အနိစ္စထင်မှတရားမြင်မည်
🔶🔶🔶🔶🔶🔶🔶🔶🔶
လောက၌လူသားတို့သည် နှစ်သက်ဖွယ်ရာအာရုံများနှင့်တွေ့ကြုံရလျှင် မေ့လျှော့မှုတွေဖြစ်ပေါ်ရုံမက၊ ထိုနှစ်သက်ဖွယ်အာရုံများနဲ့ပင်ယစ်မူးပျော်မွေ့နေတတ်ကြပေသည်။
ထို့ကြောင့် မိမိပြုလုပ်ပြောဆိုနေထိုင်ရာများ၌ အစွန်းမရောက်ရန်လိုအပ်လှပေသည်။ သို့မှသာလျှင် အမှားနည်း၍ ကောင်းသောအပြုအမူများကိုပြုလုပ်စေရေး အခွင့်လမ်းများဖြစ်လာနိုင်ပေမည်မဟုတ်ပါလား။
🙏မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါတွင် ရဟန်းတစ်ပါးသည် အမျိူးသမီးတစ်ဦး၏ အလှအပ၊ ရူပါရုံ၌ သတိမေ့လျှော့ကာ တပ်မက်နှစ်သက် စွဲလန်းမိ၍ ဆင်းရဲဒုက္ခဖြစ်ခဲ့ရလေသည်။ ထိုရဟန်းကား အလှ၏အနိစ္စတရားကိုစိတ်မှာမထင်၊ တရားသဘောကိုမမြင်ဘဲ အဆင်းအာရုံ၌ နစ်သက်စွဲလန်းစိတ်ပင်ပန်းခဲ့ရရှာ၏။
🔶ထိုအဖြစ်ကား။ ။မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အလှမယ်ဖြစ်သော ‘သီရိမာ’ဟူသောအမျိူးသမီးသည် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော တရားဒေသနာတော်တို့ကို နာကြားရသဖြင့်သောတာပန်ဖြစ်ခဲ့ရလေသည်။
🔶အလှမယ်သီရိမာ တရားတော်ကိုနားကြားရပြီးတဲ့အချိန်မှစ၍ ရတနာမြတ်သုံးပါးကိုပိုကြည်ညိုလှ၍ အိမ်သို့ရဟန်းတော်ရှစ်ပါးကို နေ့စဉ်ပင့်ဖိတ်ဆွမ်းလောင်းလှူ ကုသိုလ်ပြုလုပ်သည်။ အလှမယ်သီရိမာ၏အိမ်သို့ ဆွမ်းခံကြွရောက်မည့်ရဟန်းများကို ထေရ်စဉ်ဝါလိုက် ရွေးပြီးနေ့စဉ်ဆွမ်းခံကြွစေ၏။
🔶တနေ့သောအခါတွင် သီရိမာအိမ်ဆွမ်းခံကြွခဲ့ရသော ရဟန်းတစ်ပါးသည်ရာဇဂြိုဟ်မြို့မှသုံးယူဇနာမျှဝေးသောတောကျောင်းတစ်ကျောင်းသို့ရောက်သွားလေသော် ကျောင်းရှိရဟန်းများသည်အဝေးမှရောက်ရှိလာသောအဂန္တုကရဟန်းနှင့်စကားဆွေးနွေးပြောကြားရာမှရာဇဂြိုဟ်မြို့၏နေထိုင်စားသောက်ရေးအခြေအနေများကိုလည်းမေးမြန်းဆွေးနွေးဖြစ်ကြလေသည်။
🔶အာဂန္တုကရဟန်းက ရာဇဂြိုဟ်မြို၌ စားသောက်ရေး(ဆွမ်းရေး)အခက်အခဲမရှိပုံနှင့် အလှမယ်သီရိမာ၏ အိမ်၌ မိမိဆွမ်းခံရောက်ခဲ့ရပုံအခြေအနေတို့ကိုပါဆွေးနွေးပြောကြားလေ၏။
🔶သီရိမာသည် စေတနာသဒ္ဓါတရားကောင်းပြီးရုပ်ရေအဆင်းမှာလည်းအလွန်လှပကြောင်းနှင့်သီရိမာ၏အလှကိုလည်းဖွဲ့ဆိုချီးမွမ်းပြောဆိုသောအခါ တောကျောင်း၌နေသော ရဟန်ငယ်တစ်ပါးမှာ သီရိမာကိုအလွန်တွေ့မြင်ချင်မြင်ချင်နေ၍ထိုနေ့မကူးခင်မှာပင် ရဟန်းငယ်သည်သပိတ်၊သင်္ကန်းတို့ကိုပြင်ဆင်ယူဆောင်ပြီး ရာဇဂြိဟ်မြို့သို့ထွက်လာခဲ့ရာ နှောက်တစ်နေ့ဆွမ်းခံချိန်မရောက်မှီ ဝေဠုဝန်ကျောင်းတော်သို့ရောက်ခဲ့လေသည်။
🔶ဆွမ်းခံချိန်ရောက်သော် သီရိမာ၏ အိမ်သို့ဆွမ်းခံရန် ရဟန်းတော်ရှစ်ပါးအားထေရ်စဉ်ဝါလိုက်ရွေးချယ်ရာ တောကျောင်းမှရောက်လာသော ရဟန်းငယ်လည်း ရွေးချယ်ခံရပြီးဆွမ်းခံလိုက်ပါသွားရလေသည်။
🔶သီရိမာကား။ ။ ထိုနေ့တွင် ရုပ်တရက် ရောဂါဝေဒနာကျရောက်လာပြီးအိပ်ယာမှ မထနိုင်ဘဲဖြစ်နေလေသည်။ သို့ဖြစ်၍ ရဟန်းတော်များအားကိုယ်တိုင် ဆွမ်းလုပ်ကျွှေးပြုစုရန်မတတ်နိုင်ဘဲ၊ အိမ်ဖော်များကိုသာ ဆွမ်းပြုစုလုပ်ကျွှေးစေသည်။ ဆွမ်းလောင်းလှူပြုစုပြီးသောအခါ သီရိမာသည် အိမ်ဖော်အမျိူးသမီးတို့အားသူမကိုပွေ့ချီစေလျက်၊ ရဟန်းတော်များရှေ့သို့ပို့ဆောင်ခိုင်းစေပြီး ရဟန်းတော်များရှေ့ထံရာက်သော် ရှိခိုးဦးချကန်တော့လေသည်။
🔶ဟောင်းနွမ်းသောအဝတ်၊ နေမကောင်း၍ နွမ်းလျှဖြစ်နေသောကိုယ်ဖြင့် လာရောက်၍ ရှိခိုးနေသောသီရိမာအမျိူးသမီးကိုမြင်လျှင် ရဟန်ငယ်သည် “ဤအမျိူးသမီးသည် မကျန်းမာ၍ ဆင်ယင် ထုံးဖွဲ့လိမ်းခြယ်သထားခြင်းမပြုဘဲလျှက်ပင် ဤမျှလှပနေပေသေးသည်။ ကျန်းမာစွာဖြင့်ကောင်းစွာဆင်ယင်ခြယ်သထားပါလျှင် သူမ၏အလှသည်ဆိုဘွယ်မရှိ အလွန်လှပနေပေမည်”ဟုတွေးနေမိပြီး သီရိမာ၏အလှ၌ တပ်မက်စွဲလန်းခြင်း ပြင်းစွာဖြစ်လျှက်ကျောင်းသို့ပြန်ကြွလာခဲ့ရ၏။
❄️ရဟန်းငယ်သည်ကျောင်းသို့ပြန်ရောက်သော်လည်းသီရိမာ၏အလှကို စွဲလန်းသောစိတ်ကြောင့်ဆွမ်းကိုပင်မစားနိုင်တော့ဘဲ ကျောင်းခန်းထဲသို့ဝင်၍ အိပ်နေလေသည်။
🔶သီရိမာအလှမယ်သည်လည်း ရောဂါဝေဒနာနှိပ်စက်လေသောကြောင့် ထိုည၌ပင်ကွယ်လွနန်သွားလေသည်။
🔶ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် အလှမယ်သီရိမာ ကွယ်လွန်သွားကြောင်းကို မြတ်စွာဘုရားရှင်ထံသို့လူလွှတ်၍ လျှောက်ကြားစေသည်။
🙏မြတ်စွာဘုရားရှင်သည် သီရိမာ၏ရုပ်အလောင်းကို ချက်ချင်းမီးသဂြိုဟ်ခြင်းမပြုသေးစေဘဲ၊ အစောင့်အရှောက်များဖြင့် သုသာန်၌ထားစေရန်မိန့်တော်မူလေသည်။
🔶လေးရက်မြောက်သောနေ့တွင် ဗိမ္ဗိသာရမင်းကြီးသည် များစွာသော မြို့သူမြိုးသားများနှင့်အတူတကွသီရိမာ၏ရုပ်အလောင်းကောင်ကို သဂြိုဟ်ရန်သုသာန်သို့ရောက်လာခဲ့လေသည်။
🙏မြတ်စွာဘုရားရှင်သည်လည်း ရဟန်းသံဃာတော်များနှင်အတူသုသာန်သို့ကြွရောက်တော်မူလာခဲ့လေသည်။
❄️သီရိမာ၏အလှကိုစွဲလန်း၍ လေးရက်တိုင်တိုင် ဆွမ်းမစားဘဲအိပ်နေရာမှ”သီရိမာထံသွားကြမည်”ဟူသောစကားကိုကြားလျှင်ပင် ချက်ချင်းအိပ်ယာမှအလျှင်မြန်ထကာ ရဟန်းများနှင့်အတူမြတ်စွာဘုရားရှင်၏နောက်တော်မှလိုက်ပါလာခဲ့လေသည်။
🙏သုသာန်သို့ရောက်လျှင် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်များက သီရိမာရုပ်အလောင်း၏ညာဘက်မှလည်းကောင်း၊
🔶ဗိမ္ဗိသာရမင်းကြီးနှင့် လူပရိတ်သတ်များက ဘယ်ဘက်မှလည်းကောင်း၊ အသီးသီးနေရာယူကာရပ်နေကြကုန်၏။
🔶ထိုအချိန်တွင် အလှမယ်သီရိမာ၏ကိုယ်မှာမူ ဖူးဖူးရောင်လျှက် ပုတ်ပွပြီး အရည်များယိုစီးကာစက်ဆုပ်ရွံရှာဖွယ်ရာ အတိဖြစ်နေလေပြီ၊ ထိုစက်ဆုပ်ရွံရှာဖွယ်အတိဖြစ်နေသောသီရိမာ၏ အလောင်းကောင်ကိုကြည့်၍
🙏မြတ်စွာဘုရားရှင်က
ဗိမ္ဗိသာရမင်းကြီးအား။ ။”ဒကာတော်မင်းကြီး-ဤသီရိမာသည် အသက်ရှင်လျှက်ရှိစဉ်ကမည်မျှ အဖိုးထိုက်တန်လေသနည်း”ဟု မေးလေသော်၊
🔶”အရှင်ဘုရား-ဤသီရိမာ အမျိူးသမီး နှင့် ပျော်ပါးလိုကြသော ယောင်္ကျားများကတစ်နေ့လျှင် အသပြာတစ်ထောင် ပေး၍ ပျော်ပါးကြရပါသည်ဘုရား” ဟုလျှောက်လေသည်။
🙏ဒကာတော်မင်းကြီး”ယခုအခါ အသပြာတစ်ထောင်ပေး၍ ပျော်ပါးမည့်သူ ရှိပါသေးသလား”
🔶အရှင်ဘုရား-“အသပြာတစ်ထောင်မဆိုထားနှင့် အလကားအခမဲ့ ပေးသော်လည်း ယူကြတော့မည့်သူမရှိတော့ပါ”ဟု ၊ဗိမ္ဗိသာရမင်းကြီးက ဤသို့ လျှောက်ထားလေသောအခါ။
🙏မြတ်စွာဘုရားရှင်သည်
သုသာန်သို့စုဝေးရောက်ရှိလာကြကုန်သောရဟန်ပရိတ်သတ်၊လူပရိတ်သတ်တို့အား။ ။ “အို- သူတော်ကောင်းပရိတ်သတ်တို့ အဝတ်တန်ဆာ ပန်းနံ့သာစသည်တို့ဖြင့် လှပတင့်တယ်ရှုချင်စဖွယ်ပြင်ဆင်ထားသော အရုပ်နှင့်တူသည့် ဤကိုယ်ကောင်ကို ရှုကြည့်ကြကုန်လော့၊ စင်စစ်ဤကိုယ်ကောင်သည်အနာရောဂါမျိူးစုံတို့၏ကျရောက်စုဝေးရာဖြစ်၏။ အရိုးပေါင်းသုံးရာတို့ဖြင့်တည်ဆောက်ထားသော ဤကိုယ်ကောင်သည် အခါမလပ် နာကျင်နှိပ်စက်တတ်ပေ၏။ လူအများကစိတ်ကူးအမျိူးမျိူးဖြင့်၊ သာယာစုံမက်နှစ်သက်နေကြသော်လည်း ဤကိုယ်ကောင်သည်ခိုင်ခံ့တည်မြဲမှုလုံးဝမရှိပေ”ဟု တရားဒေသနာတော်ကိုမိန့်ကြားလေသည်။
❄️သီရိမာ၏အလှကိုနှစ်သက်စွဲလန်းနေသောရဟန်းသည် တရားတော်နာကြားရပြီး သီရိမာ၏ အလှ၌ အနိစ္စသဘောကိုထင်မြင်လာပြီး တရားသဘောကိုတွေ့မြင်ရသည်ရှိသော် သောတာပတ္တိဖိုလ်သို့ဆိုက်ရောက်တည်သွားလေ၏။
(၁၁။ဇရာဝဂျ၊၂-သီရိမာဝတ်ထု၊)
🔶မင်္ဂလာညချမ်းပါ။🔶
🔶🔶🔶🔶🔶🔶🔶🔶🔶
🔶ကျန်းမာချမ်းသာကြပါစေ။
🔶နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
🔶ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။
🔶သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်နိုင်ကြပါစေ။
🔶နေ့ရက်တိုင်းမှာသာယာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်ဝကြပါစေ ။
🔶ပြင်းရိခြင်းကင်း၍အမြဲအားထုတ်ကြိုးစားနေသူများဖြစ်ကြပါစေ။
🔶မိမိအကျိုး၊ သူတပါးအကျိုး၊ ထိုနှစ်မျိုးအားသည်ပိုးဆောင်ရွက်နိုင်သူများဖြစ်ကြပါစေ။
🔶ပျတ်စီးကြောင်းတရားတွေကို ရှောင်ရှားနိုင်၍ ဤလောက၊ သံသရာတို့မှသည် နိဗ္ဗာန်သို့တိုင်အောင် ကြီးပွားချမ်းသာ၊ စိတ်ချမ်းသာ၊ ထိုနှစ်ဖြာ သယ်ဆောင်နိုင်သူများဖြစ်ကြပါစေ။