နတ်သမီး သာဓုခေါ်သောဒါန

နတ်သမီး သာဓုခေါ်သောဒါန


သုမနသူဋ္ဌေးကြီး ထမင်းရည်ချောင်းစီး မောင်းတီးလျှက် အလှူပေးလေတိုင်း မနာလိုမဖြစ်ခဲ့။ သူဋ္ဌေးကဲ့သို့ လှူချင်
ပေးချင်သည့် အာသာဆန္ဒရှိ၏။ရှိပင်
ရှိငြားသော်လည်း လှူစရာမရှိ။

သူ့တာဝန်က သူဋ္ဌေးအိမ်တွင် မြက်ရိတ်။
ကျွဲနွားများစားဖို့ မြက်ရိတ် နွားစာစင်းရ
သည်။ကျွဲနွားတစ်ထောင်အတွက် တစ်နေ
ကုန် မြက်ရိတ်ရသည်။မြက်ရိတ်သမား
ဘဝ လွတ်ချင်သည်။သူဋ္ဌေး သုမနကဲ့သို့
မကြွယ်ဝချင်နေပါစေ၊ သူဋ္ဌေးနီးနီးလှူ
ချင်ပေးချင်စမ်းသည်။သူ၏အမည်ကား”
အန္နဘာရ”ဖြစ်ပေသည်။

တစ်နေ့တွင် ဥပရိဋ္ဌအမည်ရှိ ပစ္စေကဗုဒ္ဓ
အရှင်မြတ်သည် ဂန္ဓမာဒနတောင်၌ နိရော
ဓသမာပတ် ဝင်စားသည်။သမာပတ်မှထ
သော် မည်သည့်ကို ချီးမြောက်ရမည်ကို
ဖြန့်ကြက် ကြည့်၏။အလှူဒါနပြုလိုစိတ်
ရှိပြီး လှူခွင့်မကြုံသဖြင့် အထမမြောက်
သေးသည့်အန္နဘာရကိုတွေ့၏။ချီးမြောက်သင့်သောပါရမီကိုမြင်သည်။အရှင်မြတ်သည် ကောင်းကင်ခရီးမှကြွလာပြီး
သူဋ္ဌေးအိမ်ပေါက်ဝတွင် ရပ်လေသည်။

ဟာ…..။
မြက်ခြင်းထမ်းလာသည့် အန္နဘာရသည် ဆွမ်းရပ်နေသော အရှင်မြတ်ကို မြင်ရုံဖြင့်
ပီတိဖြစ်သွားသည်။ကြည်ညိုစိတ်ဖြစ်
လျှက် မြက်ထမ်းကို ပစ်ချကာအရှင်
မြတ်အပါးကပ်သွား၏။

“ဆွမ်း ရပါပြီလားဘုရား”
“ရပါလိမ့်မယ် ဒကာ”
အန္နဘာရသည်သပိတ်ကိုလှပ်ကြည့်သည်။ဆွမ်းဗလာ သပိတ်ဟောင်းလောင်းဖြစ်
သောအနေအထားတွေ့သည်နှင့်စေတနာ
စိတ်တွေလျှံဝေသွားတော့၏။”ခေတ္တဆိုင်းငံ့ တော်မူပါ။တစ်ပည့်တော်၏ ဒါနကို
ခံယူတော်မူပါ”

အန္နဘာရသည်အိမ်ထဲပြေးဝင်သွားသည်။သူ ဘာလုပ်ရမှန်းမသိ။သူပိုင်ပစ္စည်းက
မရှိ။သူဋ္ဌေးပိုင်ပစ္စည်းများသာဖြစ်၏။သို့သော်သူပိုင်ပစ္စည်းအနည်းငယ်တော့ရှိ၏။ယနေ့နံနက်စာ။သူ့တစ်ကိုယ်တာဝေစု
ရသည့် နံနက်စာ။ဤထမင်းနှင့်ဟင်းကို
လောင်းလှူလျှင်သူ့အနေဖြင့်ဝမ်းဟောင်းလောင်းဖြစ်မည်။ဆာလောင်မည်။

သို့သော် ယတိပြတ် ဆုံးဖြတ်လိုက်သည်။
မရှိလို့မလှူ မလှူလို့မရှိ ဆိုရိုးစကားအရ ပစ္စုပ္ပန် သံသရာကောင်းဖို့အတွက်တစ်နပ်
စာအလှူ ဒါနကို အရှင်မြတ်အား လောင်းလှူလိုက်လေသည်။

မမျှော်လင့်ဘဲ အလှူလေးတစ်ခု အထ
မြောက်သွား၍ အန္နဘာရ ကြည်နူးသွား
သည်။ခေါင်းပေါင်းထားသည့်ပုဆိုးကိုဖြေကာဖြန့်ခင်းလိုက်သည်။”အရှင်မြတ်ဘုရားဤနေရာမှာဆွမ်းဘုဉ်းပေးတော်မူပါ”။
အရှင်မြတ်က ထိုင်သည်။ ဣနြေ္ဒဖြင့်
ဆွမ်းဘုဉ်းပေးသည်။အန္နဘာရသည် သူပြုသည့်ဒါနအပေါ် ဝမ်းသာပီတိဖြစ်
နေ၏။ဆွမ်းအတွက် အနုမောဒနာတရား
ကို နှစ်လိုစွာ နာယူသည်။ တောင်းဆု
လည်းပြုမိသည်။

“အရှင်မြတ်ဘုရား ဤယနေ့ပြုသော ကောင်းမှုကြောင့် နိဗ္ဗာန်မရမီစပ်ကြား
ဘဝခပ်သိမ်း ဆင်းရဲဒုက္ခ မမြင်ပါရစေ
နှင့်။အလိုရှိက ခဏအတွင်း ပြည့်စုံပါရ
စေ။ထမင်းဖြစ်ရာ ဋ္ဌာနပင် မသိရေသာ သုခချမ်းသာ မှုနှင့် ပြည့်စုံပါရစေဘုရား”
အရှင်မြတ်က”လိုအင်ဆန္ဒ ပြည့်ဝစေ”
ဟူ၍ဆုပေးလိုက်လေသည်။ တစ်သက်
တွင် တစ်ကြိမ်မှမပြုဖူးသော ဒါနကောင်း
မှုအတွက်ကြည်နူးစိတ်ဖြင့်အိမ်ထဲဝင်လိုက်၏။

“သာဓုဗ်ာ…သာဓု။ကောင်းချီးသြဘာပြုပါတယ်။”ခင်…ခင်ဗျာ””သြော် ကျုပ်အိမ်
သားတစ်ယောက်က ကောင်းမှုကုသိုလ်
ုပြုကြောင်း သိရလို့ သာဓုခေါ်တာပါ”
“ကျွန်တော်ပြုတဲ့အလှူကိုသူဋ္ဌေးဘယ်လိုသိလဲ”အန္နဘာရ၏ တအံ့တသြအမေး
ကြောင့် သူဋ္ဌေးကရွှင်မြူးစွာ ရယ်သည်။

“ထီးချက်စောင့်နတ်သမီး ပြောတာပေါ့”
“ခင်ဗျာ””ငါ့လူ အံ့သြနေလား။ဒီနေ့ ဒီအ
ချိန်မှာ ထီးချက်စောင့်နတ်သမီးက သာဓု
ခေါ်သဗျ။နေ့စဉ်နေ့တိုင်း ကျုပ်လှူဒါန်း
ပေးကမ်းနေတာ မခေါ်ဘဲ,ဒီနေ့မှ ဘာလို့
သာဓု ခေါ်တာလည်းလို့ နတ်သမီးကို
ကျုပ်အပြစ်တင်မိတယ်…။

“သြော်”
“ဒီတော့နတ်သမီးက အသင်သူဋ္ဌေးကို သာဓုခေါ်တာမဟုတ်ဘူး။အန္နဘာရ ရဲ့အလှူကို သာဓုခေါ်တာ။ သူစား
ခွင့်ရတဲ့ ထမင်းကိုမစား။အငတ်ခံပြီး
ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ပေးလှူမှု
ကြောင့် သာဓုခေါ်တာလို့ပြောတယ်။
ကျုပ် လှူဒါန်းမှုများဟာ မောင်ရင်လေး ဒီနေ့ လှူတဲ့အလှူလောက်အကျိုး
မရှိဘူး”

“မြင့်မြတ်တဲ့ အကျင့်သီလရှိတဲ့ ပစ္စေက
ဗုဒ္ဓကို လှူခွင့်ရတာ ဘယ်လောက်
ကုသိုလ္ထူးလဲ” အန္နဘာရသည်သဒ္ဒါစိတ်
ကြောင့် လှူလိုက်သော်လည်း မည်သို့
သောအလှူခံ ပုဂ္ဂိုလ်ဖြစ်သည်ကို မစူး
စမ်းမိ။ခုတော့ ပစ္စေကဗုဒ္ဓါကို လှူလိုက်
ရမှန်းသိ၍ ဝမ်းသာသွားသည်။

“အန္နဘာရ သည်အလှူကို ငါ့ရောင်းပါ”
“ဗ်ာ””ဒီနေ့ သင်လှူတဲ့အလှူကိုငါ့အလှူ
ဖြစ်ပါစေ။ဒီအတွက် အသပြာတစ်ပြာ
ပေးပါ့မယ်”

အန္နဘာရ စားခွင့်ရသည့် ထမင်းဝေစု
တန်ဖိုးမှာအသပြာတစ်ပြားမဆိုထားနှင့်တစ်ရွေးပင်မတန်ပါ။သို့သော် သူ၏
သဒ္ဓါတရားဖြင့် လှူခဲ့သောအလှူကို
ငွေအသပြာဖြင့် ရောင်းဖို့စိတ်မကူးမိ။

“ခွင့်လွတ်ပါ သူဋ္ဌေးရယ် ကျွန်တော်
မရောင်းပါဘူး””နည်းလို့လား ဒါဆို
နှစ်ပြားယူ။ ဒါမှနည်းတယ်ဆိုရင်
လေးအသပြာယူ။ပြောနေတာကြာ
ပါတယ်…ဆယ်ပြားယူ။ကဲ စျေးဆစ်
မနေနဲ့…အသပြာနှစ်ဆယ်ယူ””သူဋ္ဌေးက
ကျေးဇူးရှင်ပါ။ဒါပေမဲ့ တစ်သက်မှာ
တစ်ခါသာ ပြုဖူးတဲ့ ဒီအလှူကိုတော့ မရောင်းနိုင်ပါခင်ဗျာ””ကဲ အသျပာ
တစ်ထောင်ဆိုရင်တော့ ရောင်းသင့်
ပါပြီ”အန္နဘာရစဉ်းစားသည်။ကျေးဇူး
ရှင် ကျေနပ်အောင်ဘယ်သို့ပြုရအံ့ဟု
တွေးလိုက်သည်။”သူဋ္ဌေး ခင်ဗျာ ခဏ သည်းခံစောင့်ပါ။အလှူကိုပေးလှူ
လို့ရမရ အရှင်မြတ်ကို မေးပါရစေ”

အရှင်မြတ် ထွက်သွားရာဘက်သို့ ပြေးလိုက်သည်။”အသင် ဒကာ သင်ပြုသောကုသိုလ်ကောင်းမှုကို
မျှဝေပေးနိုင်တယ်။သင့်အိမ်တွင် ထွန်းညှိထားသောဆီမီးတိုင်မှ
မီးလာကူးလျှင် မေလ်ာ့သြား
သော်လည်းထိုလာကူးသူက မီးရသွားသည့်နည်းတူ အလှူကို
မျှဝေသော်လည်း လျော့ပါးလေသည်
မဟုတ်ချေ”

အရှင်မြတ်စကားကြားရသော အန္နဘာရ သည်အမြန်ပြေးလာကာ “သူဋ္ဌေးမင်း
ခင်ဗျား အမ်ွအမ်ွ ယနေ့ပြုတဲ့ကုသိုလ်
ကောင်းမှုအတွက် အမျှပေးဝေပါတယ်.
.သာဓုသာခေါ်ပါတော့”သုမနသူဋ္ဌေးသည်
ဒါနကောင်းမှုအတွက် အမျှရလိုက်သဖြင့် မိမိလှူလိုက်ရသည့်အလား ဝမ်းသာ
ပီတိဖြစ်သွားသည်။ယင်းကောင်းမှုကို အကြောင်းပြုပြီး အန္နဘာရအားအသပြာ
တစ်ထောင် ချီးမြှင့်လိုက်သည်။

သူဋ္ဌေးသည် မြက်ထမ်းသမားဘဝမှ လွတ်မြောက်စေရုံမက သူနှင့်ထပ်တူ သူကောင်းပြုသည်။မင်းကြီးကလည်း
သူဋ္ဌေးအရာ သတ်မှတ်လျှက်သင့်တော်
သည့်နေရာတွင် မြေတစ်ကွက်ချီးမြှင့်
သည်။အိမ်ဆောက်ရန် ရှင်းလင်းချိန်တွင် မြေကွက်အပြည့်မျှ ရတနာရွှေအိုးများ တူးဖော်ရရှိရာ အန္နဘာရသည် နေ့ချင်းညချင်း သူဋ္ဌေးဖြစ်သွား၏။

ြှဖူစင်သောကောင်းမှု သဒ္ဒါတရား
အပြည့်ဖြင့်ပေးလှူခဲ့သည့်ဒါန,အလှူခံ
ပုဂ္ဂိုလ်မှာလည်း နိရောဓသမာပတ်မှထ၍ ချီးမြှင့်ထောက်ပံ့ခြင်းတို့သည် ထင်မှတ်
မထားသော စည်းစိမ်ကိုခံစားရပေသည်။

ကုသိုလ်ကောင်းမှုတည်းဟူသော ဒါနအမှု
သည်ပစ္စုပ္ပန် တမလွန်နှစ်ဘဝချမ်းသာရာ
ရပေသောကြောင့် တတ်နိုင်သမျှကြိုးစား
အားထုတ်ကြပါစို့လို့ တိုက်တွန်းရေးသား
လိုက်ရပေသည်။

======တရား ရတနာ=====

မခံချင်တဲ့စိတ်ကို ဆုံးမပါ

မခံချင်တဲ့စိတ်ကို ဆုံးမပါ
▬▬▬▬▬▬▬▬▬
အပိုင်း(၁)

★ ဒီနေ့ည ဘုန်းဘုန်း ဟောကြားမယ့်တရားကတော့ “#မခံချင်တဲ့စိတ်ကိုဆုံးမပါ” တဲ့။

★ မခံချင်တဲ့စိတ်ကို ဆုံးမပါ၊ ဒါ နေ့စဉ်ဘ၀မှာ ဖြစ်ပေါ်တတ်တဲ့ စိတ်အကြောင်းလေးတွေ အဲဒါလေးတွေကို သတိထားနိုင်အောင်၊ မလိုအပ်တဲ့ မရှိလည်းဖြစ်တဲ့ ဒုက္ခတွေမရှိအောင်။

★ မရှိဘဲနဲ့ ဖြစ်တဲ့ဒုက္ခဆိုတာ ဒါ ဘုန်းဘုန်းက အင်္ဂလိပ်လို တွေးပြီးတော့ ပြောတာ၊ Problems we can do without. မရှိလည်းဘဲ ဖြစ်တဲ့ဒုက္ခ။ ဆိုလိုတာက ကိုယ်က volunteer လုပ်ပြီးတော့ တကယ်လိုချင်ပြီးတော့ ယူမှဖြစ်တဲ့ ဒုက္ခ ၊ ဒါ အဓိပ္ပါယ်။မလိုချင်ဘူးဆိုရင် ဒီအတိုင်းပဲ။

★ မွေးလာကတည်းက ပါလာတဲ့ ဒုက္ခမဟုတ်ဘူး။ မွေးဖွားခါစ ကလေးလေးက ဘယ်သူ့အပေါ် မခံချင်တဲ့စိတ်ဆိုပြီးတော့ အဲ့စိတ်လေး ပါလာလား? ပါမလာဘူး။ ထမင်းဆာတယ် ဗိုက်ဆာ ဆိုတဲ့အကြောင်း မိခင်ကို အသိပေးတဲ့အနေနဲ့ သူငိုတယ်။ သူနို့စို့လိုက်ရရင် ပြီးသွားတာပဲ။

★ အဲဒီဒုက္ခ သူ့ဆီမှာ မရှိတော့ဘူး အဲဒီအချိန်လေ။ ဆာရကောင်းမလား ဆိုပြီးတော့ သူရဲ့ ခန္ဓာကိုယ်လည်း ပြန်ပြီးတော့ ဒေါသမဖြစ်ဘူး။ ရန်ငြိုးမထားဘူး။ ပင်ပန်းနေတယ် အိပ်ချင်တယ်ဆိုလည်း သူက ငိုပြတယ်။

★ အမေက သိပ်လိုက်တယ်ဆိုရင် သူအိပ်ပျော်သွားတဲ့အခါမှာ သူပြန်နိုးလာတဲ့အခါမှာ တကယ့်ကလေးငယ်လေး နဂိုကပါလာတဲ့ဒုက္ခ အဲဒီဒုက္ခကို ဆာလောင်တတ်တဲ့ဒုက္ခ၊ ပင်ပန်းတတ်တဲ့ဒုက္ခ၊ အဲဒီဒုက္ခတွေ သူကိုယ်တိုင် မကိုင်တွယ်နိုင်သေး၊ မဖြေရှင်းနိုင်သေးတာတောင်မှ မိခင်က ဝိုင်းပြီးဖြေရှင်းပေးတာ ဒီလောက် အပန်းမကြီးပါဘူး။

★ တစ်နှစ်သားအရွယ် နှစ်နှစ်သားအရွယ်။ နှစ်နှစ်သားအရွယ်လောက်ထိ အဲ့ကလေးလေး သူ့မှာ မခံချင်တဲ့စိတ်တွေ မဖြစ်ဘူး။ ကြီးလာတဲ့အခါကျမှ ကိုယ့်ကိုယ်ကိုယ် ဟိုလူနဲ့နှိုင်းလိုက် ဒီလူနဲ့နှိုင်းလိုက်၊ ကိုယ်က မနှိုင်းရင်လည်းပဲ စနစ်က နှိုင်းခိုင်းတယ်။ သွားပြီးတော့ ယှဉ်ပြိုင်ခိုင်းတယ်။

★ မူလတန်း သွားတက်ပြီဆိုရင် ကလေးတွေက လေးငါးနှစ်ပဲ ရှိသေးတယ်၊ အတန်းကျောင်းမှာ ဘယ်သူက ပိုတော်တယ်၊ ဘယ်သူက အတော်ဆုံး နံပါတ်တစ် အတန်းထဲမှာ၊ ဘယ်သူကတော့ နံပါတ်နှစ်၊ ဘယ်သူက နံပါတ်သုံး၊ အဲလို ပြိုင်ဆိုင်ခိုင်းတယ်။

★ ပြိုင်ဆိုင်ခိုင်းတဲ့အခါကျတော့ ကိုယ်က အထက်ရောက်တဲ့ပုဂ္ဂိုလ်၊ အောင်တဲ့ပုဂ္ဂိုလ်၊ ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ် ထဲမှာ မပါဘူးဆိုရင် စိတ်ထဲမှာ အားငယ်တယ်။ အဲဒီ အားငယ်တာ ဒါ မခံချင်စိတ်ရဲ့ အစိတ်အပိုင်းပါ။ မခံချင်တဲ့စိတ် တစ်မျိုးပါ အားငယ်တာ။ အင်္ဂလိပ်လို inferiority complex လို့ခေါ်တယ်။

★ ကိုယ့်ထက်သာတဲ့လူတွေကို ကြည့်ပြီးတော့ အားငယ်တယ်။ မာန တစ်မျိုးပေါ၊ ဟီနမာန်တဲ့၊ မာနတစ်မျိုး၊ မာနသုံးမျိုးရှိတယ် ဒါ ဟီနမာန်၊ နာသူရဲ့ မာန်ပေါ့၊ နာသူရဲ့ မာန၊ မခံချင်တဲ့စိတ်။

★ တခါတခါကျတော့ မိဘကိုယ်၌က ကိုယ့်သားသမီးတွေကို အချင်းချင်းနှိုင်းယှဉ်တယ်။ ကြိုးစား အစ်ကိုကြီးလို ကြိုးစား၊ အစ်မကြီးလို ဖြစ်အောင် ကြိုးစား။

★ အဲလိုပြောတဲ့အခါကျတော့ pressure နည်းတဲ့အချိန်မှာ စိတ်ဖိဆီးမှု နည်းတဲ့အချိန်မှာ ကလေးက သူရဲ့အကြီးတွေကို အားကျရင်အားကျမယ်။ အားကျတာတော့ ကောင်းပါတယ်။ Aspiration ဖြစ်တယ်ဆိုတာ ကိုယ်အားကျပြီးတော့ ကိုယ်ဖြစ်ချင်တာ။

★ ဒါပေမဲ့ ဘာစိတ်အလိုလို ၀င်နိုင်တုန်းဆို မိဘက အဲလိုခဏခဏ သွားပြီးတော့ နှိုင်းတယ်ဆိုရင် တခါတခါက မိဘက ဘယ်လိုပြောတုန်း? နင်က နင့်အစ်မကြီးလို မဟုတ်ဘူး၊ နင့်အစ်ကိုကြီးလို မဟုတ်ဘူး ပြောရခက်လိုက်တာဆိုပြီး မခံချင်တဲ့စိတ် ဖြစ်အောင်လုပ်တယ်။

★ သူများ ပြုပြင်ပြောင်းလဲမလား၊ ပြုပြင်မလားဆိုပြီးတော့ စေတနာနဲ့တော့ ပြောပါတယ်။ ဒါပေမဲ့ ပြောတာ နှစ်ဖက်ဓါးသွားရှိတဲ့ ဓါးနဲ့ ပြောတဲ့အခါကျတော့ တစ်ဖက်က ကိုယ်ခုတ်ချင်တဲ့နေရာ ပြတ်ချင်လည်းပြတ်လိမ့်မယ်၊ ကျန်တဲ့တစ်ဖက်က အန္တရယ်ရှိနေတယ်။ Side effects တွေ ဘေးထွက်ဆိုးကျိုးတွေများတယ်။

★ မခံချင်တဲစိတ်ရှိအောင် လှုံ့ဆော်ပြီးတော့ မခံချင်တဲ့စိတ်သွင်းပြီးတော့ ကြိုးစားခိုင်းတာ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ များတယ်။

★ အဲလိုလုပ်တဲ့အခါမှာ စိတ်ဖိစီးမှု များလာရင် မောင်နှမအချင်းချင်းတောင်မှ အဲဒီအချိန်မှာ ကိုယ့်ရဲ့ အစ်ကိုကြီး၊ ကိုယ့်ရဲ့အစ်မကြီးကို အကြောင်းပြုပြီးတော့ သူ့တို့ စံနမူနာထားပြီးတော့ ကိုယ့်ကိုယ်ကိုယ်လာပြီး မိဘတွေက ကြိုးစားတိုက်တွန်းတယ်ဆိုတာ တခါတခါ ကိုယ်က အဲဒီစေတနာ မမြင်မိဘူး။

★ ဘာဖြစ်လို့ မမြင်မိတုန်း? စိတ်ဖိစီးမှု ဖြစ်သွားတာ stress ဖြစ်သွားတာ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

“မခံချင်တဲ့စိတ်ကို ဆုံးမပါ” (၂၅.၁.၂၀၁၉) တရားတော်အသံတော်မှ ကူးယူရေးသား ပူဇော်ပါသည်။

Photo credit #အရိုး

ရှင်သီ ၀လိ (ထေရုပ္ပတ္တိ)

ရှင်သီ ၀လိ (ထေရုပ္ပတ္တိ)
═════════════

ဗုဒ္ဓဘာသာ၀င်များက ရှင်သီ၀လိကို
ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။
လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။
ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီ၀လိပုံတော်ကို ထုလုပ်ကိုးကွယ်၍
အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။
ရှင်သီ၀လိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ
အားလုံးက သိထားကြ၏။
ရှင်သီ၀လိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊
ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော
ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

( တောင်းခဲ့သော ဆု)

ရှင်သီ၀လိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌
လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး
ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍
ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

(ပြုခဲ့သော ကုသိုလ်)

၀ိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌
အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က
ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။
၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။
ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။
၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ
ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင်
လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင်
ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။
ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်၀ယ်ရန်
ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီ၀လိအလောင်း
လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က
တကျပ်ပေး၍ ၀ယ်ယူကြ၏။
ထိုခေတ်ပေါက်စျေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍
၀ယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး
ရုတ်တရက် မရောင်းဘဲ စျေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း စျေးတက်ပေး၍ အနည်းငယ်မျှသာတန်သော
တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ
စျေးနှုန်းမြင့်တက်သွားလေသည်။ ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား
လှူရန် ၀ယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ်ကိုယ်တိုင်
အခမဲ့ကုသိုလ်ပါ၀င် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင်
သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။
တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ
ဝိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း
ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး
ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌
သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီ၀လိ ဖြစ်ခဲ့ရလေသည်။

(ကျူးလွန်ခဲ့သော အပြစ်)

ရှင်သီ၀လိဖြစ်မည့် နောက်ဆုံးဘ၀တွင် အမိ၀မ်းတွင်း၌ ၇-နှစ်ကြာမျှ
၀ဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိ၀တွင်
ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။
ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို
သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘ၀က သီ၀လိနှင့် မယ်တော် သုပ္ပဝါသာတို့မှာ
ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။
တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို
တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။
ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍
နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင်
ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။
အတွင်းရှိ မယ်တော်ကြီးက မြို့ကို ဝိုင်းထားရန် အကြံပေးလေသည်။
မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး
လေးပေါက်တို့ကို အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ
အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး
ပိတ်ဆို့ ၀န်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့်
အတိုင်း ၀င်ပေါက်ထွက်ပေါက် မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့
၀န်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး
အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီ၀လိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။
ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ
ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီ၀လိအလောင်းအလျာ ဖြစ်လာသည်။

( ရှင်သီ၀လိ မယ်တော်နှင့် ခမည်းတော်)

ရှင်သီ၀လိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။
ရှင်သီ၀လိ၏ မျိုးရိုးမှာ ကောလိယမင်းမျိုး ဖြစ်သည်။
ဖခင်၏အမည်ကို ကျမ်းဂန်တို့၌ သီခြားမပြပါ။
ကောလိယမင်းသား-တပါးဟုသာ သာမန်ပြဆိုသည်။
မယ်တော်၏အမည်ကိုမူသုပ္ပဝါသာ-ဟု သီးခြားပြဆိုသည်။
သုပ္ပဝါသာသည်လည်း ဆွေကြီးမျိုးကောင်း ကောလိယဘုရင်တပါး၏
သမီးတော်ဖြစ်သည်။ အလွန်သဒ္ဓါတရား ကောင်း၏။ ဖွယ်ဖွယ်ရာရာ
မွန်မွန်မြတ်မြတ် လှူတတ်သောသဘောရှိ၏။
ထို့ကြောင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတွင် မွန်မွန့်မြတ်မြတ်
ပေးလှူတတ်သောအရာ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။

မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ခဲဘွယ်ဘောဇဉ်နှင့်
ဆေးဝါးဓာတ်စာများကို သင့်လျော်အောင် စီမံ၍ ကိုယ်တိုင်ကိုယ်ကျ
လှူဒါန်းလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း သံဃာတော် ၁၀၈-ပါးကို နိစ္စဘတ်
ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော ဘိက္ခုဖြစ်စေ၊
ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။
အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြားစားဖွယ်
တမျိုးမျိုးကို လောင်းလှူလေ့ရှိသည်။ လှူသည့်အခါမှာလည်း
ဖြစ်ကတတ်ဆန်း မလှူ။ မွန်မွန်မြတ်မြတ် ရိုရိုသေသေ လှူတတ်သည်။
ဒါနနှင့် ပျော်မွေ့သူဖြစ်သည်။

ဤမျှ သဒ္ဓါတရားကောင်းပြီး ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါလျက်
ကိုယ်၀န်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ
သနားဖို့ပင် ကောင်းတော့သည်။
အဖြေကား မြို့ကို ၀န်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော
အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်ပင် ဖြစ်တော့သည်။

ရှင်သီ၀လိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိ၀မ်းထဲတွင်
သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။
မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့်
ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက
အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ
ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

( အံ့ဖွယ် ဖြစ်ရပ်ထူးများ)

ရှင်သီ၀လိ၏ ကုသိုလ်ကံအကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား
ရှိလှ၍ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။
ရှင်သီ၀လိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ၀မ်းတွင်းရှိ
သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပဝါသာမင်းသမီးအထံသို့
ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ
ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။
ဆွေမျိုးများက သုပ္ပဝါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍ မျိုးစေ့ထည့်ထားသော
တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။
သုပ္ပဝါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင်
တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။
မင်းပယ်တပယ် ကျယ်၀န်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း
ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ
အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့်
တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီ၀လိ၏ ဘုန်းကံကြောင့်
ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်)
မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။
ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏
ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင်
ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။

ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ
၀ိပဿီဘုရားလက်ထက်က နွားနို့ခဲနှင့် ပျားရည်ကို လှူခဲ့ဖူးသော
ကုသိုလ်၏ အကျိုးဆက်ပင် ဖြစ်လေသည်။

(ဂုဏ်တော်ပွား၍ သည်းခံခြင်း)

ကိုယ်၀န်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသော သုပ္ပဝါသာမင်းသမီး၏ ဆင်းရဲ
ဒုက္ခ မည်မျှကြီးမားသည်ကို စာရှုသူတို့ ကိုယ်ချင်းစာကြည့်လျှင်သိနိုင်ရာပါသည်။
ဤ၌ သုပ္ပဝါသာ မင်းသမီး၏ သဘောထားခံယူချက်မှာ အတုယူ မှတ်သားဖို့
ကောင်းပါသည်။ သုပ္ပဝါသာမင်းသမီးသည် သန္ဓေလွယ်ရသော ဒုက္ခဝေဒနာကို
အခြားနည်းဖြင့် မဖြေဖျာက်ဘဲ ဂုဏ်တော်ပွားများခြင်းဖြင့် အာရုံပြောင်းလဲအောင်
ပြုလုပ်၍ သည်းခံခဲ့လေသည်။

ဂုဏ်တော်ပွားများ ဆင်ခြင်ပုံမှာ-

(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန်
တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့်
ပြည့်စုံတော်မူပါပေစွတကား။

(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော
ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ် အားထုတ်တော်မူ၏။
ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကို
ကောင်းစွာ ကျင့်တော်မူပါပေစွတကား။

(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။
ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပေစွတကား။

သုပ္ပဝါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊
သံဃာတော်၏ သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊
နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော ကောင်းသောအကြံ ဤအကြံ
သုံးမျိုးတို့ဖြင့် ကိုယ်၀န်လွယ်ရသော ဒုက္ခဝေဒနာကို
သည်းခံဖြေဖျောက်၍ နေလေသည်။

သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန်
ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ ပြင်းထန်လာသောအခါ သူ၏
ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး အောက်ပါ
စကားကို ပြောကြားလေသည်။

အမောင်-ကိုယ်၀န်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတပ်မသိနိုင်ပါ။
ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်) အလှူပေးသွားချင်ပါတယ်။
မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး
အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ
တလုံးမကျန် မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။

(အလှူ ၂-ခု ဆုံနေခြင်း)

ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပဝါသာ၏ စကားကို ယူဆောင်၍
မြတ်စွာဘုရားထံသို့ သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေ၏။
သုပ္ပဝါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံ
ကြွရောက်ပါရန်လည်း ပင့်လျှောက်လေ၏။
မြတ်စွာဘုရားက သုပ္ပဝါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ
ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပဝါသာမင်းသမီးထံမှ အပင့်မရောက်မီ
အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက ပင့်ထားပြီးဖြစ်၍
ချက်ချင်း ၀န်မခံခြင်း ဖြစ်သည်။

အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို
ခေါ်၍ အလှူရက် နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။
အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့်
အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို
၇-ရက်မျှ နောက်သို့ ရွှေ့ပေးပါရန် ပြောကြားလေသည်။

အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ-
အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့
ရွှေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊
စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူး-လို့
အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို
ရွှေ့ပေးပါမယ်ဘုရား။

အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ
အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်က-
ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာ၀ကျပါပေတယ်။
ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ ၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့
အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။
ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။
ဤသို့ ပြန်လည် ရှင်းပြတော် မူပေသည်။

ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့်
အပြင် မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို
ဦးစားပေးကာ သူ၏ အလှူရက်ကို နောက်သို့ ၇-ရက်မျှ ရွှေ့ပေးလိုက်လေသည်။

( မေတ္တာဓာတ်ကြောင့် ဖွားမြင် )

အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ
မြတ်စွာဘုရားက သုပ္ပဝါသာ မင်းသမီး၏ အလှူကို လက်ခံတော်မူပြီး-
သုပ္ပဝါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။
ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ
ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အဝြဖင့် မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း
နေအိမ်တွင် ကျန်ရစ်သော သုပ္ပဝါသာမင်းသမီးသည် ၇-နှစ်လွယ်ထားရပြီး
၇-ရက်တိုင်တိုင် မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို
လွယ်ကူချောမောစွာ ဖွားမြင်လေ၏။

ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု
မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။
သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့
အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား
၀မ်းပန်းတသာ ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော
ကောလိယမင်းသားက တွေ့မြင်လိုက်ရသောအခါ ငါ၏ဇနီး မီးဖွားပြီဟု
သဘောပေါက်ပြီး ဖြစ်လေသည်။ ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို
ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ သောကြောင့် သူငယ်၏
အမည်ကို ( သီ၀လိ) ဟု အမည်ပေးကြသည်။
သီ၀လိ=သောကအပူကို ငြိမ်းအေးစေးသူ (ဝါ) မောင်ငြိမ်းချမ်း။

( မွေးဖွားစသူငယ် စကားပြောခြင်း )

သုပ္ပဝါသာမင်းသမီးသည် သီ၀လိသတို့သား ဖွားမြောက်သည့်
အထ်ိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို
နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။
ရှင်သီ၀လိ သတို့သားမှာ အမိ၀မ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက်
လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို
ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီ၀လိသူငယ်ကိုယ်တိုင်
ရေစစ်၍ သောက်ရေဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့်
စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော
မယ်တော်သုပ္ပဝါသာ မင်းသမီးအဖို့ ၀မ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။
(အံ-ဋ္ဌ-၁၊ နှာ-၁၉၄)

မြတ်စွာဘုရားက -ချစ်သမီး သုပ္ပဝါသာ၊ ကိုယ်၀န်ဒုက္ခကို ၇-နှစ်မျှ
လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်၀န်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု
မေးတော်မူရာ သုပ္ပဝါသာမင်းသမီးက -မှန်ပါဘုရား၊ သီ၀လိလို သားမျိုးကိုသာ
ရမည်ဆိုပါက နောက်ထပ် ၇-ခါ ပဋိသန္ဓေလွယ်ပြီး ၇-ယောက်တိတိ
ဖွားလိုပါသေးကြောင်း-မိန်းမပီပီ လျှောက်ထားလေသည်။
ဤသို့လျှောက်ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော
မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။

( သီ၀လိ သင်္ကန်း၀တ် )

အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို
သီ၀လိသူငယ်က အမိ၀မ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို
လျှောက်ထားပြီး မိဘ ၂-ပါးက ခွင့်ပြုပါလျှင်
သင်္ကန်း၀တ်လိုကြောင်း လျှောက်ထားလေ၏။
ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင်
တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချပေးလေ၏။

ပထမဆံ၀န်းအချတွင် သောတာပန်၊
ဒုတိယဆံ၀န်းအချတွင် သကဒါဂါမ်၊
တတိယဆံ၀န်းအချတွင် အနာဂါမ်၊
ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်လေ၏။

ရှင်သီ၀လိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး
ရှင်သီ၀လိ၏ ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး
ခက်ခဲမှုမရှိဘဲ အလျှံပယ်ပေါများလေ၏။
ရှင်သီ၀လိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည် မြတ်စွာဘုရားသခင်
ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က ဖြစ်ပေါ်လာခဲ့ပေသည်။

( ဘုန်းကံကို စုံစမ်းခြင်း )

ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီ၀လိကိ်ု
လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက လက်ခံထားကြ၏။
မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲအံ့ထင်သော
မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီ၀လိကို ခေါ်သွားလေ့ရှိ၏။
ရှင်သီ၀လိပါလျှင် စား၀တ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။
လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင်
ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီ၀လိ ဘုန်းကံမှာ
ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက ဂေါတမမြတ်စွာဘုရားသည် သာ၀တ္ထိပြည်သို့ ကြွလာရာ
ရှင်သီ၀လိကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။
ရှင်သီ၀လိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍
တပည့်နှင့် အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု
လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီ၀လိနောက်သို့
သံဃာအပါး ၅၀၀-ထည့်ပေးလိုက်၏။

ရှင်သီ၀လိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမ၀န္တာသို့
ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။
ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ နေရာအားလုံး၌ပင်
ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီ၀လိ မထေရ်အား ခုနစ်ရက်စီ၊
ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေသည်။
ရှင်သီ၀လ်ိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင်
သုံးစွဲ၍ မကုန်အောင် ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။
ရှင်သီ၀လိဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင်
လှူဒါန်းကြသောကြောင့် လာဘ်လာဘ ပေါများရာ၌ ရှင်သီ၀လိမထေရ်အား
ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။
.
( မာဂဓီ-သာစည်)

Dhammaပီတိ

Via ဓမ္မ ရေချမ်းစဉ်

🙏ဘုရား၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ
ဘေးရန်ကွာကျပါစေ🙏

🙏တရား၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ
ဘေးရန်ကွာကျပါစေ🙏

🙏သံဃာ၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ
ဘေးရန်ကွာကျပါစေ🙏

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

ဘုရား တရား သံဃာ ရတနာမြတ်သုံပါး၏
ဂုဏ်ကျေးဇူးကြောင့်

(၇)ရက်သားသမီးအပေါင်းသူတော်ကောင်းတို့

🌹လုပ်ကိုင် ကြံစည်သမျှ ပြီးမြှောက် အောင်မြင်ပါစေ.🌹

🌹ရောဂါ ဘေးအန္တရာယ်ကင်း၍ အေးချမ်းကျပါစေ.🌹

🌹တရားထူးတရားမြတ်များရကျပါစေ.🌹

နိဗ္ဗာနဿ ပစ္စယော ဟောတု။ ။

မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ
အထွန်းကားဆုံးသောတိုင်းပြည်ဖြစ်ပါသည်။
ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို
ကြည်ညို လေးစား တန်ဖိုးထားသည့်
ထေရဝါဒ ဗုဒ္ဓဘာသာဝင်များကို
(ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည်
သက်ဝင်ကိုးကွယ်သူများ)group မှလည်း
လေးစားစွာဖိတ်ခေါ်ပါသည်။🙏🙏🙏
https://www.facebook.com/groups/443388239944617/
https://www.facebook.com/groups/443388239944617/

ဥပေက္ခာနှင့် ဝေဒနာရှုမှတ်ခြင်း

ဥပေက္ခာနှင့် ဝေဒနာရှုမှတ်ခြင်း


မထူးဆန်းလှဘဲ ရိုးရိုးအာရုံ၀တ္တုတွေကို
မြင်ရ ကြားရ တွေ့ရ သိရတဲ့အခါများမှာ

၀မ်းသာတယ်လို့လည်း မရှိဘူး။
နှလုံးမသာတယ်လို့လည်းမရှိဘူး။

နေသာရုံတော့လည်း ရှိနေတာပဲ။
အဲဒါဟာ ဥပက်ေခာပါပဲ။

လောကီအာရုံ ကာမဂုဏ်၀တ္တုတွေနဲ့
စပ်ပြီးဖြစ်တဲ့အတွက် သူ့ကို “သာမိသ
ဥပေက္ခာ” လို့ခေါ်တယ်။ လောကရေးရာ
လျစ်လျူရှုမှုကို ဆိုလိုတယ်။

သူက နိစ္စ သုခ အတ္တ အထင်မှား
အသိမှားတွေနဲ့ ပူးတွဲပြီးဖြစ်နေတယ်။

ဒါကြောင့် သူ့ကို “အညာဏုပေက္ခာ”
လို့လည်းခေါ်တယ်တယ်။ အသိဉာဏ်
မပါတဲ့ လျစ်လျူရှုမှုလို့ ဆိုလိုတယ်။

ဒါကြောင့် ဒီဥပေက္ခာကိုတော့မမှီဝဲရဘူး။
ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်ပြီးတော့
ပယ်ရတယ်။

ရှုမှတ်ကောင်းတဲ့ ၀မ်းသာတာကို
“နိရာမိသုခ”ခေါ်တယ်။

အဲဒီ၀မ်းသာမှုတွေကို ရှုမှတ်လို့
ကောင်းကောင်း လွန်မြောက်သွားတဲ့
အခါကျတော့

စိတ်ထဲမှာ ၀မ်းသာတက်ကြွခြင်း
မရှိတော့ဘဲနဲ့ အသိကလေးဟာ
ငြိမ်သက်သိမ်မွေ့ပြီး

မှတ်တိုင်း မှတ်တိုင်း ယဉ်ယဉ်သာသာ
ကလေးနဲ့ ကောင်းနေတာရှိတယ်။

အဲဒါဟာ “နိရာမိသဥပကျခော”ပါပဲ။
တရားရေးရာ လျစ်လျူရှုမှုလို့ဆိုလိုတယ်။

ဒီဥပေက္ခာဟာ သင်္ခါရုပေက္ခာဉာဏ်များ
ကျတော့ ချီးမွမ်းလို့ မမီနိုင်အောင်ကို
နူးညံ့သိမ်မွေ့ပြီးတော့ အင်မတန်
နေကောင်းတာကို တွေ့ရတယ်။

ယောဂီဟာ နောက်ဆုံးကျတော့ ဒီ
“နိရာမိသဥပေက္ခာ”ကိုပဲ ရောက်ပြီးတော့

သူ့ကိုလွန်မြောက်ပြီး မဂ်ဉာဏ်
ဖိုလ်ဉာဏ် ဆိုက်ရောက်သွားအောင်
ဆက်လက်ပြီး မပြတ်ရှုမှတ်သွားရပြန်
တာပဲ။

လိုရင်းအတိုချုပ်ကတော့ ကိုယ်ထဲ
စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ခံစားမှုဆိုရင်

ချမ်းသာတဲ့ ကောင်းတဲ့ ခံစားမှုပဲဖြစ်ဖြစ်
ဆင်းရဲတဲ့ မကောင်းတဲ့ ခံစားမှုပဲဖြစ်ဖြစ်
နေသာရုံ သာမန်ခံစားမှုပဲဖြစ်ဖြစ်

ပေါ်လာသမျှကို အကုန်လုံး
စူးစိုက်ပြီး မှတ်သိရမယ်။

လောကရေးရာနဲ့စပ်တဲ့ ခံစားမှုဆိုရင်
ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်
လက်မခံဘဲ ရှုမှတ်ပြီး ပယ်ရမယ်။

ပြီးတော့ တရားရေးရာနဲ့စပ်ပြီး
၀မ်းနည်းမှု ဖြစ်လာရင်လည်း သူ့ကို
ရှုမှတ်ပြီး တရားရေးရာ ၀မ်းသာမှုများ
ဖြစ်ပေါ်လာစေရမယ်။

အဲဒီတရားရေးရာ ၀မ်းသာမှုတွေ ဖြစ်လာ
ပြန်တော့လည်း သူတို့ကို လွန်မြောက်သွား
အောင် ရှုမှတ်သွားရမယ်။

လွန်မြောက်သွားတဲ့ အခါကျတော့
နူးနူးညံ့ညံ သိမ်သိမ်မွေ့မွေ့ ညင်ညင်
သာသာကလေး မှတ်ပြီး

ကောင်းနေတဲ့ နိရာမိသဥပေက္ခာကိုလည်း
မပြတ်ရှုမှတ်ပြီး အစဉ်အတိုင်း လိုက်နာ
သွားရမယ်။

ဒီလို လိုက်သွားရင် တစ်ပိုင်းစီ
တစ်ပိုင်းစီ ပြတ်ပြတ်ပြီး

ကုန်ကုန်သွားတဲ့ ခံစားမှု
ဝေဒနာကလေးကိုပဲ ဖြစ်ဖြစ်
တခြားရုပ်နာမ်တွေကိုပဲဖြစ်ဖြစ်

ရှုမှတ်ရင်း သိနေရင်းထဲက
အဲဒီရှိနေတဲ့ ရုပ်နာမ်အာရုံတွေရော

ရှုသိနေတဲ့ နာမ်တရားတွေရော
ဒီရုပ်နာမ် သင်္ခါရတွေ အကုန်လုံး

ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်သဘောထဲကို
၀င်ရောက်ပြီး မျက်မှောက်တွေ့
သွားပါလိမ့်မယ်။

အဲဒါဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်
နိဗ္ဗာန်ကို မျက်မှောက်ပြုသွား
တာပါပဲ။

ရှုမှတ်နိုင်ကြ၍ ဝေဒနာနှင့်တကွ
ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်
အနိစ္စ ဒုက္ခ အနတ္တ အချက်တို့ကို

မှန်မှန်ကန်ကန် ပိုင်ပိုင်နိုင်နိုင်ကြီး
သိမြင်လွယ်နိုင်ကြပါစေ။

မှန်ကန်ပိုင်နိုင်စွာ သိမြင်ကြ၍ မိမိတို့
ရည်မှန်းသော မဂ်ဖိုလ် ဉာဏ်စခန်းသို့
လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ။

ကျေးဇူးတော်ရှင်
မဟာစည်ဆရာတော်ဘုရားကြီး
“ဝေဒနာ ရှုမှတ်ပုံ” တရားတော်မှ

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

ဖြေဆေး

ဖြေဆေး !


တချို့လူတွေက
မင်းကို
စိတ်ဒဏ်ရာတွေပေးခဲ့လိမ့်မယ် ။

တချို့လူတွေက
မင်းအနားက
အဝေးဆုံးကိုထွက်ခွာသွားလိမ့်မယ် ။

တချို့လူတွေက
မင်းကို
ဝမ်းနည်းစရာတွေဖန်တီးပေးလိမ့်မယ် ။

တချို့လူတွေက
မင်းကို
နာကျင်မှုတွေပေးခဲ့လိမ့်မယ် ။

တချို့လူတွေက
မင်းကို
တစ်သက်တာ
သင်ခန်းစာတွေပေးခဲ့လိမ့်မယ် ။

တချို့လူတွေက
မင်းကို
မမေ့နိုင်စရာတွေပုံရိပ်တွေ
ဖန်တီးပေးလိမ့်မယ် ။

တချို့လူတွေက
မင်းကို
လိုအပ်တဲ့အချိန်မှာ
ဆက်သွယ်လာလိမ့်မယ် ။

တချို့လူတွေက
မင်းကို
ပျော်ရွှင်အောင်ဖန်တီးပေးလိမ့်မယ် ။

တချို့လူတွေက
မင်းကို
အကြောင်းမရှိပဲထားသွားလိမ့်မယ် ။

တချို့လူတွေက
မင်းကို
ချစ်တတ်အောင်သင်ပေးခဲ့လိမ့်မယ် ။

တချို့လူတွေက
မင်းကို
မလိုအပ်တော့တဲ့အချိန်မှာ
ပစ်သွားလိမ့်မယ် ။

တချို့လူတွေက
မင်းကို
လွမ်းစရာတွေနဲ့ထားခဲ့လိမ့်မယ် ။

ဒါဟာ
အသက်အရွယ်ကြီးရင့်လာတဲ့အမျှ
တွေ့ကြုံရမယ့်
စိတ်ခံစားမှုတွေပါပဲ ။

လူတွေအများစုဟာ
သူတစ်ပါးရဲ့စိတ်ကို
ထိန်းချုပ်ဖို့
ချုပ်ချယ်ဖို့
ပိုင်ဆိုင်ဖို့
နှောင်ဖွဲ့ဖို့
အမြဲကြိုးစားကြတယ် ။

ဒါပေမယ့်
ကိုယ့်ကိုယ်တိုင်း
ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ဖို့
ဖြေသိမ့်ဖို့
ဖြေတွေးဖို့ကျပြန်တော့
မေ့နေကြတယ် ။

သူတစ်ပါးက
ပေးတဲ့စိတ်ခံစားမှုကို
နှစ်နှစ်ကာကာ ခံစားတယ်
စိတ်နှစ်ပြီး
ရင်ဘက်ကြီးနဲ့
အာရုံကိုစူးစိုက်ယူတယ် ။

ကိုယ့်မှာရှိနေတဲ့
စိတ်ဒုက္ခဆင်းရဲကိုတောင်
ကိုယ်ကိုယ်တိုင် မနိုင်တာ
သူတစ်ပါးရဲ့
စိတ်ဒုက္ခတွေကိုတော့
မျှဝေခံစားတယ် ။

သူတစ်ပါးက
ကိုယ့်ကိုထားသွားတယ်
ကိုယ်ဘက်က
နာကျင်ခံစားရတယ်
ဒါကလည်း
ထားသွားသူရဲ့အပြစ်မဟုတ်ဘူး
ကိုယ့်အပြစ်လည်းမဟုတ်ပါဘူး ။

ဒါဟာ
သဘာဝပဲလေ ။

လူတိုင်းလူတိုင်းကတော့
ကိုယ့်အပေါ်
အကောင်းမြင်စေချင်တယ်
အထင်ကြီးစေချင်တယ်
အချစ်ခံစေချင်တယ်ဆိုတာ
သဘာဝပဲလေ ၊

ဘာလိုလည်းဆိုတော့
စိတ်ဆိုတာ
မကောင်းတဲ့သာယာမှုကိုအပေါ်မှာ
မွေ့လျော်ပျော်ပါးတတ်တယ်လေ ၊

လူဆိုတာက
အမြဲတမ်း
ကိုယ့်အပေါ်မှာကောင်းတဲ့သူတွေချည်း
ရှိနေတာမှမဟုတ်တာ ၊

ကိုယ့်အပေါ်
ဆိုးတဲ့သူ/မကောင်းတဲ့သူတွေလည်း
ရှိနေအုန်းမှာပဲလေ ၊

သို့သော်
ထားခဲ့ခံရတဲ့
ကိုယ်က
ကိုယ့်အပေါ်
ကျရောက်လာတဲ့စိတ်ခံစားမှုကို
ကိုယ်က
ဘယ်လိုထိန်းချုပ်မလဲဆိုတာက
အရေးကြီးပါတယ် ၊

အဲလိုမထိန်းချုပ်ပဲနဲ့
သူတစ်ပါးကပေးတဲ့
စိတ်ခံစားမှုကို
ကိုယ့်ကဘက်က
မပြီးနိုင်ပဲ
ငိုယိုနေမယ်
စိတ်ဆင်းနေမယ်
စဉ်းစားနေမယ်
စိတ်သောကရောက်နေမယ်
ပူလောင်နေမယ်
ခံစားနေမယ်ဆိုရင်တော့
ကိုယ့်အပြစ်ဖြစ်သွားပြီ ။

ဘာလို့လည်းဆိုရင်
စည်းချက်မတူညီတဲ့
လူ့ဘဝဟာ
ကိုယ်ဖြစ်ချင်တာနဲ့
ကိုယ်လုပ်ချင်တာ
ဘယ်တော့မှ
တစ်ထပ်တည်းမကျဘူးဆိုတာကို
လက်ခံနိုင်ရမယ် ။

သူကတောင်
ကိုယ့်ကိုယ်
မလိုချင်လို့
မလိုလားလို့
မချစ်လို့
စွန့်ပစ်သွားသေးတာပဲ ၊

ကိုယ်က
အဲဒါကြီး
မပြီးမပျက်နိုင်ပဲ
တွေးလိုက်
ဆွေးလိုက်နဲ့နေနေမယ်ဆိုရင်
ကိုယ့်ဒုက္ခကို
ကိုယ်ကိုယ်တိုင်ရှာနေတာနဲ့
အတူတူပဲ မဟုတ်လား ? ၊

သူတစ်ပါးက
ကိုယ့်ကို
စိတ်ဒဏ်ရာတွေ
ဘယ်လိုပဲပေးခဲ့ပေးခဲ့
ဘာတွေပဲပြောနေပြောနေ
ဘယ်လိုပဲထားခဲ့ထားခဲ့
ကိုယ့်စိတ်အာရုံထဲမှာ
အကြာကြီးမခံစားပါနဲ့
အကြာကြီးလည်း
အစွဲမထားနဲ့ ။

ကိုယ်ဖြစ်ချင်တာနဲ့
ကိုယ်လုပ်ချင်တာ
တစ်ထပ်တည်းမကျသေးလို့ပဲ
ခံယူလိုက်ပါ ။

နောက်တစ်ခုက
ဒီကမ္ဘာကြီးမှာ
ကိုယ့်ကို
တန်ဖိုးမထားတဲ့သူတွေချည်းနေတာ
မဟုတ်ပါဘူး
တန်ဖိုးထားတဲ့အများကြီးလည်း
ရှိပါသေးတယ်။

နောက်ဆုံးအနေနဲ့ပြောရရင်
ကိုယ့်ကို
အမြဲချစ်နေတဲ့မိဘနှစ်ပါးရှိပါသေးတယ်လေ ။

ဒီတော့
ဘယ်လိုလူတွေက
ကိုယ့်ကို
ဘာတွေပြောပြော
ဘာတွေပေးပေး
ဘယ်လိုလုပ်လုပ်
ဘယ်လိုပဲထားခဲ့ထားခဲ့
အရမ်းကြီးစိတ်မခံစားဖို့နဲ့
အရမ်းကြီးအစွဲမထားဖို့ပါပဲ ။

အချုပ်အနေနဲ့ပြောပြရရင်
ကမ္ဘာကြီးနဲ့ပဲယှဉ်ပြောပါရစေ

ဘယ်သူတွေကပဲ
ကိုယ့်အပေါ်မကောင်းနေပါစေ
မနာလိုနေပါစေ
မုန်းတီးနေပါစေ
အပြစ်တင်နေပါစေ
အဲဒါတွေအရေးမကြီးပါဘူး

အဓိကက
ကိုယ့်အပေါ်ကျရောက်လာမယ့်
သူတစ်ပါးကပေးလာတဲ့စိတ်ဒုက္ခမျိုးစုံကို
ကိုယ့်ဘက်က
ဘယ်လိုကာကွယ်ထိန်းချုပ်ရမလဲ ?

ဘယ်လိုမျိုးစိတ်ထားမလဲ ?

ဘယ်လိုမျိုးဖြေတွေးမလဲ ?ဆိုတာ
အရမ်းအရေးကြီးပါတယ် ၊

ကမ္ဘာပေါ်မှာ
ကိုယ်ထက်သာတဲ့လူတွေ
အဆင်ပြေနေတဲ့လူတွေ
အများကြီးရှိသလို

ကိုယ့်ထက်
အဆင်မပြေသေးတဲ့လူတွေလဲ
အများကြီး အများကြီးရှိပါသေးတယ် ။

ဒါကြောင့်
ငါတို့တစ်တွေဟာ
စည်းချက်တွေ
ဘဝနဲ့ဆန္ဒတွေ
မျှတမှုတွေ
မတူညီသေးတဲ့
ဒီကမ္ဘာကြီးပေါ်မှာ
ကိုယ်လုပ်ချင်တာနဲ့
ကိုယ်ဖြစ်ချင်တာနဲ့
တစ်ထပ်တည်းမကျတဲ့အရာကို
” ဘဝ “ပဲ ဆိုတာ
နားလည်ပြီး
ဖြေတွေး(ဖြည့်တွေး)ယူလိုက်ပါ ။

အဲဒါဟာအကောင်းဆုံး
စိတ်ဖြေဆေးနည်းပါပဲ ။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)

ဗုဒ္ဓဂယာသွားရင် အပါယ်ပိတ်တယ်ဆိုတာ မှန်ပါသလား

ဗုဒ္ဓဂယာသွားရင်
အပါယ်ပိတ်တယ်ဆိုတာ မှန်ပါသလား။

"အရှင်ဘုရား-
 အိန္ဒိယက ဗုဒ္ဓဂယာကို ဘုရားဖူးသွားရင်
 အပါယ်ပိတ်ပြီး နိဗ္ဗာန်နဲ့ နီးသွားတယ်ဆိုတာ
 မှန်ပါသလားဘုရား"တဲ့။

မေးတဲ့သူက ဦးဇင်းရဲ့ ပစ္စည်းလေးပါး ဒကာမကြီး။
အရင်ကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့
post တစ်ခု တင်ခဲ့ဖူးပါတယ်။
အခုလည်း အကြောင်းတိုက်ဆိုင်မှု ရှိလာတော့ ရေးဖြစ်
ပြန်ပြီပေါ့နော်။

ခက်တာက ဦးဇင်းတို့ ဗုဒ္ဓဘာသာ အတော်များများက
အပါယ်ပိတ်ဘုရားလို့ နံမည်တပ်ထားရင့့့်
ဆုတောင်းပြည့်ဘုရားလို့ နာမည်တပ်ထားရင့့့်
ဝဋ်ကြွေးကျေဘုရားလို့ နာမည်တပ်ထားရင့့့်
သူထက်ငါ သွားလိုက်ကြတာ အုန်းအုန်းကို ထနေကြတာပဲ။

ဒီလို အပြုအမူတွေကို မြင်ရတာ့
ဂေါတမ မြတ်စွာဘုရားရဲ့သာသနာမှာ တစ်ဆူတည်းသော
ဘုရားကို နံမည်တွေ အမျိုးမျိုးတပ်ပြီး အသိဉာဏ်နည်းတဲ့
လူတွေကို လှည့်စားသလို ဖြစ်နေတယ်။
ဘုရားတည်တဲ့သူကိုပဲ အပြစ်ပြောရတော့ မလိုလို
အယူသည်းတဲ့ ဘုရားဖူးတွေကိုပဲ အပြစ်ဆိုရတော့ မလိုလိုနဲ့
အဖြေပေးဖို့ခက်တဲ့ ပြဿနာတွေ ဖြစ်ကုန်ရော။

ဒါဖြင့် ဒီလိုနေရာတွေ သွားနေတာ ကုသိုလ် မရတော့ဘူး
လားလို့ မေးစရာ ဖြစ်လာတယ်။
ကုသိုလ် မရဘူးလို့တော့ ဦးဇင်း မပြောလိုပါဘူး။
ဒါကတော့ မိမိရဲ့ ယောနိသော မနသိကာရ ဆိုတဲ့ နှလုံးသွင်း
မှန်မှု-မမှန်မှု အပေါ်မှာ တည်ပါတယ်။
ဒါပေမယ့် ဘုရားကြိုက်တဲ့ ယုံကြည်ကိုးကွယ်မှု ပူဇော်မှု
မဟုတ်တာကတော့ သေချာပါတယ်။
လွဲနေပါတယ်လို့ ပြောနိုင်ပါတယ်နော်။

ဘုရားကို တကယ်ကြည်ညိုပြီး တကယ် ဖူးချင်ပါသလား။
တရားကိုသာ အားထုတ်လိုက်ပါ။
ဘယ်မှ သွားစရာတောင်မလိုဘူး။
သွားလို့ တွေ့နေရတဲ့ ဘုရားတွေက သဏ္ဍာန်ဘုရားတွေ။
တကယ့် ဉာဏ်ဘုရားက တရားမြင်မှ ဖူးခွင့်ရမှာပါ။
တရားကိုမြင်တာနဲ့ ဘုရားကို မြင်ပါလိမ့်မယ်။

ယော ဟိ ပဿတိ သဒ္ဓမ္မံ၊ သော မံ ပဿတိ ပဏ္ဍိတော။
အပဿမာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။

ယော – အကြင်သူသည်။
သဒ္ဓမ္မံ – သူတော်ကောင်းတရားကို။
ပဿတိ ဟိ- ပဿတိဧဝ – မြင်သည်သာတည်း။
သော ပဏ္ဍိတော – ထိုသူတော်ကောင်းတရားကို မြင်သော
ပညာရှိသည်။
မံ – ငါဘုရားကို။ ပဿတိ – မြင်သည်မည်၏။

သဒ္ဓမ္မံ – သူတော်ကောင်းတရားကို။
အပဿမာနော – မမြင်သောသူသည်။
မံ – ငါဘုရားကို။
ပဿမ္ပိ – မြင်သော်လည်း။
န ပဿတိ – မြင်သည် မမည် ့့့့ တဲ့ဗျာ။

ကဲ ဒါဆိုရင် ဘုရားဖူးတာနဲ့ ပတ်သက်ပြီး အတော်အသင့်
သဘောပေါက်မယ်လို့ ယူဆပါတယ်။
ဗုဒ္ဓဂယာသွားရင် အပါယ်ပိတ်-မပိတ် စိစစ်ကြည့်ရအောင်။

အပါယ်တံခါးပိတ်တယ်ဆိုတာ
အနိမ့်ဆုံး သောတာပန်ဆိုတဲ့ အရိယာဖြစ်မှ သေချာတာပါ။
ဒီအဆင့်အောက်က ကုသိုလ်တွေက အပါယ်မပိတ်နိုင်ပါဘူး။
ကုသိုလ်အဟုန်ကြောင့် တစ်ဘဝတန်သည် နှစ်ဘဝတန်သည်
အပါယ်မလားတာပဲ ရှိပါတယ်။
ဒါကလည်း သေခါနီးမှာဖြစ်တဲ့ အာရုံနိမိတ် ကောင်းမှ
ကောင်းရာဘုံဘဝကို ရောက်မယ်။
သားစွဲ မယားစွဲ ဥစ္စာစွဲတွေ လောဘ ဒေါသ မောဟတွေနဲ့
သေလို့ကတော့ ဘယ်နေရာပဲ သွားထားပါစေ
အပါယ်လွတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အပါယ်မလားတာနဲ့ အပါယ်ပိတ်တာနဲ့ မတူဘူး။
အကွာကြီးပါ။

အပါယ်လားတယ်- မလားဘူးဆိုတာ သေခါနီးဆဲဆဲမှာဖြစ်တဲ့
အာသန္နကံ ကောင်း-မကောင်းအပေါ်မှာ မူတည်ပါတယ်။
အာသန္နကံကောင်းရင် အပါယ်မလားဘူး။
မကောင်းရင် အပါယ်လားမယ်။

သောဏမထေရ်ရဲ့ဖခင်ဖြစ်တဲ့ သားသတ် မုဆိုးကြီးကိုကြည့်။
တစ်သက်လုံး သူများအသက်သတ်ပြီး အကုသိုလ်တွေ
လုပ်ခဲ့သော်လည်းပဲ သားဖြစ်သူရဲ့ ကျေးဇူးတရားကြောင့်
သေခါနီးမှာဖြစ်တဲ့ အာသန္နကံ အားကောင်းပြီး သုဂတိကို
လားရတယ်။
တစ်ခါ- မာလ္လိကာ မိဖုရားကြီးကို လေ့လာကြည့်ပြန်တော့
လည်း အသဒိသ ကောင်းမှုရှင်ကြီး။
ဒါနပြုတဲ့နေရာမှာ ပြိုင်ဘက်ကင်းလောက်အောင် လှူခဲ့တာ။
ဟော- သေခါနီးလည်းကျရော အကုသိုလ် အာသန္နကံက
အကျိုးပေးချလိုက်တာ အပါယ် တန်းကျသွားတာပဲ။

ဒါဖြင့် မြန်မာပြည်ကနေ ပိုက်ဆံတတ်နိုင်လို့ အိန္ဒိယနိုင်ငံက
သံဝေဇနိယလေးဌာနကို သွားနိုင်ရုံနဲ့
ဘုရားပွင့်ခဲ့တဲ့ မြေပေါ်ကို ခြေချခွင့် ရနေရုံလေးနဲ့
အပါယ်ဘေးကလွတ်ပြီး နိဗ္ဗာန်နဲ့ နီးသွားတယ်ဆိုရင့့့်

အဲဒီ လေးဌာနမှာရှိနေတဲ့ အိန္ဒိယက ကုလားတွေ
ဒီနေရာကို ပြစားပြီး စီးပွားရှာနေတဲ့သူတွေ
ဒီနေရာပေါ်နေပြီး ကျင်ကြီးကျင်ငယ် စွန့်နေတဲ့သူတွေ
ဒီနေရာပေါ်မှာ စျေးရောင်းဝယ်နေတဲ့သူတွေ
ဒီနေရာပေါ်ကို သွားလာနေတဲ့ တိရိစ္ဆာန်တွေ
ဒီနေရာပေါ်ကိုလာတဲ့ သားသတ်သမားတွေ
ဒီနေရာပေါ်ကို အလည်လာကြတဲ့ ဘာသာခြားတွေ
ဒီနေရာပေါ်ကို လာကြတဲ့ သူခိုးဓမြ ခါးပိုက်နှိုက်တွေ
ဒီနေရာပေါ် ဆော့ကစားနေတဲ့ ဒေသခံကလေးတွေ
ဒီလူတွေ အကုန်လုံး အပါယ်လွတ်ကုန်သလား။
ဒီလူတွေ အကုန်လုံး အပါယ်ပိတ်ကုန်ပြီလား။
ဒီလူတွေ အကုန်လုံး နိဗ္ဗာန်နဲ့ နီးကုန်သလား။

ဒါဆိုရင် မြတ်စွာဘုရားမရှိတော့တဲ့နောက်မှ ကျန်ရစ်ခဲ့တဲ့
ဒီလိုနေရာဟောင်းကို ရောက်တဲ့သူတွေအားလုံး
ဘုရားရှင်အပေါ် ကြည်ညိုတဲ့စိတ်ကြောင့် အပါယ်ပိတ်ပြီး
စိတ်ချရတယ်ဆိုရင့့့်

မြတ်စွာဘုရား သက်ရှိထင်ရှား ရှိနေစဉ်တုန်းက
ဘုရားကို ကြည်ညိုနေရရင် ဆွမ်းမစားဘဲတောင် နေနိုင်တဲ့
ဝက္ကလိရဟန်းကို

ချစ်သား ဝက္ကလိ-
ဟောဒီ ငါဘုရားရဲ့ခန္ဓာကိုယ် အပုပ်ကောင်ကြီးကို
ကြည်ညိုနေလို့ မင်း-ဘာအကျိုးများမှာလဲ ဆိုပြီး
ကျောင်းတော်က နှင်ထုတ်စရာ အကြောင်းမရှိဘူး။

သေချာစဉ်းစားကြည့်ပါ။
ဝက္ကလိ ရောက်နေတဲ့နေရာက မြတ်စွာဘုရားသက်ရှိ
ရှိနေတုန်းက ကျောင်းတော်။
ကြည်ညိုတာကလည်း သက်ရှိဘုရား။
ဒကာမကြီး ပြောသလို အပါယ်စိတ်ချရပြီး နိဗ္ဗာန်ရောက်နိုင်
တယ်ဆိုရင် ဘုရားက ဘာလို့နှင်ထုတ်မှာတဲ့လဲ။

နောက်ပြီး ဒီနေရာကိုသွားပြီး ဒီလိုကြည်ညိုရုံလေးနဲ့
အပါယ်စိတ်ချရပြီး နိဗ္ဗာန်ရောက်နိုင်တယ်ဆိုရင်
မြတ်စွာဘုရားဟာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
သော သစ္စာတရားတွေကို အပင်ပန်းခံပြီး ဟောစရာတောင်
မလိုတော့ဘူးပေါ့။

သေချာ စဉ်းစားပါ ဒကာမကြီး။
ဘုရားဖူးပို့ပြီး စီးပွားရှာနေတဲ့ သူတွေရဲ့ မက်လုံးပေးပြီး
ပြောဆိုနေတာတွေကို နားမယောင်လိုက်ပါနဲ့။
ကိုယ့်အိမ် ဘုရားစင်ပေါ်က ဆင်းတုတော်ကို အားနာပါ။
ဗုဒ္ဓဂယာကို သွားစရာ မလိုဘူးလို့ ပြောတာ မဟုတ်ဘူးနော်။
ကုသိုလ်ရချင်လို့သွားတာ သွားကောင်းပါတယ်။
ကဲ ဒီလောက်ဆိုရင် အမေးရှင် ဒကာမကြီး ကျေနပ်လောက်
ပြီလို့ ယူဆလိုက်ပါတယ်ဗျာ။
ကျန်းမာ ချမ်းသာ အမှန်မြင်တရားတို့ဖြင့် ပြည့်စုံနိုင်ပါစေ။

                              CRD ~ ဦးဓမ္မသာရ(ဆေးသဲ့တောင်)

မိန်းကလေး အလှ အိပ်ယာထ

မိန်းကလေး အလှ အိပ်ယာထ
~~~

“မိန်းကလေးအလှ အိပ်ယာထ” တဲ့…

ဒီ ဆိုရိုးရဲ့ အဓိပ္ပာယ်
မသိတဲ့သူတွေ ရှိနေကြလိမ့်မယ်။

ရှေးလူကြီးတွေရဲ့ အဆိုအရ
မိန်ကလေးရယ်လို့ ဖြစ်လာခဲ့ပြီ ဆိုရင်

အရွယ်ရောက်လာလို့
အိပ်ယာနိုးတဲ့အခါမှာ ကိုယ် လက် သန့်စင်မှုနဲ့ အစပြု ရပါတယ်။

ထို့နောက်…
မိမိအိမ်ရဲ့ ဘုရားအား ပန်း ရေချမ်း
ဆီမီးပူဇော်ခြင်း’ ဘုရားဝတ်ပြုခြင်း’
ရှိခိုးထိုက်သူ ရှိခိုးပူဇော်ခြင်း စတဲ့
အလုံးစုံ ပူဇော်မှုတွေဖြင့် နေ့သစ်မှာ
မင်္ဂလာ ယူရပါတယ်။

မိမိအိမ်ကို တံမြက်စည်းလှဲခြင်း
သန့်ရှင်းမှု အစုစုတို့ဖြင့် အိမ်၏ ဂုဏ်ကျက်သရေ
ပြည့်စုံအောင် ပြုလုပ်ရပါတယ်။

ပုဗ္ဗာစရိယ မိနှင့်ဖ ကလည်း မိမိ
သမီးလေးများကို လက်ပွန်းတတီး
သွန်သင်ဆုံးမ ရပါတယ်။

ဒါမှလည်း မိမိတို့သမီး မိန်းကလေး
ဟာ အမှန်တကယ် လှပ တဲ့မိန်းကလေး
စစ်စစ် ဖြစ်နိုင်ပါတယ်။

ဒါကို တစ်ချို့က…
တကယ်လှတဲ့ မိန်ကလေးတွေက
အိပ်ယာထရင်တောင် ကပိုကယို အလှလေးနဲ့
လှနေတာလို့ ထင်တတ်ကြတယ်။

တကယ်တော့ မဟုတ်ပါဘူး
ဟိုး အရင်က ရှေးလူကြီးတွေက
ကိုယ့်သားသမီးနဲ့ လက်ထပ်မယ့် မိန်းကလေး အိမ်ကို တစ်ရက်တန်သည်
နှစ်ရက်တန်သည်သွား အိပ်တတ်ကြတယ်။

အမှန်က လေ့လာရေး ခရီးပေါ့နော်။
အထက်က ပြောသလို အဲဒီ မိန်းကလေးက
လုပ်ခဲ့ရင် ဒါဟာ သူတို့
သတ်မှတ်ထားတဲ့

” မိန်းကလေးအလှ အိပ်ယာထ “

မြင်တွေ့ရမှသာ သူတို့ရဲ့ အဖိုးတန်
ချွေးမ အဖြစ် သတ်မှတ်ကြပါတယ်။

ဒီလောက်ဆိုရင်…
” မိန်းကလေးအလှ အိပ်ယာထ ” ဆိုတဲ့
စကားကိုအားလုံးသဘောပေါက်ကြ
လိမ့်မယ်ထင်ပါတယ်။

” မိန်းကလေး အလှ အိပ်ယာထတဲ့ “
==================

  • CRD.တောင်ပံနီလူလေး*
    ………………………………
    𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

❝ ကံဖြစ်၊ ကံစွမ်းအား ကံကုန်ခြင်းတို့၏ သဘောတရား ❞

❝ ကံဖြစ်၊ ကံစွမ်းအား
ကံကုန်ခြင်းတို့၏ သဘောတရား ❞

ကိလေသာကို အခြေခံပြီးတော့
ကံတရားတွေက စုမိဆောင်းမိ ဖြစ်လာတယ်။

ကံတရားတွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင်
ဒီ ကံတရားတွေက အကျိုးတရားကို
ထုတ်လုပ်လာတယ်။

ဆိုလိုတာက ကိလေသာရှိရင် ကံရှိမှာပဲ။
မရှောင်လွဲနိုင်ဘူး။

အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာကို
“၀ဋ်”လည်တယ်လို့ ပြောတာ။

“၀ဋ်”လို့ ဘာဖြစ်လို့ပြောတာလဲဆိုတော့
၀ဋ်ဆိုတာက ဋ (၂)လုံးဆင့်နဲ့ ရေးတဲ့
ပါဠိစကား။ “၀ဋ္ဋ”ဆိုတဲ့ စကားလုံးကလာတာ။

အဲဒီ “၀ဋ္ဋ”ဆိုတဲ့ စကားလုံးကို
မြန်မာလို “၀ဋ်”လို့ပဲ ပြန်လိုက်ကြတာ။

“၀ဋ္ဋ” ဆိုတာ ကြောင်းကျိုးဆက်ပြီးတော့
လည်ပတ်နေတာ။ စဉ်ဆက်မပြတ်
တစ်ခုနဲ့တစ်ခု ဆက်တာ။

မြန်မာလူမျိုးတွေကတော့
၀ဋ်လည်တယ်ဆိုတာ.. မကောင်းတာဖြစ်မှ
၀ဋ်လည်တယ်လို့ ပြောကြတာ။

အမှန်က ကောင်းကောင်းဆိုးဆိုး
၀ဋ် ဆိုတာ လည်ပတ်ပြီးဖြစ်နေတဲ့
သဘောတရားကို ပြောတာပါ။

ကိလေသာရှိလို့ “ကံ” ဖြစ်နိုင်တယ်။
“ကံ”ဖြစ်လို့ ဝိပါကဆိုတဲ့ အကျိုးတရားတွေ
လာနေတယ်လို့ ဒီလိုပြောတာ။

ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင်
“ကံစွမ်းအား” မရှိဘူး။
“ကံစွမ်းအား” မရှိတော့ဘူးဆိုရင်
ဝိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။
ဒါကို အပြန်အားဖြင့် ဒီလိုနားလည်ရမယ်။

အဲဒီတော့ ဒီထဲမှာ အဓိကအချက်က
“ကံ”လား၊ “ကိလေသာ”လား ဆိုရင်
“ကိလေသာ”က အဓိကကျတယ်။

ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင်
ကံတွေရဲ့ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ
လျော့ပြီးတော့ သွားတယ်။

လျော့သွားရုံမကဘူး။
ကိလေသာ လုံး၀မရှိတော့ဘူးဆိုရင်
“ကံ”မှာ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ
လုံး၀မရှိတော့ဘူး။

ပေးနိုင်တဲ့စွမ်းအားတွေ မရှိဘူးဆိုတဲ့နေရာမှာ
ဘ၀တစ်ခုတည်ဆောက်တဲ့ စွမ်းအားကို
ပြောတာပါ။

တစ်ခါတစ်ခါ မျက်စိလည်တတ်ကြတယ်။
ဘုရား၊ ရဟန္တာတွေဆိုတာ
ကိလေသာတွေ ကုန်ပြီးနေပြီ။ သို့သော်
ကုန်ပြီးနေတဲ့ ဘုရား၊ ရဟန္တာတွေမှာ
ဘာဖြစ်လို့ ကံက အကျိုးပေးနေသလဲဆိုတာ
မျက်စိလည်တတ်ကြတယ်။

ကံကုန်တယ်ဆိုတာနဲ့ ပတ်သက်ပြီး
ရတနသုတ်မှာ-
“ခိဏံ ပုရာဏံ န၀ နတ္ထိသမ္ဘဝံ”
ဘုရား၊ ရဟန္တာတွေမှာ
ကံဟောင်းတွေ မရှိတော့ဘူး။
ကုန်သွားတယ်လို့ ပြောတာ။

ကံဟောင်းကုန်တယ်ဆိုတဲ့ အဓိပ္ပါယ်က
ကံဟောင်းတွေက ဘ၀သစ်တစ်ခုကို
ထုတ်လုပ်နိုင်စွမ်း မရှိတော့ဘူးလို့
ပြောလိုတာ။

ဘ၀သစ်ကို မထုတ်လုပ်နိုင်ဘူးဆိုတာ
အကျိုးမပေးတော့ဘူးလို့ ပြောတာမဟုတ်။

ကိလေသာစွမ်းအားတွေ ကုန်သွားသည့်
အတွက်ကြောင့်၊ ကိလေသာတွေ
မရှိတော့သည့်အတွက်ကြောင့်
ဘ၀သစ်တစ်ခုကို ထုတ်လုပ်နိုင်လောက်တဲ့
ကံ မရှိတော့ဘူးလို့ပြောတာ ဖြစ်ပါတယ်။

ဒါကြောင့်…
တရားချစ်ခင် ကျင့်ကြံအားထုတ်နေကြတဲ့
ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း
ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင်
“ကံစွမ်းအား” မရှိဘူး။
“ကံစွမ်းအား” မရှိတော့ဘူးဆိုရင်
ဝိပါကလည်း ချုပ်ငြိမ်းသွားတယ်။

ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင်
ကံတွေရဲ့အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ
လျော့ပြီးတော့ သွားတယ်။

လျော့သွားရုံမကဘူး၊
ကိလေသာ လုံး၀မရှိတော့ဘူးဆိုရင်
“ကံ”မှာ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ
လုံး၀မရှိတော့ဘူးဆိုတာ
နားလည်သဘောပေါက်ကြပြီး, မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဟောကြားသော
ဘုရားသော်မှ ပေးဆပ်ရသည့်
ကံကြမ္မာ၀ဋ်ကြွေးများ တရားတော်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။

သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။

▶ သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ
ကိုယ်ဘာလုပ်လုပ်
နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။

သူအမျှဝေတာကို အကြောင်းပြုပြီး
သူ့ပတ်ဝန်းကျင်က နတ်တွေဟာ
ကုသိုလ်ရဲ့အဖို့ဘာဂတွေရပြီး
ဘုန်းတန်ခိုးတွေ တိုးတက်ကြတော့
အဲဒီ နတ်တွေကလည်း သူ့ကို
စောင့်ရှောက်ကြတာပေါ့။

▶ ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။
မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လို
ပြောထားတုန်းဆိုတော့ …

ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတ
ဇာတိယော
စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ
အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ်
ကောင်းမှုတစ်ခုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့
အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို
အမျွဝေပါတဲ့။

အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကို
စောင့်ရှောက်လိမ့်မယ်။

ကိုယ်က အမျှအတန်းပေးဝေတော့
သူတို့မှာ ဘုန်းတန်ခိုးတွေတက်တယ်။

ဘုန်းတန်ခိုးတွေတက်တော့
ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ
ထားလာတယ်။

▶ ဒေဝတာနုကမ္ပိတော ပေါသော၊
သဒါဘဒွာနိ ပဿတိ
နတ်တွေရဲ့
အစောင့်အရှောက်ရတဲ့ ပုဂ္ဂိုလ်ဟာ
အကောင်းချည်းပဲ တွေ့တယ်။
တိုးတက်ဖို့ အခွင့်အလမ်းတွေ
အများကြီး ကြုံလာတယ်။

ဘာလုပ်လုပ် အဆင်ပြေလာတယ်။

အန္တရာယ်တွေ ကင်းလာတယ်။

မာတာပုတ်တံ သွရသံ _ မိခင်က
သားသမီးအပေါ်မှာ စောင့်ရှောက်သလို
နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ
မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကို စောင့်ရှောက်
လာတယ်။

ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှု
လုပ်တိုင်း အမျှဝေရမယ်။

ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ ရေချမ်း
လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
အိမ်စောင့်နတ်တို့ဘာတို့ကို ဖိတ်ခေါ်ပြီး
အမျှအတန်းပေးဝေရမယ်။

အဲဒီလိုသူတော်ကောင်းပုဂ္ဂိုလ်တွေဟာ
ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတိုင်း
အမျှအတန်းပေးဝေကြတယ်။

အဲဒီအမျှအတန်းပေးဝေမှုကြောင့်
နတ်တွေကိုလည်း အကျိုးပြုရာရောက်တယ်ပေါ့။

🙏🙏🙏

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

စကား နှင့် တန်ဖိုး

” စကား နှင့် တန်ဖိုး ”
👄👄👄👄👄👄👄

  • စကားဆိုတာ သာမန်ကြည့်ရင်
    လူတစ်ယောက်ရဲ့တန်ဖိုးနှင့် မသက်ဆိုင်ဘူးလို့
    ထင်ရပေမယ့် လူတစ်ယောက်ရဲ့အဆင့်အတန်း
    ကိုတော့ စကားလုံးတွေကိုကြည့်ပြီး ပိုင်းဖြတ်လို့
    ရတတ်တယ်။
  • စကားဆိုတာ
    “စကားစကားပြောပါများ စကားထဲကဇာတိပြ”
    ဆိုသလို စကားလုံးကြမ်းတွေက လူ့တန်ဖိုးကို
    နိမ့်ကျသွားစေတတ်ပါတယ် စိတ်ရင်းဘယ်လောက်
    ကောင်းကောင်းအပြောမတတ်ရင်ဆဲသလိုဖြစ်တယ်
    ဆိုတာကလည်းအမှန်ပါ။
  • စကားဆိုတာ
    ချစ်ခင်မှူကို ဖန်တီးပေးတတ်သလို
    နာကျင်မုန်းတီးမှုကိုလည်း လက်ဆောင်ပေးတတ်
    ပြန်ပါတယ် ပျော်ရွှင်မှူတွေ သယ်ဆောင်လာတတ်
    သလိုအထီးကျန်မှူကိုလည်းတွဲခေါ်တတ်ပြန်ပါတယ်။
  • စကားကြောင့် အားဖြစ်စေသလို
    စကား ကြောင့်ပဲ စိတ်ဓာတ်ကျစေတတ်တယ်
    အသွားမတော်တစ်လှမ်း
    အစားမတော်ရင်တစ်လုတ်”ဆိုသလို
    အပြောမတတ်ရင် စကားတစ်ခွန်းတည်းနဲ့ပဲ
    အရမ်းချစ်ရသူတောင်
    ရန်သူဖြစ်သွားစေတတ်ပါတယ်။
  • စကားဆိုတာ
    အောင်မြင်မှူတွေရဲ့ ပထမခြေလှမ်းဖြစ်သလို
    ဆုံးရူံးမှူတွေရဲ့ အဓိကရန်သူဖြစ်နေတတ်ပြန်တယ်
    ချစ်သူတွေပေါင်းစည်းခြင်းအတွက်မြှားနတ်မောင်
    ဖြစ်နေတတ်သလို အရမ်းချစ်ခဲ့ပြီးမှ ကျောခိုင်းစေ
    တတ်တဲ့ တရားခံသည်လည်းပဲ စကားဖြစ်နေတတ်
    ပြန်ပါတယ်။
  • စကားကြောင့် မိတ်ဆွေ ဖွဲ့ပြီး ရင်းနှီးခဲ့ကြရသလို
    စကားကြောင့်ပဲ မိတ်ဆွေ ကနေ သူစိမ်းတွေဖြစ်သွား
    တတ်ကြပါတယ်
  • စကားဆိုတာ …….
    အပြောမတတ်ရင် နှစ်ပေါင်းများစွာထိမ်းသိမ်းလာတဲ့
    ဂုဏ်သိက္ခာတွေတောင် စကားတစ်ခွန်းကြောင့်
    ရေစုန်မျောသွားရတတ်ပြန်ပါသေးတယ်။
  • မပြော မဖြစ်လို့ ပြောပြန်ရင်လည်း အမှားမပါစေပဲ
    “ဓါး”တစ်လက်လို အကျိုးရှိစေတဲ့နေရာမှာ အသုံးချ
    တတ်နိုင်ဖို့ရာ

ကိုယ်နှင့် အခြားသူတွေကို ထိခိုက်စေတဲ့ လူသတ်
လက်နက်”ဓါး”တစ်လက်တော့ မဖြစ်ကြပါစေနဲ့ ။
လို့ တိုက်တွန်း ဆန္ဒ ပြုလိုက်ပါရစေ

Credit _ Original writer
Ashin Marnita
.


Design a site like this with WordPress.com
Get started