လူတိုင်းသိသင့်သော သုခ(၄)မျိုး
❇️❇️❇️❇️❇️❇️❇️❇️❇️❇️
၁။ အတ်ထိသုခ
လူတွေမျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက “အတ္ထိသုခ” ရှိချမ်းသာ တဲ့။
ရှိချမ်းသာဆိုတာ ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့ ပစ္စည်းဥစ္စာတွေရှိတယ်။
စိန်ရွှေရတနာတွေရှိတယ်။ ❝ သမထယာနိက၊ ၀ိပႆနာယာနိက ❞
သမထယာနိက ဆိုတာ
သမထကို ယာဉ်သဖွယ် အသုံးပြုပြီးတော့
မဂ်ဖိုလ်ရအောင် အားထုတ်တဲ့ ပုဂ္ဂိုလ်ကို
သမထယာနိကလို့ ခေါ်တယ်။
သူက ပထမ သမထအားထုတ်တယ်၊
အားထုတ်ပြီးတော့
ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဆိုတဲ့
သမာဓိတွေရတယ်၊ စျာန်ရတယ်ပေါ့။
ရပြီးတဲ့နောက်မှ စျာန်၀င်စားတယ်၊
စျာန်၀င်စားရာကနေ စျာန်ကထပြီးတော့
ဒီစျာန်ကိုပဲပြန်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုမယ်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုပြီးတော့
မဂ်ဖိုလ်ဆိုက်သွားတယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးကို
သမထယာနိကလို့ ခေါ်တယ်။
ဝိပဿနာယာနိက ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့
အဲသလို စျာန်ရအောင် အားမထုတ်တော့ဘူး။
စစချင်း ဝိပဿနာပဲအားထုတ်တယ်။
အဲဒီလို ဝိပဿနာအားထုတ်လို့
တော်တော်လေး အသားကျတဲ့အခါကျတော့
သမာဓိရတယ်။
အဲဒီသမာဓိကိုပဲ သမထလို့ ခေါ်နိုင်တယ်။
ဒါဟာ သမထကမ္မဋ္ဌာန်းပြောတာ မဟုတ်ဘူး၊
သမာဓိကိုပဲ ပြောတာ။
အဲဒီဝိပဿနာသမာဓိက ဘာသမာဓိလဲဆိုရင်
ခဏိကသမာဓိလို့ ခေါ်တယ်။
တစ်ခဏမျှတည်တဲ့ သမာဓိ။
အဲဒီသမာဓိ ရပြီးတော့ အဲဒီသမာဓိကနေပဲ
ဝိဿနာဉာဏ် အဆင့်ဆင့်တက်ပြီးတော့
မဂ်ဖိုလ်ရတယ်၊ အဲသလို ပုဂ္ဂိုလ်မျိုးကို
ဝိပဿနာယာနိကလို့ ခေါ်တယ်။
အဲဒီတော့ မြတ်စွာဘုရား အလိုတော်က
ဘာလဲဆိုရင်.. သမထဟာ
ဝိပဿနာရဲ့အခြေခံ ဖြစ်စေရမယ်ပေါ့။
သမထသက်သက်က
နိဗ္ဗာန်ကိုရောက်အောင် မပို့နိုင်ဘူး။
သမထသက်သက်ရပြီး နောင်အခါမှာ
သမထက ပြန်လျောကျပြီး…
ပရမ်းပတာဖြစ်တာတွေ ၀တ္ထုကြောင်းတွေ
ရှိတယ်။
ဒါကြောင့်မို့ သမထကမ္မဋ္ဌာန်းဟာ
အားမထုတ်ကောင်းတဲ့ ကမ္မဋ္ဌာန်းတော့
မဟုတ်ဘူး။ သို့သော်
သမထကမ္မဋ္ဌာန်း သက်သက်ကိုသာ
အားထုတ်ပြီး… ကျေနပ်နေဖို့ မဟုတ်ဘူး။
သမထအားထုတ်ပြီးလည်း ဝိပဿနာကို
သွားရမယ်။ အဲဒါ သမထဟာ
ဝိပဿနာရဲ့ အခြေခံဖြစ်မှသာ
မြတ်စွာဘုရား အလိုတော်ကျမယ်။
သမထသက်သက်ပဲ အားထုတ်ပြီး
ကျေနပ်နေမယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ
မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး …။
အရှင်သီလာနန္ဒာဘိဝံသ(အဘိဓမ္မာသင်တန်း)
Nay Lin
လူ့ဘဝလိုအပ်တာမှန်သမျှ ကိုယ့်မှာ ပြည့်ပြည့်စုံစုံ ရှိတာကို အကြောင်းပြုပြီးတော့ “သုခသောမန ဿ” ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုတွေ ရကြ တယ်။
ဒါကို မြတ်စွာဘုရားက ”အတ္ထိသုခ” ရှိလို့ ရတဲ့ချမ်းသာမျိုးတဲ့။
အေး …ရှိလို့ ရတဲ့ချမ်းသာက ရှိတုန်းပဲ ချမ်းသာ နိုင်တာ။မရှိတော့ဘူးဆိုရင် ချမ်းသာသုခ ဆုံးရှုံး သွားနိုင်တယ်။
ဒါကြောင့် တည်မြဲတဲ့ ချမ်းသာသုခတော့ မဟုတ်ဘူး။ ရှိနေတုန်းမှာ ခံစားရတဲ့ သုခမျိုးပဲ။
၂။ ဘောဂသုခ
အသုံးပြုရတဲ့ ချမ်းသာ။ အသုံးပြုရလို့ဖြစ်ပေါ်
လာတဲ့ ချမ်းသာကို “ဘောဂသုခ” လို့ခေါ်တယ်။
တိုက်ရှိလို့ တိုက်နဲ့နေရတယ်။
ကားရှိလို့ ကားစီးရတယ်။
မိမိလိုအင်ဆန္ဒတွေ ဖြည့်တင်းလို့ ပစ္စည်းတွေ သုံးစွဲလို့ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုတွေဟာ “ဘောဂသုခ” လို့ ခေါ်တယ်။
ရလာတဲ့ပစ္စည်းဥစ္စာကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ချမ်းသာတဲ့။
ကျန်းမာရေးကြောင့်သော်လည်းကောင်း
အခြေအနေတစ်မျိုးမျိုးကြောင့် သော်လည်းကောင်း…
အခြေအနေ မပေးသောကြောင့်သော် လည်းကောင်း မသုံးစွဲရဘူးဆိုရင်…
ဒီချမ်းသာသုခဟာလည်း အလွယ်တကူနဲ့ ဆုံးရှုံးသွားတဲ့ ချမ်းသာသုခမျိုး ဖြစ်တယ်။
ဒါကြောင့်မို့ ဒီ“ဘောဂသုခ” လည်း ခိုင်မာတဲ့ ချမ်းသာမျိုးတော့မဟုတ်ဘူး။
၃။ အာနဏ်သုခ
လူတိုင်းလူတိုင်းဟာ အဆင်မပြေလို့ဖြစ်စေ စီးပွားရေး တိုးချဲ့လို့ဖြစ်စေ ကြွေးတင်နေတတ် တာတွေ ရှိတယ်။
ကြွေးရှိနေတဲ့ပုဂ္ဂိုလ်ဟာ ကြွေးအပေါ်မှာ အမြဲတမ်းစိတ်ပူပင်ရတယ်။
အေး .. သူများဆီက ကြွေးမရှိတဲ့ပုဂ္ဂိုလ်ကျတော့ “အာနဏျသုခ” လို့ခေါ်တဲ့ ကြွေးကင်းတဲ့ ချမ်းသာ ခံစားရတယ်။
ကြွေးမရှိတဲ့အတွက်ကြောင့် နားချင်တဲ့အခါ နားမယ်။ သွားချင်တဲ့အခါ သွားမယ်။
သို့သော် ဒီချမ်းသာတွေဟာ တစ်စုံတစ်ခုသော အတိုင်းအတာအပေါ်မှာ မှီပြီးတော့ ရလာတဲ့ ချမ်းသာတွေ ဖြစ်သည့်အတွက် အဆင့်မြင့်တဲ့ ချမ်းသာမျိုးတော့ မဟုတ်ဘူး။
၄။ အန၀ဇ်ဇသုခ
နောက်ဆုံး တကယ့်ချမ်းသာဆိုတာ “အန၀ဇ္ဇသုခ” အပြစ်မဲ့ ချမ်းသာဟာ
အချမ်းသာဆုံးပဲ။
ကိုယ့်အနေနဲ့ ကာယကံအပြစ်မျိုး ဝစီကံ
အပြစ်မျိုး မနောကံအပြစ်မျိုး ဘယ်ဘက်က လှည့်ကြည့်ကြည့်
ပြစ်မှုတစ်ခု ကျူးလွန်ထားတာ မရှိဘူးဆိုလို့ရှိရင်
အဲဒီပုဂ္ဂိုလ်ရရှိတဲ့ အပြစ်ကင်းစင် ပျော်ရွှင်ရတဲ့ ချမ်းသာဟာ …
“ရှိချမ်းသာတို့ စားသုံးရတဲ့ချမ်းသာတို့ ကြွေးကင်း တဲ့ချမ်းသာတို့” ထက် ပိုပြီးတော့ ကောင်းတဲ့ ချမ်းသာတစ်ခုလို့ မြတ်ဗုဒ္ဓက ဟောကြားထား ပါတယ်။
အေး .. အခါအားလျော်စွာ ချမ်းသာသုခတွေ ရကြတယ်။ အဲဒီ ချမ်းသာသုခတွေထဲက အပြစ်မဲ့ချမ်းသာကိုတော့ လူတိုင်းလူတိုင်း ရကြတာ မဟုတ်ဘူး။
အပြစ်မဲ့ချမ်းသာဟာ ဒီချမ်းသာ ၄ မျိုးထဲမှာ
တော့ အကောင်းဆုံးသော ချမ်းသာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် တရားချစ်ခင်
ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း …
“အန၀ဇ္ဇသုခ” လို့ ခေါ်တဲ့ အပြစ်မဲ့ချမ်းသာမျိုးကို ပိုင်ဆိုင်ခံစားနိုင်ကြပြီး ကောင်းသထက် ကောင်း အောင် ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက် နိုင်ကြပါစေကုန်သတည်း။
ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝓰𝓪𝓽𝓱𝓪𝓻