ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ရောက်
<><><><><><>
🌹ဝိပဿ နာ ရှု တဲ့ နေရာမှာ..
အထည် သဏ္ဍာန် ကို မရှု ရပါဘူး
ပရမတ်သဘောလေး သက်သက်ကို မြင်အောင် ရှု ရမယ်။
နှာသီးဖျားမှာ “တိုးနေတဲ့သဘောလေး” ကို သတိထားတော့
[ တိုး နေ တယ် လို့ သိရတယ်..]
တိုးနေတာက … ရုပ်ရဲ့ သဘော
တိုးမှန်း “သိ”တာက … နာမ်ရဲ့ သဘော
တိုးတာက ရုပ် , သိတာက နာမ်..
ဝင်လေ ထွက်လေ ရယ်လို့ ပြောနေကြပေမယ့်..
တကယ် ခန္ဓာ ပေါ် ရှိတာက..
[ တိုးတဲ့သဘော နဲ့ သိတဲ့သဘော ]
နှစ်ခုတည်း ရှိတာ နော်
တိုးတာက .. အကြောင်းတရား ..ရုပ်တရား
သိနေတာက .. အကျိုးတရား .. နာမ်တရား
သိနေတယ် ဆိုတာ..
ရှူ တဲ့ အခါ , ရှူ တဲ့သဘောကို သိနေတယ်
ရှိုက် တဲ့အခါ , ရှိုက်တဲ့ သဘောကို သိနေတယ်..
အဲဒီ သိတာလေးကို ပြစမ်းပါဆိုတော့ ပြလို့မရဘူး
သိလျှက်နဲ့ ပြလို့မရတာ ဘာကြောင့်လဲ ဆိုတော့
အထည်ဒြပ် မရှိလို့ ပေါ့
🌹[ ဝိပဿ နာ ရှု-တယ် ဆိုတာ ]
“ဒီအထည် မရှိတဲ့ သဘောလေးကို ရှု ရတာ ပါ”
ဒီ သဘောလေးကို မြင်လိုက်ပြီ ဆိုမှ..
တိုးနေတာက .. အကြောင်း, သိနေတာက .. အကျိုး
တိုးနေတာက .. ငါလား , ရုပ်တရား လား ဆိုတော့
ရုပ် တရား
သိနေတာက ငါလား , နာမ်တရားလား ဆိုတော့
နာမ် တရား
အကြောင်းက ရုပ်, အကျိုးက နာမ်
ဒီသဘောတရားဟာ စာအုပ်ထဲမှာ ရှိတာမဟုတ်ပဲ ခန္ဓာမှာ
ရှိတာ ဖြစ်ပါတယ်။
တစ် ရှူ မှာလည်း အကြောင်းအကျိုး , ရုပ်နဲ့ နာမ်
တစ် ရှိုက် မှာလည်း အကြောင်းအကျိုး , ရုပ်နဲ့ နာမ်
တိုးနေတာက … အကြောင်းရုပ်
သိနေတာက… အကျိုး နာမ်
အကြောင်း အကျိုး, ရုပ်နဲ့ နာမ် ပဲ ရှိပါတယ်။
အကြောင်းက ပဋိစ္စ , အကျိုးက သမုပ္ပါဒ်
ပေါင်းလိုက်တော့ … ပဋိစ္စသမုပ္ပါဒ်
တိုးမှု အကြောင်း – ရုပ်ကလည်း ..
ငါမဟုတ် – ခန္ဓာ
သိမှု အကျိုး – နာမ်ကလည်း ..
ငါ မဟုတ် – ခန္ဓာ
တိုးမှု , သိမှု ခန္ဓာနှစ်ခုသည် ..
ပဋိစ္စသမုပ္ပါဒ်ခန္ဓာ
ဒါကိုပဲ – [ ပဋိစ္စသမုပ္ပါဒ်ခန္ဓာ ] လို့ ခေါ်ခြင်း ဖြစ်ပါတယ်။
ခန္ဓ ပဋိစ္စသမုပ္ပါဒ် ဟာ စာအုပ်ထဲမှာ ရှိတာမဟုတ်ပဲ …
ရှူ ရင်း, ရှိုက်ရင်း ရှိလာတာ ဖြစ်ပါတယ်။
🌹[ သမထနဲ့ ဝိပဿ နာ ခွဲမယ် ]
ရှူ နေတဲ့ အချိန်မှာ တိုးနေတဲ့သဘောလေး ဖြစ်တယ်။
သြော် – တိုးနေပါလား လို့ သိတာဟာ “အဖြစ်”ကို သိတာ၊
အဖြစ်ကို သိတာ မို့လို့ – [ သ မ ထ ]
ရှူ လို့ ပြီးသွားတော့ တိုးနေတဲ့သဘောလေး မရှိတော့ဘူး
ပျက် သွား ပြီ
အပ်က္ကို သိတာက – [ ဝိပႆ နာ ]
တိုးနေတဲ့သဘောလေး ပျက်တယ်ဆိုတာ
နဂိုက ပျက်တာ မဟုတ်ဘူး
တိုးပြီးမှ ပျက်သွားတာနော်..
ရှူ တုန်းက တိုးမှန်းသိတာက – [အဖြစ်]ကို သိတာ
ရှူ လို့ ပြီးသွားရော တိုးတဲ့တရားလေး မရှိတော့တာဘဲ
ပျက်သွားတာကို သိပါတယ်
အပ်က္ကို သိတာ – [ ဝိပႆ နာ ] ပါပဲ ။
တိုးတာကို တိုးမှန်းသိတာက – [ အဖြစ် ] ကို သိတာ
တိုးတဲ့သဘောလေး မရှိတော့ပါလား လို့ သိတာက – [အပျက်]
ကို သိတာ။
🌹အဖြစ်ကို သိတာက – [ သမထ ]
🌹အပ်က္ကို သိတာက – [ ဝိပႆ နာ ]
တိုးတာဟာ ..
ငါ့ ရဲ့သဘောလား
ရုပ်ရဲ့သဘောလား ဆိုတော့
ရုပ်ရဲ့သဘော ပေါ့
သိနေတာဟာ
ငါ့ ရဲ့သဘောလား
နာမ် ရဲ့ သဘောလား ဆိုတော့
နာမ်ရဲ့သဘော ပေါ့
တိုးနေတာက ရုပ်
သိနေတာက နာမ်
ဖြစ်တဲ့အတွက်
ရုပ် နာမ် ပဲ ရှိပါတယ်
ငါ ဆိုတဲ့ အယူကို မယူတော့ဘူး
ငါ ဆိုတဲ့ အယူကို မယူတဲ့အတွက်
[ သက္ကာယဒိဋ္ဌိ ] ပြုတ်ပါတယ်။
ကြားတဲ့ သဘောလေးက .. သက္ကာယ
နံ တဲ့ သဘောလေးက … သက္ကာယ
လှုပ်တဲ့ သဘောလေးက … သက္ကာယ
ကျင်တဲ့ သဘောလေးက … သက္ကာယ
🌹ကြားစိတ်, နံစိတ် , .. ကိုပဲ ယူပါ
” ငါ ” မစွဲပါနဲ့
ငါ ကြားတယ် .. ဆိုရင် … သက္ကာယ ဒိဋ္ဌိ
ငါ နံတယ် … ဆိုရင် .. သက္ကာယ ဒိဋ္ဌိ
ငါ .. အယူ မလာတော့ရင် … ဒိဋ္ဌိ ပြုတ် ပါတယ်။
🌹ဝင်လေလေး ကုန်သွားတော့ ..
တိုးတဲ့သဘော မရှိတော့ဘူး
မရှိတော့ဘူး လို့ သိလိုက်တဲ့အတွက်
ခိုင်တယ်, မြဲတယ် လို့ ယူတဲ့
[ သဿ တ ဒိဋ္ဌိ ] ပြုတ်ပါတယ်။
🌹ဝင်လေ ကုန်တော့ ထွက်လေက
အစားထိုးမယ်။
ထွက်လေ အစားထိုးမှန်း သိတော့
ပျက်တယ် လို့ ယူတဲ့ – [ ဥစ္ဆေဒ ဒိဋ္ဌိ ] ပြုတ် ပါတယ်။
🌹အဲဒီလို ကိုယ်တိုင် ရှုပွားပြီးတော့ ပြုတ်တာဟာ
“အပွားပြုတ်” ခေါ် ပါတယ်။
🌹တရားနာပြီး သိပြီးမှ ပြုတ်တာဟာ
“အသိပြုတ်” ဖြစ်ပါတယ်။
ဒီလို ပြောပြမှလည်း ဒိဋ္ဌိပြုတ်တာ သိနိုင်ပါတယ်။
ဒိဋ္ဌိပြုတ်မှလည်း နိဗ္ဗာန် ရမှာပါ။
🌹ဒိဋ္ဌိကို အသိဉာဏ် , အပွားဉာဏ်နဲ့ ဖြုတ်ပြီး ရှုတဲ့
ဝိပဿ နာ ကမှ
အားကြီးတဲ့ ဝိပဿ နာ ဖြစ်ပါတယ်။
အားကြီးတဲ့ ဝိပဿ နာမှလည်း …
မဂ်ဉာဏ်ကို ကျေးဇူးပြုပါတယ်။
မဂ်ဉာဏ်ကမှ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုပါတယ်။
အကြောင်းအကျိုး ဆီလျော်သွားပါပြီ..။
ဆရာတော် ဘဒ္ဒန ္တ သုနန္ဒ
[ ဓမ္မရံသီ မိုးကုတ်ရိပ်သာ ]
ဓမ္မမိတ်ဆွေများ ကောင်းကျိုးတရား တိုးပွားပါစေ..
https://www.facebook.com/donation.of.dhamma/
ဓမ္မဒါနပြည်လည်မျှဝေပူဇော်ပါသည် ။
မေတ္တာဖြင့် – သစ္စာ၏ သစ္စာ
𝓕𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻