မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (မခွဲခြားကြဖို့ – Not to Discriminate)

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(မခွဲခြားကြဖို့ – Not to Discriminate)

★ ကျေးဇူးတော်ရှင်မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ပထမဦးဆုံး message ကတော့ မခွဲခြားကြဖို့။ မခွဲခြားကြဖို့ ဆိုတဲ့နေရာမှာ ပထမဦးဆုံး မြန်မာနိုင်ငံသူ နိုင်ငံသားအနေနဲ့ ရန်ကုန်မြို့ကိုပဲ ကြည့်အုန်း အထွတ်အမြတ်ဌာနတွေ ဘယ်လောက်ရှိတုန်း အများကြီးရှိတယ်။

★ အဲတော့ ကောင်းတဲ့ဟာတွေ တွေးပြီးတော့ positive အတွေးဖြစ်အောင် လုပ်ပြီးတော့ မေတ္တာတရားနဲ့ အားလုံးကိုတန်းတူရည်တူဆက်ဆံဖို့ လူမျိုးမခွဲခြားဖို့၊ ဘာသာမခွဲခြားဖို့၊ ဘာသာရှိတဲ့သူ ဘာသာမရှိတဲ့သူကြားထဲမှာ ဘာသာသာသနာမခွဲခြားဖို့ အားလုံးက လူသားအချင်းချင်း တူတူပဲတဲ့။

★ ဒါကြောင့် ညီတူညီမျှ မေတ္တာထားကြဖို့ ဆရာတော်ဘုရားကြီးက အမိန့်ရှိတာ။ မိစ္ဆာဒိဋ္ဌိက ဘာသာတိုင်းမှာ ရှိတယ်တဲ့၊ ဗုဒ္ဓဘာသာထဲမှာလည်း ရှိတယ်၊ ခရစ်ယာန်ဘာသာထဲမှာလည်း ရှိတယ်၊ အစ္စလာန်ဘာသာထဲမှာလည်း ရှိတယ်၊ ဟိန္ဒူဘာသာထဲမှာလည်း ရှိတယ်။

★ အဓိကတော့ ငါးပါးသီလမလုံခြုံတဲ့ပုဂ္ဂိုလ်က ဒါ မိစ္ဆာဒိဋ္ဌိပဲတဲ့။ ဒါကြောင့် ဗုဒ္ဓဘာသာအနေနဲ့လည်းပဲ အချင်းချင်းမခွဲခြားကြဖို့။ ဂေါတမမြတ်စွာဘုရားရဲ့ တပည့်အားလုံးအတူတူမေတ္တာထားကြပါ။

★ အဲတော့ သက္ကာယဒိဋ္ဌိကြီး၊ ဒုက္ခကြီးလေ။ သက္ကာယဒိဋ္ဌိနဲ၊ ဒုက္ခနဲလေ။ သက္ကာယဒိဋ္ဌိ ပြုတ်တဲ့အခါကြမှ မိစ္ဆာဒိဋ္ဌိပြုတ်တယ်တဲ့။ သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ ပြုတ်တဲ့အခါကျမှ အဲ့ဒါတွေပြုတ်ပြီးရင် လောဘ၊ ဒေါသ၊ မောဟလည်းပဲ နဲသွားပြီးတော့ ဒုက္ခနဲတယ်။ သူတိုမပြုတ်သေးခင်ကတော့ လောဘ၊ ဒေါသ၊ မောဟကြီးပြီးတော့ ..

အတ္တကြီး၊ ဒုက္ခကြီးလေ၊
အတ္တနဲ၊ ဒုက္ခနဲလေ၊
အတ္တမရှိ၊ ဒုက္ခမရှိပါ။

★ အဲ့ဒီဟာကို ဆရာတော်ဘုရားက ပဋိစ္စသမုပ္ပါဒ်နဲ့လည်းပဲ ရှင်းပြတယ်၊ သစ္စာလေးပါးနဲ့လည်း ရှင်းပြတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအနေနဲ့ ဘယ်လောက်ထိ ကုသိုလ်ကောင်းတုန်းဆိုတော့ နိုင်ငံခြားက ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံထိလာပြီးတော့ တရားအားထုတ်ရတယ်တဲ့။ ဘုန်းဘုန်းတို့ သတိပဋ္ဌာန်တရားလေးပါး ဒီမှာ ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးတည်းက နိုင်ငံခြားကလာပြီးတော့ လေ့လာကြတယ်။

★ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီး မဟာစည်ဆရာတော်ဘုရား အစရှိတဲ့ ဆရာတော်ကြီးတွေလည်းပဲ လူတွေ သံသရာဘေးနဲအောင် သံသရာဘေးကင်းဝေအောင် ဆိုဆုံးမကြတာတယ်။ အဲဒီဟာတွေကို ကိုယ်က ကံကောင်းတယ်ဆိုပြီးတော့ သတိရပြီး လူတွေညီတူညီမျှ ဆက်ဆံပါ။

★ ကိုယ်ကညီတူညီမျှ မဆက်ဆံချင်သော်လည်းပဲ မွေးဖွားတဲ့ ဇာတိတရား၊ အိုတဲ့ ဇရာတရား၊ နာတဲ့ ဗျာဒိတရား၊ သေတဲ့ မရဏတရား ဒီဟာတွေကတော့ ကိုယ်အပါအ၀င် လူတိုင်းညီတူညီမျှ ဆက်ဆံတယ်တဲ့။ အချိန်ရောက်ရင် သူက မျက်နှာမရွေး လူတိုင်းဆီကို ရောက်လာတယ်။ အဲ့ဒီအချိန်မှာ ဘုန်းကြီးကလည်း မကြီးနိုင်တော့ဘူးတဲ့ ဆရာတော် အမိန့်ရှိတဲ့ဟာ။

★ ဒါကြောင့် မမေ့မလျော့နေကြပါ၊ အထူးသဖြင့် ရတနာသုံးပါး မမေ့ကြနဲ့၊ အနန္တောအနန္တငါးပါး မမေ့ကြနဲ့ ဒါ ပထမ message ခွဲခြားဆက်ဆံမှုမရှိဖို့ No Discrimination.

ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

(၇.၂.၂၀၁၈) Novotel hotel တွင် ကျင်းပခဲ့သော ကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော်ဘုရားကြီးဆုံးမသြ၀ါဒခံယူခြင်းနှင့် ပရိတ်တော်များနားကြားခြင်း တရားတော်မှ ရေးသားပူဇော်ပါသည်။

Design a site like this with WordPress.com
Get started