိုယ့်စိတ်နဲ့ကိုယ် ဆိုနေတာလား?
ရလို့ဆိုနေတာလား?
ရလို့ဆိုနေတာပါ။
သြကာသ တစ်ပုဒ်လုံး ဘုရားစီ တည့်တည့်ရောက်သလားဟေ့။
အမယ်..ကောင်းမလားလို့ ဆွမ်းထွက်လောင်းတော့လည်း
ဘုန်းကြီးသပိတ်နဲ့ကိုယ့်စိတ်နဲ့တည့်သလား။ တည့်မှာမဟုတ်ပါဘူး။

✤ကောင်းတာလုပ်တာတောင် မောဟ ကင်းလားဗျ။
ကောင်းမှုလုပ်တဲ့ထဲလည်း
မောဟက နှုတ်ဦးမှာပါဗျ။
ဒါတောင်များများကြီးမလုပ်နဲ့၊
ဒီလောက်ဆို တော်ရောပေါ့တဲ့။
အထက်တက်မှာဆိုးလို့ဗျ။
မောဟက များများကြီးလုပ်ခွင့်ပြုလား။

✤ဒီလိုဆို မောဟသည် တိရစ္ဆာန်ဖြစ်မှာဆိုတော့
တိရစ္ဆာန်ရဲ့ဉာဉ်ကတော့
ကြိုက် ကြိုက်သလို
လိုက်တော့တာပဲ။
ခွေးကြည့်,မြွေကြည့်,ကျားကြည့်ပါ။
သူတို့ကြိုက် ကြိုက်သလိုဘဲ။
စောင့်စည်းသေးလား။

✤အော် ငါဒီလိုလိုက်လို့
သူ့ခမျာ ကြောက်လို့ပြေးရှာတာပဲဆိုပြီး
နားနေရစ်သလားဟေ့။

✤မိပြန်တော့ကော–
ဟိုက တောင်းပန်လိုက်တာ။
သူ့အသက်ကလေးနှမျောလို့တစ်ဖက်က။
အဲ့တော့ ကျားကြီးကရော ကိုယ်ချင်းစာစိတ်နဲ့ လွှတ်လိုက်ရောလား။

✤ကြိုက် ကြိုက်သလို လိုက်တာပေါ့။
မကြိုက်တော့ကော မကြိုက်သလို တိုက်တာပဲ။
မသိတော့ကော မသိသလို လိုက်တာပဲ။
ဒီစိတ်တွေသည် တိရစ္ဆာန်တွေဆီက ပါလာတဲ့ စိတ်တွေ။
တို့စိတ်မဟုတ်သေးဘူး။
လူစိတ် စစ်စစ် ဟုတ်သေးလားဟေ့။

✤တိရစ္ဆာန် ဘဝတစ်ရာလောက်မှ လူတစ်ဘဝ ပြန်ရသတဲ့။
ဘာလိုဆိုတော့ ဟိုဘက်က မောဟက
အကျိုးပေး ဆက်ဆက် ဆက်ဆက်ပြီး
အားနည်းပြီဆိုမှ ကောင်းတဲ့ကံလေးထပြီး
အလှည့်ကျခွင့်ရသတဲ့ဗျာ။

✤တိရစ္ဆာန် ဘဝ တစ်ရာလောက်မှ
လူ တစ်ခေါက်တစ်ခေါက်ဆိုတော့
လူ့ပြည်က ဧည့်သည်ဖြစ်နေတယ်တဲ့။
တိရစ္ဆာန်ပြည်က ကိုယ့်အိမ်ဖြစ်နေတယ်။

✤ရှာဖွေတဲ့ပစ္စည်းတွေ ကောင်းတာဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် အရူးလည်း အရူးနဲ့ ထိုက်တန်တဲ့ပစ္စည်းလေးတော့ နှမျောတာပဲ။
လိုချင်တာပဲ။ ခင်မင်တာပဲဗျ။
ဒုတိယ ခင်မင်စိတ်လိုက်တဲ့အတွက်ပြိတ္တာဖြစ်တာ ဒုတိယလိုက်တယ်။
အိမ်စွဲ အိမ်နားက မကျွတ်ဘူး။
သားစွဲ သားနား၊သမီးစွဲ သမီးနား။မကျွတ်မလွတ်ပေါ့ဗျ။

✤စွဲတဲ့နေရာ ငြိတာပဲ။
နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
စွဲရင် ငြိတာပဲ။ ပြိတ္တာက ခင်မင်စိတ်က ပို့မှာလေ။

✤တို့ရန်ကုန်တုန်းက တို့နဲ့အတူနေ ပုဂ္ဂိုလ်တစ်ဦးက လျှောက်ဖူးပါတယ်။
ဒကာကြီးပါပဲ။သူ့အဖေက သစ်တောဝန်ထောက်ကြီး။
ရှေးခေတ်က ဘန်ဂလိုဆိုတာ တောထဲမှာရှိတယ်။
အဲ့မှာသူတို့နေတယ်။
နေရင်းနဲ့သူ့အိမ်က အစေခံခေါ်မှာပေါ့လေ၊အမျိုးသားပေါ့။
တောထဲက ဘန်ဂလိုမှာနေရင်း ပျက်စီးသွားတယ်။
ပျက်စီးပြီးညကျတော့ ခြံအပေါက်ထွက်က
ပိတောက်ပင်အောက်က သူ့အသံကြားနေရတာ။
နားထောင်တော့ လူသံပဲ။
သေသေချာချာနားထောင်တော့ လူစကားမဟုတ်ဘူးတဲ့။
သူ့အဖေက ဒီကောင်မကျွတ်ဘူး၊
ဒီနားမှာရှိရမယ်။
မင်းတို့ပိတောက်ပင်အောက်ကို တူးကြည့်ကြစမ်းကွာလို့
နောက်ရက် မနက်ကျခိုင်းတယ်။
ခိုင်းတော့ တူးကြည့်တော့ ဆေးတံ ဘောက်ဗူးလေး တွေ့ဖူးမှာပေါ့။
လင်ကွန်တို့။ဘလူးစတားတို့။
လင်ကွန်းစေးတံက ဘောက်ဗူးလေးထဲမှာ။မြေစေးအိုးမဲမဲလေး။
စေးတံလေးတစ်ခုနဲ့ငွေတမူးကို လင်ကွန်းသံဗူးထဲထည့်ပြီးမြှပ်ထားတာ။
ပိတောက်ပင်အောက် အဲ့တာစွဲလို့၊အဲ့ဒီမှာ ပြိတ္တာဖြစ်သတဲ့။
ဘယ်လောက်တန်ဖိုးရှိသလဲဟေ့။
မရှိပါဘူးနော်။ အဲ့တော့ တန်ဘိုးကြီးမှ စွဲမှာလား။

✤ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ
ခင်မင်စိတ်က အဲ့နေရာမှာစွဲ
အဲ့နေရာမှာငြိတယ်။

✤ပြိတ္တာသည် ဒုတိယအဖြစ်များဆုံးထင်တယ်။
ငရဲကတော့ အလွန့်ကို ဒုစရိုက်မှုကျူးလွန်နေပြီး
ဘာမှမသိတက်တဲ့ဟာမျိုး။
လူ့တိရစ္ဆာန်ခေါ်မှာပေ့ါ။

✤တိရစ္ဆာန်ဘုံကနေပြီး ကောင်းမှုကုသိုလ်တစ်ခုကြောင့်
လူ့ဘဝရောက်လာပြန်တော့လဲ
တိရစ္ဆာန်ဉာဉ် မပျောက်ကြဘူး။

✤ကောင်းတဲ့စေတနာလေးက
၂၄ နာရီမှာ မပြောပလောက်စွာပွင့်တာ။
မပြောပလောက်တဲ့ အပွင့်လေးက
အလှည့်ကျလို့လူရယ်လိုဖြစ်လာတာ။

✤ခက်ခက်ခဲခဲကြားက ရလာတဲ့ လူရယ်လို့ဆိုရမယ်။
လူ မှ လူ
လူ မှ နတ်
လူ မှ ဗြဟ္မာ
လူ မှ အရိယာဘုံထိ သွားခွင့်ဟာ ဒီမှာပဲရှိတယ်။

✤အဆင့်တက်နိုင်ရင် အဆင့်တက်ခွင့်ခေါ်မလား။
တက်ချင်ရင် တက်ခွင့်ခေါ်မှာပေါ့။
ရောက်မယ်ပြောတာ မဟုတ်ပါဘူး။
တက်ချင်ရင် တက်ခွင့်ရှိတယ်။
ဒါ လူ့အခွင့်အရေးပဲ။

✤ဘာဖြစ်လို့တုန်းဆိုတော့
ကိုယ်နဲ့စိတ် ကောင်းကံပြုနိုင်တာ
လူ့ဘုံပဲရှိတယ်။

မဟာဗောဓိမြိုင်ဆရာတော်
credit mya Htay

⚝ မင်္ဂလာပါ
⚝ရွှင်လန်း⚝ချမ်းမြေ့⚝ပါစေ⚝
➖➖➖➖➖➖➖➖➖➖➖➖➖

“ ကိုယ်ချင်းစာစိတ် “

ကိုယ်ချင်းစာနိုင်တာလည်း
လူ့အရည်အချင်းတစ်ခုပဲ။
ငါ ဘယ်လောက် ကိုယ်ချင်းစာနိုင်သလဲဆိုတာ
ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်မေးပါ။
“ငါ အတတ်နိုင်ဆုံး ကိုယ်ချင်းစာမယ်”ဆိုတာတစ်ခုကို လက်ကိုင်ထားကြည့်ပါ။

လူတစ်ယောက်ကို မြင်တာနဲ့
“ ငါ #ကိုယ်ချင်းစာတော့မယ် “

ငါ့ကို အေးအေးဆေးဆေး,
လေးလေးစားစား တန်ဖိုးထားပြီးတော့
‌‌ပြောမယ်ဆိုမယ်, ဆက်ဆံမယ်ဆိုရင် ငါ ကြိုက်တယ်။
ထို့အတူပဲ သူ့ကို ငါက အေးအေးဆေးဆေး ပြောမယ်, ဒေါသနဲ့မပြောဘူး, ကိုယ်ချင်းစာပြီးတော့ ပြောမယ်, လေးလေးစားစား ပြောမယ်”ဆိုတဲ့ စိတ်နဲ့ပြောကြည့်,
ဆက်ဆံရေးဟာ အများကြီး အဆင်ပြေလာနိုင်ပါတယ်။ ဒီဆက်ဆံရေးထဲမှာပဲ ကိုယ့်ရဲ့စိတ်နေသဘောထားဟာ အင်မတန်မြင့်မြတ်တဲ့ စိတ်နေသဘောထား ဖြစ်လာနိုင်တယ်။

ကိုယ်ချင်းစာလိုက်တာနဲ့ မြင့်မြတ်မှုဖြစ်သွားပြီ။
ကိုယ်ချင်းစာတဲ့စိတ်နဲ့ သူ့ကိုဆက်ဆံလိုက်တာဟာ
သူ့ကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပဲ။
ဒါဟာ ပစ္စည်းတစ်ခုကို ပေးတာမျိုးမဟုတ်ဘူး။

လူတစ်ယောက်ကို
ပစ္စည်းတစ်ခုပေးတာနဲ့
လေးလေးစားစားဆက်ဆံလိုက်တာနဲ့
အင်မတန်ကွာပါတယ်။

ဆက်ဆံရေးမှာ
ကိုယ့်ကိုယ်ကို ပေးလိုက်တာဟာ
သူ့ကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပဲ။
ဒီအချက်ကို လေးလေးနက်နက် စဉ်းစားကြည့်ပါ။
အဓိပ္ပာယ်ကို သဘောပေါက်သလား။

လူတစ်ယောက်ကို ဆက်ဆံတဲ့နေရာမှာ
ကိုယ်ချင်းစာပြီး လေးလေးစားစားဆက်ဆံလိုက်တာ
မိမိကိုယ်ကို ပေးလိုက်ခြင်းပဲ။
ဒီထက်ပိုပြီး ဘာများပေးနိုင်အုံးမလဲ။ မပေးနိုင်တော့ဘူး။
ဘယ်လောက် မြင့်မြတ်သွားပြီလဲဆိုတာ ကြည့်ပါ။

ကိုယ်ချင်းစာနာတဲ့စိတ်နဲ့ ဆက်ဆံရင်
အလိုအလျောက် သီလမြဲသွားပြီ။
တချို့က သူတစ်ပါးအသက် သတ်ရင် နောက်ဘဝမှာ
ဘယ်လို ဒုက္ခရောက်မယ်ဆိုပြီး ခြောက်လှန့်ရင် ကြောက်ပြီး မလုပ်ဖြစ်တော့ဘူးလို့ ထင်ကြတယ်။
မလုပ်ဖြစ်တာတော့ ကောင်းပါတယ်။
ဒါပေမယ့် ကိုယ့်မှာပြန်ပြီး ဒုက္ခရောက်မှာကိုကြောက်ပြီး မလုပ်ဖြစ်တာနဲ့ သူ့ကို ကိုယ်ချင်းစာပြီး “သူလည်း ငါ့လို သေရမှာကြောက်တာပဲ, ငါလည်းပဲ သေမှာကြောက်တယ်, ငါ့ကို ထိခိုက်အောင်လုပ်တာ ငါမကြိုက်ဘူး, ဒါကြောင့် သူ့ကို ထိခိုက်အောင် မလုပ်ဘူး”ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ မလုပ်တာက ပိုပြီး မြင့်မြတ်ပါတယ်။
ထို့အတူ တခြားသီလတွေ တစ်ခုချင်းဆီကိုလည်း ဒီလို ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်ပါ။
ကိုယ်ချင်းစာနာစိတ်တစ်ခုကို လက်ကိုင်ထားရင်ကိုပဲ
အင်မတန် မြင့်မြတ်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။

မေတ္တာ, ကရုဏာနဲ့ ဆက်ဆံမယ်ဆိုရင်လည်း ထို့အတူပါပဲ။ သူတစ်ပါးက ကိုယ့်ကို မေတ္တာထားတာကို သိပ်လိုချင်သလို ကိုယ်ကလည်း သူတစ်ပါးကို မေတ္တာထားပါ။ လူတိုင်းဟာ မေတ္တာကို အလိုရှိကြတယ်။ မိဘဆီက မေတ္တာကို လိုချင်တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆီက မေတ္တာကို လိုချင်တယ်။ မေတ္တာများများရရင် စိတ်ပိုအေးချမ်းတယ်။ စိတ်ထဲမှာလုံခြုံတယ်, စိတ်ချတယ်, ဘေးအန္တရာယ်ကင်းတဲ့ စိတ်မျိုးဖြစ်တာလည်း မေတ္တာနဲ့မှ ဖြစ်နိုင်တယ်။

ပစ္စည်းဥစ္စာရှိတဲ့လူတွေက
အိမ်ကို ကွန်ကရစ်နဲ့ဆောက်မယ်,
သံတံခါးကြီးတွေတပ်မယ်, သော့ခတ်ထားမယ်,
အိမ်ပတ်ဝန်းကျင်မှာ အုတ်တံတိုင်းအမြင့်ကြီးတွေ ခတ်ထားမယ်, အိမ်ထဲမှာ အစောင့်တွေထားမယ်။ လုံခြုံပြီလားဆိုတော့ မလုံခြုံသေးဘူး။ မလုံခြုံမှုက ရှိနေသေးတယ်။ အကယ်၍ မေတ္တာသာထားလိုက်မယ်ဆိုရင် အများကြီး လုံခြုံမှုဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က တကယ် လှိုက်လှိုက်လှဲလှဲ မေတ္တာထားနိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကို လုံခြုံမှုဖြစ်လာတယ်။

ကိုယ့်ကိုယ်ကို မလုံခြုံတဲ့သဘော,
စိတ်မချတဲ့သဘော, စိတ်မအေးတဲ့သဘောဟာ အမှန်မှာ မေတ္တာကင်းမဲ့လို့ ဖြစ်တာပဲ။
လူတွေဟာ မေတ္တာကင်းလေလေ မလုံခြုံမှုက ပိုများလေလေပဲ။ ကိုယ်ကိုယ်တိုင်က သူတစ်ပါးကို မချစ်တတ်, မခင်တတ်, မယုံကြည်တတ်တဲ့သူဟာ
သူတစ်ပါးကလည်း ကိုယ့်ကို
ချစ်လိမ့်မယ်, ခင်လိမ့်မယ်လို့ မယုံဘူး။

တကယ် လုံခြုံမှုဆိုတာဟာ ပစ္စည်းဥစ္စာမှာ မရှိဘူး။ မေတ္တာမှာပဲ ရှိတယ်။

ကိုယ့်ကို လူတစ်ယောက်က
လိမ်ညာတာ, ဟန်လုပ်တာ မပါဘဲနဲ့
အရိုးသားဆုံး, အပွင့်လင်းဆုံး ဆက်ဆံမယ်ဆိုရင်
စိတ်ထဲမှာ အင်မတန် အေးချမ်းတယ်။
အဲဒါကြောင့် ရိုးရိုးသားသား, ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ
စိတ်ကို အေးချမ်းစေတယ်။ ကျေနပ်မှု, ကြည်လင်မှု အများကြီးရစေတယ်။

လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ
ငါ့ကို လိမ်နေတာလားလို့တွေးနေရင် ဆက်ဆံရတာ အားမရှိတော့ဘူး။ ကျေနပ်မှု, အေးချမ်းမှု မရတော့ဘူး။
ပရိယာယ်မသုံးဘဲနဲ့ ရိုးရိုးသားသား, ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့
အကောင်းဆုံးအရာတစ်ခု ဖြစ်တယ်။
ငါ သူ့ကို အကောင်းဆုံးတစ်ခု ပေးမယ်ဆိုရင်
ဘာပေးမလဲ, ပစ္စည်းပေးမလား, ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးကို ပေးမှာလား စဉ်းစားသင့်တယ်။ ဒါတွေဟာ လူတွေမှာရှိတဲ့ အကောင်းဆုံး အရာတွေပဲ။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

“ဘဝဆိုတဲ့ ကျောင်း”စာအုပ်မှ
credit : ko thant gyi

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

Design a site like this with WordPress.com
Get started