“
(UN+ZG)
အခါတစ်ပါးမှာ
ရှင်မဟာကဿပမထေရ်မြတ်ကြီး
ပိပ္ပလိလှိုင်ဂူမှာနေရင်းနဲ့
ပြင်းပြင်းထန်ထန် မကျန်းမမာ ဖြစ်ပါသတဲ့။
ဘာလို့ဖြစ်လဲဆိုတော့
အဆိပ်ပွင့်တွေရဲ့အနံ့ကို
ရှူမိတာကတစ်ကြောင်း
လေအေးအတိုက်ခံရလို့
အအေးမိသွားတာက တစ်ကြောင်း
အဲဒီအကြောင်းနှစ်မျိုးကြောင့်
ဖြစ်သွားတာတဲ့။
ဒါကို မြတ်စွာဘုရားသိတော့ ကြွသွားပြီး
လူမမာ မေးရင်းနဲ့ ဗောဇ္စျင်တရားကို
ဟောပါသတဲ့။
တရားလည်းနာပြီးရော
အရှင်မြတ်ရဲ့ရောဂါတွေဟာလည်း
ယူပစ်သလိုပျောက်သွားပါသတဲ့။
ဘယ်ပုံ ဘယ်နည်း ရောဂါတွေ
ပျောက်သွားလည်းဆိုတာကို စာထဲမှာ
ဘယ်လိုရှင်းပြထားလည်းဆိုတော့-
တရားနာပြီးတဲ့အချိန်မှာ အရှင်မြတ်က
“သြော်-ငါ့သန္တာန်မှာ ဒီဗောဇ္စျင်တရားတွေ
ထင်ရှားဖြစ်နေပါလား,ဒီတရားတွေဟာ
တကယ့်ကိုပဲ ဆင်းရဲဒုက္ခက
လွတ်မြောက်စေတဲ့ တရားတွေပါလား”လို့
စဥ်းစားလိုက်တဲ့အခါမှာ
နှစ်သက်မှုပီတိ,
ငြိမ်းအေးမှုပဿဒ္ဓိတရားတွေ
ဖြစ်သွားတဲ့အတွက်ကြောင့်
သွေးတွေ ကြည်လင်သန့်ရှင်းပြီး
ရုပ်တွေစင်ကြယ်သွားလို့
ရောဂါတွေပျောက်သွားတာပါ တဲ့။
ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးလည်း
ဒီနည်းတိုင်း ရောဂါပျောက်ဖူးတယ်။
ဒီလိုပဲ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း
ရောဂါဖြစ်လို့ ဗောဇ္စျင်တရားကို နာလိုက်တာ
ရောဂါတွေ ပျောက်သွားတယ်။
မြတ်စွာဘုရားကိုတော့ ဘယ်သူက
ဗောဇ္စျင်တရားကို ဟောလဲဆိုတော့
ရှင်သာရိပုတ္တရာရဲ့ညီ
စုန္ဒမထေရ်က ဟောတာပါ။
“ချစ်သားစုန္ဒ သင့်ရဲ့ဉာဏ်ထဲမှာ
ဗောဇ္စျင်တရားတွေကို ထင်စေလော့ “လို့
မြတ်စွာဘုရားက ဟောခိုင်းလို့ ဟောတာပါ။
စဥ်းစားစရာတော့ တော်တော်ကောင်းပါတယ်။
တရားဆိုတာ မြတ်စွာဘုရားဟောပြမှ
ကျန်တဲ့သူတွေ သိကြရတာပါ။
အခု မြတ်စွာဘုရားက တရားနာတယ်ဆိုတော့
“တရားနာခြင်းရဲ့ အခန်းကဏ္ဍဟာ
အလွန်အရေးပါပါလား”လို့
နားလည်စရာရှိပါတယ်။
ဒီအဖြစ်အပျက်တွေကိုကြည့်ရင်း
“ရောဂါနှင့်ဗောဇ္စျင် ဆိုတာ
တွဲပြီးနားလည်ထားရမယ့်
အရာတွေပါလား”လို့ တွေးမိတယ်။
လူဆိုတာ ရောဂါနှင့်မကင်းနှိုင်ဘူး
ဒါကြောင့် လူတိုင်းဟာ
ဗောဇ္စျင်အကြောင်းကို
နောကြေ နေအောင် သိထားသင့်တယ်။
ဗောဇ္စျင်ဆိုတာဘာလဲ။
ဗောဇ္စျင်္ဂ ဆိုတဲ့ စကားကို ဗောဇ္စျင်လို့
အလွယ်ခေါ်လိုက်တာ။
ဗောဇ္စျင်္ဂ ဆိုတာ ဗောဓိ နှင့် အင်္ဂ ကို
ပေါင်းထားတာ။(ဗောဓိ+အင်္ဂ=ဗောဇ္စျင်္ဂ)
ဗောဓိဆိုတာ မဂ်ဉာဏ်ကိုပြောတာ။
သစ္စာလေးပါးကိုသိတဲ့ ဉာဏ်ပေါ့။
အင်္ဂဆိုတာ အစိတ်အပိုင်းလို့
အဓိပ္ပါယ်ရတယ်။
အဲဒီတော့ ဗောဇ္စျင်္ဂဆိုတာ
မဂ်ဉာဏ်ရဲ့ အစိတ်အပိုင်းလို့
အဓိပ္ပါယ်ရတယ်။
မဂ်ဉာဏ်ရဖို့အတွက် ပြည့်စုံရမယ့်
အင်္ဂါတွေလို့နားလည်ရမယ်။
ဗောဇ္စျင်က(၇)ပါးရှိတယ်။
၁။ ကိုယ့်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့
ရုပ်နာမ်သဘာဝတွေကိုဖြစ်တိုင်း ဖြစ်တိုင်း
အမှတ်ရပြီး သိသိနေတဲ့ သတိ။
၂။ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်သဘာဝတွေဟာ
ဖြစ်ပြီး မရှိတော့တဲ့ အနိစ္စတွေ,
ဘာပဲဖြစ်ဖြစ် ဖြစ်ပြီး မရှိတော့လို့
မကောင်းမွန်တဲ့ ဒုက္ခတွေ,
မတည်မြဲတာကို တည်မြဲအောင် လုပ်လို့မရ
မကောင်းတာကိုလည်း ကောင်းအောင်
လုပ်လို့မရ သူ့သဘာဝအတိုင်း ဖြစ်နေတဲ့
တန်ဖိုးမဲ့ အနတ္တတွေ လို့ အမှန်အတိုင်း
ဝေဖန်ပိုင်းခြား သိမြင်ခြင်းဆိုတဲ့ ဓမ္မဝိစယ။
၃။ မကောင်းတာတွေ မဖြစ်အောင်
ကောင်းတာတွေဖြစ်အောင်
ကြိုးစားနေတဲ့ ဝီရိယ။
၄။ ရုပ်နာမ်သဘာဝတွေရဲ့ အကြောင်းကို
သိလာလို့ ပူပန်ညစ်နွမ်းစေတဲ့ ကိလေသာတွေ
ကင်းရှင်းသွားတာနဲ့ အမျှ ဖြစ်ပေါ်လာတဲ့
စိတ်ရဲ့ ကြည်နူးနှစ်သက်ခြင်းဆိုတဲ့ ပီတိ။
၅။ နှစ်သက်ခြင်း ပီတိ အားကောင်းလာနဲ့အမျှ
နှလုံးစိတ်ဝမ်း ငြိမ်းအေးလာခြင်းဆိုတဲ့
ပဿဒ်ဓိ။
“
၆။ စိတ်ရဲ့ တည်ငြိမ်မှု သမာဓိ။
၇။ အညီအမျှ လျစ်လျူရှုမှုဆိုတဲ့ ဥပေက္ခာ။
ဒီဗောဇ္ဈင်(၇)ပါးကို ပွားများမယ်,
ကိုယ့်သန္တာန်မှာ အကြိမ်များစွာ
ဖြစ်အောင်လုပ်မယ်ဆိုရင်
ခန္ဓာရဲ့ အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို
သိလာမယ်။
သစ္စာလေးပါးကို သိမယ်။
နိဗ္ဗာန်ချမ်းသာကို
မျက်မှောက် ပြုရမယ်” တဲ့။
ဒါဟာ မြတ်စွာဘုရား ဟောထားတဲ့
ဗောဇ္ဈင်တရားရဲ့အနှစ်ချုပ် အဓိပ္ပါယ်ပဲ။
ဒီနေရာမှာ စဉ်းစားစရာ ရှိတာက
မြတ်စွာဘုရားနှင့် အရှင်မြတ်ကြီးနှစ်ပါး
ရောဂါတွေပျောက်သွားတယ်ဆိုတဲ့ နေရာမှာ
နှစ်သက်မှု ပီတိ,ငြိမ်းအေးမှု ပဿဒ္ဓိ
တရားတွေကြောင့် သွေးသန့်ရှင်းပြီး
ရုပ်တွေ စင်ကြယ်သွားလို့ ရောဂါတွေ
ပျောက်သွားတယ် ဆိုတဲ့ အချက်ပါ။
တရားနာလို့ပဲ ဖြစ်ဖြစ်၊
တရားအားထုတ်လို့ပဲ ဖြစ်ဖြစ်
မှန်ကန်တဲ့ အသိဉာဏ်ကို ရတဲ့အခါမှာ
စိတ်ရဲ့ နှစ်သက်မှုပီတိ,
ငြိမ်းအေးမှု ပဿဒ္ဓိဆိုတာ ဖြစ်လာတယ်။
အဲဒီ ပီတိ ပဿဒ္ဓိဟာ
ရောဂါပျောက်ကြောင်းပဲလို့
နားလည်ထားရမှာ။
တရားအားထုတ်ခြင်းမှာ ကြီးမားတဲ့
အကျိုးအာနိသင် ရှိသလို
တရားနာခြင်းမှာလည်း
ကြီးမားတဲ့ အကျိုးအာနိသင်ရှိတယ်။
ဒါကို သံသယ မဖြစ်သင့်ဘူး။
ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တဲ့နေရာမှာ
အဓိက,က
“ကိုယ်ခံအားကောင်းဖို့ လိုတယ်”လို့
ဆိုပါတယ်။
ကိုယ်ခံအားကို နည်းသွားစေတဲ့
အကြောင်းတရားတွေထဲမှာ
အာဟာရ မမျှတတာတွေပဲ
အဓိက အကြောင်းတရား မဟုတ်ဘူး။
စိတ်ဖိစီးမူ များတာတွေ,
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဆင်းရဲရတာတွေဟာလည်း
ကိုယ်ခံအားနည်းခြင်းရဲ့
အဓိက အကြောင်းတရားတွေ
ဖြစ်နေတာ ကို တွေ့ရတယ်။
ဒါကြောင့် ဆရာဝန်တွေ
ညွှန်ကြားတဲ့အတိုင်း သပ္ပါယဖြစ်အောင်
နေထိုင် စားသောက်ရင်းနဲ့
ရုပ်ပိုင်းဆိုင်ရာကို အားရှိအောင်
ကြိုးစားဖို့ လိုသလို
မှန်ကန်တဲ့နည်းလမ်းနဲ့
စိတ်ပိုင်းဆိုင်ရာကိုလည်းအားရှိအောင်
ကြိုးစားရမှာပါ။
ချမ်းသာတဲ့စိတ်မှာ အားရှိတယ်။
အားရှိတဲ့စိတ်ဟာ ရုပ်ကို အားရှိအောင်
အများကြီး ထောက်ပံ့နေတယ်။
ဒါကို လွယ်လွယ်လေး နားလည်နိုင်တယ်။
ဒါကြောင့်-
တရားနာပါ။
အထူးသဖြင့် ဗောဇ္ဈင်တရားကို
နားလည်အောင် နာယူပါ။
တရားအားထုတ်ပါ။
တရားအားထုတ်ရင်း ဗောဇ္ဈင်တရားတွေ
မိမိသန္တာန်မှာ ဖြစ်အောင် လုပ်ပါ။
တရားနာခြင်း၊တရားအားထုတ်ခြင်းကြောင့်
ဖြစ်ပေါ်လာ တဲ့ နှစ်သက်မူ ပီတိ,
ငြိမ်းအေးမူ ပဿဒ္ဓိတရားတွေဟာ
များလာအောင် ပွားမယ်ဆိုရင်
ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကိုတောင် ပို့နိုင်တဲ့
“အရည်အသွေးမြင့်သဘာဝတွေပါ”။
“ကျန်းမာခြင်းမှသည် နိဗ္ဗာန်ဆီသို့ တိုင်အောင်”
ဗောဇ္ဈင်တရားတွေကို အားကိုးနိုင်ကြပါစေ။
(သစ္စာရွှေစည်)
9.2.2020
ည ၁၁ နာရီ
“ကိုရိုနာ ဗိုင်းရပ်စ် နှင့် ဗောဇ္စျင်တရား”
(UN+ZG)
အခါတစ်ပါးမှာ
ရှင်မဟာကဿပမထေရ်မြတ်ကြီး
ပိပ္ပလိလှိုင်ဂူမှာနေရင်းနဲ့
ပြင်းပြင်းထန်ထန် မကျန်းမမာ ဖြစ်ပါသတဲ့။
ဘာလို့ဖြစ်လဲဆိုတော့
အဆိပ်ပွင့်တွေရဲ့အနံ့ကို
ရှူမိတာကတစ်ကြောင်း
လေအေးအတိုက်ခံရလို့
အအေးမိသွားတာက တစ်ကြောင်း
အဲဒီအကြောင်းနှစ်မျိုးကြောင့်
ဖြစ်သွားတာတဲ့။
ဒါကို မြတ်စွာဘုရားသိတော့ ကြွသွားပြီး
လူမမာ မေးရင်းနဲ့ ဗောဇ္စျင်တရားကို
ဟောပါသတဲ့။
တရားလည်းနာပြီးရော
အရှင်မြတ်ရဲ့ရောဂါတွေဟာလည်း
ယူပစ်သလိုပျောက်သွားပါသတဲ့။
ဘယ်ပုံ ဘယ်နည်း ရောဂါတွေ
ပျောက်သွားလည်းဆိုတာကို စာထဲမှာ
ဘယ်လိုရှင်းပြထားလည်းဆိုတော့-
တရားနာပြီးတဲ့အချိန်မှာ အရှင်မြတ်က
“သြော်-ငါ့သန္တာန်မှာ ဒီဗောဇ္စျင်တရားတွေ
ထင်ရှားဖြစ်နေပါလား,ဒီတရားတွေဟာ
တကယ့်ကိုပဲ ဆင်းရဲဒုက္ခက
လွတ်မြောက်စေတဲ့ တရားတွေပါလား”လို့
စဉ်းစားလိုက်တဲ့အခါမှာ
နှစ်သက်မှုပီတိ,
ငြိမ်းအေးမှုပဿဒ္ဓိတရားတွေ
ဖြစ်သွားတဲ့အတွက်ကြောင့်
သွေးတွေ ကြည်လင်သန့်ရှင်းပြီး
ရုပ်တွေစင်ကြယ်သွားလို့
ရောဂါတွေပျောက်သွားတာပါ တဲ့။
ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးလည်း
ဒီနည်းတိုင်း ရောဂါပျောက်ဖူးတယ်။
ဒီလိုပဲ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း
ရောဂါဖြစ်လို့ ဗောဇ္စျင်တရားကို နာလိုက်တာ
ရောဂါတွေ ပျောက်သွားတယ်။
မြတ်စွာဘုရားကိုတော့ ဘယ်သူက
ဗောဇ္စျင်တရားကို ဟောလဲဆိုတော့
ရှင်သာရိပုတ္တရာရဲ့ညီ
စုန္ဒမထေရ်က ဟောတာပါ။
“ချစ်သားစုန္ဒ သင့်ရဲ့ဉာဏ်ထဲမှာ
ဗောဇ္စျင်တရားတွေကို ထင်စေလော့ “လို့
မြတ်စွာဘုရားက ဟောခိုင်းလို့ ဟောတာပါ။
စဉ်းစားစရာတော့ တော်တော်ကောင်းပါတယ်။
တရားဆိုတာ မြတ်စွာဘုရားဟောပြမှ
ကျန်တဲ့သူတွေ သိကြရတာပါ။
အခု မြတ်စွာဘုရားက တရားနာတယ်ဆိုတော့
“တရားနာခြင်းရဲ့ အခန်းကဏ္ဍဟာ
အလွန်အရေးပါပါလား”လို့
နားလည်စရာရှိပါတယ်။
ဒီအဖြစ်အပျက်တွေကိုကြည့်ရင်း
“ရောဂါနှင့်ဗောဇ္စျင် ဆိုတာ
တွဲပြီးနားလည်ထားရမယ့်
အရာတွေပါလား”လို့ တွေးမိတယ်။
လူဆိုတာ ရောဂါနှင့်မကင်းနှိုင်ဘူး
ဒါကြောင့် လူတိုင်းဟာ
ဗောဇ္စျင်အကြောင်းကို
နောကြေ နေအောင် သိထားသင့်တယ်။
ဗောဇ္စျင်ဆိုတာဘာလဲ။
ဗောဇ္စျင်္ဂ ဆိုတဲ့ စကားကို ဗောဇ္စျင်လို့
အလွယ်ခေါ်လိုက်တာ။
ဗောဇ္စျင်္ဂ ဆိုတာ ဗောဓိ နှင့် အင်္ဂ ကို
ပေါင်းထားတာ။(ဗောဓိ+အင်္ဂ=ဗောဇ္စျင်္ဂ)
ဗောဓိဆိုတာ မဂ်ဉာဏ်ကိုပြောတာ။
သစ္စာလေးပါးကိုသိတဲ့ ဉာဏ်ပေါ့။
အင်္ဂဆိုတာ အစိတ်အပိုင်းလို့
အဓိပ္ပါယ်ရတယ်။
အဲဒီတော့ ဗောဇ္စျင်္ဂဆိုတာ
မဂ်ဉာဏ်ရဲ့ အစိတ်အပိုင်းလို့
အဓိပ္ပါယ်ရတယ်။
မဂ်ဉာဏ်ရဖို့အတွက် ပြည့်စုံရမယ့်
အင်္ဂါတွေလို့နားလည်ရမယ်။
ဗောဇ္စျင်က(၇)ပါးရှိတယ်။
၁။ ကိုယ့်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့
ရုပ်နာမ်သဘာဝတွေကိုဖြစ်တိုင်း ဖြစ်တိုင်း
အမှတ်ရပြီး သိသိနေတဲ့ သတိ။
၂။ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်သဘာဝတွေဟာ
ဖြစ်ပြီး မရှိတော့တဲ့ အနိစ္စတွေ,
ဘာပဲဖြစ်ဖြစ် ဖြစ်ပြီး မရှိတော့လို့
မကောင်းမွန်တဲ့ ဒုက္ခတွေ,
မတည်မြဲတာကို တည်မြဲအောင် လုပ်လို့မရ
မကောင်းတာကိုလည်း ကောင်းအောင်
လုပ်လို့မရ သူ့သဘာဝအတိုင်း ဖြစ်နေတဲ့
တန်ဖိုးမဲ့ အနတ္တတွေ လို့ အမှန်အတိုင်း
ဝေဖန်ပိုင်းခြား သိမြင်ခြင်းဆိုတဲ့ ဓမ္မဝိစယ။
၃။ မကောင်းတာတွေ မဖြစ်အောင်
ကောင်းတာတွေဖြစ်အောင်
ကြိုးစားနေတဲ့ ဝီရိယ။
၄။ ရုပ်နာမ်သဘာဝတွေရဲ့ အကြောင်းကို
သိလာလို့ ပူပန်ညစ်နွမ်းစေတဲ့ ကိလေသာတွေ
ကင်းရှင်းသွားတာနဲ့ အမျှ ဖြစ်ပေါ်လာတဲ့
စိတ်ရဲ့ ကြည်နူးနှစ်သက်ခြင်းဆိုတဲ့ ပီတိ။
၅။ နှစ်သက်ခြင်း ပီတိ အားကောင်းလာနဲ့အမျှ
နှလုံးစိတ်ဝမ်း ငြိမ်းအေးလာခြင်းဆိုတဲ့
ပဿဒ်ဓိ။
“
၆။ စိတ်ရဲ့ တည်ငြိမ်မှု သမာဓိ။
၇။ အညီအမျှ လျစ်လျူရှုမှုဆိုတဲ့ ဥပေက္ခာ။
ဒီဗောဇ္ဈင်(၇)ပါးကို ပွားများမယ်,
ကိုယ့်သန္တာန်မှာ အကြိမ်များစွာ
ဖြစ်အောင်လုပ်မယ်ဆိုရင်
ခန္ဓာရဲ့ အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို
သိလာမယ်။
သစ္စာလေးပါးကို သိမယ်။
နိဗ္ဗာန်ချမ်းသာကို
မျက်မှောက် ပြုရမယ်” တဲ့။
ဒါဟာ မြတ်စွာဘုရား ဟောထားတဲ့
ဗောဇ္ဈင်တရားရဲ့အနှစ်ချုပ် အဓိပ္ပါယ်ပဲ။
ဒီနေရာမှာ စဉ်းစားစရာ ရှိတာက
မြတ်စွာဘုရားနှင့် အရှင်မြတ်ကြီးနှစ်ပါး
ရောဂါတွေပျောက်သွားတယ်ဆိုတဲ့ နေရာမှာ
နှစ်သက်မှု ပီတိ,ငြိမ်းအေးမှု ပဿဒ္ဓိ
တရားတွေကြောင့် သွေးသန့်ရှင်းပြီး
ရုပ်တွေ စင်ကြယ်သွားလို့ ရောဂါတွေ
ပျောက်သွားတယ် ဆိုတဲ့ အချက်ပါ။
တရားနာလို့ပဲ ဖြစ်ဖြစ်၊
တရားအားထုတ်လို့ပဲ ဖြစ်ဖြစ်
မှန်ကန်တဲ့ အသိဉာဏ်ကို ရတဲ့အခါမှာ
စိတ်ရဲ့ နှစ်သက်မှုပီတိ,
ငြိမ်းအေးမှု ပဿဒ္ဓိဆိုတာ ဖြစ်လာတယ်။
အဲဒီ ပီတိ ပဿဒ္ဓိဟာ
ရောဂါပျောက်ကြောင်းပဲလို့
နားလည်ထားရမှာ။
တရားအားထုတ်ခြင်းမှာ ကြီးမားတဲ့
အကျိုးအာနိသင် ရှိသလို
တရားနာခြင်းမှာလည်း
ကြီးမားတဲ့ အကျိုးအာနိသင်ရှိတယ်။
ဒါကို သံသယ မဖြစ်သင့်ဘူး။
ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တဲ့နေရာမှာ
အဓိက,က
“ကိုယ်ခံအားကောင်းဖို့ လိုတယ်”လို့
ဆိုပါတယ်။
ကိုယ်ခံအားကို နည်းသွားစေတဲ့
အကြောင်းတရားတွေထဲမှာ
အာဟာရ မမျှတတာတွေပဲ
အဓိက အကြောင်းတရား မဟုတ်ဘူး။
စိတ်ဖိစီးမူ များတာတွေ,
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဆင်းရဲရတာတွေဟာလည်း
ကိုယ်ခံအားနည်းခြင်းရဲ့
အဓိက အကြောင်းတရားတွေ
ဖြစ်နေတာ ကို တွေ့ရတယ်။
ဒါကြောင့် ဆရာဝန်တွေ
ညွှန်ကြားတဲ့အတိုင်း သပ္ပါယဖြစ်အောင်
နေထိုင် စားသောက်ရင်းနဲ့
ရုပ်ပိုင်းဆိုင်ရာကို အားရှိအောင်
ကြိုးစားဖို့ လိုသလို
မှန်ကန်တဲ့နည်းလမ်းနဲ့
စိတ်ပိုင်းဆိုင်ရာကိုလည်းအားရှိအောင်
ကြိုးစားရမှာပါ။
ချမ်းသာတဲ့စိတ်မှာ အားရှိတယ်။
အားရှိတဲ့စိတ်ဟာ ရုပ်ကို အားရှိအောင်
အများကြီး ထောက်ပံ့နေတယ်။
ဒါကို လွယ်လွယ်လေး နားလည်နိုင်တယ်။
ဒါကြောင့်-
တရားနာပါ။
အထူးသဖြင့် ဗောဇ္ဈင်တရားကို
နားလည်အောင် နာယူပါ။
တရားအားထုတ်ပါ။
တရားအားထုတ်ရင်း ဗောဇ္ဈင်တရားတွေ
မိမိသန္တာန်မှာ ဖြစ်အောင် လုပ်ပါ။
တရားနာခြင်း၊တရားအားထုတ်ခြင်းကြောင့်
ဖြစ်ပေါ်လာ တဲ့ နှစ်သက်မူ ပီတိ,
ငြိမ်းအေးမူ ပဿဒ္ဓိတရားတွေဟာ
များလာအောင် ပွားမယ်ဆိုရင်
ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကိုတောင် ပို့နိုင်တဲ့
“အရည်အသွေးမြင့်သဘာဝတွေပါ”။
“ကျန်းမာခြင်းမှသည် နိဗ္ဗာန်ဆီသို့ တိုင်အောင်”
ဗောဇ္ဈင်တရားတွေကို အားကိုးနိုင်ကြပါစေ။
(သစ္စာရွှေစည်)
9.2.2020
ည ၁၁ နာရီ