အလှူခံပုဂ္ဂိုလ်(၁၄)‌ေယာက်

💎မင်္ဂလာနံနက်ခင်းပါ💎

🙏ဤကဲ့သို့ပြုရသောကုသိုလ်ကံစေတနာကြောင့်ငြိမ်း‌ေအးသောနိဗ္ဗာန်ချမ်းသာကိုခံစားရပါလို၏🙏

“အလှူခံ ပုဂ္ဂိုလ်(၁၄)ယောက်”
“”””””””””””””””””””””””””””””””””””””””””””””
💞၁။ဘုရားရှင်အားလှူဒါန်းခြင်း။

💞၂။ ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းခြင်း။

💞၃။ ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်)အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

💞၄။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

💞၅။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) အနာဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

💞၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) အနာဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

💞၇။ သကဒါဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) သကဒါဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

💞၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) သကဒါဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

💞၉။ သောတာပန်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) သောတာပတ္တိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

💞၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) သောတာပတ္တိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

💞၁၁။ သာသနာပအခါ စျာန်အဘိညာဉ်ရသော ရသေ့တို့အား လှူဒါန်းခြင်း။

💞၁၂။ သီလရှိသော လူ ပုထုဇဉ်တို့အား လှူဒါန်းခြင်း။

💞၁၃။ သီလမရှိသော လူ ပုထုဇဉ်တို့အား လှူဒါန်းခြင်း။

💞၁၄။ တိရစ္ဆာန်တို့အား လှူဒါန်းခြင်း။

(လင်္ကာ) ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ ရိယာ ရှစ်၀၊ စျာန်ရ ဗာဟီ၊ နှစ်လီ ပုထုဇဉ်၊ တိရစ္ဆာန်၊ လှူခံတစ်ကျိပ်လေး။

💎တိရစ္ဆာန် အလှူ၊ အကျိုးမူ၊ ရယူ ဆ-တရာ။
တိရစ္ဆာန်တကောင်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ဝအောင်ကျွေးမွေးလိုက်ရင်
ထိုအလှူရှင်မှာ ဘ၀တစ်ရာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။

💎သီလမဲ့-လှူ၊ အကျိုးမူ၊ ရယူ တထောင်သာ။
ဘာသီလမှ မရှိတဲ့ လူဆိုး, သူခိုး တယောက်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် ထိုအလှူရှင်မှာ ဘ၀တထောင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။

💎သီလရှိ-လှူ၊ အကျိုးမူ၊ ရယူ တသိန်းပါ။
သီလရှိတဲ့ အလှူခံပုဂ္ဂိုလ် တယောက်ကိုစေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ဝအောင်ကျွေးမွေးလိုက်ရင်ထိုအလှူရှင်မှာ ဘ၀တသိန်း အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။

💎စျာန်ရ လှူလေ၊ အကျိုးတွေ၊ ကုဋေ တသိန်းပါ။
သာသနာပမှာ စျာန်ရတဲ့ ပုဂ္ဂိုလ်တယောက်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ အောင်ကျွေးမွေးလိုက်ရင် ထိုအလှူရှင်မှာ ဘ၀ ကုဋေတသိန်း အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။

💎သောတာလောင်း-လှူ၊ အကျိုးမူ၊ ရယူ သင်္ချေပါ။
သောတာပန်လောင်း အလှူခံပုဂ္ဂိုလ် တယောက်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ဝအောင်ကျွေးမွေးလိုက်ရင် ထိုအလှူရှင်မှာ ဘ၀ အသင်္ချေ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။ ။

(ဓမ္မဒူတ အရှင်ပညာဇောတ)

  • လှူဒါန်းတဲ့နေရာမှာ အကျိုးမဲ့ဆိုတာမရှိပါဘူး။ကိုယ့်စိတ်ထားပေါ်မူတည်ပြီးအကျိုးကျေးဇူးကြီးမားသလို အလှူခံပုဂ္ဂိုလ်ရဲ့ သီလ၊သမာဓိ၊ ပညာဂုဏ်အပေါ်မူတည်ပြီးလည်းအကျိုးကျေးဇူးတွေ ထပ်မံကွဲပြားသွားပါတယ်။ ။

🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊

ပိုက်ဆံ မရှိသော်လည်း လှူဒါန်းနိုင်သော အလှူ (၇) မျိုး

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း –
အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊

၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း –
အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ညှာတာစကား ၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။

၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း –
စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကိုပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း။

၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း –
ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း။

၅။ကာယလုပ်အားဖြင့်အလှူဒါနပြုခြင်း –
ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့်သူတစ်ပါးကိုကူညီခြင်း။

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း –
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို၊ အိုမင်းမစွမ်းသူ ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

၇။ နေအိမ်အလှူဒါနပြုခြင်း –
မိမိ၏ အိမ်နေရာကိုသူတပါးတို့အနားယူရန် ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူဒါန ခုနှစ်မျိုးသော ကောင်းမှု ကုသိုလ် ကို ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်းသည်ထက်ကြပ်မကွာလိုက်ပါ လာမည်သာဖြစ်ပါသည်။

သိတဲ့အတိုင်းလည်းကျင့်နိုင်ကြပါစေ ကျင့်တဲ့အတိုင်းလည်းဉာဏ်ပွင့်ကြပါစေ။

ယနေ့ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ကိုယ် စိတ် နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ ။

🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊

Credit —–ဓမ်မစာစု

ပြန်လည်မျှဝေကုသိုလ်ပြုပါသည်။

Design a site like this with WordPress.com
Get started