အကောက်တောင် သမိုင်း
(သမိုင်းမှာမှားနေတာက Location ပါ အမှန်က ကြံခင်းမြို့နယ်မှာဖြစ်ပါတယ် မြေပုံကိုကြည့်ရင်သိနိုင်ပါတယ်
နောင်လာနောက်သားတွေ သမိုင်းအမှန်သိစေချင်တဲ့ ရည်ရွယ်ရင်းဖြစ်ပါတယ်)
အကောက်တောင်၏ သမိုင်း ကြောင်း ရဲ့အစကို ပြောရမယ်ဆိုရင်
မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်စု ၊ ပန်းတောင်းမြို့နယ်အတွင်း ထုံးဘိုမြို့အနီးတွင် တည်ရှိပါတယ်။
သမိုင်းကြောင်းအစ…အကောက်တောင် သမိုင်း အဆိုအရ အကောက်တောင် ကို ရှေးအခါက “ရတနာပုဉ္စတောင်တော်မြတ်”ဟုခေါ်ဆိုကြောင်း သိရပါတယ်။
အကောက်တောင်သမိုင်း အကြောင်း ကို ရှာဖွေလေ့လာမူများအရ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ကျော်က ထုံးဘိုမြို့တည်ရှိရာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းခြေတွင်သီရိဘင်္ဂလွန်အမည်ရှိသော မြို့ကြီးတစ်မြို့ရှိခဲ့ပါတယ်။ ထိုမြို့တွင် သီရိဘင်္ဂလွန် မင်းကြီး ထီးနန်း စိုးစံခဲ့သည်ဟု သိရှိရပါတယ်။
သီရိဘင်္ဂလွန်မင်းကြီး ၏ တော်နန်းစံမိဖုရားမှ သားတော်(၃)ပါး ထွန်းကားခဲ့ပါတယ်။ သားတော်ကြီးမှာ “မဟာပုဉ္စမင်းသား” ၊ သားတော်လတ်မှာ “စူဠပုဉ္စမင်းသား” နှင့် သားတော်ငယ်မှာ “သံပုဉ္စမင်းသား”ဟူ၍ သိရှိရပါတယ်။ မင်းကြီးသည် သားတော်ကြီး “မဟာပုဉ္စမင်းသား”ကို အိမ်ရှေ့ မင်းသား ရားထူး ပေးသနားပြီး သိဒ္ဓ္ဓဝနမြင်းကို ပေးတော်မူ၏။ မြတ်စွာဘုရား ၏ သရီယဓါတ်တော်(၃)ဆူကို သိရီဘင်္ဂလွန်မင်းကြီး ကိုးကွယ်ရန်ဟူ၍ ထူဆန်းစွာ ဆက်သရောက်ရှိလာသောအခါတွင် သားတော်(၃)ပါးတို့ကို တစ်ဆူစီပေးအပ်၍ အကောက်တောင်ပေါ်တွင် စေတီသုံးဆူ တည်စေတယ်။ ထိုအခါ တောင်တော်ေါ်တွင်ရှိနေသော ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီတို့သည် မင်းသား(၃)ပါးဘုရားတည်ရန် လိုအပ်သော ရွှေငွေ ရတနာ များကို ပြည့်စုံလု့လောက်အောင် ပြုပြင်စီမံ ဖန်တီးပေးကြပါတယ်။ သားတော်ကြီး “မဟာပုဉ္စ” မင်းသားသည် ရွှေ ၊ငွေ ၊ ရတနာ တို့ကို “သိဒ္ဇ္ဓ္ဓဝ”နတ်မြင်းနှင့် တင်၍ ရတနာ များကို ဌာပနာကာ တောင်စွန်းတွင် စေတီတည်ထားသောကြောင့် “ရတနာပုဉ္စစေတီ” ဟု ဘွဲ့တော်ချီခဲ့ပါတယ်။ ရတနာ ပစ္စည်းများကို သိဒ္ဓဝနတ်မြင်းဖြင့် တင်ဆောင်ယူခဲ့ပြီး ဌာပနာသည်ကို အကြောင်းပြု၍ ရွှေမြင်းတင ်စေတီတော် ဟုလည်း ခေါ်ဆိုကြပါတယ်။
သားတော်လတ် “စူဠပဉ္စမင်းသား” သည် “ရတနာပုဉ္စစေတီ” မှ တောင်ဘက်တစ်ဖာလုံခန့်အကွာ တောင်စွန်းပေါ်တွင် ဌာပနာပစ္စည်းများကို ရထား နှင့် သယ်ဆောင်ယူကာ စေတီတည်ထားသဖြင့် “ရထာပုဉ္စစေတီ” ဟူသော ဘွဲ့တော်ချီခဲ့သည်။ သားတော်အငယ်ဆုံး “သံပုဉ္စမင်းသား” သည် “ရတနာပုဉ္စစေတီ” မှ မြောက်ဘက်တစ်ဖာလုံခန့်အကွာ တောင်စွန်းပေါ်တွင် ဌာပနာ ပစ္စည်းမ ျားကို လှည်းဖြင့် တင်ဆောင်ယူကာ စေတီ တည်ထားသဖြင့် “သက္ကဋာပုဉ္စစေတီ”ဟု ဘွဲ့တော်ချီသည်၊၊
ယခုအခါ ရွှေလှည်းတင စေတီ ဟု ခေါ်ဆိုကြပါတယ်။ ယခင်က စေတီတော် (၃) ဆူလုံးမှာ သပ္ပါယ်စွာ စံပယ်ခဲ့ကြသော်လည်း ညီတော်နှစ်ပါး၏ စေတီ နှစ်ဆူကို မသူတော်သိုက်ဆရာများ သိုက်တူးယူခြင်းကြောင့် ပြိုကျပျက်စီးခဲ့ရပါတယ်။ ပြီးတော့ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင်လာခဲ့သော
နောင်တော်ကြီး၏ ရွှေမြင်းတင်စေတီတော်သာ ကျန်ရှိနေပါတော့တယ်။
တဖန် “အကောက်တောင်” ဟူသော အမည်ပေးထားရခြင်းမှာ စာတမ်းရှင် လေ့လာတွေ့ရှိချက်အရ အကြောင်းအရာ (၂)ရပ်ရှိပါတယ် ။ပထမအကြောင်းအရင်းမှာကုန်းဘောင်ခေတ်နှောင်းပိုင်းကာလတွင် မင်းတုန်မင်းတရားကြီးလက်ထက်တွင် မြို့ဝန် “ဦးကောက်ရ” အား “ရတနာပုဉ္စတောင်ခြေ” ကို အခြေပြု၍ ရေလမ်းခရီး ၊ အစုန် ၊အဆန် သမ္ဗာန်၊ သဘော ၤများကို အခွန်ကောက်ခံ၍ နေပြည်တော်သို့ ဆက်သရန် အမိန့်တော်မှတ် တာဝန်ပေးအပ်ခဲ့ပါတယ်။
မြို့ဝန် “ဦးကောက်ရ”သည် တောင်စွန်းအခြေမှ အကောက်ရုံး ဆောက်လုပ်၍ အခွန် ကောက်ခံသည်မှစ၍ “ရတနာပုဉ္စတောင်ကို “အကောက်တောင်” ဟု ခေါ်စမှတ်ပြုကြောင်း တွေ့ရှိရပါတယ်။ ဒုတိယအချက်မှာ မြတ်စွာဘုရားကျီးမင်း ဖြစ်စဉ်အခါက ၎င်းတောင်ပေါ်ရှိ သစ်သီးသစ်ဥများ ၊ ကောက်ပဲသီးနှံများသည် ချိုမြိန်လှသောကြောင့် ကျီးတောင်ထိပ်မှ ပျံသန်းပြီး ၊ အစာကောက်ယူသောကြောင့် အစာကောက်တောင်(သို့) အကောက်တောင် ဟု ခေါ်စမှတ်ပြုကြောင်း လေ့လာတွေ့ရှိရပါတယ် ။
နောက်ဆုံး “အကောက်တောင်” သမိုင်းကြောင်း ၏ လေ့လာတွေ့ရှိချက်များအရ အကောက်တောင်မှာ ဗုဒ္ဓဆင်းတုတော်များလဲ ရှိပါတယ်။ အကောက်တောင်ရှိ ဗုဒ္ဓ ဆင်းတုတော် ပေါင်း (၃၇၀)ခန့်ကို ဖူးမျှော်တွေ့ရှိနိုင်ပါတယ်။ ဆင်းတု တော ်အားလုံးဟာ ကျောက်သားနံရံပေါ်တွင် ထွင်းထုထားသော ကျောက်ဆစ်လက်ရာများ ဖြစ်ပါတယ်။ ဆင်းတုတော် များတွင် ထိုင်တော်မူ ဆင်းတု (၂၄၆)ဆူ၊ ရပ်တော်မူဆင်းတု (၁၀၉)ဆူနှင့် လျောင်းတော်မူဆင်းတု(၁၅) ဆူခန့်ကို တွေ့ရှိရပါတယ် ။
READ ဘာမီယန် ဗုဒ္ဓဆင်းတုတော်ကြီးများ ပြန်လည်တည်ထားရေး
Credit : MTT
(စိရံ ~ တိဋ္ဌတု ~ သဒ္ဓမော)
သမ္မတီတိ~ သမိုင်း။ ။ ပါရောဏေဟိ။ရှေးကတတ်သိ။ပညာရှိတို့သည်။ယံဝစန။ံ အကြင်~စကားကို။သမ္မတိ။
ပြောဆိုသမုတ်အပ်၏။ဣတိတသ္မာ။ထို့ကြောင့်။တံဝစနံ။ထိုစကားသည်။သမိုင်း။သမိုင်းမည်၏။ဤကဲ့သို့ ရှေးရှေးက
တတ်သိသော ပညာရှိအပေါင်းတို့၊ကောင်းစွာပြောဆိုသမုတ်အပ်သောစကားအစဉ်သည်သမိုင်းဟုတွင်လေ၏။
ထိုသမိုင်းစကားကို~အတည်စွဲမှတ်၍ မကဲ့ရဲ့အပ်။
သို့အတွက် အကောက်တောင် သမိုင်းစကားကိုထင်ရှားအောင်ရေးပါအံ့။
မြန်မာပြည် အလည်ပိုင်းရှိ ဟင်္သာတမြို့/ခရိုင်၊မြောက်ဘက်နယ်အဆုံး။ပြည်မြို့ ခရိုင် တောင်ဘက်နယ်အဆုံး။။နှစ်နယ်စပ်ကြား ဧရာဝတီမြစ်ကမ်းထိပ်၌။ညို့ညို့ မှိုင်းမှိုင်း။ပင်းကိုင်း ပင်စောက်။
ပိတောက်ရွှေဝါ။မာလာဖူးငုံ။
ပန်းမျိူးစုံရောယှက်၍၊နှစ်သက် ကြည်နူးစရာ အလွန်ကောင်းသော ဤအကောက်တောင်ကြီးသည် ထင်ရှားစွာ တည်ရှိပါ၏။
ထိုတောင်ကြီး၏အနောက်ဘက်၌၊အလယ်အလပ်တောင်ဖြင့်
တောင်လပ်ဟုခေါ်ပါသည်။
တဖန် ထိုတောင်၏အနောက်
ဘက်၌ငယ်သောတောင်ဖြစ်၍ တောင်ငယ်ဟုခေါ်ပါသည်။
Credit မြန်မာပြည်၏ဘုရားစေတီပုထိုးတော်များသမိုင်း
အကောက်တောင်သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ အဆုံးနှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် သောကြာဒူး ကျေးရွာအုပ်စု၌ တည်ရှိပြီး ဧရာဝတီမြစ်ကမ်းပါးယံရှိ ကျောက်သားနံရံများတွင် ရေးထွင်းထားသော ရှေးဟောင်းဘုရားဆင်းတုများ အမြောက်အမြားရှိသည့်အတွက် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များသာမက နိုင်ငံခြားသားခရီးသွားများလည်း လာရောက်လည်ပတ်ဖူးမြော်ကြသည်။ ရှေးအခါက ဤနေရာသည် လှေသင်္ဘောများကို အခွန်ကောက်ယူရာ နေရာဖြစ်ခဲ့သောကြောင့် လှေဖြင့်ပါလာကြသော ကျောက်ဆစ်ပညာရှင်များက ကျောက်တောင်ကမ်းပါးယံကြီးများကို ထွင်းထု၍ နှောင်းလူတို့ ပူဇော်နိုင်ရန် မိမိတို့တတ်မြောက်ထားသည့်ပညာဖြင့် လုပ်အားဒါနပြုခဲ့ကြခြင်းဖြစ်သည်။ အကောက်တောင်တွင် ဗုဒ္ဓဆင်းတုတော်ပေါင်း (၃၇ဝ) ခန့်ကိုဖူးမြော်တွေ့ရှိနိုင်ပြီး ဆင်းတုတော်အားလုံးသည် ကျောက်သား နံရံပေါ်တွင် ထွင်းထုထားသော ကျောက်ဆစ်လက်ရာများဖြစ်ပြီး ထိုင်တော်မူ ဆင်းတုတော် (၂၄၆) ဆူ၊ ရပ်တော်မူဆင်းတု (၁ဝ၉) ဆူနှင့် လျောင်းတော်မူဆင်းတုတော် (၁၅) ဆူခန့် ရှိသည်။ ရုပ်ပွားတော်များ၏ လက်ရာများမှာ ကုန်းဘောင်ခေတ်လက်ရာများဖြစ်ပြီး အင်းဝခေတ်လက်ရာအချို့လည်း ပါဝင်သည်ဟု သုတေသီများက ခန့်မှန်းကြသည်။
Credit to Internet



