မေတ္တာမပို့ ကမ္မဋ္ဌာန်းမတောင်းဘဲ တရားထိုင်လို့ရပါသလား?

မေတ္တာမပို့ ကမ္မဋ္ဌာန်းမတောင်းဘဲ တရားထိုင်လို့ရပါသလား?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(ဓမ္မအမေးအဖြေ)

👱‍♀️ မေး။ ။ အရှင်ဘုရားတရားထိုင်ရာမှာ (၁) သီလယူပြီး (၂) နတ်အပေါင်းကို မေတ္တာပို့ (၃) ကမ္မဋ္ဌာန်းတောင်းပြီးမှ ထိုင်လို့ရပါသလား ဘုရား? သီလယူပြီး နတ်အပေါင်း မေတ္တာမပို့ ကမ္မဋ္ဌာန်းမတောင်းဘဲ တရားထိုင်လို့ရပါသလားဘုရား? မေတ္တာ ကရုဏာတော်ဖြင့် ဖြေကြားနိုင်ပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည် ဘုရား။

🕯ဖြေ။ ။

★ တစ်ခုကတော့ Ritual လို့ခေါ်တာ ‘အဟံဘန္တေ’ သီလဆောက်တည်တယ် ဒါ Ritual (ပူဇော်ခြင်း) ပဲ။ Ritual ဆိုတာက သူက အနှစ်သာရမဟုတ်ဘူးလို့ ဆိုလိုတာ။

🍃 #သီလဆောက်တည်တာက #သူများအတင်းပြောတဲ့နေရာမှာ #အတင်းမပြောတာကို #သီလဆောက်တည်တယ်ခေါ်တာ။

★ ‘မုသာဝါဒါ ဝေရမဏိ’ – ဆိုတာကတော့ ကိုယ့်ဘေးကလူကိုပြောတာ ကျနော် ခင်ဗျားကို အတင်းမပြောမပါဘူး ကျနော်ယုံပါ ဒီလိုပြောတာ။ ခင်ဗျားအကျိုးပျက်အောင် ကျနော် မပြောပါဘူး နောက်ပြီးတော့ intentionally စေတနာပါပါ စကားကြမ်းကြမ်းတမ်းတမ်းပြောတာကို ခင်ဗျားနဲ့ တခြားလူတွေ ရန်တိုက်ပေးတာမျိုး ကျနော် မပြောပါဘူး ‘မုသာဝါဒါ ဝေရမဏိ’ ။

★ အဲလိုပြောတဲ့အခါကျတော့ ကြားရတဲ့လူလည်း အားရှိလာတယ် ငါ လူကောင်းနဲ့တူတူအလုပ်လုပ်ရတယ်။ Ritual က ဒီအတွက် အများကြီး အကျိုးဖြစ်တယ်။ ဒါပေမဲ့ “မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” သိပြီးသားလူနဲ့တွေ့ပြီးရင် တခါပဲဆိုရင် ဘုန်းဘုန်းထင်တာတော့ လုံလောက်တယ် ကိုယ်သတိတရားနဲ့ ကျင့်ကြံတယ်ဆိုရင်။

★ ကိုယ်သတိနည်းနေလို့ ကျိုးများကျိုးသွားမလား ကျိုးသွားရင် ဒါကို ပြန်ပြီးတော့ ကိုယ့်ဟာကို determine လုပ်တယ် သတိပေးတဲ့အနေနဲ့ “မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” နေ့တိုင်းဆိုတာ ဒါလည်းပဲ ကောင်းတယ်။

★ ဒါဖြင့် ‘မုသာဝါဒါ ဝေရမဏိ’ မဆိုတဲ့သူတွေ သူများအတင်းကိုမပြောဘူး မကောင်းတာမပြောဘူး အဲလူတွေ သီလရှိလား ရှိတာပေါ့။ Ritual တော့ မရှိဘူး ဒါပေမဲ့ Esstential practice ဆိုတာ ရှောင်ရမယ့်ဟာပြောတာ။

★ သီလဆိုတာ ဘာပြောတာတုန်းဆိုရင် Do and Don’t လို့ပြောတာ။ လုပ်ရမယ့်ဟာက Do မလုပ်ရမယ့်ဟာက Don’t. ပါဠိလိုကတော့ နည်းနည်းလေးပြောလိုက်မယ် ပါဠိလို Do ဆိုတာ ‘စာရိတ္တသီလ’ Don’t ဆိုတာ ‘၀ါရိတ္တသီလ’။

★ ကျောင်းမှာ ကလေးတွေ ဒါလုပ်ရမယ် ဒါမလုပ်ရဘူး Do and Don’t Society တွေကရှိရတယ်။ မရှိရင် နေလို့မရဘူး။ ဒါကြောင့် သီလ ဆိုတာ ရှိရတယ် Do and Don’t. အဲဒီ Do and Don’t ကိုလုပ်တဲ့နေရာမှာ ဒီ Ritual ပါတာမပါတာကတော့ secondary ပဲ။

★ နတ်အပေါင်းကို မေတ္တာပို့တယ်ဆိုတာ ဒါလည်းကောင်းတယ်။ နတ်အပေါင်းကို မေတ္တာပို့ရင် ကိုယ့်မှာ စိတ်တည်ငြိမ်တယ်ပေါ့၊သူတို့ကိုရန်မလိုဘူး သူတို့ကိုမကြောက်ဘူး မေတ္တာနဲ့ပဲ ဆက်ဆံတယ်။

🔺 ဒါပေမဲ့ ပို့ဖို့မေတ္တာရှိရအုန်းမယ် ပို့ဖို့မေတ္တာမရှိသေးဘဲနဲ့ စာထဲမှာပါတဲ့ဟာ သွားရွတ်နေရင် ဆရာဝန်က ဒီဆေးသောက်ပါ ဆေးပေးလိုက်တယ် ဆေးစာလေးပေးလိုက်တယ် အဲ့ဆေးတော့ မသောက်ဘူး ဆေးစာပဲ ထိုင်ရွတ်နေတယ်။

★ အဲဒါဆိုရင်တော့ ပျောက်ပါလိမ့်မယ်။ ဒီဆေးစာဖတ်ရတာကိုက မနက် ဘယ်နှစ်လုံးသောက်ရမှာတုန်း? ညနေ ဘယ်နှစ်လုံးသောက်ရမှာတုန်း ဘယ်နှစ်ရက်သောက်ရမှာတုန်း? ဒါသိအောင် ဖတ်ရတာပေ့ါ။ ဒါပေမဲ့ ဖတ်ပြီးတော့ မသောက်ရင် မရဘူး။ မဖတ်ဘဲနဲ့ သောက်ရင်လည်း ဆေးသောက်တာ မှားတတ်တယ်တဲ့။

★ အဲလို ဖတ်တာကို ပါဠိလို ‘ပရိယတ်’ လို့ခေါ်တယ်။ တကယ်သောက်တာတော့ ‘ပဋိပတ်’ လို့ခေါ်တယ်။ ပရိယတ် နဲ့ ပဋိပတ် နဲ့ တွဲရတယ် Theory and practice, they have to go to there.

★ ကမ္မဋ္ဌာန်းတရားတောင်းပြီးမှ ထိုင်လို့ရပါသလား?

ကမ္မဋ္ဌာန်းတောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်က စိတ်ကို ဒီပေါ်မှာ ဒုန်းဒုန်းချပါတယ် ဒီချိန်မှာ ဒါလုပ်ပါဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ကို orientate လုပ်တာ စိတ်ကို ဒီဘက်ကို ညွှတ်ထားတာ မဟုတ်ရင် စိတ်တခြားကိုရောက်မှာစိုးလို့ ဒီ practice လေးလုပ်တာ။

★ မြတ်စွာဘုရား ဗောဓိပင်အောက်မှာ ထိုင်တယ် မြတ်စွာဘုရားမဖြစ်သေးဘူး သွေးသားတွေခမ်းချင်ခမ်း ငါရဲ့အရိုးတွေကျေချင်ကျေ ငါ မထဘူး။ ဒါက ကမ္မဋ္ဌာန်းတောင်းပြီးမှ ထိုင်တာမဟုတ်ဘူး အဓိဋ္ဌာန်မြဲမြံစွာနဲ့ထိုင်တာ အဓိဋ္ဌာန်ကလည်း ဘာကြောင့်လုပ်နေတာတုနး်။

★ အိမ်ရှေ့မင်သားဘ၀ ဒီလောက် အာဏာရှိတဲ့ position ကိုစွန့်ပြီးတော့ ဘုန်းကြီးဝတ်တယ်ဆိုကတည်းကိုက သူ့နိုင်ငံလောက်ကိုသူက အကျိုးပြုချင်တာမဟုတ်ဘူး၊ တကမ္ဘာလုံးကို အကျိုးပြုချင်တာ #နှောင်ကြိုးမဲ့ဘဝကို ယူပြီးတော့ နေတာ။

★ ဘုရင်ရဲ့သားတော် အိမ်ရှေ့ဘဝကနေပြီးတော့ ဘုန်းကြီးလာဝတ်တယ်ဆိုတည်းက နည်းတဲ့စွန့်စားမှုတော့မဟုတ်ဘူး တော်ရုံတန်ရုံဆို မခံနိုင်ဘူး။ စားတာအိပ်တာ နန််းတော်ထဲမှာ သူများအကုန် serve လုပ်တယ် ဘုန်းကြီးဝတ်သွားတဲ့ခါကြတော့ သပိတ်နဲ့ သွားပြီးတော့ ဆွမ်းခံစားရမယ် humility ရှိတယ်။

★ အဲဒါတွေကို ခံနိုင်အောင်ဆိုတာ ကရုဏာအားကောင်းတာကိုး၊ဆရာဆရာမတွေ ဒို့ရဲ့ကလေးတွေ စာမတတ်ဘူးဆိုရင် သူတို့မှာ ဘယ်လိုပြသာနာတွေရှိနိုင်တယ် တသက်လုံးဘယ်လိုရှိနိုင်တယ် အဲဒါလေးတွေးပြီးတော့ ကလေးတွေရဲ့ပြဿနာနဲ့ ကိုယ့်ကိုယ်ကို motivate လုပ်တာ ဒါ ကရုဏာအခြေခံတဲ့လုပ်ရပ်ပဲ။

★ ရဲတွေ ရဲဝန်ထမ်းတွေလည်းပဲ ရဲတပ်သားတွေလည်းပဲ ဒို့ဒီအလုပ်ကို မလုပ်ဘူးဆိုရင် ဒီ လူဆိုးကို မဖမ်းဘူးဆိုရင် ကျန်တဲ့လူတွေ ဒုက္ခရောက်ကုန်လိမ့်မယ်၊ သူလည်း ဒုက္ခရောက်မယ်။ သူများအပေါ်မှာ မကောင်းတာအများကြီးလုပ်သွားရင် ဒီလူအသက်တိုမယ်။ သူများပြန်ပြီးတော့ လက်စားချေလိမ့်မယ်။

★ သူ့ကိုလည်း ကရုဏာဖြစ် အပြစ်မဲ့တဲ့ပြည်သူတွေကိုလည်း ကရုဏာဖြစ် အဲဒါကြောင့် သူ့ကို ဖမ်းပြီးတော့ ထိန်းသိမ်းတယ် ဒါကရုဏာအခြေခံတာ။

★ ပညာရေးဌာနအနေနဲ့တော့ အများကြီး ပိုပြီးတော့သိသာတာပေ့ါ။ မသိတဲ့ကလေးတွေ သိအောင် အခွင့်အလမ်းမရှိသေးတဲ့သူတွေ အခွင့်အလမ်းပိုရှိအောင် equal opportunity တွေရနေအောင် ဆိုပြီးတော့ ဒီလိုစိတ်ထားတွေနဲ့ ကိုယ့်ရဲ့ဘဝကို ဒီထဲမှာရင်းနှီးပြီး ဒီအလုပ် ဒီပညာရေးအလုပ်ကိုလုပ်နေကြတာ ဒါတော့တကယ့် ကရုဏာပေ့ါ။

★ နောက် မုဒိတာ အောင်မြင်ခဲ့တဲ့ဟာလေးတွေးတာ ဒီနေ့ ပြောတဲ့အတိုင်း အဲတော့ ကမ္မဋ္ဌာန်းတောင်းတယ် မတောင်းဘူး နတ်တွေ မေတ္တာပို့တယ် မပို့ဘူးဆိုတာ သူက ritual.

🔺 #နတ်ကိုတော့မေတ္တာပို့တယ် #သူမမြင်ရလို့ ကိုယ့်ကိုမနှောင့်ယှက်လို့ #ရုံးမျာအတူတူလုပ်တဲ့သူ သူက #လုံးဝမေတ္တာမထားနိုင်ဘူးဆိုရင် ဒါ နည်းနည်း #စဉ်းစားဖို့လိုတယ်။

★ Essential practice က ရုံးမှာ အတူတူလုပ်တဲ့သူတွေ တတိုင်းပြည်ထဲမှာ အတူတူနေတဲ့သူတွေ ဟုတ်တယ်မို့လား ပြောလိုက်ပြီဆိုရင်လေ ဖြစ်လိုက်ပြီဆိုရင်လေ ပဋိပက္ခဖြစ်လိုက်ပြီဆိုရင်လေ တိုင်းပြည်ကို အရမ်းချစ်တဲ့သူတွေကြည့်ဖြစ်တာ အဲတော့ မေတ္တာထားတယ်လို့ပြောရင်လေ ဘုန်းဘုန်းက နည်းနည်း သံသယရှိတယ် ဘယ်လောက် တကယ်မေတ္တာထားတုန်းဆိုတာ။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“သတိပဌာန်အခြေခံ ဗုဒ္ဓဘာသာပညာရေး ဒဿန – Mindfulness-Based Buddhists Education Philosophy (၇.၆.၂၀၁၈)” တရားတော် အမေးအဖြေကမှ ကောက်နှုတ်ဖော်ပြပါသည်။

Photo credit #အရိုး

Design a site like this with WordPress.com
Get started